12 July 2010

Earning Season Again


နောက်ဆုံးPostမှာ Marketထဲက Fearဟာ Overreactionလို့ ကျွန်တော်ပြောခဲ့ပါတယ်။ အမေရိကန်တွေဟာ Fourth of July Holidayက ပြန်လာတာနဲ့ စွတ်ဝယ်ကြတာ Major Indexတွေအားလုံးလိုလိုဟာ ၅%လောက် ပြီးခဲ့တဲ့အပတ်က တက်သွားခဲ့ပါတယ်။ Marketဟာ Recoverဖြစ်တာမြန်ပေမယ့် Volumeကိုတော့ ကျွန်တော်သဘောသိပ်မကျပါဘူး။ အထူးသဖြင့် Last Friday volumeဟာ တော်တော်လေး Lightဖြစ်ပါတယ်။ ဒါဟာ သတိထားရမယ့်အချက်ပါ။

နောက်ထပ်သတိထားရမှာကတော့ DJIဟာ EMA200ကို ထပ်ပြီး Testလုပ်ဦးမှာပါပဲ။ အပေါ်ကChartမှာ Downtrendလိုင်းကို ကျွန်တော်ပြန်ပြင်ဆွဲထားပါတယ်။ April Highနဲ့ June Highနှစ်ခုကို ဆက်ပြီးဆွဲတာဟာ ပိုပြီးသင့်တော်မယ်ထင်လို့ပါ။ အထူးသဖြင့် June Highဟာ EMA200ကို Breakလုပ်ပြီးမှ Failဖြစ်သွားတဲ့အတွက် ဒီHighဟာ အရေးကြီးပါတယ်။ ဒီတခေါက်ရော DJIဟာ EMA200ကို ဖောက်ပြီးမှ အဖျားရှုးသွားဦးမှာလား ဆိုတာကတော့ သေချာစောင့်ကြည့်ရမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။ အိုကေ - ဒီအပတ်နဲ့ နောက်အပတ်မှာ Tradeလုပ်ဖို့ သိဖို့လိုအပ်တဲ့ အချက်တွေ အောက်မှာပြောပြထားပါတယ်။

Second quarter 2010ရဲ့ Earing Reportတွေဟာ ဒီနေ့ ဈေးပိတ်အပြီးမှာ Alcoa (AA)နဲ့ စပါမယ်။ Alcoaကို JP Morganက Analystတစ်ယောက်ကတော့ Aluminumဈေးတွေဟာ Second quarterအတွင်းမှာကျနေတဲ့အတွက် Earning Estimateကို လျော့ချထားပါတယ်။ Alocaဟာ Earning Seasonကို စနေကြမို့လို့ သူ့ရဲ့ Earning Reportကို Marketဟာ ဘယ်လိုRespondလုပ်မလည်းဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပြီးခဲ့တဲ့ Quarterနှစ်ခုလုံးကတော့ Historyသိပ်မကောင်းလှပါဘူး။ ဒီတော့ဒီနေ့ညဘာမှမဝယ်ဘဲ ဈေးအပိတ်မှာ ထွက်လာမယ့် Alcoaကို စောင့်ကြည့်ပါ။ Earning Reportတွေကို Analyseလုပ်တဲ့အခါမှာ အမြန်ဖတ်ရမယ့်အရာတွေရှိပါတယ်။

1) Actual Earning per share vs. Estimated Earning per share by the Market
2) Actual Revenue vs. Estimated Revenue
3) Earningဟာကောင်းတယ်ဆိုရင် Cost Cuttingကြောင့်လား၊ Revenue(Income) Growthဖြစ်လို့လားဆိုတာ သိရပါမယ်။

အံ့မသြသင့်သောအရာများ
1) Earningsကတော့ ကောင်းပါရဲ့၊ Reportလည်းထွက်လာရော Stockဈေးကကျသွားရော။ ဒါဟာ အပေါ်က အချက် ၁)ကြောင့်ပါ။ Actualဟာကောင်းပေမယ့် Estimateလုပ်ထားတာလောက် မကောင်းတဲ့အတွက်ပါ။ ဒါမျိုးဘာလို့ဖြစ်ရသလည်းဆိုတော့ Marketဟာ Earningမထွက်ခင်ကတည်းက Stockရဲ့ Estimated Earningကိုမှန်းပြီး ဝယ်ပြီးသားဖြစ်နေလို့ပါပဲ။ တကယ့်Earningဟာ Price-inလုပ်ထားတာလောက် မကောင်းတဲ့အခါမှာ Stockဟာ Liquidateလုပ်တာခံရတတ်ပါတယ်။

2) အပေါ်ကလိုပဲ Earningsကတော့ ကောင်းပါတယ်၊ Stock priceကတော့ တက်မလာတော့ဘူး။ ဒါဟာ Revenueကြောင့်ဖြစ်နိုင်ပါတယ်။ Earningဆိုတာ တကယ်တမ်းတော့ ဝင်ငွေထဲကနေ စရိတ်တွေကို နှုတ်ထားတာပါ။ ဒီတော့ Good Earningဟာ ဝင်ငွေများလာလို့လား၊ Cost Cuttingတွေကြောင့် Net resultဟာ တက်သွားတာလား သိဖို့လိုပါတယ်။ Recessionပြီးခါစကဆိုရင် Earningကောင်းတဲ့ Companyတော်တော်များများဟာ Cost cutting (Especially Lay-offs)တွေကြောင့်ပါ။ အခုဆိုရင် အခြေအနေတွေကောင်းလာပြီလို့ Marketဟာ Expectလုပ်ထားတဲ့အတွက် Earning ကောင်းပေမယ့် Revenueကြောင့်မဟုတ်လို့ရှိရင် Punishလုပ်တာခံရပါလိမ့်မယ်။

ဒီလောက်ဆိုရင် Earningကို ဘယ်လိုဖတ်ရမလည်းဆိုတာ သဘောပေါက်လောက်ပါပြီ။ Earning Resultတွေဟာ Marketရဲ့ Third quarter directionကို defineလုပ်ပါလိမ့်မယ်။ အထူးသဖြင့် ဒီအပတ်ထဲမှာ Major Blue chip stockတွေဟာ အောက်မှာပြထားတဲ့အတိုင်း တန်းစီထွက်လာပါလိမ့်မယ်။ စပြီးPrepareလုပ်ထားရမှာက ဒီStockတွေ Earningsဟာ Marketကို Beatလုပ်နိုင်ခဲ့ရင် သူတို့ဟာ Bullsတွေကို Leadလုပ်သွားပါလိမ့်မယ်။ ဒါကြောင့်စိတ်ဝင်စားသူများအနေနဲ့ စပြီးStockတစ်ခုချင်းစီရဲ့ Technical Chartတွေကို စကြည့်ထားပါလို့ Recommendလုပ်ပါတယ်။

Happy Trading!

Earning Calendar For Major Stocks this week
Monday: Alcoa
Tuesday: Intel, Yum!
Wednesday: Texas Instruments
Thursday: JPMorgan, Google
Friday: Bank of America, Citi, GE