Showing posts with label government. Show all posts
Showing posts with label government. Show all posts

19 May 2010

Thank You Angela

အခုရက်ပိုင်းအတွင်း Marketက Bottomဖြစ်တော့မလို၊ ပြန်Bounceတော့မလိုနဲ့ မတည်မငြိမ်ဖြစ်နေလို့ ဒီနေ့Shortလိုက်၊ နောက်နေ့ Coverလုပ်လိုက်နဲ့ ရရစားစားလေးပဲ Tradeနေရတာ မနေ့ညကတော့ German Chancellor Angela Merkelက Germanyမှာ ဘဏ်၁၀ခုနဲ့ Euro government bondတွေ၊ Credit Default Swapတွေကို naked short sellingမလုပ်ရတော့ဘူးဆိုပြီး Banလိုက်ပါတယ်။ Marketကလည်း ဒါမျိုးကို စောင့်နေတာ လည်တောင်ရှည်တော့မယ်။ Angelaဟာ သူ့သေတွင်းသူ တူးလိုက်တယ်ဆိုတာ သိရဲ့လားတော့မသိပါဘူး။

Naked Short Sellingဆိုတာ နားလည်ဖို့ Normal/Covered Short Sellingကို နားလည်ဖို့လိုပါတယ်။ Covered Shortတဲ့နေရာမှာ Traderဟာ Brokerဆီကနေ ကိုယ့်မှာ မရှိတဲ့Stock / Financial productကို ချေးပြီး အရင်ရောင်းပါတယ်။ Traderဟာ ဈေးကျလိမ့်မယ်လို့ Analysisလုပ်ထားပါတယ်။ ဈေးကျပြီးမှ Marketကနေ ကျတဲ့ဈေးနဲ့ ပြန်ဝယ်ပြီး Brokerကို ချေးထားတဲ့ Stockတွေကို ပြန်ဆပ်ရပါတယ်။ ဈေးများတုန်းက ရောင်းထားတဲ့ထဲကနေ ဈေးကျမှ ပြန်ဝယ်တဲ့ဝယ်ဈေးရဲ့ Differenceကို အမြတ်အနေနဲ့ ရပါတယ်။ Naked Shortဆိုတာကတော့ အဲဒီလိုတောင် Brokerဆီကနေ Borrowမလုပ်ပဲ Plainကြီး ရောင်းပြီးမှ ပြန်ဝယ်တာဖြစ်ပါတယ်။ ဒါမျိုးကို ကျွန်တော့်လို့ Retail Traderတွေ လုပ်လေ့မရှိပါဘူး။ တကယ်လုပ်ကြတာက တကယ့် Fundတွေ၊ Institutionတွေကမှ လုပ်တာပါ။ ကျွန်တော်သုံးတဲ့ Brokerဆိုရင် Nakedတောင် ပေးမလုပ်ပါဘူး။ လုပ်ချင်လို့တောင် လုပ်လို့မရ။

ပြဿနာအစစ်က Naked Short Sellingလုပ်လို့မရတာ မဟုတ်ပါဘူး။ Marketတွေဟာ Directionရှာနေတုန်း Angelaက ထပြီးဝူးဝါးလုပ်လိုက်တော့ အခြေအနေကတော့ တော်တော်ဆိုးနေလို့သာ Banတာဖြစ်ရမယ်လို့ ကောက်ချက်ချစရာပဲရှိပါတယ်။ ၂၀၀၈ Crisisဖြစ်တုန်းက ဒါမျိုးတခါဖြစ်ပြီးသားပါ။ ဘာနဲ့တူသလည်းဆိုတော့ အရေးအခင်းဖြစ်ခါစကနေ တော်တော်ဆိုးလာတော့ Curfewထုတ်ရသလိုပေါ့။ Curfewထုတ်တယ်ဆိုမှတော့ ကောင်းပါတော့မလား၊ စဉ်းစားသာကြည့်ပါတော့။ Angelaရဲ့ အမိန့်ဟာ Traderတွေကို ငါတို့ရဲ့ Bondတွေကတော့ Crappierဖြစ်တော့မယ်၊ Short Sellတွေတော့ Banမှဖြစ်မယ်ဆိုပြီး Preemptလုပ်တယ်လို့ အသိပေးတာနဲ့ အတူတူပါပဲ။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်း/ကိုယ့်သေတွင်း ကိုယ်တူးတာပါ။

Euro/USD exchange rateဟာ ကျလာလိုက်တာ အခုဆိုရင် 1.22အောက်ရောက်နေပါပြီ။ ရွှေဈေးကတော့ နည်းနည်းတန့်နေတယ်။ ဘဏ်တွေ တစ်ဘဏ်နဲ့တစ်ဘဏ်အကြားချေးတဲ့ အတိုးနှုန်းတွေဟာ လွန်ခဲ့တဲ့နှစ်ပတ်ကထက် မြင့်တက်နေပါတယ်။ ဒါဟာ Level of Mistrustကို ပြပါတယ်။ ဒါမျိုးဟာလည်း ၂၀၀၈ Crisisတုန်းက ဖြစ်ပြီးသားပါ။ အဲဒီတုန်းကလောက် မဆိုးသေးတာပဲရှိပါတယ်။

Marketsတွေဟာ ၁၀% correctionကနေ ပြန်နာလန်မထူနိုင်သေးပါဘူး။ ဒီနေ့ Australia Marketဆိုရင် ၁၂% correction ဖြစ်သွားပါတယ်။ အစဉ်အလာကတော့ ၁၀%နဲ့ ပြန်ထမလာရင် ၁၅%ကတော့ အသာလေးပါပဲ။ ကျွန်တော့်အတွက်ကတော့ Trading Direction Clearဖြစ်သွားပါတယ်။ တကမ္ဘာလုံး Short Sell မBanခင် ဆက်Shortလိုက်ပါဦးမယ်။

Thank You Angela!

PS : အမေရိကန်တွေဟာ ခုချိန်အထိ May 6က ဘာလို့ Marketထိုးဆင်းသွားလဲဆိုတာ လက်သည်မပေါ်သေးပါဘူး။ ဒါကြောင့် အဲဒီ့နေ့က Lowကို Analysisထဲမှာ ပြန်ထည့်စဉ်းစားဖို့ လိုပါတယ်။ အောက်မှာ DJIရဲ့ Updated Chartကို ပြထားပါတယ်။ DJI ၁၀၂၆၀အောက်ရောက်ပြီဆိုရင် 2008 Crisisပြန်စဖို့ တော်တော်နီးနေပြီလို့ သဘောသာပေါက်ပေတော့။

09 February 2010

Uncertainty is the Biggest Enemy


Trading Day ၃၊ ၄ရက်အတွင်း ဖြစ်ပျက်သွားတဲ့ Eventတွေ တော်တော်မနည်းဘူး။ အောက်မှာ တစ်ခုချင်းစီကို Analyseလုပ်ပေးထားပါတယ်။

US Employment Situation
Feb 5ရက်နေ့က Bureau of Labor Statisticsကနေ January 2010ရဲ့ Reportထုတ်ပါတယ်။ ဒီReportမှာ ထူးခြားတာကတော့ 2007အကုန် Recessionဖြစ်ကတည်းက ဘယ်လောက် အလုပ်လက်မဲ့ ဖြစ်ခဲ့သလည်းဆိုတဲ့ Figureကို ပြန်ပြီး Reviseလုပ်ထားတဲ့ Figureတွေ ပါပါတယ်။ သတင်းစာHeadlineမှာ ဖတ်လိုက်ရင်တော့ Unemployment Rateဟာ ၁၀% ကနေ ၉.၇%ကို ကျသွားတဲ့အတွက် တယ်ဟုတ်ပါလားပေါ့။ တကယ်တမ်းကတော့ Unemployment Rateကို ဘယ်လိုတွက်လည်း သိရင် သိပ်ပျော်ဖို့ မကောင်းပါဘူး။ Headline အလုပ်လက်မဲ့ကို တွက်တဲ့နေရာမှာ အဓိကကဘာလဲဆိုတော့ No. of Civilian Labor Forceလို့ ခေါ်ပါတယ်။ အလုပ်ရှိတဲ့သူ + အလုပ်ရှာနေတဲ့သူ၊ အလုပ်လိုချင်ပေမယ့် မရသေးတဲ့သူတွေပေါ့။ Definitionကတော့ အဲဒီလိုရှာနေတဲ့သူတွေဟာ Surveyလုပ်တဲ့နေ့ကနေ လေးပတ်အတွင်းမှာ အလုပ်ရှာနေတဲ့သူတွေဖြစ်ရပါမယ်။ ဒီတော့ လေးပတ်ကျော်သွားလို့ စိတ်ဓါတ်ကျပြီး အလုပ်မရှာတော့တဲ့သူတွေ၊ မရှာချင်တော့တဲ့သူတွေဟာ Civilian Labour Force countထဲမှာ မပါတော့ပါဘူး။ ဒီလို Dropoutတွေများလာတဲ့အတွက် Unemployed Countလုပ်တဲ့နေရာမှာ နည်းသွားပါတယ်။ Economistsတွေဟာ အလုပ်အသစ်တွေတောင် Januaryထဲမှာ ထပ်ထည့်ဖြစ်မယ်မှန်းထာတာ၊ တကယ်တမ်းတော့ ၂၀၀၀၀တောင် ထပ်ပြုတ်ကျပါတယ်။
...

ဒီဇင်ဘာ Unemployed Person countကိုလည်း Reviseလုပ်လိုက်တော့ အစက ၈၅၀၀၀ဆိုရာကနေ သိပ်မများပါဘူး - ၁၅၀၀၀၀ပဲ ဖြစ်သွားပါတယ်။ တကယ့် Unemploymentတွက်တဲ့နေရာမှာ Labor Force Underutilizationကိုပါထည့်တွက်မှ တိုင်းပြည်ရဲ့ တကယ့်အခြေအနေကို ရပါမယ်။ ဒီLinkမှာ သွားကြည့်ပါ http://www.bls.gov/news.release/empsit.t15.htm ။ Item U-6ကမှ အမေရိကားရဲ့ တကယ့် Unemployment Figureပါ။ အစိုးရဟာ အသေးဆုံးဂဏန်းမှ ရွေးပြောတာ မဆန်းပါဘူး :) Summaryပြောရရင် ဒီReportဟာ ကျွန်တော့်အတွက်တော့ Good မဟုတ်ပါဘူး။ Not-badအဆင့်ပဲ ရှိပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ Fridayက Dow Jones Industrial Indexဟာ -၁၆၇ကျပြီးမှ ၁၀,၀၀၀အထက်ကျော်ရုံလေးပဲ ပိတ်သွားပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း DJဟာ Weekly chartမှာ အနှုတ်ပြနေပါတယ်။

ဝက်အန္တရာယ်
PIGS (Portugal, Italy, Greece, Spain)လို့ခေါ်တဲ့ တိုင်းပြည်တွေရဲ့ Deficitတွေဟာ ရှိသင့်ထက် GDPရဲ့ အချိုးထက် အရမ်းများနေလို့ EUက အသုံးချွေတာခိုင်းနေတာကြာပါပြီ။ Greeceအစိုးရက 2012အပြီး Deficit-cutting planကို တင်ပြပေမယ့် Tax hikeတွေ၊ လခလျော့မှာတွေပါတာကြောင့် Greeceက Unionအကြီးတွေဦးဆောင်ပြီး ဒီအပတ်ထဲမှာ ပြည်လုံးကျွတ် ဆန္ဒပြကြမယ် ပြောပါတယ်။ နိုင်ငံရေးမတည်ငြိမ်ရင် Greeceအစိုးရဟာ အပြောနဲ့ အလုပ်ညီပါ့မလားလို့ investorတွေက မယုံကြပါဘူး။ Portugalမှာလည်း အစိုးရရဲ့ Budget လျော့ချရေး ဥပဒေဟာ Oppositionကို ရှုံးပြီး အတည်ပြုမခံရတဲ့အပြင် Oppositionကတင်သွင်းတဲ့ Regional Developmentနဲ့ပတ်သက်တဲ့ Billဟာ ပိုပြီးတောင် Deficitကို ဆိုးစေမယ်လို့ ဆိုပါတယ်။ ကျွန်တော်တကယ်စိတ်ပူတာက Spain။ Spainဟာ ခုချိန်ထိ အပြောခံရတဲ့အထဲပါပေမယ့် Low Keyဖြစ်နေတုန်းပဲ။ သူ့ဘက်က အသံပိုထွက်လာရင် Marketဟာ ဒီ့ထက်ပိုဆိုးလိမ့်မယ်။ ဘာလို့လည်းဆိုတော့ Portugalနဲ့ Greeceပေါင်းမှ EU GDPရဲ့ ၄% မရှိပါဘူး။ Spainကတော့ EU GDPရဲ့ ၈%-၉%လောက်ရှိတဲ့အတွက် သူသာတကယ်ဆိုးပြီဆိုရင် Euro Dollarဟာ ပြုတ်ကျဖို့ပဲရှိပါတယ်။

ကြံကြံဖန်ဖန်နေရာ
ပြီးခဲ့တဲ့ Weekendမှာ G-7 Finance Ministersတွေဟာ Articစက်ဝိုင်းနဲ့သိပ်မဝေးတဲ့ Canadaက Iquluitဆိုတဲ့နေရာမှာ တွေ့ကြပါတယ်။ Meetingရဲ့ outcomeကတော့ အစိုးရတွေဟာ Stimulus packageတွေကို သုံးမြဲဆက်သုံးသွားမယ်ဆိုပါတယ်။ Europeက Ministersတွေကတော့ Greeceကိစ္စနဲ့ပတ်သက်ပြီး ဘာမှပြောဆိုသွားတာမတွေ့ရပါဘူး။ Greeceဟာ သူ့ပြဿနာကို သူရှင်းနိုင်ပါတယ်လို့ ပြောနေကြတုန်းပါပဲ။ ခက်တာက marketက အဲဒီ့စကားကို ရိုးနေပါပြီ။ ဘယ်သူ့မှလည်း မယုံကြတော့ပါဘူး။ G-7 countriesက ဘဏ်တွေကို နောက်တစ်ကြိမ် Crisisဖြစ်ရင် Bailoutလုပ်ဖို့ Insurance Premiumလို စတောင်းဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။ သေချာတာကတော့ ဘဏ်တွေကို တနည်းနည်းနဲ့ ပညာတော့ပေးမယ်ပေါ့လေ။

အသုံးကြမ်းတဲ့ Communistများ
တရုတ်ဘက်ကတော့ နည်းနည်းအသံအေးတယ်။ မနေ့ကတော့ တရုတ်National Pension Fundရဲ့ Chairmanကတော့ တရုတ်ဟာ ဒီနှစ်Juneမတိုင်ခင်တော့ Interest Rateကို တင်ဦးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ တရုတ်ပြည်ရဲ့ ဒီဇင်ဘာ Consumer Priceဟာ ၁.၉%တက်ပြီး GDPကတော့ ၁၀.၇%တက်ပါတယ်။ Consumer Priceဟာ ၄%ထက် ပိုပြီဆိုရင်တော့ အစိုးရဟာ Inflationကို ထိန်းသိမ်းဖို့ Definitely အတိုးနှုန်းတင်ရတော့မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ Marketဟာ Second-half of 2010ကို Predictလုပ်လို့မရအောင် Uncertaintyတွေက များလာပါတယ်။ လက်ရှိကမ္ဘာ့စီးပွားရေးမှာ တရုတ်ပြည်ဟာ အရေးကြီးတဲ့နေရာက ပါပါတယ်။ သူက Slow Downလုပ်ပြီဆိုရင် သူ့လောက်Strongမဖြစ်တဲ့ အကြွေးဘလပွနဲ့ တိုင်းပြည်တွေဟာ ပိုပြီးနှေးသွားနိုင်တယ်လို့ ပြောနိုင်ပါတယ်။

သွားပြန်ပြီ နောက်တစ်ယောက်
မနေ့ညကတော့ အမေရိကားမှာ Democrat Representative John Murthaဆုံးသွားပါတယ်။ သူဟာ Congressမှာ Democratတွေအားထားရတဲ့သူတစ်ယောက်လို့ ဆိုပါတယ်။ Obamaကံဆိုးတာပေါ့။ Republicanတွေသာ ပိုပြီး အာဏာရှိလာမယ်ဆိုရင် Billတစ်ခုကို Approvalဖြစ်ဖို့ အချိန်ပိုကြာပြီး Marketထဲမှာ ပိုပြီး Uncertaintyတွေဖြစ်နိုင်ပါတယ်။

Sydneyမှာ ဘာလုပ်နေကြတာလည်း
ကြိတ်ဝိုင်းဝိုင်းနေတာကတော ကျွန်တော်နေတဲ့ Sydneyမှာပါ။ တိုင်းပြည်၂၄ပြည်က Central Bank အကြီးအကဲတွေဟာ Sydneyမှာ 2-day Meeting လုပ်ဖို့ ဒီနေ့အလျှိုလျှိုရောက်လာကြပါတယ်။ US, EU, Japan, China, India အကုန်ပါပါတယ်။ သူတို့ရဲ့Agendaကတော့ ဘယ်သူမှ သေချာမသိပါဘူး။ သေချာတာကတော့ Montetary Stimulus တွေကို ဘယ်လို ပြန်ရုတ်ကြမလည်း၊ Dubai ကစတဲ့ Sovergin Default issues အစရှိတာတွေတော့ ဆွေးနွေးကြမယ်လို့ ခန့်မှန်းလို့ရပါတယ်။ ဒါပေမယ့် Meetingရဲ့ Outcomeက Marketတွေကို ဘယ်လို Affectဖြစ်မယ်ဆိုတာ ဘယ်သူ့မှ မသိသေးပါဘူး။ Australia Reserve Bank Governor Glenn Stevensဟာ Australiaကို Recessionမဖြစ်အောင် လုပ်နိုင်ခဲ့တဲ့သူမို့လို့ သူ့ဆီမှာလာဆုံကြတာ သိပ်မထူးဆန်းပါဘူး။
ဒါပေမယ့် ဒါဟာလည်း နောက်ထပ် Uncertainty တစ်ခုပါပဲ။

Broken Support
မနေ့ညက DJIဟာ 10,000 marketကို အောင်မြင်စွာ ဖောက်သွားပြီး ပိတ်သွားပါတယ်။ Uncertaintyတွေ လျော့မသွားမချင်း marketထဲမှာ ငွေထားမယ့်သူတွေ နည်းနည်းသွားပါလိမ့်မယ်။ ဒီတော့ လက်ရှိအခြေနေမှာ Marketဟာ Strongly Reboundဖြစ်ဖို့ ဘာမှ လောက်လောက်လားလား Dataမရှိသေးပါဘူး။ ဈေးကျတုန်း ပိုက်ဆံရအောင် မရှာတတ်ရင် ငွေကိုင်ပြီး ဘေးထွက်နေတာကတော့ လက်ရှိမှာ အကောင်းဆုံးပါပဲ။ အောက်မှာ Update DJI Chartကို ပြထားပါတယ်။

“The less government interferes with private pursuits, the better for general prosperity”
Martin Van Buren
American 8th US President (1837-41)