22 February 2011

Market Update - 2011/02/22

Marketဟာ Correctionဖြစ်ဖို့ Probabilityတော်တော်လေး ကောင်းနေပြီဆိုတာ ရေးနေဖို့တောင် မလိုတော့ပါဘူး။ ဒါပေမယ့် recordလေးဖြစ်သွားအောင်တော့ ရေးလိုက်ဦးမယ်။

Middle-east Tensions
Tunisiaကနေ Egypt၊ Egyptကနေ Bahrain၊ Bahrainကနေမှ အခု Latest and Hottestတိုင်းပြည်ကတော့ Libyaပါပဲ။ Libyaက အာဏာရှင် Gaddafiအစိုးရဆင်းသွားဖို့ Protestတွေဟာ မနေ့ညက ပိုများလာသလို အစိုးရရဲ့ ရက်ရက်စက်စက် နှိပ်ကွပ်ချက်ကလည်း ကြောက်ဖို့တောင် ကောင်းပါတယ်။ Confirmedမဖြစ်တဲ့သတင်းအရ Protestorsတွေကို လေယာဉ်နဲ့တောင် ဗုံးကျဲတယ်ပြောပါတယ်။ မကျဲရက်တဲ့ Pilotနှစ်ယောက်ဟာ Libyaကနေ Maltaကို Defectလုပ်သွားတယ်လို့ ဒီနေ့မနက်က ဖတ်လိုက်ရတယ်။ Libyaဟာ OPECမှာ 8th largest oil producerဖြစ်သလို North Africa Regionမှာ Oil Reservesအများဆုံးပိုင်တဲ့ တိုင်းပြည်ဖြစ်တာမို့ Libyaအရေးအခင်းဟာ Marketအတွက် Egyptထက်ပိုပြီး Sensitiveဖြစ်ပါတယ်။

Commodities Market
မနေ့ညက Oil priceဆောင့်တက်သွားသလို Gold priceဟာလည်း လွန်ခဲ့တဲ့အပတ်ကတည်းက မှန်မှန်လေးတက်လာလိုက်တာ အခုဆိုရင် ၁၄၀၀အထက် ပြန်ရောက်သွားပါတယ်။ Oil priceရော၊ Gold priceရောနှစ်ခုလုံးဟာ Middle-east tensionတွေကို confirmလုပ်တယ်လို့ တွေးလို့ရပါတယ်။ Oil priceဆောင့်တက်တာဟာ ခဏတဖြုတ်ဆိုရင်တော့ ပြဿနာမရှိပေမယ့် နည်းနည်းကြာလာတာနဲ့အမျှ တကမ္ဘာလုံးကို Affectဖြစ်ပါတယ်။ Transportation costတွေတက်လာရင် အရာရာဈေးတွေ လိုက်တက်လာမှာပါ။ အဲဒီလိုဖြစ်လာရင် Inflation pressureများနေတဲ့ Emerging Marketတွေမှာ Monetary Policyတွေပိုပြီး Tightenedဖြစ်လာနိုင်သလို Developed Marketတွေရဲ့ နှေးကွေးလှတဲ့ Recovery processကိုလည်း ထိခိုက်နိုင်ပါတယ်။ Stock Marketဟာ ဒါတွေအားလုံးကို Price-inလုပ်လိုက်ရင် ဆက်တက်မလား၊ selloffဖြစ်မလားဆိုတာ ရှင်းရှင်းလေးပါ။

T-Bonds Auctions
ဒီအပတ်ထဲမှာ US Treasuryဟာ 2-yr, 5-yrနဲ့ 7-yr Notes auctionsတွေကို ဆက်တိုက်လုပ်သွားပါမယ်။ ဒီနေ့ညမှာ 2-yr Notes auctionစပါမယ်။ Auctionတွေအားလုံးကနေ ဒီအပတ်တပတ်ထဲမှာ U$99 billionကို Raiseလုပ်မယ်လို့ Treasury departmentက ကြေညာထားပါတယ်။ အမေရိကန်တွေ ချေးသုံးတာကြမ်းချက်ကတော့ သင်္ဘောသား ကုန်းပေါ်ခဏတက်တုန်း သုံးသလိုပါပဲ။ Stock traderတစ်ယောက်အနေနဲ့ Moneyဟာ ဒီAuctionsတွေအားလုံးကို Demandကောင်းကောင်းနဲ့ စီးသွားသလားဆိုတာ စောင့်ကြည့်ရပါမယ်။ အထူးသဖြင့် Short-term 2-yr Notes yieldတွေ ထိုးကျသွားရင် Stock Marketကို Negatively Affectဖြစ်တော့မယ်ဆိုတာ နားလည်ရပါမယ်။ Stock market correctionဖြစ်တော့မယ်ဆိုရင် Short-term Treasury Yieldsတွေဟာ ထိုးဆင်းတက်ပါတယ် (Bonds being purchased with huge demand)။

Seasonal Pattern
Januaryနဲ့ Februaryနှစ်လမှာ Major Companyအများစုဟာ December quarter earningsတွေကို Reportလုပ်ပြီးသွားပါပြီ။ အမြဲတမ်း Quarterတခုရဲ့ နောက်ဆုံးလမှာ Economic dataတွေ၊ Middle-east crisisလို Geopolitical riskတွေမရှိရင်တောင် Marketဟာ Flatဖြစ်နေတတ်ပါတယ်။ ရှေ့ဆက်တိုးဖို့ အားခဏကုန်သွားတဲ့ သဘောပါပဲ။ တတိယမြောက်လမှာ Economic dataမကောင်းရင်၊ အခုဖြစ်နေတဲ့ Crisisတွေမျိုးရှိနေရင်တော့ Investorတွေ၊ Traderတွေဟာ Profit takingလုပ်ဖို့ လက်မတွန့်တတ်ကြပါဘူး။ လက်သည်းဖွက်ထားတဲ့ Bearတွေဟာ Marketထဲကို အလုံးအရင်းနဲ့ပြန်ဝင်လာပြီး Correctionကို ဖြစ်စေနိုင်ပါတယ်။

Remeber PIIGS?
Portugalဟာလည်း Financial Marketတွေကနေ Fund raisingလုပ်ရတာ ပေးရတဲ့Bond yields/Interestတွေဟာ များများလာတာကြောင့် European Financial Stability Fundကနေ Bailoutတောင်းရမယ့်ပုံ ပေါ်နေပါတယ်။ European Central Bank (ECB)ဟာလည်း Portugal Bond Yieldတွေကျအောင် မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို လိုက်ဝယ်နေရပါတယ်။ Portugal bailoutဟာ realityဖြစ်လာရင် Market sentimentကို negative sentimentဘက်ကို ပြောင်းနိုင်ပါတယ်။

Ready Steady
US Marketတွေရဲ့ Technicalတွေဟာ Overboughtအနေနဲ့ တော်တော်လေး overdueဖြစ်နေတာ ကြာပါပြီ။ အခုလို Earning Seasonအကုန်မှာ Middle-eastလို သတင်းဟာ အမှိုက်ကစ ပြဿဒ်မီးလောင်ဆိုသလို Bearတွေကို လှုပ်နိုးနိုင်မလားဆိုတာကတော့ ဒီနေ့ညကစပြီးသိရပါမယ်။ ဘယ်Stockတွေဟာ Heavily Overboughtဖြစ်နေလည်းဆိုတာ မြန်မြန်သာရှာထားကြပေတော့။

Happy Shorting!