01 October 2009

First thing first, What are you?

ဘာInvestmentမှ မလုပ်ခင် ဦးဆုံးစဉ်းစားရမှာက ကိုယ့်ရဲ့ Investment Objectiveပါ။ ဒီ Objective ပေါ်မူတည်ပြီး Investment Strategy တွေကွာသွားပါလိမ့်မယ်။ အောက်မှာ တိုတိုနဲ့လိုရင်းပဲ ခွဲခြားပေးထားပါတယ်။

Spender
ဘာ Investmentမှမလို။ ပျော်ပျော်သုံးရုံပဲ။ Credit Card များလေ၊ ကောင်းလေ။

Saver
ဘဏ်ကပေးတဲ့ Risk free Interest rateနဲ့ပျော်တယ်ဆိုရင် Saver ဘဝက စိတ်ချမ်းသာစရာကောင်းပါတယ်။ ဒါပေမယ့် လတ်တလောနဲ့ ရေရှည်Inflationနဲ့ Taxကိုတော့ ထည့်စဉ်းစားဖို့လိုမယ်။

Part-time/Passive Investor
ရှိတဲ့ငွေကို ဘဏ်မှာတစ်ပိုင်း၊ Stock Marketမှာတစ်ပိုင်း၊ Real Estateမှာ တစ်ပိုင်း စသဖြင့် ထည့်ထားနိုင်တဲ့သူတွေပါ။ Gold နဲ့ Foreign Currencyလည်း ပါနိုင်ပါတယ်။ Investor အများစုဟာ Part-time များပါတယ်။ Buy-and-Holdလို့လည်း ခေါ်တယ်။ အနည်းဆုံး ခြောက်လတော့ ကိုင်ထားတတ်တယ်။ Investorအများစုဟာ Short-term/Temporary အရှုံးဒဏ် ခံနိုင်ရှည်ရှိကြပါတယ်။ သူတို့ဟာ ရေရှည်မှာ Return on Investment (ROI) ဟာ ဘဏ်တိုးထက်တော့ သာမယ်လို့ ယုံကြည်ကြပါတယ်။ Part-time Investorအများစုဟာ Day Job ရှိကြပါတယ်။ Financial Advisors တွေနဲ့ တိုင်ပင်တတ်ပြီး Finance Newsletterတွေ Subscribe လုပ်တတ်ပါတယ်။

Full-time/Active Investor/Trader
ဒီအုပ်စုမှာ Day Job မရှိပါဘူး။ သူတို့ဟာ ROI နဲ့ပဲ အသက်မွေးကြပါတယ်။ Long-term Investment တွေရှိတတ်ပေမယ့် Short-termနဲ့ ယှဉ်လိုက်ရင် ရာခိုင်နှုန်းနည်းပါတယ်။ သူတို့ဟာ ရေတို Price Fluctuationပေါ်မှာ Advantageယူတတ်ကြပါတယ်။ ROIကို နည်နည်း ထိပါးလာတာနဲ့ Liquidateလုပ်တတ်တယ်။ လတ်တလော Economic Dataတွေပေါ်မူတည်ပြီး Investment Stragegyတွေကို မြန်မြန်သွက်သွက် ပြောင်းနိုင်ကြပါတယ်။ Riskကို ကောင်းကောင်းManageမလုပ်တတ်ရင် မွဲသွားနိုင်သလို၊ နိုင်နင်းရင်တော့ Financial Freedomရနိုင်ပါတယ်။ အသက်ငယ်တုန်း Retirement ယူနိုင်မယ့် သူတွေပါ။

တကယ်လို့ Spender သို့မဟုတ် Saverဆိုရင်တော့ နောက်နေ့ ဒီBlogကို လာစရာမလိုတော့ပါဘူး။ Investing/Tradingကို စိတ်ဝင်စားတယ်ဆိုရင်တော့ ကိုယ့်ရဲ့ Investment Objectiveကို Define လုပ်ကြည့်ပါ။ ကိုယ်ဟာ တကယ်တမ်းတော့ လုံးဝ Riskမယူရဲတဲ့ Typeဆိုရင် Investingနဲ့ ဝေးဝေးနေတာ ပိုကောင်းပါတယ်။

ဒီBlogမှာ Investmentနဲ့ ပတ်သက်တဲ့ methodology, psychology နဲ့ general knowledgeတွေ ပါပါမယ်။ Footer မှာရေးထားတဲ့ Disclaimer လေးလည်း ဖတ်သွားပါဦး။