Showing posts with label Psychology. Show all posts
Showing posts with label Psychology. Show all posts

29 November 2010

Psychology of Losing

Stock Tradingလုပ်တဲ့အခါ Beginnerတွေအတွက် Stop-lossမလုပ်နိုင်တာဟာ အထူးအဆန်းတော့ မဟုတ်တော့ပါဘူး။ ကျွန်တော်လည်း ဒီဘဝကို ဖြတ်သန်းခဲ့တာပါပဲ။ Paper Loss/Unrealised Lossဖြစ်နေတဲ့အခါမှာ ပိုက်ဆံကလေး ကိုယ့်အိတ်ထဲကထွက်သွားနိုင်တဲ့ Chanceကနေ Stop-lossလုပ်လိုက်ရင် Realisedတကယ်ဖြစ်သွားမှာကိုး။ ဒီPostမှာ Money Lossကို Perspectiveမျိုးစုံကနေ ပိုပြီးPalatableဖြစ်စေအောင် ရေးထားပါတယ်။ အောက်မှာရေးထားတာတွေ ဖတ်ပြီး အရှုံးဒဏ်ပိုခံနိုင်ပြီဆိုရင် ကျွန်တော်ရေးရကျိုးနပ်ပါမယ်။

Forget about $$$
အရှုံးကို ပိုပြီးManageလုပ်နိုင်အောင် တွေးသင့်တဲ့ရှုထောင့်ကတော့ ပိုက်ဆံကို ပိုက်ဆံလို့မတွေးပါနဲ့။ Pointတွေလို့တွေးပါ။ Casinoတွေမှာ Chipလေးတွေနဲ့ တကယ့်ပိုက်ဆံကို လဲပေးထားတာတွေ့တယ်မဟုတ်လား။ အဲဒါလူတွေကို ပိုပြီးအရှုံးဒဏ်ခံနိုင်အောင် လုပ်ထားတာပါ။ ပိုက်ဆံကို ပိုက်ဆံလိုမမြင်ဘဲ ရေလိုသုံးပစ်လို့ ကျွန်တော်ဆိုလိုတာ မဟုတ်ပါဘူး။ ပိုက်ဆံကို ဘယ်နှဒေါ်လာအစရှိသဖြင့်မတွက်ဘဲ၊ ဘယ်နှPointတော့ Downနေပြီလို့တွေးရင် နည်းနည်းပိုသက်သာပါမယ်။

Casualty of War
စစ်ဖြစ်ရင် စစ်သားတစ်ယောက်တော့ သေမှာသေချာတယ်။ ကံဆိုးရင် Civillianတွေတောင်ပါဦးမယ်။ ဒီIdeaကိုတော့ လက်ခံနိုင်ကြပါတယ်၊ ဒါပေမယ့် Tradingလုပ်ရင်တော့ အရှုံးမခံချင်ကြဘူး - ယုတ္တိရှိသေးရဲ့လား စဉ်းစားကြည့်ပါဦး။

Remember how you learned riding a bike
စက်ဘီးစီးတတ်သူများ စသင်ခါစက တဘိုင်းဘိုင်းနဲ့လဲခဲ့တာ မှတ်မိသေးရဲ့လား။ မြန်မာပြည်မှာကတော့ သတ္တိရှိကြတယ်၊ သင်ခါစ ဘာအကာမှမပါဘူး။ Helmatလည်း မပါဘူး။ တော်တော်လေး ပြဲကွဲပြီးမှ တဲ့တဲ့စီးနိုင်တာ။ Tradingလုပ်တဲ့အခါမှာလည်း ဒီလိုပါပဲ။ စစချင်းမှာ Stop-lossဆိုတဲ့ Helmatပါရင် လဲတဲ့ဒဏ်၊ ရှုံးတဲ့ဒဏ်ကို ပိုပြီးခံနိုင်ပါမယ်။ သေချာတာက လဲမှာပဲ။ လဲမှာကြောက်ရင် စက်ဘီးမစီးတတ်သလို ရှံးမှာကြောက်နေရင် Traderဘယ်တော့မှ မဖြစ်ဘူး။ Tradingစလုပ်လုပ်ချင်း Millionaireဖြစ်ချင်တဲ့သူဟာလည်း စက်ဘီးမှ မစီးတတ်သေးဘူး၊ ခေါင်းထောင်စီးချင်တဲ့သူလိုပါပဲ။

Learn from Beckham
Beckhamကိုဆိုရင် လူတိုင်းက သူရဲ့ Twistလေးနဲ့ကန်တဲ့ Free kickကိုပဲ ဦးဆုံးပြေးမြင်ကြတယ်။ သူရဲ့ တည့်တည့်ကြီးလွဲသွားတဲ့ Penalty Goal Kickတွေရော သတိရကြသေးရဲ့လား:) Beckhamနာမည်ကြီးတာဟာ သူ့ရဲ့Personalityကောင်းတာထက် သူ့ရဲ့Achievementက သူ့ရဲ့Lossesတွေထက် သာခဲ့လို့ပါ။ သူပါပြီး ရှုံးတဲ့ပွဲတွေမှ အများကြီး။ ဒါပေမယ့် နိုင်တဲ့ပွဲအရေအတွက်ဟာ သူငယ်စဉ်ဘဝက ပိုများခဲ့လို့ပါပဲ။ ဆက်စပ်တွေးလို့ရတာက Soccerဘယ်လိုပြိုင်သလည်းရော ကြည့်ကြည့်ပါဦး။ Round 1မှာ တစ်ပွဲရှုံးပေမယ့် အုပ်စုတက်ဖို့ Chanceဟာ ရှိနိုင်ပါသေးတယ်။ နောက်ဆုံးပိတ် Totalအမှတ်နဲ့ Goalအရေအတွက်ကသာ အရေးကြီးတာပါ။ First-halfမှာ ရှုံးနေရင်တောင် စိတ်ဓါတ်မကျရင် Second-halfမှာ ပြန်နိုင်နိုင်ပါတယ်။ Beckhamလိုလူတွေ ဒူးခေါင်းတော်တော်နာသွားရင် ခဏနားတာလည်း အတုယူသင့်ပါတယ်။ Marketထဲမှာ ဆက်တိုက်ရှုံးပွဲဆက်လာရင် ခဏ Take a breakလုပ်ပြီး ကိုယ့်လိုအပ်ချက်တွေကို ပြန်Analyseလုပ်သင့်ပါတယ်။

မမှားသောရှေ့နေ...
ဒီစကားပုံလိုပဲ မရှုံးဘူးတဲ့ ရှေ့နေ၊ လူနာမသေဘူးတဲ့ ဆရာဝန်မရှိပါဘူး။ ရှိရင်လည်း ကုသိုလ်ကံ တော်တော်ကောင်းသေးလို့ပဲဖြစ်လိမ့်မယ်။ တရားခံဘက်က Defenseရှေ့နေဟာ ကိုယ့်အမှုသည် လုံးဝလွတ်ရမယ်လို့ တွက်လို့မရပါဘူး။ ဆယ်နှစ်နဲ့ ကြိုးမိန့်နှစ်ခုပဲရှိတယ်ဆိုရင် ပိုသက်သာမယ့် ဆယ်နှစ်ကို ရွေးရမှာပါပဲ။ ခေါင်းမာနေရင် ကိုယ့်အမှုသည် သေမှာပဲ။ ဆရာဝန်ဟာလည်း ပုတ်နေတဲ့ခြေထောက်ကို မဖြတ်လို့ လူနာသေမယ်ဆိုရင် ဖြတ်ရမှာပဲ။ မဖြတ်ရင်.....? ဟုတ်ပ သေမှာပဲ :)

On Sale
ဒါကတော့ မိန်းမတွေအကြိုက်။ Department Storeတွေ ဈေးချရင် ပျော်ကြတယ်မဟုတ်လား။ Further ဘယ်လောက်%offဆိုရင် ပိုတောင်ကြိုက်သေး။ Traderဟာ Retailerတစ်ယောက်လိုတွေးရပါမယ်။ ကိုယ့်ပစ္စည်းရောင်းမထွက်ရင် ဆက်ကိုင်ထားပြီး Further Reducedဆိုပြီးခွက်ခွက်လန်အောင်ရောင်းမလား? စောစော cut lossလုပ်ရမလားဆိုတာ Retailerတွေလိုပဲတွေးရပါမယ်။

It's only in your mind
ဒီလောက်ဆိုရင် Losingဟာ ထင်သလောက်မဆိုးမှန်း၊ Tradingတစ်ခုထဲမှာပဲ special caseဖြစ်နေတဲ့ အရာမဟုတ်မှန်း ပိုနားလည်သွားမှာပါ။ အရှုံးဆိုတာ ကိုယ့်mindsetထဲမှာပဲရှိပါတယ်။ အရှုံးကို အရမ်းအရေးပေးပြီး လုပ်သင့်တာမလုပ်ရင် ပိုဆိုးမယ်၊ အမြတ်အစွန်းရမယ့် Tradeအသစ်တွေကို လွတ်သွားနိုင်ပါတယ်။ Losing is only in your mind and you have to manage losses. Don't let losses manage you.

Happy Cutting Losses!

19 November 2010

အရှုံးဆိုတာမရှိ (၁)

ဟုတ်ပါ့မလားဟလို့ တွေးနေလားတော့ မသိဘူး။ Tradingလုပ်တဲ့အခါမှာ အရှုံးဆိုတာရှိပါတယ်။ ဒါပေမယ့် Net အရှုံးဆိုတာ မရှိအောင် ဘယ်လို Money Managementလုပ်ရမလည်းဆိုတာကို စိတ်ဝင်စားအောင် Titleပေးထားတာပါ။ ဒီPostထဲက တချို့Conceptတွေဟာ Robert Kiyosakiနဲ့ Dr. Alexander Elderရဲ့ Intellectual Propertyတွေဖြစ်ပါတယ်။

Trading vs. Investing
ပထမဆုံးပြောချင်တာကတော့ အများစုဟာ Tradingနဲ့ Investingကို ရောနေတာပါပဲ။ Tradingဟာ Short-term focusedဖြစ်ပြီး Investingကတော့ Long-termအတွက်ပါ။ Stock Investingဟာ တကယ်တမ်းတော့ Day jobလည်းရှိ၊ ငွေပိုငွေလျှံနည်းနည်းရှိတဲ့သူတွေ Financial Advisor, Brokerအစရှိတဲ့သူတွေရဲ့ Tipsတွေနဲ့ ဝယ်ပြီးပစ်ထားတတ်တဲ့ အရာလို့ Generally Definitionဖွင့်နိုင်ပါတယ်။ ဟုတ်မဟုတ် ကိုယ့်ဘာသာကိုယ်နဲ့ ကိုယ့်ဝန်းကျင်ကသူတွေကိုသာ ကြည့်ကြည့်ပါ။ အများစုဟာ Stock Marketထဲမှာ Directly(သို့) Indirectly (Mutual Funds in America, Superannuation Funds in Australia) Investလုပ်ထားကြပါတယ်။ အခုကျွန်တော်ပြောနေတဲ့ Investingဆိုတာ Direct Investingကို ပြောနေတာပါ။ ကိုယ်ဝယ်ခဲ့တဲ့Stockက solid bluechip stockဆိုရင်တော့ တော်ရုံအရှုံးပေါ်နေရင်တောင် အချိန်တန်ရင် (အချိန်ဟာ ၃လကနေ ၃နှစ်ဖြစ်နိုင်ပါတယ်) ကိုယ့်ပိုက်ဆံတော့ ပြန်ရတတ်ပါတယ်။ ကြားထဲမှာရတဲ့ Dividendsကပဲ အမြတ်ပေါ့။ တချို့ကပြောကြတယ် Time in the Market is More Important than Timing in the Marketဆိုပြီးတော့ပါ။ အချိန်တန်ရင်တော့ နွားပိန်ကန်မယ်ပေါ့။ "အရှုံးဆိုတာမရှိ" တမျိုးပေါ့လေ :)။ ဒီလိုနည်းနဲ့ Investလုပ်မယ်ဆိုရင်တော့ တစ်ခုပဲပြောချင်ပါတယ် - "You are going to need a lot of LUCK"။

Trading is a totally different ball game
အများစု Stock Tradingဝင်လုပ်ပြီး Marketထဲကနေ Washed Outဖြစ်ဖြစ်သွားရတဲ့ အဓိကတရားခံကတော့ အဲဒီ့Long-term investing mindsetကို Trading arenaထဲကို ဆွဲခေါ်လာလို့ပါပဲ။ Tradingလုပ်ဖို့ Totally different mindsetလိုပါတယ်။ ကျွန်တော်ဒီBlogရေးစက ပြောဖူးတဲ့ 3M (mindset, method, management)ဟာ အရမ်းအရေးကြီးပါတယ်။ Technical Analysis(TA)နဲ့ Fundamental Analysis(FA)ကို လေ့လာနိုင်သလောက် တတ်နိုင်ပါတယ်။ ဒါပေမယ့် TAနဲ့FAသိတဲ့လူတိုင်းဘာလို့ ပိုက်ဆံမရှာနိုင်ရသလည်း? အဓိကကတော့ mindsetနဲ့ managementပိုင်းမှာ တယောက်နဲ့တယောက် ကွာသွားလို့ပါပဲ။

Mythbusting
Tradingနဲ့ပတ်သက်ပြီး Mythတွေတော်တော်များများရှိပါတယ်။ ဦးနှောက်အရမ်းကောင်းရမယ်၊ ပိုက်ဆံအများကြီးအရင်ရှိရမယ်၊ ဈေးကြီးတဲ့ Stock Market Analysis Reportတွေ ဝယ်ရမယ် စတာတွေပေါ့။ ဒါတွေအားလုံးဟာ Mythတွေကြီးပါပဲ။ Tradingလုပ်ရင် သေချာမှာတွေ ကျွန်တော်ပြောပြမယ်။

- သေချာလေ့လာ Analysisလုပ်ပြီး Entryကောင်းကောင်းလေးဝင်ထားဦး၊ ရှုံးနိုင်သေးတယ်။
- မသေမချာနဲ့ သူများပြောတိုင်းလိုက်ဝယ်၊ ရှုံးဖို့တော်တော်လေးသေချာတယ်။
- လောင်းကစားသလို မျက်စိမှိတ်ပြီး ကောက်သာဝယ် သေချာပေါက်ရှုံးမယ်။

ဒီအချက်သုံးချက်ကနေ ဘာကိုကောက်ချက်ချနိုင်သလည်းဆိုတော့ Tradingလုပ်ရင် ရှုံးဖို့Chanceက ပိုများပါလားလို့ ကောက်ချက်ချနိုင်ပါတယ်။ ဒါဆိုရင် သန်းထောင်နဲ့ချီပြီး တစ်နေ့တစ်နေ့ Marketထဲမှာ Tradeနေကြတာ ဘာလိုများ ပိုက်ဆံရှာနေကြသလည်းဆိုပြီး မေးနိုင်ပါတယ်။ အဖြေကတော့ Professionalsတွေ၊ Institutionsတွေဟာ "ရှုံးတာထက် မြတ်တာက ပိုများလို့ပါ"။ မြန်မာလိုပြောတော့ အဓိပ္ပါယ်က နည်းနည်းလုံးသွားတယ်။ တိတိကျကျပြောရရင် ရှုံးတဲ့အကြိမ်က မြတ်တဲ့အကြိမ်ထက် ပိုများချင်များမယ်၊ ဒါပေမယ့် ရှုံးရင်ငွေနည်းနည်းပဲရှုံးပြီး မြတ်ရင် ငွေများများပိုမြတ်တဲ့အခါမှာ Net balanceဟာ Positiveပြနိုင်ပါတယ်။

Lose Less, Make More
အခုလောက်ဆိုရင် Tradingရဲ့ Core Principleကို သိပြီထင်ပါတယ်။ အဓိကကတော့ Lossတွေကို သေချာManageလုပ်ဖို့ပါပဲ။ Lossကိုနိုင်နင်းရင် Profitပိုင်းက Automatic handleလုပ်သွားပါလိမ့်မယ်။ Stop-loss, Stop-lossဆိုပြီး ကျွန်တော်ရေးရေးနေတာ တွေ့ဖူးမှာဖြစ်သလို၊ သူများတွေပြောတာ၊ Trading Bookတွေထဲမှာ ပြောပြောနေတာ တွေ့ဖူးမှာပါပဲ။ အပြောလွယ်သလောက် အလုပ်ခက်ဆိုတဲ့အရာထဲမှာ အဲဒီ့Disciplineဟာ ထိပ်ဆုံးမှာပါပါတယ်။ အားလုံးနားလည်အောင်ပြောရရင် ဘာနဲ့တူသလည်းဆိုတော့ Weightချတာနဲ့ အတူတူပဲ။ နည်းနည်းလေ့လာလိုက်ရင် လူတိုင်းဘယ်လိုWeightချရမလည်း သိတယ်မဟုတ်လား။ ဒါပေမယ့် တကယ်လည်းလုပ်ရော သိတဲ့အတိုင်းပဲ :) Part IIမှာ Stop-loss, Profit-taking, Money Managementအသေးစိတ်ကို ဆက်ရေးသွားပါ့မယ်။

12 October 2009

Investment Psychology 101

ပြီးခဲ့တဲ့ Postတွေမှာ Fundamental Analysisနဲ့ ပတ်သက်တာတွေ ရေးထားလို့ အခုနည်းနည်း Topicပြောင်းလိုက်မယ်။ ဒါပေမယ့် ဒီTopicဟာ အရေးအကြီးဆုံးထဲမှာ ပါပါတယ်။

Investmentကို Seriouslyလုပ်မယ်ဆိုရင် 3 M လိုပါတယ်။ အဲဒီ့ 3Mကတော့ Mindset, Methodsနဲ့ Managementပါ။ ဘာRatio ညာRatioအစရှိတာတွေဟာ Methodsပိုင်းမှာပါတယ်။ ဒါတွေသိရုံနဲ့ Investorကောင်းဖြစ်မလာနိုင်ဘူး။ Investorတကယ်ဖြစ်ချင်ရင် 3Mကိုနိုင်နင်းရပါမယ်။ ဒီPostကတော့ Mindsetအပိုင်းထဲ ဝင်သွားလိမ့်မယ်။

ပထမဆုံးသိရမှာက လူအများစုဟာ Investingကို Get Rich Quick Schemeလို့ထင်တတ်တယ်။ ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် You got to be really a financial genius. ဒီတော့ ပိုပြီးRealisticဖြစ်နိုင်တာကို ပြောရရင် အခုထလုပ် အခုထချမ်းသာဖို့ မမြော်လင့်ပါနဲ့။ Investingဟာ အချိန်ယူရပါတယ်။ ယုန်နဲ့လိပ်ပုံပြင်ဟာ ဥပမာကောင်းတစ်ခုပါပဲ။
...

ဒုတိယက ကျွန်တော်/ကျွန်မမှာ ဘာမှ Financial အတွေ့အကြုံမရှိဘူးဆိုတာပါ။ စမလုပ်သ၍ ဘာအတွေ့အကြုံမှ ရလာမှာမဟုတ်ဘူး။ ဒီတော့ မြန်မာစကားပုံတစ်ခုကို မှီပြောရရင် - လက်သည်ကြီးပဲ အားကိုးလို့တော့မရ၊ ကိုယ်တိုင်ကလည်း နည်းနည်းတော့ညှစ်ရမယ် :)။ ဖြည်းဖြည်းလေ့လာ၊ ဖြည်းဖြည်းApplyလုပ်သွားရင် အချိန်ကြာလာတာနဲ့အမျှ Self-Confidence ပိုရှိလာပါလိမ့်မယ်။

တတိယတစ်ခုကတော့ Reasonတစ်သောင်းလို့ဆိုချင်တယ်။ Top Reasons တွေကို အောက်မှာရေးထားပါတယ်။

အချိန်မရသေးလို့
မရသေးရင် လုပ်ယူရပါမယ်။ Sacrificeလုပ်သင့်တာတွေလုပ်ပြီး ကိုယ့်Educationအတွက် အချိန်ရအောင် ဖောက်ယူရပါမယ်။ ဘယ်လိုလုပ်ရမလည်းကတော့ ကိုယ့်Lifestyleနဲ့ကိုယ်မို့လို့ ကျွန်တော်လည်း မပြောတတ်ဘူး။ အဲ TVကြည့်လွန်းရင်၊ Facebookလွန်းရင်၊ Clubသွားလွန်းရင်၊ အိပ်လွန်းရင် နည်းနည်းတော့လျှော့လို့တော့ ပြောချင်တယ်။

ပိုက်ဆံမရှိဘူး
ဒါကတော့ ဂျာအေးသူ့အမေရိုက်မယ့် ပြဿနာ။ ပိုက်ဆံမရှိတော့ Investမလုပ်၊ Investမလုပ်တော့ ရှိသင့်သလောက်မရှိ။ ပိုက်ဆံမရှိသေးရင် အရင်ဆုံး Spendingလျှော့ပြီး Savingပိုလုပ်ပါ။ Investingဟာ ငွေငါးထောင်ကနေ တစ်သောင်းလောက်ကနေစရင် ကောင်းကောင်းလုပ်လို့ရပါတယ်။ နှစ်ထောင်လောက်ကစလည်း ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် သိပ်မလူးလွန့်သာဘူးလို့ ပြောချင်တယ်။ ငါးထောင်လောက်တော့ အနည်းဆုံးရအောင်စုပါ။

အကြွေးချည်းပဲ
သိပ်မညည်းပါနဲ့။ ကျွန်တော်အပါအဝင် Western Economyထွန်းကားတဲ့ တိုင်းပြည်တိုင်းကလူတွေဟာ အကြွေးနဲ့ကင်းလို့ မရပါဘူး။ အကြွေးဆိုတာမရှိရင် ချမ်းသာလာမှာတောင်မဟုတ်ဘူးလို့ ပြောချင်တယ်။ အကြွေးမှာ Personal Debt နဲ့ Investment Debtဆိုပြီး ယေဘုယျနှစ်မျိုးခွဲနိုင်ပါတယ်။ ကိုယ်က Personalကို လျော့ချပြီး Investment Debtဘက်ကပိုများအောင် လုပ်ဖို့ပဲလိုပါတယ်။ Credit Cardအကြွေးတွေများနေရင် မြန်မြန်ပြန်ဆပ်လိုက်ပါ။ အကြွေးတကာထဲမှာ သူအဆိုးဆုံးပဲ။ Investmentကျွမ်းကျင်လာရင် ဘယ်အကြွေးကကိုယ့်အတွက် ကောင်းမလည်း သိလာပါလိမ့်မယ်။ နောက်ပိုင်းမှာ Loanတွေအကြောင်း ရေးပါဦးမယ်။

Isn't Investing same as Gambling
မှန်သင့်သလောက်မှန်ပါတယ်။ ကိုယ့်မှာ 3Mထဲက ဘာMမှ မရှိရင် ၁၀၀%မှန်ပါတယ်။ Every Investmentမှာ Riskရှိပါတယ်။ ကိုယ်က Riskကို Analyseလုပ်တတ်ဖို့၊ ထင်သလိုဖြစ်မလာရင် Manageလုပ်နိုင်ဖို့ 3Mလိုပါတယ်။ Investmentဆိုရင် အမြဲတမ်းRiskကို တွဲမြင်ပါ။ ဘာRiskမှ သည်းညည်းမခံနိုင်ရင်တော့ ဘဏ်တိုးစားတာ ပိုကောင်းပါတယ်။

It takes a Genius to become rich
ဒါကတော့ Absolutely Rubbishပါ။ တော်ရုံAverage IQနဲ့ ဘယ်သူမဆို Investorဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Reasonable Objectiveလေးတော့ ရှိဖို့လိုပါတယ်။ အခုမှစလုပ်ရင် နောက်ခြောက်လမှာ 1 Billion $တော့မှန်းလို့ ဘယ်ရမလဲ။ တကယ် Financiallyအောင်မြင်နေတဲ့သူတွေဟာ Common Senseရှိပြီး Self-disciplineကောင်းတဲ့သူတွေပါ၊ အများစုဟာ Geniusတွေ မဟုတ်ကြပါဘူး။ ဒါပေမယ့် သာမန်လူတွေထက် နည်းနည်းတော့ Braveပိုဖြစ်ဖို့လိုမယ်။

အိမ်ကမိန်းမ၊ ယောင်္ကျားကတော့ ဘယ်တော့မှ လုပ်မှာမဟုတ်
ဒါကတော့ နည်းနည်းခက်လိမ့်မယ်။ Plainကြီးတော့ ကိုယ်နားလည်သလို သူကလိုက်နားလည်လိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ ကိုယ့်Spouse/Partnerကို ဖြည်းဖြည်းချင်း Educateလုပ်သွားဖို့လို့ပါတယ်။ ကိုယ့်ဘက်က သူယုံကြည်အောင် အချိန်အတိုင်းအတာတခုအတွင်း နည်းနည်းတော့ သက်သေပြဖို့လည်းလိုလိမ့်မယ်။ Singleသမားဆိုရင်တော့ Investလုပ်ဖို့ ဒီ့ထက်ကောင်းတဲ့အချိန် ဘဝမှာ မရှိဘူးလို့ပြောချင်တယ်။ ဝင်ငွေကောင်းတဲ့လူဆိုရင် ပိုတောင်မှန်သေးတယ်။

အထက်ကပြောခဲ့တဲ့ Reasonတွေ ကိုယ်နဲ့ဘယ်လောက် ပတ်သက်နေလည်း မညာတမ်းစမ်းစစ်ကြည့်ပါ။ Investingမှာ Conceptတွေဟာ တွေးရလွယ်ကူသလောက် လိုက်လုပ်ရခက်ပါတယ်။ အချိန်တန်ရင် ပိုနားလည်လာပါလိမ့်မယ်။ အခုလောလောဆယ်တော့ ကိုယ့်Mindsetလေးကို နည်းနည်းစီ စပြောင်းကြည့်ပါ။ ကျွန်တော်ကိုယ်တိုင်လည်း နေ့တိုင်းကိုယ့်ရဲ့ Mindsetကို တိုးတက်အောင် ကြိုးစားနေဆဲပါပဲ။ ဒီPostမှာ Robert Kiyosaki နဲ့ Dr. Alexander Elderတို့ရဲ့ Materialအချို့ကို Referenceလုပ်ပါတယ်။

Happy Investing!