14 October 2009

တန်ရာတန်ဖိုး

ကိုယ်ဝယ်ချင်တဲ့ ကုမ္ပဏီဟာ ဘယ်လောက်တန်ဖိုးရှိသလည်း Investorတိုင်းသိသင့်ပါတယ်။ ကိုယ်က အဲဒီ့တန်ဖိုးအပေါ်မှာ ဘယ်နှစ်ဆအလိုက်ပေးနေရလည်းကိုလည်း သိသင့်တယ်။ အဲဒီ့Ratioကို Price-to-Book (P/B) ratioလို့ ခေါ်တယ်။

ပထမဦးဆုံး ဘယ်လိုတွက်လည်း ကြည့်ရအောင်။ Formulaက

              Common/Ordinary Stock Price
P/B = ------------------------------------
                        NTA per share

မပြောရသေးတာက NTA။ NTAဆိုတာ Net Tangible Assetကို ဆိုလိုပါတယ်။ NTAကို သေချာနားလည်ဖို့ Assetနဲ့ Liabilityပိုင်းတော့ နည်းနည်းသိဖို့လိုတယ်။ Accounting အခြေခံရှိထားတဲ့သူဆိုရင် Assetနဲ့ Liabilityဆိုတာတွေကို နားလည်ပြီးသားဖြစ်လိမ့်မယ်။ Assetဆိုတာ ကိုယ်ပိုင်ဆိုင်တာ၊ ရစရာရှိတာ၊ ကိုယ့်အတွက် Income Generatingဖြစ်နေတဲ့ အရာတွေကို ခေါ်တယ်။ Liabilityကတော့ ကိုယ်ကသူများကို ပေးရမယ့်အရာ၊ ကိုယ့်အိပ်ထဲကပါသွားမယ့် ယိုပေါက်တွေကို ခေါ်ပါတယ်။
...

ကုမ္ပဏီတစ်ခုရဲ့ Assetနဲ့ Liabilityတွေကို သိဖို့ Balance Sheetကို သိရမယ်။ Public Companyတွေဟာ သူတို့ရဲ့ Balance Sheetနဲ့ Profit & Loss(P&L) Statementတွေကို Publicကို ဖော်ပြဖို့ တာဝန်ရှိတယ်။ တချို့တိုင်းပြည်တွေမှာ Balance Sheetကို Statement of Financial Positionလို့ခေါ်ပြီး၊ Profit & Lossကိုတော့ Statement of Financial Performanceလို့လည်းခေါ်တတ်ပါတယ်။ P&Lဟာ ကုမ္ပဏီရဲ့ တစ်နှစ်တာအတွင်း ဝင်ငွေနဲ့ စရိတ်တွေကို အဓိကထား ဖော်ပြပြီး၊ Balance Sheetကတော့ ကုမ္ပဏီရဲ့ လက်ရှိတန်ဖိုးကို ကိုယ်စားပြုပါတယ်။

NTAရဲ့ Formulaကတော့

NTA = Total Assets - Intangible Assets - Preferred Stocks Value - Total Liabilities

Total Assetကတော့ ရှင်းတယ်။ Intangible Assetဆိုတာ ဘာမျိုးတွေလည်းဆိုတော့ Intellectual Property၊ Trade Mark၊ Copyright၊ Brand name၊ Goodwill အစရှိတာတွေကို ခေါ်တယ်။ ထုနဲ့ထည်နဲ့ မရှိတဲ့ဟာတွေ၊ Abstractတွေပေါ့။ Preferred Stock ကတော့ အခုရှင်းပြရင် ပိုရှုပ်ကုန်လိမ့်မယ်။ လောလောဆယ်တော့ VIP type Stockအမျိုးအစားတစ်ခုလို့ပဲ မှတ်ထားလိုက်ပါ။ Preferred Stock Holderတွေဟာ ပိုပြီးPriority ရှိတယ်။ သူတို့ဈေးဟာလည်း တစ်မျိုးသက်သက်ပါ။ နေ့တဓူဝ အများစုဝယ်ရောင်းနေကြတာတွေကို Common type(သို့)Ordinary type Stockလို့ခေါ်တယ်။ ဒီတော့ Total Assetထဲက သူ့ကိုလည်း ဖယ်ထုတ်ဖို့လိုမယ်။ Total Liabilitiesကလည်း မခက်ပါဘူး။ အကြွေးမှန်သမျှနဲ့ ပေးစရာကျန်တဲ့ Taxတို့ဘာတို့ အစရှိသဖြင့်ပေါ့။

NTA per share ကတော့ ရှင်းပါတယ်။ NTAကို No. of Common/Ordinary Sharesနဲ့ စားလိုက်ရင် NTA / share ထွက်လာပါလိမ့်မယ်။ ပြီးတော့မှ Ordinary share priceကို NTA/Shareနဲ့စားမယ်ဆိုရင် P/Bကို ရပါလိမ့်မယ်။

အပေါ်မှာ ပြောခဲ့တဲ့ Accounting Jargonတွေကို တစ်မျက်နှာထဲပေါ်မှာ Exampleနဲ့ကြည့်ချင်ရင် http://finance.yahoo.com/q/bs?s=JPM&annual ကိုသွားပါ။ JPMorgan Chaseကို exampleအနေနဲ့ သုံးသွားပါမယ်။ Yahoo Balance Sheetက NTAကို အောက်ဆုံးမှာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် သူ့ NTAဟာ Preferred Stockကို ထည့်ပေါင်းထားတာ တွေ့ပါလိမ့်မယ်။ ဒီတော့ ကျွန်တော့်အနေနဲ့ကတော့ Ordinary NTAပိုစစ်အောင် Preferred Stock 31.9 billionကို ဖယ်ပစ်ပါမယ်။

အခုတော့ လွယ်အောင် သူReady တွက်ပေးထားတာတွေကို ခဏကြည့်ရအောင်။ ဘယ်ဘက်ခြမ်းက Menuလို Linkတွေမှာ Key Statisticsဆိုတာ Company sub-headingအောက်မှာတွေ့လိမ့်မယ်။ ရွေးလိုက်ပါ။ Price/Book ratioဟာ အပေါ်ပိုင်းလေးမှာပဲ တွေ့နိုင်ပါတယ်။ ၁.၂၃ဆိုတာတကယ်တမ်းတော့ ပိုများနိုင်တယ်။ ဘာလို့လည်းဆိုတော့ Preferred Stockကို ဖယ်လိုက်ရင် ပိုင်းခြေပိုနည်းသွားမှာမို့ပါ။

ထုံးစံအတိုင်း P/B ratioကို ဘယ်လိုTranslateလုပ်ရမလည်း သိဖို့လိုတယ်။ P/B = 1ဟာ ကိုယ်ပေးရတဲ့ဈေးနဲ့ ကုမ္ပဏီကိုသာ အခုထုခွဲရောင်းချ(သို့)ဖျက်သိမ်းရင် တန်ဖိုးအဖြတ်ခံရမယ့်ဈေး တူနိုင်တယ်လို့ဆိုလိုတယ်။ တစ်ထက်ကြီးရင်တော့ ကိုယ်ကဈေးပိုပေးရတာပေါ့။ ဒါပေမယ့် ပစ္စည်းတွေရဲ့တန်ဖိုးဟာ ပေါက်ဈေးနဲ့ အမြဲUpdateအလုပ်မခံရတတ်တာကြောင့် တစ်ထက်ကြီးမယ့် P/Bတွေကို Generallyတွေ့တတ်တာ မဆန်းပါဘူး။

တစ်ထက်ငယ်ရင်တော့ Undervalueဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ တန်ပြီပေါ့။ တန်ပြီဆိုရင်တော့ Takeover Bidရတတ်ပါတယ်။ Generally ပိုကြီးတဲ့ ပြိုင်ဘက်တွေဆီက ဖြစ်တတ်တယ်။ ဒါကြောင့် Takeover သတင်းထွက်လာရင် အဝယ်ခံရမယ့် ကုမ္ပဏီဈေးဟာ ဆောင့်တက်သွားတတ်ပါတယ်။ P/B ratioကို မြှင့်တဲ့သဘောပါ။

P/Bကို Takeoverအလုပ်ခံရနိုင်လားဆိုပြီး လေ့လာတာထက် မနက်ဖြန်ဒီကုမ္ပဏီပျက်ရင် ငါအတွက် ဘယ်လောက်ကျန်မလည်းသိတာကောင်းပါတယ်။ P/Bက သိပ်များနေရင် ကုမ္ပဏီပျက်တဲ့အခါ ကိုယ့်အတွက် ဘာမှမကျန်ဖို့ Chanceတော်တော်များပါတယ်။

စကားမစပ် Michael Douglas Oscarနဲ့ Golden Globeရခဲ့တဲ့ 1987က ရုပ်ရှင် Wall St ဆိုတာ ကြည့်ကြည့်ပါ။ အဲဒီထဲမှာ P/Eတွေ၊ P/Bတွေကို ဘယ်လို Corporate Raiderတွေ အသုံးချလည်းဆိုတာ ပါပါတယ်။

Happy Investing!

12 October 2009

Investment Psychology 101

ပြီးခဲ့တဲ့ Postတွေမှာ Fundamental Analysisနဲ့ ပတ်သက်တာတွေ ရေးထားလို့ အခုနည်းနည်း Topicပြောင်းလိုက်မယ်။ ဒါပေမယ့် ဒီTopicဟာ အရေးအကြီးဆုံးထဲမှာ ပါပါတယ်။

Investmentကို Seriouslyလုပ်မယ်ဆိုရင် 3 M လိုပါတယ်။ အဲဒီ့ 3Mကတော့ Mindset, Methodsနဲ့ Managementပါ။ ဘာRatio ညာRatioအစရှိတာတွေဟာ Methodsပိုင်းမှာပါတယ်။ ဒါတွေသိရုံနဲ့ Investorကောင်းဖြစ်မလာနိုင်ဘူး။ Investorတကယ်ဖြစ်ချင်ရင် 3Mကိုနိုင်နင်းရပါမယ်။ ဒီPostကတော့ Mindsetအပိုင်းထဲ ဝင်သွားလိမ့်မယ်။

ပထမဆုံးသိရမှာက လူအများစုဟာ Investingကို Get Rich Quick Schemeလို့ထင်တတ်တယ်။ ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် You got to be really a financial genius. ဒီတော့ ပိုပြီးRealisticဖြစ်နိုင်တာကို ပြောရရင် အခုထလုပ် အခုထချမ်းသာဖို့ မမြော်လင့်ပါနဲ့။ Investingဟာ အချိန်ယူရပါတယ်။ ယုန်နဲ့လိပ်ပုံပြင်ဟာ ဥပမာကောင်းတစ်ခုပါပဲ။
...

ဒုတိယက ကျွန်တော်/ကျွန်မမှာ ဘာမှ Financial အတွေ့အကြုံမရှိဘူးဆိုတာပါ။ စမလုပ်သ၍ ဘာအတွေ့အကြုံမှ ရလာမှာမဟုတ်ဘူး။ ဒီတော့ မြန်မာစကားပုံတစ်ခုကို မှီပြောရရင် - လက်သည်ကြီးပဲ အားကိုးလို့တော့မရ၊ ကိုယ်တိုင်ကလည်း နည်းနည်းတော့ညှစ်ရမယ် :)။ ဖြည်းဖြည်းလေ့လာ၊ ဖြည်းဖြည်းApplyလုပ်သွားရင် အချိန်ကြာလာတာနဲ့အမျှ Self-Confidence ပိုရှိလာပါလိမ့်မယ်။

တတိယတစ်ခုကတော့ Reasonတစ်သောင်းလို့ဆိုချင်တယ်။ Top Reasons တွေကို အောက်မှာရေးထားပါတယ်။

အချိန်မရသေးလို့
မရသေးရင် လုပ်ယူရပါမယ်။ Sacrificeလုပ်သင့်တာတွေလုပ်ပြီး ကိုယ့်Educationအတွက် အချိန်ရအောင် ဖောက်ယူရပါမယ်။ ဘယ်လိုလုပ်ရမလည်းကတော့ ကိုယ့်Lifestyleနဲ့ကိုယ်မို့လို့ ကျွန်တော်လည်း မပြောတတ်ဘူး။ အဲ TVကြည့်လွန်းရင်၊ Facebookလွန်းရင်၊ Clubသွားလွန်းရင်၊ အိပ်လွန်းရင် နည်းနည်းတော့လျှော့လို့တော့ ပြောချင်တယ်။

ပိုက်ဆံမရှိဘူး
ဒါကတော့ ဂျာအေးသူ့အမေရိုက်မယ့် ပြဿနာ။ ပိုက်ဆံမရှိတော့ Investမလုပ်၊ Investမလုပ်တော့ ရှိသင့်သလောက်မရှိ။ ပိုက်ဆံမရှိသေးရင် အရင်ဆုံး Spendingလျှော့ပြီး Savingပိုလုပ်ပါ။ Investingဟာ ငွေငါးထောင်ကနေ တစ်သောင်းလောက်ကနေစရင် ကောင်းကောင်းလုပ်လို့ရပါတယ်။ နှစ်ထောင်လောက်ကစလည်း ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် သိပ်မလူးလွန့်သာဘူးလို့ ပြောချင်တယ်။ ငါးထောင်လောက်တော့ အနည်းဆုံးရအောင်စုပါ။

အကြွေးချည်းပဲ
သိပ်မညည်းပါနဲ့။ ကျွန်တော်အပါအဝင် Western Economyထွန်းကားတဲ့ တိုင်းပြည်တိုင်းကလူတွေဟာ အကြွေးနဲ့ကင်းလို့ မရပါဘူး။ အကြွေးဆိုတာမရှိရင် ချမ်းသာလာမှာတောင်မဟုတ်ဘူးလို့ ပြောချင်တယ်။ အကြွေးမှာ Personal Debt နဲ့ Investment Debtဆိုပြီး ယေဘုယျနှစ်မျိုးခွဲနိုင်ပါတယ်။ ကိုယ်က Personalကို လျော့ချပြီး Investment Debtဘက်ကပိုများအောင် လုပ်ဖို့ပဲလိုပါတယ်။ Credit Cardအကြွေးတွေများနေရင် မြန်မြန်ပြန်ဆပ်လိုက်ပါ။ အကြွေးတကာထဲမှာ သူအဆိုးဆုံးပဲ။ Investmentကျွမ်းကျင်လာရင် ဘယ်အကြွေးကကိုယ့်အတွက် ကောင်းမလည်း သိလာပါလိမ့်မယ်။ နောက်ပိုင်းမှာ Loanတွေအကြောင်း ရေးပါဦးမယ်။

Isn't Investing same as Gambling
မှန်သင့်သလောက်မှန်ပါတယ်။ ကိုယ့်မှာ 3Mထဲက ဘာMမှ မရှိရင် ၁၀၀%မှန်ပါတယ်။ Every Investmentမှာ Riskရှိပါတယ်။ ကိုယ်က Riskကို Analyseလုပ်တတ်ဖို့၊ ထင်သလိုဖြစ်မလာရင် Manageလုပ်နိုင်ဖို့ 3Mလိုပါတယ်။ Investmentဆိုရင် အမြဲတမ်းRiskကို တွဲမြင်ပါ။ ဘာRiskမှ သည်းညည်းမခံနိုင်ရင်တော့ ဘဏ်တိုးစားတာ ပိုကောင်းပါတယ်။

It takes a Genius to become rich
ဒါကတော့ Absolutely Rubbishပါ။ တော်ရုံAverage IQနဲ့ ဘယ်သူမဆို Investorဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Reasonable Objectiveလေးတော့ ရှိဖို့လိုပါတယ်။ အခုမှစလုပ်ရင် နောက်ခြောက်လမှာ 1 Billion $တော့မှန်းလို့ ဘယ်ရမလဲ။ တကယ် Financiallyအောင်မြင်နေတဲ့သူတွေဟာ Common Senseရှိပြီး Self-disciplineကောင်းတဲ့သူတွေပါ၊ အများစုဟာ Geniusတွေ မဟုတ်ကြပါဘူး။ ဒါပေမယ့် သာမန်လူတွေထက် နည်းနည်းတော့ Braveပိုဖြစ်ဖို့လိုမယ်။

အိမ်ကမိန်းမ၊ ယောင်္ကျားကတော့ ဘယ်တော့မှ လုပ်မှာမဟုတ်
ဒါကတော့ နည်းနည်းခက်လိမ့်မယ်။ Plainကြီးတော့ ကိုယ်နားလည်သလို သူကလိုက်နားလည်လိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ ကိုယ့်Spouse/Partnerကို ဖြည်းဖြည်းချင်း Educateလုပ်သွားဖို့လို့ပါတယ်။ ကိုယ့်ဘက်က သူယုံကြည်အောင် အချိန်အတိုင်းအတာတခုအတွင်း နည်းနည်းတော့ သက်သေပြဖို့လည်းလိုလိမ့်မယ်။ Singleသမားဆိုရင်တော့ Investလုပ်ဖို့ ဒီ့ထက်ကောင်းတဲ့အချိန် ဘဝမှာ မရှိဘူးလို့ပြောချင်တယ်။ ဝင်ငွေကောင်းတဲ့လူဆိုရင် ပိုတောင်မှန်သေးတယ်။

အထက်ကပြောခဲ့တဲ့ Reasonတွေ ကိုယ်နဲ့ဘယ်လောက် ပတ်သက်နေလည်း မညာတမ်းစမ်းစစ်ကြည့်ပါ။ Investingမှာ Conceptတွေဟာ တွေးရလွယ်ကူသလောက် လိုက်လုပ်ရခက်ပါတယ်။ အချိန်တန်ရင် ပိုနားလည်လာပါလိမ့်မယ်။ အခုလောလောဆယ်တော့ ကိုယ့်Mindsetလေးကို နည်းနည်းစီ စပြောင်းကြည့်ပါ။ ကျွန်တော်ကိုယ်တိုင်လည်း နေ့တိုင်းကိုယ့်ရဲ့ Mindsetကို တိုးတက်အောင် ကြိုးစားနေဆဲပါပဲ။ ဒီPostမှာ Robert Kiyosaki နဲ့ Dr. Alexander Elderတို့ရဲ့ Materialအချို့ကို Referenceလုပ်ပါတယ်။

Happy Investing!

09 October 2009

Dividends or Hidden Gem for Investors

Stockဆိုရင် လူအများစုက ဝယ်ရောင်းလုပ်ရင် အမြတ်ရတာပဲ သိကြတာများတယ်။ ဝယ်ရောင်းလုပ်လို့ ရတဲ့အမြတ်ကို Capital Gain (CG) လို့ ခေါ်တယ်။ Stock Marketထဲဝင်လာတဲ့သူအများစုဟာ CGကိုပဲ မြင်လေ့ရှိကြပါတယ်။ Dividendကို သိပ်မသိကြဘူး။

Dividend (Div) ဟာ ကုမ္ပဏီရဲ့ အမြတ်အစွန်း တစိတ်တပိုင်းကို ကိုယ့်မှာရှိတဲ့ Stock Unitsအရေအတွက်အလိုက် အချိုးကျ ရတာပါပဲ။ ကုမ္ပဏီတစ်ခုရဲ့ Wrap Sheetကိုဖတ်လို့ရှိရင် တစ်နှစ်ကို Div ဘယ်လောက်ပေးတယ်ဆိုတာ ဖတ်ကိုဖတ်သင့်တယ်။ တကယ်တော့ Generallyခြောက်လကို တစ်ခါစီခွဲပြီး တစ်နှစ်ကို နှစ်ကြိမ်ပေးလေ့ရှိပါတယ်။

Divမရှိဘူးဆိုရင် Reasonကနှစ်မျိုးဖြစ်နိုင်ပါတယ်။ ကုမ္ပဏီက အမြတ်အစွန်းမရှိ (သို့) နည်းလို့ မပေးနိုင်တာရှိနိုင်သလို ကုမ္ပဏီတိုးချဲ့ဖို့အတွက် ငွေလိုလို့ Shareholdersတွေကို ဒီနှစ်တော့ မပေးနိုင်ဘူးဆိုတာမျိုးလည်း ရှိနိုင်တယ်။ ဘာလို့ မပေးနိုင်ရသလည်းဆိုတာ Researchတော့ နည်းနည်းလုပ်ရမယ်။ Recent Annoucementတွေဟာ အကောင်းဆုံး Information Sourceတွေပါ။ ကုမ္ပဏီတွေဟာ Divအပြောင်းအလဲ လုပ်တော့မယ်ဆိုရင် Marketကို ကြေညာရမယ့် တာဝန်ရှိပါတယ်။
...


Div you would receive = units of stock x Annualised Div

ရေရှည်Investလုပ်ချင်တဲ့သူတွေအတွက်ကတော့ Div Yield(DY)ဆိုတာ သိဖို့လိုပါတယ်။ DY Formula ကတော့

              Annualised Div
DY = ------------------------
              Stock Price

DYဟာ ကိုယ်ရင်းတဲ့ ငွေတစ်ကျပ်ပေါ်မှာ ဘယ်လောက် Divရလည်းကို တိုင်းတာတာပါပဲ။ နာမည်ကြီး Blue-chipကုမ္ပဏီအများစုရဲ့ DYဟာ အနည်းဆုံး ဘဏ်တိုးလောက်ကောင်းပါတယ်။ ဘဏ်တိုးက ၃%ဆိုရင် DYဟာ ၂% ကနေ ၅% အထိရှိတတ်တာ မဆန်းပါဘူး။ Regular Income Flowကို ရှေ့ထားပြီး Investလုပ်မယ်ဆိုရင် DYဟာ ထည့်ကိုထည့်စဉ်းစားရမယ့် Factorတစ်ခုပါ။

DY Formulaမှာ ပြဿနာက Stock Priceပါ။ နေ့တိုင်းပြောင်းနေတဲ့ Priceတွေကို Averageလုပ်နိုင်ရင်တော့ ပိုကောင်းပါတယ်။ လွယ်ကူအောင် လကုန်တိုင်း ပိတ်သွားတဲ့ Priceကို ၁၂လစာစုပြီး ၁၂နဲ့စားရင်တော့ 12-month averageရနိုင်ပါတယ်။ ဒီလိုတွက်ရင် DYဟာ ပိုမှန်နိုင်ပါတယ်။ ကိုယ်ဝယ်ပြီးသွားရင်တော့ ကိုယ်ဝယ်ခဲ့တဲ့ဈေးနဲ့ပဲ တွက်ရမှာပါပဲ။

Div ရဖို့ နည်းလမ်းနှစ်ခုရှိပါတယ်။ Dividend Reinvestment Plan (DRP)ရှိတဲ့ ကုမ္ပဏီရဲ့ Stockကိုဝယ်မိရင် DRPကို Participateလုပ်ချင်သလားလို့ မေးပါလိမ့်မယ်။ DRPမှာပါမယ်ဆိုရင် ပိုက်ဆံအနေနဲ့ မရပဲ New Stock Unitအနေနဲ့ ရပါလိမ့်မယ်။ ကုမ္ပဏီတစ်ခုမှာ ရေရှည်Investလုပ်မယ်ဆိုရင် DRPဟာ သင့်တော်ပါတယ်။ DRPမှာ မပါဘူးဆိုရင်တော့ ရှင်းတယ်။ Cheque(သို့) Bank Transferနဲ့ အချိုးကျ ပိုက်ဆံရပါလိမ့်မယ်။

Divနဲ့ပတ်သက်ရင် နောက်ထပ်သိဖို့လိုတာကတော့ XDလို့ခေါ်ပါတယ်။ Ex-dividend ရဲ့ အတိုကောက်ပါ။ XDဟာ အရေးကြီးပါတယ်။ XDမတိုင်ခင်နေ့အထိနောက်ဆုံးပိုင်ခဲ့တဲ့သူပဲ Declaredလုပ်ထားတဲ့ Divကို ရပါတယ်။ ဥပမာ Stock ABCရဲ့ XDဟာ ဒီနေ့ဆိုရင် ဒီနေ့မှာ ABCဝယ်တဲ့သူတွေဟာ နောက်တစ်ကြိမ် Divပေးတဲ့အထိ Stockကို Holdလုပ်ထားမှ ထပ်ပေးမယ့် Divကိုရပါမယ်။ XDမတိုင်ခင် ကြေညာထားတဲ့ Divကို မရနိုင်ပါဘူး။ ဒါကြောင့် XDမတိုင်ခင်မှာ Divလိုချင်လို့ Buying Activityပိုများလာတတ်တာကို တွေ့ရတတ်သလို၊ XDနေ့ကနေ နောက်ထပ် လေးငါးရက်အထိ ဈေးပြန်ကျတာကို တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ကျတဲ့ဈေးဟာ ပေးမယ့် Div Amountနဲ့ မတိမ်းမယိမ်းပဲ ဖြစ်သင့်ပါတယ်။ ABCဥပမာကို ဆက်ရရင် ဒီနေ့ ABCကို မနေ့ကဈေးနဲ့ရရင် သိပ်မပျော်နဲ့။ တကယ်တော့ မနေ့ကဈေး အနှုတ် Div amount ဖြစ်သင့်ပါတယ်။ XDနေ့မှာ Divရလေ့မရှိပါဘူး။ Normallyသုံးရက်ကနေ နောက်ထပ် နှစ်လလောက်အထိ ကြာတတ်ပါတယ်။ ဒါပေမယ့် ကိုယ်ကXDမတိုင်ခင် ပိုင်ခဲ့တယ်ဆိုရင် ပူစရာမလို၊ Payment Dateကျရင် ရမှာပါ။

Divနဲ့ ပတ်သက်ပြီး သိဖို့လိုသေးတာက Taxပါ။ Divဟာ တိုင်းပြည်အားလုံးလိုလိုမှာ Stockပိုင်ရှင်ရဲ့ Incomeလို့ပဲ ယူဆပါလိမ့်မယ်။ ကိုယ်က တစ်နှစ်ကို ၅၀၀၀၀ Day Jobကနေဝင်ငွေရှိပြီး၊ Divက ၅၀၀ရတယ်ဆိုရင် ၅၀၅၀၀ ဝင်ငွေလို့အတွက်ခံရဖို့ကိန်း တော်တော်များပါတယ်။ ကျွန်တော်က Australiaကဆိုတော့ ဒီက Taxစည်းကမ်းတွေကို မှီပြီးပြောပါမယ်။ ဒါပေမယ့် တခြားတိုင်းပြည်တွေမှာလည်း သိပ်ထူးမယ် မထင်ပါဘူး။

ဒီမှာကတော့ Franking Creditလို့ ခေါ်တယ်။ ကုမ္ပဏီက ကိုယ့်ကို Divပေးတဲ့အခါမှာ သူတို့ အခွန်ပေးပြီး ကျန်တဲ့အမြတ်ထဲကပေးတာလား၊ မပေးခင်ဝင်ငွေထဲက ပေးတာလား (Pre-tax or Post-tax) သိဖို့လိုတယ်။ သူတို့က ၁၀၀%ပေးပြီးသားကို ကိုယ်ရရင် Fully-frankedလို့ ခေါ်ပါတယ်။ သူတို့ကလုံးဝမပေးရသေးပဲ ကိုယ့်ကိုပေးရင် Unfranked Divလို့ခေါ်တယ်။ ကိုယ့်ဘာသာ Taxကိစ္စကို ဆက်ရှင်းရပါမယ်။ ပိုရှုပ်အောင် ပြောရမယ်ဆိုရင် တချို့က တဝက်ပဲ Taxပေးထားတာ၊ ၇၀%ပဲ ပေးထားတာ မျိုးလည်းရှိပါတယ်။ ကျွန်တော်ကတော့ Fully-frankedကို ပိုကြိုက်တယ်။

ဒါပေမယ့် ဒီ Franking %တွေကို ကိုယ့်ရဲ့ Individual Income Tax Rateနဲ့ ပြန်Offsetလုပ်ရပါမယ်။ ဥပမာ ကိုယ့်ရဲ့ tax rateက ၃၀%နဲ့ Fully-franked Divရတယ်ဆိုရင် အဲဒီDivအားလုံးကို taxပေးစရာမလိုပဲ အလကားရပါတယ်။ ဘာလို့လည်းဆိုတော့ Company Tax Rateက ၃၀% fixed rateမို့လို့ပါ။ သူတို့က ၃၀% ပေးပြီးသားဆိုတော့ ကိုယ်ထပ်ပေးစရာမလိုတော့ပါဘူး။ သူတို့က ၃၀%ပေးထားပြီး ကိုယ့်Tax Rateကို ၄၀%ဆိုရင် ကိုယ်က နောက်ထပ် ၁၀%ပဲ ထပ်ဆောင်းပေးရပါမယ်။ ကိုယ်က ၂၀%ဆိုရင် Tax Officeဆီကနေ ၁၀%တောင်ပြန်ပြီး Refundရသေးတယ်။

Divကို Summaryလုပ်ပြီးပြောရရင် Divဟာ Capital Gainနဲ့ ဘာမှမဆိုင်ပါဘူး။ ကိုယ်Stockကို ကိုင်ထားသရွေ့ ပုံမှန်လေးဝင်နေပါလိမ့်မယ်။ Divနဲ့ပတ်သက်ရင် Div Yield, Ex-Dividend Date, Payment Date, Franked % နဲ့ Related Tax Lawတွေကို သိဖို့လိုပါတယ်။

Happy Investing!

08 October 2009

Easiest way to pick a company to invest

Stock Marketထဲ ဝင်ချင်တဲ့သူတိုင်း ပထမဆုံး ဒုက္ခရောက်တာကတော့ ဘယ်ကုမ္ပဏီကို ဝယ်သင့်သလည်းပါ။ ကုမ္ပဏီတစ်ခုကို Investလုပ်သင့်လား မလုပ်သင့်ဘူးလား Analyseလုပ်တဲ့နည်းတွေ ရာနဲ့ချီပြီး ရှိပါတယ်။ Stock Marketမှာ Investလုပ်ရင် ပြဿနာက Informationမရှိတာမဟုတ်၊ too much informationဖြစ်နေတာကမှ ပြဿနာအစစ်။

ဒီPostမှာ အလွယ်ကူဆုံးနဲ့ Effectiveဖြစ်တဲ့နည်းကို ရေးထားပါတယ်။ အဲဒါကတော့ Price-to-Earning Raio (P/E)လို့ ခေါ်တယ်။ P/Eဟာ ကုမ္ပဏီတစ်ခုကို Investorတွေ ဘယ်လောက်တန်ဖိုးထားလည်းကို ဖော်ပြတယ်။ P/Eတွက်ဖို့ဆိုရင် ဒီFormulaကို သိဖို့လိုပါတယ်။

                  Current Stock Price
P/E = ----------------------------------
                Earnings-per-share(EPS)

Current Stock Priceကတော့ ရှင်းပြစရာမလို၊ သိသင့်ပါတယ်။ EPSကတော့ သိချင်မှသိမယ်။ EPSတွက်ရတာ လွယ်ပါတယ်။ ကုမ္ပဏီရဲ့ Earningsကို No. of issued Sharesနဲ့ စားရုံပါပဲ။
...



                        Earnings
EPS = -----------------------------
               No. of issued shares

finance.yahoo.comလို websiteတွေမှာ EPSတို့ P/Eတို့ဟာ တွက်ပြီးသား အဆင်သင့်ရှိပါတယ်။ ဒါပေမယ့် ဘယ်လိုတွက်သလည်း သိရင်တော့ ပိုကောင်းပါတယ်။ P/Eကို Multipleလို့လည်း ခေါ်ကြပါတယ်။ Definitionတိုတိုပြောရရင်တော့ ကုမ္ပဏီရဲ့ EPS 1$သို့ ၁ကျပ်ရဖို့ ဘယ်လောက် အလိုက်ပေးရမလည်းပေါ့။

P/Eကို Translateလုပ်တတ်ဖို့ အရေးကြီးပါတယ်။ ယေဘုယျအားဖြင့် P/E ၂၀အောက်ဟာ Cheapဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ P/E ၂၀ နဲ့ ၃၀ကြားဟာ အောင်မြင်တဲ့ ကုမ္ပဏီတစ်ခုအတွက် မထူးဆန်းပါဘူး။ ၃၀အထက်ကတော့ အရမ်းPopular ဖြစ်တဲ့ကုမ္ပဏီတွေမှာ ရှိတတ်ပါတယ်။ P/E ၁၀အောက်ကတော့ Bargainလို့ ပြောနိုင်ပါတယ်။ EPS ၁ကျပ်ရဖို့ ကိုယ်က ၁၀ကျပ်ပဲ အလိုက်ပေးရတာကိုး။ ဒီအပေါ်ယံ translationအားလုံးဟာ well-managedကုမ္ပဏီတွေ၊ သတင်းဆိုးမထွက်တဲ့ ကုမ္ပဏီတွေအတွက်ပဲ မှန်နိုင်ပါတယ်။

ကုမ္ပဏီက Earningသိပ်မရှိရင် EPSနည်းသွားပါမယ်။ P/Eတွက်ဖို့က EPSကပိုင်းခြေဆိုတော့ ပိုင်းခြေနည်းရင် စားလဒ်ဟာများသွားတာ မဆန်းပါဘူး။ ဒါကြောင့် P/Eများပြီး ကုမ္ပဏီOutlookကမကောင်းရင် ဈေးကြီးတယ်လို့ ဆိုနိုင်တယ်။ ကုမ္ပဏီက Earningတိုးတက်ဖို့ Potentialရှိတယ်ဆိုရင်တော့ Investorတွေရဲ့ တန်ဖိုးထားခံရတယ်လို့ ပြောနိုင်ပါတယ်။ P/Eတန်ဖိုးချင်းအတူတူ ကုမ္ပဏီရဲ့ Image၊ Forecastနဲ့ သတင်းတွေပေါ်မူတည်ပြီး Translationကွာသွားပါမယ်။ ကုမ္ပဏီကောင်းရင် Growth ကောင်းမှာမို့လို့လို့ ပြောနိုင်သလို၊ ကုမ္ပဏီမကောင်းရင် Expensive/Overvalueဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

P/Eနည်းနေရင်လည်း အဓိပ္ပါယ်နှစ်မျိုးထွက်နိုင်ပါတယ်။ ကုမ္ပဏီကသိပ်မဟန်ရင် Investorတွေသိပ်တန်ဖိုးမထားတာလို့ ကောက်ချက်ချနိုင်သလို၊ ကုမ္ပဏီက okရင် Cheap/Undervalueလို့ ပြောနိုင်ပါတယ်။

တခါတရံ P/E = N/Aဆိုပြီးတွေ့ပါလိမ့်မယ်။ ဒါဟာ Negative earningsလို့ ဆိုလိုပါတယ်။ ဒီလိုကုမ္ပဏီမျိုးကို Generallyကတော့ ဝေးဝေးရှောင်သင့်ပါတယ်။ Earning မရှိတဲ့နေရာမှာ ကိုယ့်ပိုက်ဆံ ဘာလို့သွားထားရမလည်းလို့ တွေးနိုင်ပါတယ်။ ဒါပေမယ့် တက်သစ်စကုမ္ပဏီဖြစ်ပြီး၊ အလားအလာအရမ်းကောင်းတဲ့ ကုမ္ပဏီတွေမှာလည်း P/E = N/A ဖြစ်နိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့မှာ Marketကို Reportလုပ်ဖို့ ဘာမှမရှိသေးလို့ပါ။ ဒါမျိုးကို Speculative Investmentလို့ခေါ်နိုင်ပါတယ်။

ဖြစ်လာနိုင်မယ့် P/Eကို မှန်းပြီး Investလုပ်မယ်ဆိုရင် အဲဒါမျိုးကို Forward P/Eလို့ ခေါ်ပါတယ်။ EPSတွေကို Updateလုပ်တာဟာ every 3, 6, 12 months ဖြစ်နိုင်ပါတယ်။ ဒီတော့ နောက်ဆုံးကြေညာထားတဲ့ EPSကို အသုံးချပြီး တွက်တာကို Historical P/Eလို့ ဆိုနိုင်ပါတယ်။

ကျွန်တော့်Favouriteကတော့ Weighted P/Eပါ။ ဒါကိုရဖို့ ကုမ္ပဏီရဲ့ Forcecast/Forward EPSနဲ့ Historic EPSကို သိရပါမယ်။ ကုမ္ပဏီရဲ့ corporate calendarကိုလည်း သိဖို့လိုပါတယ်။ လက်ရှိလကိုကြည့်ပြီး Forward EPSနဲ့ Historic EPSကို Weight ထည့်ပြီး Average EPSကို တွက်နိုင်ပါတယ်။ ကုမ္ပဏီက Decemberဘာမှာ Fiscal Year ကုန်ပြီး၊ လက်ရှိက အောက်တိုဘာလဆိုရင် Forward EPSကို ပိုWeight ပိုပေးပါမယ်။


Avg EPS = Forward EPS x (10/12) + Historic EPS x ((12-10)/12)

အထက်က Formulaမှာ 10ဟာ Corporate Calendarရဲ့ ၁၀လမြောက်လို့ ဆိုလိုပါတယ်။ နှစ်ကုန်ခါနီးလေ၊ Forward EPSကို ဦးစားပေးလေလို့ ပြောနိုင်ပါတယ်။

P/Eဟာ အထက်မှာပြောခဲ့သလို Simpleအဖြစ်ဆုံးနဲ့ တော်တော်အသုံးဝင်တဲ့ Indicator တစ်ခုပါ။ ဒါပေမယ့် Translationလုပ်တဲ့နေရာမှာ ဘယ်Perspectiveကနေ လုပ်မှာလည်းက အရေးကြီးပါတယ်။ အဓိကကတော့ Investingမှာ ဘာမှ လှေနံဓါးထစ် မှတ်ထားလို့ မရပါဘူး။ Yahoo Finance, Google Financeမှာ ကိုယ်သိတဲ့ Public Companyတွေရဲ့ P/Eကို လေ့လာကြည့်ကြပါလို့ တိုက်တွန်းပါတယ်။

Happy Investing!