14 May 2010

Same Story But Getting Worse

Just another quick update
  • EUR/USD rate broke 1.25 support and currently at 1.2474
  • Gold has hit another record high at 1240
  • More Wall St banks are being investigated for providing false information to Rating agencies regarding Mortgage-backed securities.
Warning
  • Current market is no longer an amateur market. If you are not comfortable, stay sideline for now.
  • Markets may continue bear trend below 10% correction to 15% correction if bad news keep coming out over the weekend and next week.
  • Massive protest has been scheduled in Athens next week May 20.
  • If you have any open position, keep the stop-loss close to your entry point or close out asap.

12 May 2010

Uncertainty and Fear still in the air

Just a quick update
  • Gold rose to all-time high to 1230 last night.
  • EUR/USD continued to fall below 1.27 - effectively pushing USD index higher above 84.50.
  • European and US markets mostly down but reasonable given the market rush on Monday.
Be alert. Keep your stops tight!

11 May 2010

Watch Out

မနေ့ညက Europeနဲ့ USက Marketအားလုံးလိုလို အနည်းဆုံး ၄%လောက်စီ ဆောင့်တက်သွားကြပါတယ်။ Big Bailout Newsဟာ အလုပ်လုပ်တယ်ဆိုတာ ပြပါတယ်။ ကျွန်တော် ဝသီက အဲဒီလို တရကြမ်းဆောင့်တက်သွားရင် အမြဲသံသယလေးတော့ ရှိတတ်တယ်။ ဒါကြောင့် ဒီနေ့မနက်ပဲ Crowd Psychologyကို မနေ့ညက Dataတွေသုံးပြီး သေချာပြန်ပြီး Analyseလုပ်ကြည့်ပါတယ်။ There are good news and bad news.

Good News
Last night, Markets were up incredibly with good volume.
PIIGS Government Bond Pricesတွေ ဈေးပြန်တက်လာပါတယ်, effectively, causing yields down. Fixed-income ဦးစားပေးတဲ့ Investorတွေရဲ့ Risk Appetiteပြန်တက်လာတာကို ပြပါတယ်။

Bad News
Euro/USD rateဟာ ထင်ထားသလောက် တက်မလာပါဘူး။ သတင်းတွေထွက်လာပြီး European Marketတွေ စဖွင့်တဲ့အချိန်ကတော့ 1.30အထက်နားကို နည်နည်းတက်သွားသေးတယ်။ သိပ်မကြာပါဘူး။ ပြန်လျောကျတာ အခုဆိုရင် ၁.၂၈အောက်ကို ရောက်နေပါတယ်။ ဒီ Euro/USD rateဟာ အရေးကြီးပါတယ်။ Euro Zone အပေါ်မှာရှိတဲ့ Investorတွေရဲ့ တကယ့်Confidenceဟာ အဲဒီ့Graphအတက်အကျက မညာတမ်းပြပါတယ်။ အောက်မှာ Euro/USD Chartကို ကျွန်တော်ပြထားပါတယ်။ သတင်းတစ်ခုထွက်လာတိုင်း နည်းနည်းတက်သွားလိုက်၊ သုံးလေးရက်နေရင် ပြန်ကျသွားလိုက်နဲ့ ဖြစ်နေတဲ့ Trendကို တွေ့မှာပါ။ မနေ့က Highဟာ Primary Down Trendကို ဖောက်သွားပေမယ့် Closeကျတော့ အဖျားရှုးပြီး Trendအောက်မှာပဲ ပိတ်တာကို တွေ့ရပါတယ်။ ဒါဟာ Weaknessကို ပြပါတယ်။

Euroနဲ့ heavily trade-weightedလုပ်ထားတဲ့ USD Indexဟာလည်း ၈၄ကနေ မကျသွားပါဘူး။ Euro/USD တကယ်တမ်း 1.30ဝန်းကျင်မှာ ပြေးနေရင် USD Indexဟာ ၈၃လောက်ရောက်နေမှာပါ။ Euro/USD rateက ကျနေတော့ USD indexဟာ ကျဖို့ခက်ပါတယ်။ USD တန်ဖိုးမကျသ၍ USက Export Oriented Companyတွေရဲ့ Earningကို ထိခိုက်လာနိုင်ပါတယ်။

Gold Price - Bailout newsထွက်ပြီး ရွှေဈေးဟာ ပြီးခဲ့တဲ့အပတ်က Crisis mode priceနဲ့ သိပ်မကွာလှပါဘူး။ မနေ့ညက ၉ကျပ်လားပဲကျပါတယ်။ အခုနည်းနည်းတောင် ပြန်တက်နေသေးတယ်။ Generallyကတော့ Dollarဈေးတက်ရင် ရွှေဈေးကျတတ်ပါတယ်။ ဒါပေမယ့် Crisisဖြစ်တော့မလိုဖြစ်လာတော့ Investorတွေဟာ အနှစ်ထောင်ချီသုံးလာတဲ့ ရွှေဘက်ဆီကိုပဲ Safe Havenအနေနဲ့ ပြန်ပြေးကပ်ကျပါတယ်။ ဒီတော့ Investorတွေသာ ဒီBailout newsအပြီးမှာ အခြေအနေတွေကောင်းလာတော့မယ်ထင်ရင် Goldဟာ အနည်းဆုံး ၁၁၉၀လောက်အထိ ကျသွားသင့်ပါတယ်။ အခုတော့ ၁၂၀၀နားမှာ ပန်းပန်လျက်ပါပဲ။ ဒါဟာ Investorတွေရဲ့ Risk Aversionကို ပြပါတယ်။
Gold May 2010 Futures Contract Price
Fundamental Issues are still there - တကယ်တမ်းတော့ PIIGSတိုင်းပြည်တွေမှာ ဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းမယ့် Solid Planဟာ 700billion Euro bailoutထဲမှာ မပါပါဘူး။ ဥပမာ Greeceကို ကြည့်ပါ။ Greekတွေအားလုံးက နားလည်မှုနဲ့ အစိုးရနဲ့ ပူးပေါင်းပြီး အားလုံးညီညီညာညာ အသုံးလျော့၊ benefitတွေလျော့မှ သူတို့ရဲ့ Deficit ပြဿနာဟာ လျော့သွားပြီး Marketရဲ့ ယုံကြည်မှုကို ပြန်ရမှာပါ။ အခုတော့ မနက်ဖြန်လည်း Athensမှာ အကြီးအကျယ်ဆူပူကြပါဦးမယ်။ အဲဒီမှာဆိုးလေ၊ Euro/USDဟာ ကျလေဖြစ်ဦးမယ်လို့ ကျွန်တော်တော့ ထင်ပါတယ်။

ဒီကြီးမားလှတဲ့ Bailoutကို ဥပမာပေးရရင် Greeceကို ဝင်ငွေနည်း၊ ချေးငှားသုံးပြီး အသုံးကြမ်းတဲ့ မိသားစုလို့ မြင်ကြည့်ပါ။ Marketကတော့ ဟိုဘက်ရပ်ကွက်က ငွေရှိတဲ့သူတွေပေါ့လေ။ Greeceတွေက ပြန်ဆပ်မယ့် အလားအလာမရှိသလောက် ဖြစ်လာတော့ ဟိုဘက်ရပ်ကွက်က ပူညံပူညံဖြစ်လာပါတယ်။ အဲဒီ့အခါမှာ Greeceနဲ့ မပတ်သက်ချင်ပဲ ပတ်သက်နေရတဲ့ အိမ်နီးနားချင်း သူဌေးတွေက ဟိုဘက်ရပ်ကွက်ကကောင်တွေ သိပ်စကားမများနဲ့၊ ငါတို့ စိုက်ပေးမယ်လို့ ပြောနေတာနဲ့ အတူတူပါပဲ။ တကယ့်ပြဿနာကောင်ကို နားချဖို့ သူတို့မတတ်နိုင်သေးပါဘူး။ ဘေးအိမ်ကအပူဟာ ကိုယ့်အိမ်ရောက်လာနိုင်လို့သာ ဝင်ပါနေရတာပါ။ Asian Marketsတွေထဲကို ဒီနေ့ Doubtပြန်ဝင်လာပါတယ်။ So, be alert, keep the stop-loss points tight.

Market can remain irrational longer than you can stay solvent.

10 May 2010

Big Dose of Morphine

European Leaderတွေ၊ USက Federal Reserveနဲ့ Japanက BoJပါမကျန် ဒီWeekendမှာ ခေါင်းချင်းဆိုင် ဆွေးနွေးလိုက်ကြပြီး ဒီနေ့မနက် Asian Marketတွေ မဖွင့်ခင်လေးတင် ကြေညာချက်တွေ ထွက်လာပါတယ်။ အတိုချုပ်ကတော့ PIIGS Countryတွေကို Bailoutလုပ်ဖို့ Euro 700billionကျော် Allocationလုပ်ဖြစ်သွားပြီလို့ ဆိုပါတယ်။ Financially သေလုမျောပါးဖြစ်နေတဲ့ Greeceလို တိုင်းပြည်တွေအတွက် Morphine Doseကြီးကြီးထိုးပေးလိုက်နိုင်တယ်လို့ပဲ ကျွန်တော်တော့ မြင်ပါတယ်။ တကယ်တမ်းတော့ ဒီတိုင်းပြည်တွေအတွက် အချိန်သုံးနှစ်လောက် ဝယ်လိုက်ရတာပါပဲ။ ဒီအချိန်အတော်အတွင်းမှာ သူတို့တွေဟာ ရွဲပြဲနေတဲ့ Balance Sheetတွေကို အမြန်ပြင်ကြရမှာပါ။ မလုပ်နိုင်ခဲ့လို့ရှိရင် အခုကြေညာထားတဲ့ ပိုက်ဆံတွေဟာ အလကားပါပဲ။ သေချာတာကတော့ နောက်ခြောက်လလောက်တော့ PIIGSပြဿနာအေးသွားမယ်ထင်တာပဲ။ အခုလောလောဆယ် ပိုက်ဆံရှာဖို့ ဆက်လုပ်ရအောင်။
...

အဆိုးရွားဆုံးကျခဲ့တဲ့ Marketတွေထဲမှာ European Marketတွေက Understandably အဆိုးဆုံးပါပဲ။ ပြီးရင် ASXကစလို့ Asian Marketတွေပါ။ ဒီက ASXဟာလည်း အစိုးရရဲ့ Resource Profit Tax reformနဲ့ PIIGS newsပေါင်းလိုက်တာ March 2009ကစတဲ့ Rallyမှာ တခါမှမဖြစ်ဘူးသေးတဲ့ 10% correction ဖြစ်ပါတယ်။ အတက်ကောင်းကောင်းတက်လာတဲ့ Rallyတွေမှာ ဒီလို 10% correctionမဖြစ်သေးသ၍ Healthy မဖြစ်ပါဘူး။ ဒါမျိုးလေးဖြစ်လိုက်ပြီးမှ Reboundဖြစ်မယ့် Rallyဟာ ပိုပြီးStrongerဖြစ်ပါတယ်။ USမှာတော့ Dow Jones Industrialဟာ -7%၊ S&P500ဟာ -8%နဲ့ NASDAQဟာ -10%စီ Correctionဖြစ်ပြီးသွားပါပြီ။ ဒီတော့ ဒီနေ့ည Trading Planကို ကြည့်ရအောင်။

အထိအနာဆုံးကို ရွေးဝယ်မှ နောက်နှစ်လလောက်အတွင်း ပိုက်ဆံများများပိုမြတ်ပါမယ်။ ဒီတော့ အထိနာခဲ့တဲ့ US Bankတွေ၊ Technology Companiesတွေကို Targetထားပါ။ ဈေးဖွင့်ဖွင့်ချင်း ပစ်မဝယ်ပါနဲ့။ အနည်းဆုံး တစ်နာရီလောက် စောင့်ပြီးမှ နည်းနည်းပြန်ကျတဲ့အချိန်မှာ သိပ်ကပ်စေးမနည်းပဲ ဝယ်လိုက်ပါ။ Dow Jonesဟာ ဒီနေ့ည Day Highလောက်မှာ Closeဖြစ်ဖို့ more than 80% chanceရှိပါတယ်။ ဒါကြောင့် ဈေးပိတ်ခါနီးအထိမစောင့်ပါနဲ့။ US Bankတွေထဲမှာ Goldman Sachsကို ရှောင်ပါ။ သူ့ကိစ္စက ခုထိမရှင်းသေးပါဘူး။ ကျွန်တော်သဘောကျတာကတော့ Citi (C)နဲ့ Bank of America (BAC)ပါ။ European Exposureများတဲ့ ကုမ္ပဏီတွေကို ရှောင်တာ ခုထိကောင်းတုန်းပါပဲ။ တတ်နိုင်သ၍ ကုမ္ပဏီရဲ့ Market ကိုလေ့လာပြီး Europeကရတဲ့ ဝင်ငွေဘယ်လောက်များလည်း Breakdownလုပ်လို့ရရင် ကြည့်ကြည့်ပါ။

ဒီBlogမှာ January Market Correctionကတည်းက ကျခါနီးအချိန်၊ ပြန်တက်မယ့်အချိန်တွေကို ကျွန်တော်တတ်နိုင်သ၍ သတိပေးပါတယ်။ Long, Shortအလိုက်သင့် လိုက်လုပ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ Long (buy when the price is low)လုပ်နိုင်ရင်ပဲ မဆိုးပါဘူး။ အခု နောက်တက်မယ့် Rallyဟာ ဒီ Quarterရဲ့ Waveကို Completeလုပ်ပါလိမ့်မယ်။ ကျွန်တော့်ရဲ့ Estimateကတော့ Juneလကုန်လောက်အထိ ပြဿနာဆိုးဆိုးရွားရွားထပ် မတက်ခဲ့ရင် Rallyဟာ အေးဆေးလေး Recent Highကို ပြန်ဖြတ်သွားပါလိမ့်မယ်။ At the time of writing, European markets up at least 3% with Spanish market up more than 10%!!!! Ok - Good Luck Tonight.

Money is there. You just have to know how to pick it up.