29 October 2009

လှေကားထစ်များကို မြင်အောင်ကြည့်ခြင်း

ဒီPostမှာ Technical Analystတစ်ယောက် မသိမဖြစ်သိရမယ့် Topicကို ပြောပါမယ်။ Stock Priceတစ်ခုဟာ limitတစ်ခုမှာ ဆက်မတိုးနိုင်တော့တာ (သို့) ဆက်မကျတော့တာ တွေ့ဖူးလားတော့ မသိဘူး။ အဲဒီ့ Limit တွေကို Technical Support and Resistanceတွေလို့ ခေါ်ပါတယ်။ Supportဟာ ဈေးကျတဲ့အပိုင်းနဲ့ ပတ်သက်ပြီး၊ Resistanceကတော့ ဈေးတက်တဲ့ အပိုင်းနဲ့ ပတ်သက်ပါတယ်။ Supportဟာ ဈေးကျတာကို Breakအုပ်သလို၊ Resistanceဟာလည်း ဈေးတက်တာကို တန့်သွားအောင် တားနိုင်ပါတယ်။

Supportနဲ့ Resistance လိုင်းတွေကိုဆွဲရင် Horizontal Lineတွေကို သုံးပါမယ်။ လိုင်းတွေဟာ ရေပြင်ညီကြီးဖြစ်ရမယ် မဟုတ်ပေမယ့် ၉၉%ကတော့ ရေပြင်ညီဆွဲကြတာ များပါတယ်။ Supportနဲ့ Resistance အကြောင်းကို Detailမပြောခင် Typical Stock Priceတစ်ခုဘယ်လို တက်လေ့ကျလေ့ရှိလည်း ကြည့်ရအောင်။ Priceတွေဟာ ဒုံးပျံတက်သလို Straightလိုင်းတက်လေ့ရှိသလား၊ နည်းနည်းတက်၊ နည်းနည်းပြန်ကျ၊ ခဏငြိမ်သွားပြီးမှ ဆက်တက်လေ့ရှိသလား?
...

အဖြေကတော့ ဒုတိယတစ်ခုပါ။ Priceဟာ လှေကားထစ်လိုပဲ တက်-ကျ-ငြိမ်၊ တက်-ကျ-ငြိမ် Patternနဲ့ တက်တတ်ပါတယ်။ ဈေးကျရင်လည်း အဲဒီလို့ပဲ - ဒါပေမယ့် အရှိန်ပိုမြန်မယ်။ ဈေးတက်တဲ့အချိန်မှာ တက်တဲ့နှုန်းဟာ ကျတာထက်များနေမှသာ ရေရှည်မှာ Prieဟာ Up Trend ဖြစ်ပါမယ်။ Supportနဲ့ Resistance လိုင်းတွေဟာ လှေကားထစ်ရဲ့ အနင်းခံရတဲ့ မျက်နှာပြင်တွေကို ကိုယ်စားပြုတယ်လို့ ပြောရင် မမှားပါဘူး။

Supportနဲ့ Resistanceတွေဘယ်လို ဖြစ်လာသလည်းဆိုတော့ Crow Psychologyကို ပြန်သွားရမယ်။ ဈေးတစ်ခုမှာ Bullsတွေဟာ တန်ပြီထင်ရင် အားရပါးရဝယ်ကြမယ်။ ဝယ်လိုအားများတော့ ဈေးတက်မယ်။ Bullsတွေဟာ သိသမျှလူအားလုံးလိုလိုကို သူတို့ဝယ်တာ လိုက်ဝယ်ခိုင်းလေ့လည်း ရှိကြတယ်။ Herd Mentalityပေါ့။ တချို့လည်း လိုက်ဝယ်ကြမယ်။ ဒီလိုနဲ့ ဈေးတက်တက်လာပြီး Resistanceဖြစ်မယ့်ဈေးလည်းရောက်ရော Bullsတစ်ချို့ဟာ အမြတ်တွေကို Realiseလုပ်ဖို့ လိုလာပါတယ်။ မရောင်းမခြင်း တကယ့်အမြတ်မှ မဟုတ်သေးတာ။ အဲဒီလိုပဲ Resistanceလိုင်းမှာ Stockရဲ့ P/Eဟာ မတန်တဆဖြစ်နေပြီလို့ထင်ပြီး ဝယ်လိုအားလည်း ကျလာနိုင်ပါတယ်။ ရောင်းလိုအားများပြီး ဝယ်လိုအားရော့သွားတဲ့အခါမှာ ဈေးဟာဆက်တက်ဖို့ အင်အားမရှိတော့ပါဘူး။ ကျဖို့လမ်းပဲရှိတော့တယ်။ အဲဒီ့အမှတ်မှာ ရောင်းပြီးမြတ်တဲ့လူတွေရှိနိုင်သလို ဆက်ကိုင်ထားတဲ့သူတွေလည်း ရှိပါမယ်။

ဒီလိုနဲ့ ကြောက်လို့ရောင်းတဲ့သူ၊ အမြတ်ယူဖို့ ရောင်းတဲ့သူတွေနဲ့ ဈေးဟာကျသွားမယ်။ Supportလိုင်းလည်းရောက်ရော ရောင်းနေတဲ့သူတွေ ကုန်သလောက်ရှိသွားမယ်။ ပထမတစ်ခေါက် ဈေးတက်တုန်းက မဝယ်လိုက်ရတဲ့ Bullတွေဟာ အခုတော့ ငါ့အလှည့်ရောက်ပြီဆိုပြီး ကောက်ဝယ်ကြမယ်။ ဒါနဲ့ ဈေးတက်တဲ့ Cycleပြန်စမယ်။

ဒီလိုနဲ့တခါ ပြီးခဲ့တဲ့ Resistanceလိုင်းပြန်ရောက်ပြန်ရော။ ပြီးခဲ့တဲ့တစ်ခေါက်က မရောင်းလိုက်ရလို့ တောက်တခေါက်ခေါက် လုပ်နေတဲ့သူတွေဟာ ထရောင်းဖို့ ထိုင်စောင့်နေကြတာပါ။ သူတို့လိုလူတွေရယ်၊ အမြတ်ယူတဲ့သူတွေရယ်နဲ့ ဈေးဟာပြန်ကျပြီး Bearish Cycleပြန်စပြန်ရော။ ဒီလောက်ဆိုရင် Supportနဲ့ Resistanceကို Driveလုပ်နေတဲ့ Crowd Psychologyကို သိလောက်ပြီထင်ပါတယ်။

Supportနဲ့ Resistanceကို ဘယ်လိုဆွဲမလည်းဆိုရင် Resistanceအတွက် တူသလိုလိုရှိမယ့် High/Closeတွေများနိုင်သမျှ များအောင်ရှာပြီး သူတို့ကို ဆက်ဆွဲရပါမယ်။ Periodရှည်လေ၊ Reliableဖြစ်လေ ဖြစ်ပါတယ်။ Supportအတွက်ဆိုရင် Low/Closeတွေကို သုံးရပါမယ်။ Stockတိုင်းလိုလိုမှာ Significantဖြစ်တဲ့ Support & Resistanceလိုင်းတွေရှိပါတယ်။ ဒီတော့ ဘယ်လိုEventတွေက Support & Resistanceကို Breakout လုပ်နိုင်သလည်း ကြည့်ရအောင်။

ကုမ္ပဏီတစ်ခုရဲ့ Earning Announcement/Upgrade/Downgrade, Takeover bid from rivals, Acquisition plan to bid rivals, Huge protests from workers, Plant/Machinery shutdown, Success/failure of exploration/drilling, launching new product, new medicine, Brokers' upgrade/downgrade အစရှိတာတွေဟာ Priceကို Supportနဲ့ Resistanceကို ဆက်ပြီးထိုးဖောက်သွားစေနိုင်ပါတယ်။

Investorတစ်ယောက်အနေနဲ့ ဒီလိုင်းတွေနဲ့ကပ်လာတိုင်း ဘာဆက်ဖြစ်နိုင်လည်း၊ ဘာAnnoucementရှိမလည်း သိရပါမယ်။ ဥပမာ Resistanceကို Breakဖို့ ဘာမှဖြစ်ဖြစ်မြောက်မြောက် Dataမရှိ၊ Annoucementမရှိရင် ဆက်တိုးမှာ မဟုတ်တာ သေချာသလောက်ပါ။ ဒါမျိုးဆိုရင်တော့ ရောင်းပြီး အမြတ်ယူသင့်ပါတယ်။ အဲ ဆက်သွားဖို့ Potentialရှိရင် ထပ်တောင်ဝယ်သင့်သေးတယ်။ ဝယ်ပြီး ဘာမှမလုပ်ပဲ ထိုင်ကြည့်နေတတ်တဲ့သူမျိုးဆိုရင် Supportလိုင်းဟာ ဈေးကျတာကို Floorမလုပ်နိုင်ရင် ချက်ချင်းရောင်းသင့်ပါတယ်။ Buy-and-prayမလုပ်ပါနဲ့။

အောက်မှာ Ford Motor (F)ရဲ့ ၂၀၀၀ခုနှစ်ကနေစပြီး Major Supportနဲ့ Resistanceလိုင်းတွေကို ပြထားပါတယ်။ Chartက Weekly Chartပါ။ အရေးကြီးဆုံးသိရမှာက Supportနဲ့ Resistance ဟာ ခေါင်းနဲ့ပန်းလိုပဲ Breakoutဖြစ်တာနဲ့ Supportဟာ Resistanceဖြစ်ပြီး၊ Resistanceဟာလည်း Support ပြန်ဖြစ်နိုင်ပါတယ်။

Happy Charting!