04 December 2009

Two is better than One

ဒီအပတ်တော့ powerfulပိုဖြစ်တဲ့ Candle Patternတွေအကြောင်းပဲ ဆက်ပြောပါမယ်။ Candlestick အကြောင်းစပြောတုံးက single-candle formationတွေအကြောင်းနဲ့ စခဲ့တယ်။ ဒါပေမယ့် ပိုပြီးလက်စလက်န ရှိတဲ့ Candle Formationကတော့ Candle နှစ်ချောင်းပါရင် ပိုကောင်းတယ်။ dual-candle formationတွေရဲ့ နာမည်လေးတွေဟာလည်း မှတ်မိလွယ်သလို အဓိပ္ပါယ်လည်း ရှိပါတယ်။

Candle formationတွေရဲ့ potency / strengthပေါ်မူတည်ပြီး သုံးဆင့်ခွဲပေးထားတယ်။ သူတို့အားလုံးဟာ Trend Reversalကို Confirmလုပ်ဖို့ပဲ အသုံးဝင်တာတော့ တူပါတယ်။

Bullish / Bearish Counterattack Pattern - Weak reversal signal


...

ပုံမှာပြထားသလိုပဲ Bullish Counterattackဟာ Downtrendမှာ ဖြစ်တတ်ပြီး Bearish Counterattackဟာ Uptrendမှာ မြင်နိုင်ပါတယ်။ အဓိပ္ပါယ်ဟာ ပြောင်းပြန်လှန်လိုက်ရင် အတူတူပဲမို့လို့ Bullishဘက်ကနေပဲ ကျွန်တော်ပြောသွားပါမယ်။ Bullish Counterattackဖြစ်ဖို့ Bearတွေ အားသာနေတဲ့ Downtrendတစ်ခုရှိရမယ်။ Downtrendရဲ့ Durationဟာ အနည်းဆုံး ၄-၅ရက်၊ တစ်ပတ်ဖြစ်သင့်တယ်။ ဒီလိုနဲ့ ဆင်းလာရင်း နောက်ဆုံးမှာ Closeဟာ Openထက်သာပြီး White Candleရပါမယ်။ အဲဒီမှာ အရေးအကြီးဆုံးက Closeတွေပါ။ Closeနှစ်ခုဟာ Almost Equalဖြစ်သင့်ပါတယ်။ White Candleရဲ့ Openဟာ မနေ့က Closeအောက် ရောက်ရပါမယ်။ Crowd Psychologyကတော့ ဖွင့်ဖွင့်ချင်းတော့ Bearတွေဟာ ကြီးစိုးနေခဲ့ပြီး နောက်ဆုံးတော့ Bullတွေက ပြန်ဆွဲတင်လိုက်နိုင်တယ် ဆိုတာပါပဲ။ ဒါပေမယ့် Closeဟာ မနေ့ကCloseနဲ့ မတိမ်းမယိမ်းမို့ ဒီ Formationကို Weak Signalလို့ ဆိုနိုင်ပါတယ်။

Piercing Pattern and Dark Cloud Cover Pattern - Good Reversal Signal



အပေါ်က Counterattackနဲ့ သဘောတရား အတူတူပါပဲ။ ကွာတာကတော့ White Candle Closeဟာ မနေ့ကBlack Candle Closeကိုကျော်ရုံတင်မက အနည်းဆုံး Black Candle Real Bodyရဲ့ အလယ်ကို အသာလေး ရောက်/ကျော်သင့်ပါတယ် - ဒါပေမယ့် Black Candle Openကိုတော့ မကျော်သင့်ဘူး။ ကျော်သွားရင် နောက်ထပ်ပြောမယ့် Strong Reversal Signalဖြစ်သွားပါမယ်။ Piercingကတော့ Bullတွေဟာ Bearတွေရဲ့ နယ်ပယ်ကို Pierceလုပ်လိုက်တယ်လို့ ဆိုသလို၊ Dark Cloud Coverဟာလည်း မိုးမရွာခင် တိမ်မည်းတွေညို့လာသလို Up Trendဟာ Sunnyမဖြစ်နိုင်တော့ဘူးလို့ ဆိုလိုတယ်။

Bullish / Bearish Engulfing Pattern - Strong Reversal Signal


အပေါ်မှာပြောခဲ့သလိုပဲ White Candle Openဟာ မနေ့က Black Candle Closeထက်နိမ့်ပြီး White Candle Closeဟာ Black Candle Openထက်ကျော်သွားရင်တော့ Strongest Reversal Signalကို ပြပါတယ်။ Engulfingဆိုတာကတော့ ငုံ/ဝန်းရံထားတယ်ပေါ့။ အနောက်တိုင်း Technical Analysisမှာတော့ Outside Dayလို့ခေါ်တယ်။ ဒါမျိုးတွေ့ပြီး Volumeကလည်း ကောင်းတယ်ဆိုရင် Reversalဖြစ်ဖို့ သေချာသလောက်ရှိပါတယ်။

ဒီ Reversal Candle Patternတွေကို Second Candleရဲ့ Volumeနဲ့ ယှဉ်ပြီးသုံးရင် ပိုသေချာတဲ့ Trading Signalကို ရပါလိမ့်မယ်။ Trend Line၊ Supportနဲ့ Resistance လိုင်းတွေပါ တွဲသုံးမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ အောက်မှာ BHP.ASX ရဲ့ Candleတွေကို ပြထားပါတယ်။

Happy Charting!