Showing posts with label breakout. Show all posts
Showing posts with label breakout. Show all posts

27 July 2010

Triangles

ဒီPostမှာတော့ Triangle Breakout ဆိုတဲ့ Techniqueတစ်ခုကို Dow Jones Industrial Average Indexကို ဥပမာအနေနဲ့သုံးပြီး ကျွန်တော်ပြောပြပါမယ်။ Money Flow Indexရေးပြီးကတည်းက Technical Analysisအသစ်တွေအကြောင်း မရေးဖြစ်တာတောင် နည်းနည်းကြာနေပြီ။ အောက်မှာ DJIရဲ့ Technical Chartကို အရင်ကြည့်လိုက်ပါ။ Candleနဲ့ MACD chartတွေမှာ Triangle ပုံစံဖြစ်နေတာတွေ့ပါလိမ့်မယ်။

Triangle Breakoutဟာ တကယ်တော့ တော်တော်လွယ်ပါတယ်။ အပေါ်မှာပြထားတဲ့အတိုင်း High တွေဟာ နိမ့်နိမ့်လာပြီး၊ Lowတွေဟာ မြင့်မြင့်လာတဲ့အခါမှာ Downtrendလိုင်းရော Uptrendလိုင်းရော ဆွဲလို့ရလာပါတယ်။ နောက်ဆုံးတော့ ဒီလိုင်းနှစ်လိုင်းဟာ ဆုံသွားပါလိမ့်မယ်။ အဲဒီ့အချိန်မှာ Priceဟာ Triangleထိပ်ရဲ့အပေါ်ဘက်ကို Breakoutဖြစ်သွားလား၊ အောက်ဘက်ကိုBreakoutဖြစ်သွားလား ဆိုတာကို ကြည့်ရပါမယ်။ အပေါ်ဘက်ဆိုရင် Obviously Bullish၊ အောက်ဘက်ဆိုရင်တော့ Bearishဖြစ်ပါမယ်။

Crowd Psychologyကတော့ ခက်သလိုလိုနဲ့တော်တော်လွယ်ပါတယ်။ Triangleပုံတဖြည်းဖြည်း ပေါ်လာတာနဲ့အမျှ Bearsနဲ့ Bullsတွေဟာ အားပြိုင်နေကြတယ်လို့ Translateလုပ်နိုင်ပါတယ်။ Bearတွေဟာ Highတွေကို ဖိချနေပေမယ့် Bullတွေဟာလည်း Lowတွေကို Higher Lowဖြစ်အောင် ပင့်တင်နေကြပါတယ်။ နောက်ဆုံးတော့ ပုံထဲကလိုမျိုး အပေါ်ဘက်ကို Breakoutဖြစ်သွားတာဟာ Bearတွေဟာ Tiredဖြစ်သွားပြီး Bullတွေဟာ အားသာသွားပြီလို့ ကောက်ချက်ချနိုင်ပါတယ်။ အောက်ဘက်ဆိုရင်တော့ ပြောင်းပြန်ပေါ့။

အခုဆိုရင် DJIဟာ Bullish Triangle Breakoutဖြစ်နေပါတယ်။ EMA200အပေါ်ဘက်ကိုလည်း လွတ်လွတ်ကျွတ်ကျွတ် ပြန်ရောက်သွားပါပြီ။ 80%လောက် Corporate Earningsတွေဟာလည်း တော်တော်လေးကောင်းနေတဲ့အတွက် Near term market outlookဟာ Bullishဖြစ်ပေမယ့် ဘယ်Techniqueမှ Market Directionကို တထစ်ချမပြောနိုင်တာမို့ သတိတော့ထားပါလို့။

Happy Trading!

29 October 2009

လှေကားထစ်များကို မြင်အောင်ကြည့်ခြင်း

ဒီPostမှာ Technical Analystတစ်ယောက် မသိမဖြစ်သိရမယ့် Topicကို ပြောပါမယ်။ Stock Priceတစ်ခုဟာ limitတစ်ခုမှာ ဆက်မတိုးနိုင်တော့တာ (သို့) ဆက်မကျတော့တာ တွေ့ဖူးလားတော့ မသိဘူး။ အဲဒီ့ Limit တွေကို Technical Support and Resistanceတွေလို့ ခေါ်ပါတယ်။ Supportဟာ ဈေးကျတဲ့အပိုင်းနဲ့ ပတ်သက်ပြီး၊ Resistanceကတော့ ဈေးတက်တဲ့ အပိုင်းနဲ့ ပတ်သက်ပါတယ်။ Supportဟာ ဈေးကျတာကို Breakအုပ်သလို၊ Resistanceဟာလည်း ဈေးတက်တာကို တန့်သွားအောင် တားနိုင်ပါတယ်။

Supportနဲ့ Resistance လိုင်းတွေကိုဆွဲရင် Horizontal Lineတွေကို သုံးပါမယ်။ လိုင်းတွေဟာ ရေပြင်ညီကြီးဖြစ်ရမယ် မဟုတ်ပေမယ့် ၉၉%ကတော့ ရေပြင်ညီဆွဲကြတာ များပါတယ်။ Supportနဲ့ Resistance အကြောင်းကို Detailမပြောခင် Typical Stock Priceတစ်ခုဘယ်လို တက်လေ့ကျလေ့ရှိလည်း ကြည့်ရအောင်။ Priceတွေဟာ ဒုံးပျံတက်သလို Straightလိုင်းတက်လေ့ရှိသလား၊ နည်းနည်းတက်၊ နည်းနည်းပြန်ကျ၊ ခဏငြိမ်သွားပြီးမှ ဆက်တက်လေ့ရှိသလား?
...

အဖြေကတော့ ဒုတိယတစ်ခုပါ။ Priceဟာ လှေကားထစ်လိုပဲ တက်-ကျ-ငြိမ်၊ တက်-ကျ-ငြိမ် Patternနဲ့ တက်တတ်ပါတယ်။ ဈေးကျရင်လည်း အဲဒီလို့ပဲ - ဒါပေမယ့် အရှိန်ပိုမြန်မယ်။ ဈေးတက်တဲ့အချိန်မှာ တက်တဲ့နှုန်းဟာ ကျတာထက်များနေမှသာ ရေရှည်မှာ Prieဟာ Up Trend ဖြစ်ပါမယ်။ Supportနဲ့ Resistance လိုင်းတွေဟာ လှေကားထစ်ရဲ့ အနင်းခံရတဲ့ မျက်နှာပြင်တွေကို ကိုယ်စားပြုတယ်လို့ ပြောရင် မမှားပါဘူး။

Supportနဲ့ Resistanceတွေဘယ်လို ဖြစ်လာသလည်းဆိုတော့ Crow Psychologyကို ပြန်သွားရမယ်။ ဈေးတစ်ခုမှာ Bullsတွေဟာ တန်ပြီထင်ရင် အားရပါးရဝယ်ကြမယ်။ ဝယ်လိုအားများတော့ ဈေးတက်မယ်။ Bullsတွေဟာ သိသမျှလူအားလုံးလိုလိုကို သူတို့ဝယ်တာ လိုက်ဝယ်ခိုင်းလေ့လည်း ရှိကြတယ်။ Herd Mentalityပေါ့။ တချို့လည်း လိုက်ဝယ်ကြမယ်။ ဒီလိုနဲ့ ဈေးတက်တက်လာပြီး Resistanceဖြစ်မယ့်ဈေးလည်းရောက်ရော Bullsတစ်ချို့ဟာ အမြတ်တွေကို Realiseလုပ်ဖို့ လိုလာပါတယ်။ မရောင်းမခြင်း တကယ့်အမြတ်မှ မဟုတ်သေးတာ။ အဲဒီလိုပဲ Resistanceလိုင်းမှာ Stockရဲ့ P/Eဟာ မတန်တဆဖြစ်နေပြီလို့ထင်ပြီး ဝယ်လိုအားလည်း ကျလာနိုင်ပါတယ်။ ရောင်းလိုအားများပြီး ဝယ်လိုအားရော့သွားတဲ့အခါမှာ ဈေးဟာဆက်တက်ဖို့ အင်အားမရှိတော့ပါဘူး။ ကျဖို့လမ်းပဲရှိတော့တယ်။ အဲဒီ့အမှတ်မှာ ရောင်းပြီးမြတ်တဲ့လူတွေရှိနိုင်သလို ဆက်ကိုင်ထားတဲ့သူတွေလည်း ရှိပါမယ်။

ဒီလိုနဲ့ ကြောက်လို့ရောင်းတဲ့သူ၊ အမြတ်ယူဖို့ ရောင်းတဲ့သူတွေနဲ့ ဈေးဟာကျသွားမယ်။ Supportလိုင်းလည်းရောက်ရော ရောင်းနေတဲ့သူတွေ ကုန်သလောက်ရှိသွားမယ်။ ပထမတစ်ခေါက် ဈေးတက်တုန်းက မဝယ်လိုက်ရတဲ့ Bullတွေဟာ အခုတော့ ငါ့အလှည့်ရောက်ပြီဆိုပြီး ကောက်ဝယ်ကြမယ်။ ဒါနဲ့ ဈေးတက်တဲ့ Cycleပြန်စမယ်။

ဒီလိုနဲ့တခါ ပြီးခဲ့တဲ့ Resistanceလိုင်းပြန်ရောက်ပြန်ရော။ ပြီးခဲ့တဲ့တစ်ခေါက်က မရောင်းလိုက်ရလို့ တောက်တခေါက်ခေါက် လုပ်နေတဲ့သူတွေဟာ ထရောင်းဖို့ ထိုင်စောင့်နေကြတာပါ။ သူတို့လိုလူတွေရယ်၊ အမြတ်ယူတဲ့သူတွေရယ်နဲ့ ဈေးဟာပြန်ကျပြီး Bearish Cycleပြန်စပြန်ရော။ ဒီလောက်ဆိုရင် Supportနဲ့ Resistanceကို Driveလုပ်နေတဲ့ Crowd Psychologyကို သိလောက်ပြီထင်ပါတယ်။

Supportနဲ့ Resistanceကို ဘယ်လိုဆွဲမလည်းဆိုရင် Resistanceအတွက် တူသလိုလိုရှိမယ့် High/Closeတွေများနိုင်သမျှ များအောင်ရှာပြီး သူတို့ကို ဆက်ဆွဲရပါမယ်။ Periodရှည်လေ၊ Reliableဖြစ်လေ ဖြစ်ပါတယ်။ Supportအတွက်ဆိုရင် Low/Closeတွေကို သုံးရပါမယ်။ Stockတိုင်းလိုလိုမှာ Significantဖြစ်တဲ့ Support & Resistanceလိုင်းတွေရှိပါတယ်။ ဒီတော့ ဘယ်လိုEventတွေက Support & Resistanceကို Breakout လုပ်နိုင်သလည်း ကြည့်ရအောင်။

ကုမ္ပဏီတစ်ခုရဲ့ Earning Announcement/Upgrade/Downgrade, Takeover bid from rivals, Acquisition plan to bid rivals, Huge protests from workers, Plant/Machinery shutdown, Success/failure of exploration/drilling, launching new product, new medicine, Brokers' upgrade/downgrade အစရှိတာတွေဟာ Priceကို Supportနဲ့ Resistanceကို ဆက်ပြီးထိုးဖောက်သွားစေနိုင်ပါတယ်။

Investorတစ်ယောက်အနေနဲ့ ဒီလိုင်းတွေနဲ့ကပ်လာတိုင်း ဘာဆက်ဖြစ်နိုင်လည်း၊ ဘာAnnoucementရှိမလည်း သိရပါမယ်။ ဥပမာ Resistanceကို Breakဖို့ ဘာမှဖြစ်ဖြစ်မြောက်မြောက် Dataမရှိ၊ Annoucementမရှိရင် ဆက်တိုးမှာ မဟုတ်တာ သေချာသလောက်ပါ။ ဒါမျိုးဆိုရင်တော့ ရောင်းပြီး အမြတ်ယူသင့်ပါတယ်။ အဲ ဆက်သွားဖို့ Potentialရှိရင် ထပ်တောင်ဝယ်သင့်သေးတယ်။ ဝယ်ပြီး ဘာမှမလုပ်ပဲ ထိုင်ကြည့်နေတတ်တဲ့သူမျိုးဆိုရင် Supportလိုင်းဟာ ဈေးကျတာကို Floorမလုပ်နိုင်ရင် ချက်ချင်းရောင်းသင့်ပါတယ်။ Buy-and-prayမလုပ်ပါနဲ့။

အောက်မှာ Ford Motor (F)ရဲ့ ၂၀၀၀ခုနှစ်ကနေစပြီး Major Supportနဲ့ Resistanceလိုင်းတွေကို ပြထားပါတယ်။ Chartက Weekly Chartပါ။ အရေးကြီးဆုံးသိရမှာက Supportနဲ့ Resistance ဟာ ခေါင်းနဲ့ပန်းလိုပဲ Breakoutဖြစ်တာနဲ့ Supportဟာ Resistanceဖြစ်ပြီး၊ Resistanceဟာလည်း Support ပြန်ဖြစ်နိုင်ပါတယ်။

Happy Charting!


23 October 2009

Trend Is Your Friend

OHLC Barတွေအကြောင်းပြောပြီးတော့ ဆက်တိုက်ပြောသင့်တာကတော့ Trend Lineတွေအကြောင်းပဲ။ Trendဆိုတာကတော့ Share Priceရဲ့ ယေဘုယျDirectionလို့ ပြောရင်မှန်ပါတယ်။ Trend Lineတွေကနေ Price Trendတခုဟာ အပြောင်းအလဲဖြစ်တော့မလား၊ လက်ရှိဈေးကျနေတာဟာ within normal rangeလား အစရှိသဖြင့် Confirmationတွေ ချလို့ရပါတယ်။

ဘာမှဆက်မပြောခင် ကြိုပြောချင်တာကတော့ Trend Lineတွေဆွဲတတ်ရုံနဲ့ Price Trendကို အပ်ကျမတ်ကျပြောလို့ မရဘူး။ တခြား Technical Analysis Indicatorsတွေသုံးပြီး Confirmလုပ်ရမယ်၊ ဒါပေမယ့် Trend Lineတွေဟာ Generallyတော့ ပိုPriorityရှိတယ်လို့ ဆိုနိုင်တယ်။ Trend Lineဘယ်လိုဆွဲလည်း ကြည့်ရအောင်။ ဥပမာပေးထားတဲ့ Stockကတော့ Microsoft (MSFT)ပါ။ ၆၊၃၊၂၀၀၉ကနေ (၇)လစာ လိုင်းအရှည်ကြီးဆွဲထားတာတွေ့ပါလိမ့်မယ်။
...



အပေါ်ကTrendကတော့ obviously Bull/Up Trendလို့ဆိုနိုင်တယ်။ Up Trendဆွဲတဲ့အခါမှာ စည်းကမ်းအတိအကျကြီးမရှိပေမယ့် Professionalတွေသုံးလေ့ရှိတဲ့ စည်းကမ်းတစ်ခုကတော့ Up Trendအတွက်ဆိုရင် ကိုယ်Analyseလုပ်နေတဲ့ Periodအတွင်း Lowest Lowကနေ Low before the most recent Highest Lowကို ဆက်ပြီးဆွဲသင့်တယ်လို့ ဆိုတယ်။ ပုံအရဆိုရင် ကျွန်တော်ဟာလွန်ခဲ့တဲ့ (၇)လကို Targetထားပြီး March 6ဟာ Lowest Lowလို့ သတ်မှတ်လိုက်တယ်။ The most recent Highest Lowတော့ October 21ဖြစ်ပြီး Low before the most recent Higest Lowကတော့ October 20က Lowဖြစ်တယ်။ ဒီတော့ ကျွန်တော် March 6 Lowနဲ့ October 20 Lowတွေကို ထိပြီးဆက်ဆွဲလိုက်တယ်။

Up Trendဆိုရင် Lowကိုသုံးသလို Down Trendဆိုရင်တော့ Highကို သုံးပါမယ်။ Down Trendအတွက် Ruleဟာ Periodတစ်ခုအတွင်း Highest Highကနေ High before the most recent Lowest Highကို ဖြတ်သွားပြီး downward slope line ဆွဲသင့်တယ်လို့ ပြောင်းပြန်တွေးမိချင်တွေးမိမယ်။ ဒီစည်းကမ်းဟာ Applyလုပ်လို့ရနိုင်ပေမယ့် သိပ်တော့Up Trend ruleလောက် အသုံးမဝင်လှဘူး။ Up Trendနဲ့ Down Trendရဲ့ အဓိကကွာခြားချက်က ဈေးတက်ရင် ပက်ကျိလိုတက်ပေမယ့် ဈေးကျရင် ခွေးကျကျတက်တယ်။ ဈေးကျရင် ပိုကြမ်းပြီး ပိုမြန်တတ်တယ်။ ဒါကြောင့် Up Trendကို Reverseလုပ်ပြီးဆွဲရင် သိပ်အချိုးမပြေတာကို တွေ့လိမ့်မယ်။

ဒီတော့ Down Trendကိုဆွဲရင် (ဒီစည်းကမ်းဟာ Up Trendမှာလည်း နည်းနည်းပြောင်းပြန်လှန်ပြီး Applyလုပ်နိုင်ပါတယ်) Highest Highကနေ ဆက်ကျသွားတဲ့ Barတွေက Highတွေကို ထိနိုင်သမျှ ထိအောင်ကြိုးစားပြီးဆွဲပါ။ များများထိလေ၊ လိုင်းရှည်ရှည်ဆွဲနိုင်လေ ပိုReliableဖြစ်လေဖြစ်ပါတယ်။ အောက်ကပုံမှာ ကျွန်တော် အနည်းဆုံး Highသုံးခုထိပြီး ဆွဲသွားတာ တွေ့ပါလိမ့်မယ်။ ဖြတ်တဲ့အခါမှာ တိတိကျကျကြီးထိနိုင်ရင် အကောင်းဆုံးပေမယ့် အဲဒီလိုကြီးဖြစ်ရမယ်လည်း မဟုတ်ပါဘူး။ အဓိကနားလည်ဖို့ဟာ ကျွန်တော်တို့ဟာ Price Trendကို ဒီ Slopeလိုင်းတွေနဲ့ Generaliseလုပ်ဖို့ကသာ ပိုအရေးကြီးတာလို့ နားလည်ရပါမယ်။



Ok - ဆွဲတတ်တာနဲ့ မပြီးသေးဘူး၊ Translateလည်းလုပ်တတ်ရပါမယ်။ Reliableဖြစ်တဲ့ Trendတစ်ခုရပြီဆိုတာနဲ့ သူ့ကို Baselineအနေနဲ့ မြင်ရပါမယ်။ Up Trendအတွက် အသုံးဝင်မယ့် Interpretationတွေကတော့

၁) ဈေးကျတဲ့နေ့မှာ Closeဟာ Trend Line အပေါ်မှာ ရှိနေသ၍ စိတ်ပူစရာမလို။ ဈေးဆက်ကျပြီး Closeဟာ Trend Lineအောက် အနည်းငယ်ရောက်သွားရင်တော့ စသတိထားရပါမယ်။ ဒါပေမယ့် Generallyတော့ နှစ်ရက်သုံးရက်လောက် ဆက်စောင့်သင့်တယ်။ Confirmလုပ်တဲ့သဘောပါ။ တခြား Technical Indicatorတွေကိုသုံးပြီးလည်း Confirmလုပ်ရပါမယ်။ Confirmဖြစ်ရင် ရောင်းသင့်တယ်။

၂) Trendလိုင်းဟာ Holdလုပ်နေမယ်လို့ ယူဆရင် Future Dateတွေဘက်ကို ဆက်ဆွဲဆန့်ပြီး ဖြစ်နိုင်မယ့် Priceကို ခန့်မှန်းနိုင်ပါတယ်။ ဒါပေမယ့် Near Futureပဲ။ သိပ်ပြီး ဗေဒင်ဆရာ မဆန်တာကောင်းပါတယ်။

၃) Lowest Lowမှာ Horizontalလိုင်းတစ်လိုင်း ထပ်ဆွဲလိုက်ရင် Angleတစ်ခုရလာပါလိမ့်မယ်။ အဲဒီ့ Angleဟာ Momentumကို ပြပါတယ်။ Angleများလေ အတက်ကြမ်းလေဖြစ်ပါတယ်။ ဒါပေမယ့် အတက်ကြမ်းထားရင် Correctionဖြစ်နိုင်တာကို ပိုသတိထားရပါမယ်။ ခပ်ပြေပြေလေး တက်နေတာ အကောင်းဆုံးပါပဲ။ ပိုပြီး Predictableဖြစ်တဲ့သဘောပါ။

ဒီRuleတွေကို ပြောင်းပြန်လှန်လိုက်ရင် Down Trendအတွက် Ruleတွေရပါလိမ့်မယ်။ အောက်မှာ ကျွန်တော်ပဲ ပြောင်းပြန်လှန်ပေးထားပါတယ်။

၁) ဈေးတက်တဲ့နေ့မှာ Closeဟာ Trend Line အောက်မှာ ရှိနေသ၍ ဆက်ကျနိုင်တယ်။ ဈေးတက်ပြီး Closeဟာ Trend Lineအပေါ် အနည်းငယ်ရောက်သွားရင်တော့ စသတိထားရပါမယ်။ ဒါပေမယ့် Generallyတော့ နှစ်ရက်သုံးရက်လောက် ဆက်စောင့်သင့်တယ်။ Confirmလုပ်တဲ့သဘောပါ။ တခြား Technical Indicatorတွေကိုသုံးပြီးလည်း Confirmလုပ်ရပါမယ်။ Confirmဖြစ်ရင် ဝယ်သင့်တယ်။

၂) Trendလိုင်းဟာ Holdလုပ်နေမယ်လို့ ယူဆရင် Future Dateတွေဘက်ကို ဆက်ဆွဲဆန့်ပြီး ဖြစ်နိုင်မယ့် Priceကို ခန့်မှန်းနိုင်ပါတယ်။ ဒါပေမယ့် Near Futureပဲ။ သိပ်ပြီး ဗေဒင်ဆရာ မဆန်တာကောင်းပါတယ်။

၃) Highest Highမှာ Horizontalလိုင်းတစ်လိုင်း ထပ်ဆွဲလိုက်ရင် Angleတစ်ခုရလာပါလိမ့်မယ်။ အဲဒီ့ Angleဟာ Momentumကို ပြပါတယ်။ Angleများလေ အကျကြမ်းလေဖြစ်ပါတယ်။ ဒီမှာတော့ အကျကြမ်းထားရင် Correctionဖြစ်နိုင်တာကို ပိုသတိထားစရာမလိုပါဘူး။ တကယ်ကျရင် ကြမ်းပြီးသားပဲ။

နောက်Postတွေမှာ Technical Analysisနဲ့ပတ်သက်တာပဲ ဆက်ပြောသွားပါမယ်။

Happy Charting!

PS : High/Lowများများထိပြီးဆွဲထားတဲ့ Apple ရဲ့ Chartတွေကို အောက်မှာ Attachလုပ်ပေးထားပါတယ်။