Showing posts with label technical analysis. Show all posts
Showing posts with label technical analysis. Show all posts

15 May 2011

SOHU chart

ညီလေးတစ်ယောက်က SOHUရဲ့ Technicalလေးလုပ်ပါဦးဆိုလို့ အောက်မှာ ပြထားပါတယ်။

Daily Chart
Dailyမှာ ကြည့်လိုက်ရင်တော့ အခုတလော Selling Pressureများနေတာကို တွေ့ရပါတယ်။ Februaryက breakoutလုပ်ခံရတဲ့ Resistance line $78ဟာ ပြန်ပြီးTestခံရဖို့ Chanceများပါတယ်။ သတ္တိရှိရင်တော့ $78မှာ Tight-stopထားပြီး ဝယ်သင့်ပါတယ်။ ဆိုးဆိုးရွားရွား သတင်းမရှိဘဲ $78အောက်ရောက်ဖို့တော့ Chanceနည်းပါတယ်။ သေချာချင်ရင်တော့ 78ကနေ Bounceပြန်ဖြစ်တဲ့အထိစောင့်သင့်ပါတယ်။


Weekly Chart
Weeklyကို ကြည့်လိုက်ရင်တော့ သတိထားစရာတွေပိုရှိပါတယ်။ 2010 Julyကစခဲ့တဲ့ Long-term uptrendဟာ နောက်ဆုံးအပတ်မှာ Brokenဖြစ်နေတာကို ကျွန်တော်သိပ်မကြိုက်ပါဘူး။ Past two weeks (down weeks)တွေမှာ Volumeတွေကောင်းတာလည်း တွေ့ရပါတယ်။ ဒါမျိုးတွေ့ရင် ပိုသတိထားရပါမယ်။ 78ကို Testလုပ်မလား Definitely စောင့်ကြည့်သင့်ပါတယ်။

Good Luck!

21 April 2011

BIDU chart

BIDUဝယ်သင့်လား မေးထားတဲ့သူရှိလို့ Technical Analysisကို အောက်မှာလုပ်ပေးထားပါတယ်။ Fundamental and Earning related analysisကတော့ ကိုယ့်ဘာသာပဲ Researchလုပ်လိုက်ပါ။



Generallyကတော့ BIDUဟာ Very Strong Long Term Up Trend ရှိတာတွေ့ရပါတယ်။ ဒါပေမယ့် အခုတလောတော့ MFIနဲ့ MACDဟာလည်း အတော်လေး ဝယ်ပြီးသားဖြစ်နေတဲ့ Signတွေပြပါတယ်။ ကျွန်တော့်အနေနဲ့တော့ ဒီလိုSignalတွေမှာ ဝင်သင့်တယ်လို့ အားမပေးချင်ပါဘူး။ ၁၃၀နားကို ပြန်ဆင်းလာပြီး ၁၃၀ supportခိုင်တယ်ဆိုရင်တော့ တမျိုးပေါ့။ ဒီလိုဈေးကြီးတဲ့ Stockမျိုးကြတော့ နှစ်လသုံးလ Call Optionsဝယ်ပြီး Tradeတာက ပိုသင့်တော်ပါတယ်။ အရင်းအများကြီး မလိုဘူးပေါ့။ ဒါပေမယ့် အဝင်ကောင်းဖို့တော့ လိုပါတယ်။

Good Luck.

01 February 2011

Short with me

Traderတစ်ယောက်ဟာ Marketထဲမှာ ဈေးတက်မှ ပိုက်ဆံရှာတတ်ရင် ရှာလို့ရနိုင်တဲ့ပိုက်ဆံရဲ့ တဝက်ပဲရှာနိုင်ပါလိမ့်မယ်။ Marketဟာ နိမ့်လိုက်မြင့်လိုက် အမြဲဖြစ်နေတာမို့ Oversoldဖြစ်တဲ့အချိန်မှာ Long(buy low, sell high)လုပ်တတ်သလို Overboughtဖြစ်တဲ့အခါမှာလည်း Short (Sell high, buy low)လုပ်တတ်ရင် ပိုပြီး Efficientဖြစ်တဲ့ Traderဖြစ်လာပါလိမ့်မယ်။

Basic of Shorting
Shortingဟာ ကြည့်လိုက်ရင် ခက်သလိုပါပဲ။ တကယ်တမ်းတော့ လွယ်လွယ်လေးပါ။ Longတဲ့အခါမှာ Stockတစ်ခုကို ဈေးနည်းတဲ့အချိန်မှာ ပိုက်ဆံပေးဝယ်ပြီးတော့ကိုင်ထားပြီး ဈေးတက်သင့်သလောက်တက်ပြီးတဲ့အခါမှာ Profit takingလုပ်ရုံပဲဆိုတာ လူတိုင်းသိပါတယ်။ Shortတဲ့အခါမှာတော့ ကိုယ်က အဲဒီ့Sequenceကို ပြောင်းပြန်လုပ်လိုက်တာပါပဲ။ အဓိကကွာတာကို ကျွန်တော် Longနဲ့ယှဉ်ပြီး အောက်မှာပြထားပါတယ်။

Long
Buyer(you) <------ Seller(another investor)

Short
Buyer(another investor 1) <------ Short Seller(you) <------ Anonymous Lender(another investor 2)

အဓိကဘာကွာသွားသလည်းဆိုတော့ Shortတဲ့အခါမှာ ကိုယ်ကကိုယ့်မှာမရှိတာကို investor 1ကို ရောင်းတာဆိုတော့ ကိုယ့်မှာမရှိတဲ့အတွက် ရောင်းမယ့် Stockတွေကို သူများဆီက(investor 2) ချေးရပါမယ်။ ချေးတဲ့ကိစ္စအသေးစိပ်က ကိုယ့်ကိစ္စမဟုတ်ပါဘူး။ ကိုယ့်Brokerက သူ့မှာရှိတဲ့ Investorတွေထဲကနေ Randomly selectလုပ်ပြီး ကိုယ့်ကိုယ်စား ချေးပေးပါလိမ့်မယ်။ Brokerက ချေးစရာမရှိရင် Not Shortableလို့ပြောပါလိမ့်မယ်။

Short sell အောင်မြင်တဲ့အခါမှာ investor 2ကတော့ ဘာမှမသိပါဘူး။ Brokerက ဘာပဲလုပ်လိုက်သလည်းဆိုတော့ Short sellလုပ်တဲ့ ကျွန်တော့်Accountမှာ Stock Quantity/Volumeကို Negative amountပြထားလိုက်တာပါပဲ။ Investor 2ဟာ ဘာမှမသိလိုက်သလို Investor 1ဟာလည်း သူဝယ်လိုက်တဲ့ Amountအတိုင်း ရသွားတယ်။ ကျွန်တော့်ဆီက Negative Quantityနဲ့ Investor 1ရဲ့ Positive Quantityဟာ Balance outဖြစ်သွားတာပါပဲ။

How to close a short position or Covering
Short Positionတစ်ခုကို ပိတ်တာကို Coveringလုပ်တယ်လို့ ခေါ်ပါတယ်။ Coverလုပ်တဲ့အခါမှာ Stockက ကိုယ်မှန်းထားသလို ဈေးကျသွားရင် ကျနေတဲ့ဈေးမှာ ပြန်ဝယ်လိုက်တာပါပဲ။ Sell high - buy low = Profit ကတော့ Profitable Short Transactionတစ်ခုပါ။ Sell high - buy HIGHER = Lossကတော့ ရှုံးသွားတဲ့ Short Transactionကို ဆိုလိုပါတယ်။ Coverလုပ်တာဟာ Buy transactionဆိုတော့ Positive Quantityဖြစ်ပါတယ်။ အဲဒီ့ +ive ဟာ Open Short Positionရဲ့ -ive quantityကို zero outလုပ်ပါလိမ့်မယ်။ Price differenceကတော့ ကိုယ့်ရဲ့ အရှုံး(သို့)အမြတ်ပေါ့။

Price going up is not good for a Short seller
ကိုယ်Shortတဲ့ Stockဟာ short-sellလုပ်တဲ့ ဈေးထက် နောက်နေ့တွေမှာ ဆက်ကျရပါမယ်။ ဒါမှဈေးနည်းနည်းနဲ့ ပြန်ဝယ်ပြီး အမြတ်ရပါမယ်။ ဈေးမကျဘဲ ကိုယ်မှန်းထားသလိုဖြစ်မလာဘဲ ဆက်တက်ရင် ပြန်ဝယ်ရတဲ့ Covering costက ပိုများသွားတာမို့ အရှုံးပေါ်ပါမယ်။ ဈေးဟာ အကန့်အသတ်မရှိဘဲတက်နိုင်တာမို့ တချို့က Short sellလုပ်ရင် Unlimited Lossဖြစ်နိုင်တယ်ပြောကြပါတယ်။ တကယ်တမ်းတော့ Realistically ဈေးတခုဟာ Sky is the limitဖြစ်ပြီး မတက်ပါဘူး။ ဒါပေမယ့် ကိုယ်ရောင်းတဲ့ ဈေးထက် နည်းနည်းမြင့်တဲ့နေရာ(အရှုံးခံနိုင်တဲ့နေရာ)မှာ Stoplossကို ကပ်ထားဖို့တော့ လိုလိမ့်မယ်။

Things that must be understood before you short
Different Brokersဟာ Different Rulesတွေရှိပါတယ်။ တချို့ဆိုရင် Shortကို ပေးကိုမလုပ်ပါဘူး။ ဒါမျိုးကတော့ ဝေးဝေးရှောင်။

Exchangeတွေမှာ Up-tick ruleဆိုတာရှိပါတယ်။ Stock ဈေးဟာ Intraday Up-tickဖြစ်တဲ့အချိန်မှာပဲ Shortလို့ရပါတယ်။ ဆိုလိုတာက Stock ဈေးဆက်တိုက်ကျနေတုန်း ဆက်တိုက် Shortလို့မရပါဘူး။ Intraday chartမှာ Uptickဖြစ်တဲ့အထိ Brokerဟာ ထိန်းပေးရပါမယ်။

ကိုယ်Shortလိုက်တာ ၁သိန်းဖိုးဆိုပါစို့။ အဲဒီ့တစ်သိန်းဖိုးကို ကိုယ်ကပြန်ဝယ်နိုင်ဖို့ (Coveringလုပ်နိုင်ဖို့) Brokerက သေချာဖို့လိုပါတယ်။ ကိုယ့်ရဲ့ cash balanceမလောက်ရင် Brokerက သတ်မှတ်ထားတဲ့ Margin ratioနဲ့ ပိုက်ဆံကို ချေးပေးပါတယ်။ အဲဒီ့အတွက် အတိုးပေးရပါမယ် (သတ်မှတ်ထားတဲ့ Cash rateနဲ့ပေါ့)။ Stock ဈေးက မကျဘဲ ဆက်တိုက်တက်နေရင် ကိုယ်ပြန်ဝယ်ရမယ့် စရိတ်တက်လာတဲ့အတွက် Brokerဟာ ကိုယ့်ပိုက်ဆံ/Marginမလောက်ရင် ကိုယ့်ကိုအရှုံးခံပြီး Coverလုပ်ဖို့ Forceလုပ်ပါလိမ့်မယ်။

The Most Important Thing with Shorting - Ex-dividend date
Shortတဲ့အခါမှာ အရေးအကြီးဆုံး မသိမဖြစ်သိရမှာက Ex-dividend(XD) dateပါပဲ။ XDနေ့မတိုင်ခင်အထိ Stockကို ကိုင်ထားတဲ့သူဟာ အဲဒီ့Periodအတွက်ပေးတဲ့ Dividendရပါမယ်။ အပေါ်မှာပြထားတဲ့ Short Sell Flowကို ပြန်ကြည့်လိုက်ရင် investor 1ကလည်း Buyer / Stock holder ၊ ဘာမှမသိတဲ့ investor 2ကလည်း Stock holderပါပဲ။ တနည်းအားဖြင့် ကိုယ်က XDနေ့မတိုင်ခင်မှာ Short sellလုပ်ပြီး XDနေ့အထိ Short Open positionရှိနေရင် investor 1ရော 2ရောဟာ Dividendရထိုက်တဲ့သူတွေချည်းပါပဲ။ ဒါပေမယ့် Companyကနေ တကယ်ရမှာက investor 2ပဲရှိပါတယ်။ ဒီတော့ investor 1ကို ဘယ်သူက ပေးရမယ် ထင်သလည်း??? ကိုယ်ပါ။ Short sellလုပ်တဲ့လူဟာ XDကို open short positionနဲ့ ဝင်သွားရင် Dividend amountကို အိတ်စိုက်ပေးရပါမယ်။ XDပြီးမှ / XDမတိုင်ခင် Coverလုပ်လိုက်ရင်တော့ Dividendကို ပေးစရာမလိုပါဘူး။ XDမကြည့်ဘဲ သွားShortလိုက်ရင်တော့ Brokerဆီကနေ Nasty Surpriseတွေ ရဖို့သာ ပြင်ထားပါ။

An Example - what I am shorting now
ကျွန်တော် Shortထားတာကတော့ IBM ပါပဲ။ Stock quoteကလည်း IBMပဲ။ IBMဟာ December quarter Earning resultကောင်းတာကြောင့် January 19ရက်ကနေ ဆောင့်တက်သွားပြီး All-time highဖြစ်နေခဲ့ပါတယ်။ ဒါမျိုးဟာ Shortလို့ သိပ်ကောင်းတဲ့ Positionတွေပါ။ ဒါပေမယ့် Bullish momentumကျသွားတဲ့အထိ စောင့်ရပါမယ်။ အခုဆိုရင် ၁၅၉ကနေ ၁၆၂ကြားထဲမှာ breakoutဆက်မလုပ်နိုင်ဘဲ တန့်နေပါတယ်။ Overall marketတွေဟာလည်း Correctionဖြစ်ဖို့ တော်တော်လေး Probabilityကောင်းတာကြောင့် ၁၆၁.၅မှာ ကျွန်တော် Shortထားလိုက်တယ်။ အရေးကြီးတာက XD dateဟာ Feb 8မှာလာမှာပါပဲ။ Dividendက ၆၅ပြားပေးပါမယ်။ ဒီတော့ ကျွန်တော့်အနေနဲ့ Feb 8မတိုင်ခင် Coverလုပ်ရပါမယ်။ IBMဟာ Dividend amount 65centကို ဂရုစိုက်စရာမလိုလောက်အောင် ခွေးကျကျရင်လည်း ပိတ်စရာမလိုဘူးပေါ့။ Chartထဲမှာ Short entry, Profit taking target (Covering point)နဲ့ Stop loss pointတွေကို ပြထားပါတယ်။

Summary of Shorting
- Understand your broker and exchange rules regarding shorting
- Beware of XD date and amount
- Short when a resistance line holds or bullish momentum is exhausted
- Cover when a nearest support line holds or bearish mood is exhausted
- Keep a tight stop that is ABOVE your entry.

Happy Shorting!

09 December 2010

Bond, Treasury Bond - အပိုင်း(၁)

မှတ်မိလွယ်အောင် James Bondလို ရေးထားတာပါ :) ကျွန်တော် လွန်ခဲ့တဲ့ နှစ်နှစ်လောက်အထိက Stock Tradingလုပ်တဲ့အခါမှာ Stock marketတစ်ခုထဲကိုပဲ Focusထားပြီး လုပ်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့နားလည်လာတာက Marketတွေ တစ်ခုနဲ့တစ်ခု ဆက်စပ်မှုဟာ ကိုယ်ထင်ထားတာထက် ပိုပြီးCloseဖြစ်တယ်လို့ သိလာရတယ်။ Marketတွေလို့ ဆိုရာမှာ Stock, Forex, Commoditiesနဲ့ Bond marketတွေပါ။ Marketအားလုံးရဲ့ General Trendတွေကိုပါ ထည့်ပြီးAnalysisလုပ်တဲ့အခါမှာ Tradeတွေဟာ ပိုပြီးProfitableဖြစ်လာတာကို တွေ့ရပါတယ်။ ဒီPostမှာ Bond marketကို ဘယ်လိုအသုံးပြုရမလည်းဆိုတာ ပြောပြပါမယ်။ Bond အကြောင်းကိုပြောမယ်ဆိုရင် တနေကုန်ထိုင်ပြောလို့ရတယ်။ ဒီတော့ စာဖတ်သူတွေအတွက် အရှင်းဆုံးနဲ့ အလွယ်ဆုံးဖြစ်အောင် လိုတိုရှင်းပဲ ဒီPostမှာ ရေးထားပါတယ်။

When Governments are short of money
Bondတွေမှာ အဓိကအားဖြင့် Government Bondတွေနဲ့ Corporate Bondတွေဆိုပြီး နှစ်မျိုးရှိပါတယ်။ Corporate Bondကို ခဏထားပြီး Government Bond marketအကြောင်းကိုပဲပြောသွားပါမယ်။ Govt Bondကပဲ တခြားMarketတွေကို ပိုပြီးInfluenceလုပ်နိုင်လို့ပါ။ Govtတွေမှာ ပိုက်ဆံရစရာ အဓိကနည်းလမ်းသုံးမျိုးပဲ ရှိတယ်။
  1. Taxes (you should know very well)
  2. Bonds
  3. Other income (such as Tolls, etc)
Bondဆိုတာ အစိုးရက ကျွန်တော်တို့လို hardworking citizensတွေ၊ တိုင်းပြည်ရဲ့ resourcesတွေကို အပေါင်ထားပြီး တခြားတိုင်းပြည်တွေနဲ့ Private/Institutional investorsတွေဆီကနေ ပိုက်ဆံချေးတာပါပဲ။ Bond Marketကို Fixed income marketလို့လည်း ပြောကြပါတယ်။ ဘာလို့လည်းဆိုတော့ အစိုးရက သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ every six months or so, Fixed Interestမှန်မှန်ပေးလို့ပါပဲ။ အဲဒီ့ Interestsဟာ Bondရဲ့သက်တမ်းအတွက် Issueလုပ်တုန်းက တခါတည်းFixedလုပ်ပြီးသားပါ။

Most Important Concept of Bond - Yield (%)
Bondအကြောင်းပြောရင် မသိမဖြစ်သိရမှာက Yieldဆိုတာပါပဲ။ အစိုးရဟာ Bondတွေကို စရောင်းတာက very few Primary Dealersတွေကိုပဲ ရောင်းတာပါ။ Bondတွေကို ရောင်းတဲ့အခါမှာ လေလံစနစ်နဲ့ ရောင်းပါတယ်။ သူတိုကနေမှ ကျွန်တော်တို့လို အပြင်ကသူတွေ ပြန်ဝယ်ရောင်းလုပ်နိုင်ပါတယ်။ ဒါပေမယ့် Bondကို Tradeလုပ်တဲ့အခါမှာ တိုင်းပြည်အခြေအနေတွေပေါ် မူတည်ပြီး Bond priceဟာ ကျချင်ကျမယ်၊ တက်ချင်တက်မယ်။ ဒါပေမယ့် အပေါ်မှာ ပြောခဲ့သလို အစိုးရဆီက Regularlyရမယ့် Interest amountက Fixedလုပ်ပြီးသားပါပဲ။ ဒါကြောင့် ကိုယ်တကယ်ရင်းနှီးရတဲ့အပေါ်မှာ ရတဲ့Interestကို Bond Yieldလို့ ခေါ်ပါတယ်။ Bond Priceနဲ့ Bond Yieldဟာ Inverselyအချိုးကျပါတယ်။ Bondဈေးတက်ရင် Yieldကျမယ်၊ Bondဈေးကျရင် Yieldတက်ပါမယ်။ Bondအကြောင်းနားလည်ချင်ရင် ဒီFormulကို မသိလို့ကို မရဘူး။

Par, Premium, Discount
ဥပမာ Bond price ၁၀၀၀အတွက် အစိုးရဆီက တစ်နှစ်ကို Fixed interest ၁၀၀ရမယ်ဆိုပါတော့။ Fixed Interestဟာ ၁၀%ပေါ့။ ကိုယ်က Secondary market/Retail marketထဲမှာ အဲဒီ့ 10%ရဖို့အတွက် Bond priceကို ၁၀၀၀ပဲပေးရတယ်ဆိုရင် Parဖြစ်တယ်လို့ ဆိုပါတယ်။ Yieldနဲ့ အစိုးရဆီက ရမယ့် Fixed interestဟာ အတူတူပဲပေါ့။ ဒါပေမယ့် ကိုယ်က အစက ၁၀၀၀တန်တဲ့ Bondကို ၈၀၀နဲ့ရရင် ၁၀၀/၈၀၀ = ၁၂.၅% Yieldဖြစ်ပါမယ်။ ကိုယ်က ၁၂၀၀ပေးရရင် Yieldက ၁၀၀/၁၂၀၀ = ၈.၃၃%ဖြစ်ပါမယ်။ အဓိကကတော့ အစိုးရဆီက ရမယ့်ပိုက်ဆံဟာ မပြောင်းပါဘူး။ ဒါပေမယ့် ကိုယ်ဝယ်တဲ့ ပိုက်ဆံပမာဏဟာ ပြောင်းနေပါမယ်။ တူရင် Par, ပိုပေးရရင် Premiumနဲ့ လျော့ရရင် Discountလို့ ခေါ်ကြပါတယ်။

Why Bond Prices move
အစိုးရနဲ့ Central Bankတွေအပေါ်မှာ မူတည်ပြီး Bond Pricesတွေဟာ တချိန်လုံးပြောင်းနေပါတယ်။ Stock Market, Forex Marketတွေအတိုင်းပဲ သူတို့ကို Dealerတွေဟာ Tradeနေကြပါတယ်။ အစိုးရ Major policy change ဖြစ်တဲ့ eventတွေဟာ Bond Marketကို ဂယက်ရိုက်နိုင်ပါတယ် - ဘယ်လိုဟာမျိုးလည်းဆိုတော့ ဟိုတလောက US Federal Reserveက US dollarအသစ်ရိုက်ထုတ်ပြီး US Govtရဲ့ Bondတွေ လိုက်ဝယ်မယ်ဆိုတာနဲ့ Bondဈေးတွေတက်ကုန်တာပါပဲ။ ဘာလို့လည်းဆိုတော့ Fedက Supportပေးသလိုဖြစ်နေတာကိုး။ Australian Central Bankက Cash Rateကို Inflationကြောက်လို့တိုးတိုင်း Australian Dollar forex rateဟာ တက်သွားတာကို တွေ့ရပါမယ်။ အပေါ်ယံကြည့်ရင်တော့ Cash Rateကို မက်လို့ Australian Dollarကို လိုက်ဝယ်ကြတယ်လို့ ထင်မှာပဲ။ တကယ်တမ်းတော့ ဒါဟာIndirect affectပါ။ Australian Governmentဟာလည်း ပိုက်ဆံလိုရင် Bondထုတ်ရောင်းရတာပါပဲ။ ဒါပေမယ့် ပေးတဲ့ Bond Yieldဟာ Official cash rateထက်မှ မသာလို့ မရပါဘူး။ မသာမှတော့ သူတို့Bondကို ဘယ်သူက ဝယ်မလည်း။ ဒီတော့ Cash Rateတက်ရင် Bond Yieldလိုက်တက်ရမယ်။ Bond Yieldတက်ရင် အဲဒီ့Bondဟာ Attractiveဖြစ်လို့ လိုချင်ရင် Aussie Bondကို Aussie Dollarနဲ့ ဝယ်ရပါမယ်။ ဒါကြောင့် AUD rateဟာ ဝယ်လက်များလို့ တက်သွားရတာပါ။

Remember PIIGS?
၂၀၁၀တစ်နှစ်လုံးလိုလို PIIGS europen countriesတွေ ဘယ်လောက်ဒုက္ခရောက်နေကြလည်း Investmentအကြောင်း နည်းနည်းစိတ်ဝင်စားတာနဲ့ သိမှာပါ။ Greeceအစိုးရဟာ ပိုက်ဆံတွေအများကြီးချေးထားပြီး ပြန်ဆပ်ချင်မှ ဆပ်နိုင်မယ်ဆိုတဲ့ သတင်းသဲ့သဲ့ထွက်လာတာနဲ့ Marketထဲမှာ Greece Bondတွေ ချရောင်းကြတာပါပဲ။ ရောင်းလိုအားများတော့ Bondဈေးတွေကျ၊ Bond ဈေးတွေကျတော့ Yieldတွေ ဆောင့်တက်ကုန်တာပါပဲ။ Marketက ဆိုလိုတာက မင်းတို့အစိုးရက သိပ်စိတ်မချရဘူး၊ ဒီတော့ ငါ့ပိုက်ဆံလိုချင်ရင် Bondဈေးကို ချရောင်းလို့(Effectively Raising Bond Yields) တောင်းဆိုတာနဲ့ အတူတူပါပဲ။ Bond Yieldတွေ တက်နေတိုင်း အစိုးရဟာ Bondရောင်းတဲ့အခါမှာ ပေးရတဲ့ Fixedအတိုးချင်းအတူတူ စစချင်းရတဲ့ ပိုက်ဆံပိုနည်းသွားတယ်လို့ တွေးနိုင်ပါတယ်။ နူရာဝဲဆွဲ လဲရာသူခိုးထောင်းဆိုတာ အဲဒါအစစ်ပဲ။

Maturity Periods
Bondတွေမှာ အစိုးရက ဘယ်တော့မင်းတို့ပိုက်ဆံပြန်ရမယ်ဆိုပြီး အာမခံထားတဲ့ Periodတွေရှိပါတယ်။ အဲဒီ့Periodတွေ အတိုအရှည်ပေါ်မူတည်ပြီး အခေါ်အဝေါ်တွေလည်း ကွဲသွားပါတယ်။
  • 4wk - 52wk Maturityတွေကိုတော့ Bills (Treasury Bill in USA)
  • 2yr - 10yr Maturityတွေကိုတော့ Notes (Treasury Notes) နဲ့
  • 30yr Maturityကိုတော့ Bonds (Treasury Bonds)တွေလို့ ခေါ်ကြပါတယ်။
Marketထဲမှာတော့ 10yr yieldဘယ်လောက်, 30yr ဘယ်လောက်အစရှိသဖြင့် လွယ်လွယ်ပဲပြောကြပါတယ်။ 2yr, 10yrနဲ့ 30yrတွေဟာ Marketထဲမှာ Hottestအဖြစ်ဆုံး Maturityတွေပါ။

US Govt Bond = Safe Haven
US Govt Bondတွေဟာ ကမ္ဘာပေါ်မှာ Safeအဖြစ်ဆုံးလို့ မှတ်ယူထားကြပါတယ်။ US Govtက Guaranteeပေးတဲ့ Investmentပေါ့။ တကယ်တမ်းတော့ US Economyနဲ့ US citizensတွေရဲ့ tax revenueတွေကို backလုပ်ပြီး ပေးတဲ့Guaranteeပါပဲ။ ဘာကြောင့် Institutionတွေဟာ စိတ်ချချင်ရင် ပိုက်ဆံကို ဘဏ်တိုးမထားပဲ Bondဝယ်ကြသလည်း သိသလားမသိဘူး။ ဘဏ်မှာထားတဲ့ Depositတွေဟာ အတိုင်းအတာတခုအထိပဲ Government Guaranteeရှိပါတယ် - ဥပမာ လူတစ်ယောက်ကို နှစ်သန်းအထိပဲ အစရှိသဖြင့်ပေါ့။ ဘဏ်ပျက်ပြီး ကိုယ့်ပိုက်ဆံက နှစ်သန်းအထက်ဆိုရင် သေဖို့သာပြင်ထား။ ဒီတော့ Billionနဲ့ချီတဲ့ Cashတွေကို Manageလုပ်တဲ့ Money Managerတွေဟာ စိတ်ချချင်ရင် Bondကလွဲလို့ တခြားဘာမှမရှိပါဘူး။ Bondကတော့ ကိုယ်Investလုပ်သမျှ အစိုးရက တာဝန်ယူတာကိုး။ ကိုယ့်မှာနှစ်သန်းတောင်မှမရှိတာ ငါနဲ့မဆိုင်ပါဘူးလို့ ထင်နေသလားမသိဘူး။ မထင်ပါနဲ့ Bond Marketရဲ့ Ripple Effectဟာ လူတိုင်းနဲ့ ဆိုင်ပါတယ် - at least Mortgage ownersတွေလို့ ပြောနိုင်ပါတယ်။

If you have a home loan in America, You better know 30yr bond yield
USကို ဥပမာပေးပြောပေမယ့် conceptဟာ တိုင်းပြည်တိုင်းအတွက် အတူတူပါပဲ။ ကျွန်တော်တို့ အိမ်ဝယ်ရင် ဘဏ်ကချေးတယ်မဟုတ်လား။ ဘဏ်က ချေးဖို့ပိုက်ဆံကို ဘယ်ကရသလည်း? ကျွန်တော်တို့ထားတဲ့ Saving depositတွေဟာ သူတို့ချေးသမျှ home loanတွေအတွက် မလုံလောက်ပါဘူး။ Residential Mortgage Backed Security (RMBS)ဆိုတာ ကြားဘူးသလားတော့ မသိဘူး။ ဒါဟာ Lenderတွေက ကျွန်တော်တို့ mortgageတွေကို Securityတစ်ခုအနေနဲ့ Backingလုပ်ပြီး Investorတွေကို ပြန်ရောင်းတာပါပဲ။ ကျွန်တော်တို့ရဲ့ cashတွေ၊ အလုပ်ကရတဲ့ လခတွေကောင်းလေ RMBSရဲ့ Credit Qualityကောင်းလေပေါ့လေ။ RMBSကို ဝယ်မယ့်သူဘက်က ကြည့်ရင် RMBSက ပုံမှန်ရရမယ့်အတိုး(ဟုတ်ပ ကျွန်တော်တို့ပေးတဲ့ အတိုးတွေပါ)ဟာ ပိုပြီး စိတ်ချရမယ့် Treasury Bondထက် ပိုမရရင် ဘယ်သူက Investလုပ်မလည်း? Uncle Samဆီမှာပဲ Investသွားလုပ်မှာပေါ့။ ဒါကြောင့် 30yr yieldတက်ရင် US mortgage ownerတွေဟာ အတိုးပိုပေးရပါမယ်။ မဟုတ်ရင် Marketရပ်သွားပါလိမ့်မယ်။ 30yr yieldတွေ တက်နေတဲ့အချိန်မှာ သွားပြီး Fixedလိုက်မိရင် သေဖို့သာပြင်ထားပေတော့။ အခု US Federal Reserveက Dollarရိုက်ထုတ်ပြီး US Treasuryတွေလိုက်ဝယ်မယ်ဆိုတာ အဓိကက အဲဒီ့အတွက်ပဲ။ Treasury Yieldတွေဟာ Credit Marketရဲ့ Benchmarkဆိုတော့ သူတို့လိုက်ဝယ်ရင် Treasuryဈေးတက်မယ် - ဒီတော့ Yieldတွေကျမယ် - ဒီတော့ Mortgageeတွေပေးရတဲ့ အတိုးတွေ ကျသွားမယ်ပေါ့။ ကဲ ကိုယ်နဲ့မဆိုင်ဘူးလို့ ထင်သေးလား?

ရေးရေးချင်းတုန်းကတော့ တစ်Postထဲနဲ့ ပြတ်မယ်ထင်တာ၊ အခုထိ လိုရင်းကို မရောက်နိုင်သေးဘူး။ အပိုင်း(၂)မှာ Traderတစ်ယောက်အနေနဲ့ Treasury Yieldတွေကို ဘယ်လိုအသုံးချရမလည်း ပြောပြပါမယ်။ အောက်မှာ 30yr yield chartကို ပြထားပါတယ်။

Happy Investing!

24 November 2010

အဓိကအကျဆုံးအရာ

Stockတစ်ခုရဲ့ Open, High, Low, Close, Volumeအစရှိတာတွေသုံးပြီးတော့ Technical Analysisလုပ်တဲ့နေရာမှာ အဓိကအကျဆုံးဟာ ဘာလို့ထင်ပါသလည်း? Closing Priceဆိုရင် ထင်တာမှန်ပါတယ်။ တစ်နေကုန် ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ နောက်ဆုံးဘယ်လောက်နဲ့ပိတ်သွားသလည်းဟာ အရေးအကြီးဆုံးပါ။ OHLC, Volumeတွေသုံးတဲ့ Technical Analysisအများစုမှာ လူသိပ်သတိမထားမိတဲ့နောက်ထပ် Dimensionတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ အချိန်ပါပဲ။ Minute, Hourကစပြီး Daily, Weekly, Monthlyအစရှိသဖြင့် Linear Dimensionတစ်ခုဟာ X-axisပေါ်မှာရှိရပါမယ်။

ဒီPostမှာ Closing Priceတစ်ခုထဲကိုသုံးပြီး Stockတစ်ခုရဲ့ Major Supportနဲ့ Resistanceကို Analysisလုပ်တဲ့နည်းတစ်ခုကို ပြောပြပါမယ်။ အဲဒီ့Techniqueကို Point & Figure (P&F)လို့ခေါ်ပါတယ်။ အောက်မှာ Bank of America (BAC)ရဲ့ Chartကိုပြထားပါတယ်။

ဒီChartမှာ ထူးခြားတာကတော့ ဆွဲပုံဆွဲနည်းပါပဲ။ P&Fကိုဆွဲဖို့ Stockတစ်ခုဟာ တစ်နေ့တစ်နေ့ဘယ်လောက် ရွေ့လေ့ရှိသလည်းသိရပါမယ်။ ကိုယ်စောင့်ကြည့်နေကြStockဆိုရင် ဘယ်လောက်volatileဖြစ်လည်းဆိုတာ အလွယ်တကူသိနိုင်ပါတယ်။ မသိရင်လည်း သိအောင်တိုင်းတာတဲ့နည်းတွေရှိပါတယ်။ ကျွန်တော်နောက်ပိုင်းမှ ရေးသွားပါမယ်။ တစ်နေ့အတွင်း ရွေ့လေ့ရှိ့တဲ့Amountကိုသိပြီဆိုရင် အဲဒီ့Amountကို ကိုယ့်စိတ်ကြိုက် Multiplierတစ်ခုနဲ့ မြှောက်လိုက်ပါ။ ကျွန်တော့် Personal Choiceကတော့ ၁.၅နဲ့ မြှောက်လေ့ရှိပါတယ်။ ၁ဆခွဲပေါ့။ အဲဒီ့ Daily Range x 1.5 timesကို Box sizeလို့ခေါ်ပါမယ်။ Box sizeဟာ Chartထဲမှာမြင်နေရတဲ့ Crossတစ်ခုစီနဲ့ Circleတစ်ခုစီရဲ့ Amountကို ကိုယ်စားပြုပါတယ်။ Crossဟာ ဈေးတက်တာဖြစ်ပြီး၊ Circleကတော့ ဈေးကျတာအတွက်ပါ။

BACတစ်နေ့ကို ပြား၄၀လောက် Rangeသွားတတ်ပါတယ်။ ဒီတော့ Box sizeဟာ 40c x 1.5 = 60c ပါ။ ဒီတော့ BAC P&F chartမှာ Cross/Circleတစ်ခုစီဟာ ပြား၆၀ကို ကိုယ်စားပြုပါတယ်။ CrossကနေCircle, Circleကနေ Crossပြန်ဖြစ်အစရှိသဖြင့် ပုံထဲမှာ Crossနဲ့ Circleတွေဟာ တစ်Columnစီအလှည့်ကျသွားနေတာကိုလည်း တွေ့ပါလိမ့်မယ်။ အဲဒီလို Column / Symbol ပြောင်းသွားတာကို Reversal ဖြစ်တယ်လို့ ခေါ်ပါမယ်။ Stockဈေး တက်ရာကနေကျ၊ ကျရာကနေတက် အစရှိသဖြင့်ပေါ့။ Reversal လုပ်ဖို့ reversal box amountကို ဆုံးဖြတ်ရပါမယ်။ Rule of Thumbကတော့ 3 boxesပါ။ ဒီ Chartမှာဆိုရင် each box size 60c x 3 = 180cပေါ့။ ဒီတော့ BAC ၁ကျပ်ပြား၈၀ဈေးမကျ/မတက်မချင်း Symbolမပြောင်းပါဘူး။

Cross/Circleတစ်ခုချင်းစီ တက်ဖို့/ဆင်းဖို့အတွက် Stock priceဟာ box sizeလောက်အနည်းဆုံးရွေ့ရပါမယ်။ မရွေ့ရင်ကောဆိုရင် ဘာမှအသစ်ထည့်ဆွဲဖို့မလိုဘူးပေါ့။ Reversal amountလောက် Violentဖြစ်ပြီဆိုရင် Trendပြောင်းတဲ့အနေနဲ့ Symbolကို Switchလုပ်ရပါမယ်၊ တခါတည်းလည်း Reversal amountအတိုင်း 3 boxဆိုရင် 3ခု၊ 4 boxဆိုရင်လည်း 4ခု ဆွဲရပါမယ်။

နောက်တစ်ခုသတိပြုရမှာက အချိန်X-axisပါ။ အချိန်ဟာ Linear Scaleမရှိတော့တာကို တွေ့ရပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ဟာ Box size amountတစ်ခုစာစီ Closing Priceအပြောင်းအလဲရှိမှ Chartကို Updateလုပ်တာမို့လို့ပါ။ Alphabet initialsလေးတွေနဲ့ ဂဏန်းလေးတွေဟာ လတွေရဲ့ အစစာလုံးနဲ့ ခုနှစ်၊ အရေးကြီးတဲ့Reversalရက်တွေကို Compressedလုပ်ထားပြီး ပြနေတာပါ။ P&Fကို လက်နဲ့ပဲဆွဲမယ်ဆိုရင် တော်တော်လေး အချိန်ကုန်ပါမယ်။ ကျွန်တော်ကတော့ Metastockဆိုတဲ့ Softwareနဲ့ လွယ်လွယ်ကူကူပဲ ဆွဲလေ့ရှိပါတယ်။ Box sizeနဲ့ Reversal amountကို Inputထည့်ပေးလိုက်ရုံပါပဲ။ P&Fဟာ အချိန်ကို လွယ်လွယ်လေးကျုံ့နိုင်တာမို့ နှစ်များများDataရှိလေ P&Fဟာ လှလေ၊ အသုံးဝင်လေပါပဲ။ BACအတွက် ကျွန်တော် ၂၀၀၅ခုနှစ်ကတည်းက Dataနဲ့ဆွဲပြထားတာပါ။
P&Fရဲ့ အဓိက အသုံးဝင်ပုံကတော့ Circleများများတန်းနေတဲ့ Reversalဖြစ်တဲ့နေရာဟာ Major Supportတွေလို့ သတ်မှတ်နိုင်ပြီး၊ Crossတွေများများတန်းနေတဲ့နေရာကတော့ Major Resistanceလို့ သတ်မှတ်နိုင်ပါတယ်။ BAC Chartထဲမှာ အစိမ်းရောင်လိုင်းတွေဟာ Major Supportနေရာတွေပါ။ P&Fကနေ Stockတစ်ခုဟာ ဘယ်လောက်ကြာအောင် ဈေးကျနေခဲ့လည်း၊ ဈေးတက်နေခဲ့လည်း လွယ်လွယ်ကူကူသိနိုင်ပါတယ်။

P&F Summary
  • Box size = Average daily movement range of a stock price x multiplier (multiplier is personal choice and mine is 1.5) ဘာလို့ ၁.၅သုံးလည်းဆိုတော့ Daily Rangeထက် နည်းနည်းပိုတဲ့ Price actionတွေကိုပဲ Captureလုပ်ချင်လို့ပါ။
  • Reversal boxes = 3 or 4 times of Box size(again, it's personal choice)
  • Time scale is no longer linear on X-axis
  • Mainly used to identify long term major support and resistance. Resistanceအတွက် Cross (X)တွေရဲ့ အပေါ်ဘက်ကို ဆက်ဆွဲပါ။ Supportအတွက် Circle(O)တွေရဲ့ အောက်ဘက်ထိပ်ကို ဆက်ဆွဲပါ။
  • Better to use charting software help to draw P&F
  • P&Fရဲ့ အဓိက အားနည်းချက်ကတော့ အချိန်ပါပဲ။ ဘယ်အချိန်မှ Major resistance/supportတစ်ခုကို ပြန်ထိမလည်းဆိုတာ P&Fသုံးပြီးမှန်းလို့မရနိုင်ပါဘူး။
  • P&Fကို ကျွန်တော်သုံးလေ့ရှိတာကတော့ Priceဟာ Major resistance/supportနား ရောက်နေပြီလားဆိုတာကို Verifyလုပ်ဖို့ပါပဲ။
  • P&Fချည်းပဲသုံးဖို့မသင့်တော်ပါဘူး။ တခြား Technical Analysisနည်းတွေနဲ့ တွဲသုံးသင့်ပါတယ်။

Happy Charting.

27 September 2010

Rally on the Thin Ice

အချိန်မကုန်ခံချင်သောသူများအတွက် ဒီပထမစာကြောင်းပဲ ဖတ်ဖို့လိုမယ် - Take profit very soon. ဒီSeptemberလဆန်းကတည်းက စခဲ့တဲ့ Rallyဟာ တချို့နေ့တွေမှာ not-so-bad economic reportတွေပေါ်မှာ baseထားပြီး တက်လာတာဖြစ်ပေမယ့် အခုလကုန်ပိုင်းမှာ တဖြည်းဖြည်းနဲ့ သံသယရှိချင်စရာဖြစ်လာပါတယ်။ ဘာလို့လည်းဆိုတာ အဓိကနှစ်ချက်ရှိပါတယ်။

QE II - buzz word of the month
QE II ဆိုတာ Quantitative Easing (second round)လို့ ဆိုလိုပါတယ်။ QE Iကတော့ မနှစ်က တခါလုပ်ပြီးပါပြီ။ QEဆိုတာ တကယ်တမ်းတော့ Money printingကို စကားလှအောင်လုပ်ထားတာပါ။ US Federal Reserveဟာ USရဲ့ Second quarter growthနဲ့ အခုThird quarterမှာ ဖြစ်နေတဲ့ growthအပေါ်မှာ အားမရပါဘူးလို့ Fed meeting minutesတွေထဲမှာ ဆိုပါတယ်။ Consumer spending အားနည်းတာကြောင့် Inflationကိုအသာထားပြီး Deflationမဖြစ်ရအောင် စောင့်ကြည့်နေရတယ်လို့ ဆိုပါတယ်။ Government stimulus programတွေဟာ ထိရောက်မှု အားနည်းနေတာကြောင့် Fedဟာ ပိုက်ဆံရိုက်ထုတ်ပြီး ကိုယ့်အစိုးရBondကို ကိုယ်ပြန်ဝယ်ဖို့ Annouceလုပ်ပြီးသားပါ။ August meetingအပြီးတုံးက US Treasury Notesတွေ ထဝယ်လိုက်ပါသေးတယ်။ Treasuryတွေရဲ့ ပေါက်ဈေးဟာ သူတို့ဆီကရတဲ့ အတိုးနှုန်း (Yield)နဲ့ ပြောင်းပြန်အချိုးကျပါတယ်။ လွယ်လွယ်မှတ်ချင်ရင်တော့ Treasury Demandများလေ၊ Yieldကျလေလို့ မှတ်ထားနိုင်ပါတယ်။ အဲဒီ့ Yieldဟာ Home Loan interest rateတွေကို directly အကျိုးသက်ရောက်မှုရှိပါတယ်။ Fedက ဖြစ်ချင်တာက သူတို့က Yieldတွေကျအောင် Treasuryတွေလိုက်ဝယ်မယ်၊ ဒါမှ Mortgage rateတွေ၊ Credit card rateတွေ ကျပြီး Consumer spendingကို Stimulateဖြစ်စေချင်တာပါ။ ဒါက ဖြစ်ချင်တာ၊ အခုဖြစ်နေတာတွေကို ဆက်ကြည့်ရအောင်။
...

Technicals - suddenly everyone hates USD
September 21မှာ Fedက Inflationဟာ တိုင်းပြည်ရဲ့ Growthအတွက် အားရလောက်တဲ့ Levelရောက်မနေပါဘူး၊ သူတို့ဟာ လိုအပ်သလို QEကို လုပ်ချင်လုပ်မယ်ဆိုတဲ့သတင်းဟာ Fed meeting outcomeအနေဲ့ ထွက်လာပါတယ်။ ဒီသတင်းမထွက်ခင်ကတည်းက Hotနေတာကတော့ Goldပါ။ Gold December Futures contract ဈေးဟာ all-time high recordတွေကို တနေ့ပြီး တနေ့Brokeနေခဲ့တာ အခုထက်ထိကို မရပ်သေးပါဘူး။ ဘာလို့ Goldတက်ရသလည်းဆိုတော့ USDဟာ QEသတင်းကောလဟာလထွက်လာကတည်းက တန်ဖိုးကျနေခဲ့လို့ပါပဲ။ USDဈေးကျလေ၊ Foreign tradersတွေဟာ USDနဲ့ရှင်းရတဲ့ ရွှေအစရှိတဲ့Commoditiesတွေကို ပိုဝယ်နိုင်ပါတယ်။ ဒါ့အပြင် QEဟာ နောက်ဆုံးတော့ Inflationဖြစ်အောင်လုပ်တဲ့ Actionဖြစ်လို့ အကောင်းဆုံး Inflation hedgeဟာ Goldပါပဲ။

ရွှေလိုပဲ၊ ဆက်တိုက်တက်လာတာကတော့ Euro Dollar, Aussie Dollar, Japan Yenအစရှိတဲ့ currencyတွေပါပဲ။ Exportကိုပဲအားကိုးရတဲ့ Japanလိုတိုင်းပြည်ဟာ Yenဈေးတက်တာ မကြိုက်ပါဘူး။ ဒါကြောင့် Yenအတက်ကြမ်းလာလို့ Bank of Japan (BOJ)ဟာ Marketထဲမှာ Yenတွေ Billion, Trillionနဲ့ချီပြီး ဈေးကျအောင် ချရောင်းပါတယ်။ USDကိုလည်း လိုက်ဝယ်ပါတယ်။ ဒါပေမယ့် ထိရောက်မှုကတော့ Limitedဖြစ်ပါတယ်။

Dow Jones Industrial Average, S&P500အစရှိတဲ့ Major Indexတွေဟာ အပေါ်ယံကြည့်လိုက်ရင်တော့ US Summer Trading Rangeကို ဖောက်ထွက်နေပြီလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် တကယ်သံသယဖြစ်ရမှာက Does this rally deserve to continue? ကျွန်တော့်ရဲ့ Personal အမြင်ကတော့ "No". QEစကားထွက်လာရတာကိုက US Ecnonomyဟာ ထင်ထားသလောက် နာလန်ထူမလာလို့ဖြစ်ပါတယ်။ Stock marketကတော့ Free moneyကို ကြိုက်တာပေါ့။ Liquidityများလေ၊ Wall Stဟာ အတိုးနှုန်းနည်းနည်းနဲ့ Fedဆီကယူပြီး Marketထဲမှာ များများဖြုန်းနိုင်လေပါပဲ။ အဓိက အဲဒီ့အချက်ကြောင့် ဒီRallyဟာ ဒီလောက်အထိသက်ဆိုးရှည်နေတာဖြစ်ပါတယ်။

So, what's the trade
အခုမှ ဒီRallyထဲကို ခုန်မဝင်ပါနဲ့တော့။ Too late. ကျွန်တော့်Analysisဟာ မှားနိုင်ပါတယ် - Free money affect can last long!!! ဒါပေမယ့် Dowဟာ 11,000ထက်တော့ သွားစရာအကြောင်းမရှိဘူးလို့ ခန့်မှန်းနိုင်ပါတယ်။ ဒီလထဲမှာ ရယ်ရမှာက Economic reportတွေဟာ သိပ်လည်းမကောင်း၊ Fedက QEလုပ်ရလောက်အောင် အရမ်းလည်းမဆိုးရင် QEကို Priced-inလုပ်ထားတဲ့ Marketဟာ Sell-offစပါလိမ့်မယ်။ ဒါကြောင့် Bad dataထွက်လာတဲ့နေ့တွေမှာ Market မကျရင် မအံ့သြပါနဲ့။ Wall Stဟာ သူ့ပထွေး Bernankeက ပေးမယ့် ပိုက်ဆံရဖို့ သေချာလေ၊ ကြိုက်လေပါပဲ။

စောင့်ကြည့်ရမှာက ဒီQE euphoriaဘယ်လောက်ကြာအောင် ဆက်သွားမလည်းဆိုတာပါပဲ။ အချိန်တန်ရင်တော့ Marketဟာ Overboughtဖြစ်နေပြီ၊ တက်စရာလမ်းက Short-termမှာတော့ ကုန်နေပြီဆိုတာ သိလာကြတာနဲ့အမျှ Profit-takingကနေစပြီး Sell-off စပါလိမ့်မယ်။ အဲဒီ့အချိန်ဟာ Shortsတွေစလုပ်ရမယ့်အချိန်ပါပဲလို့။

Happy Trading!
Market can be irrational longer than you can stay solvent

27 July 2010

Triangles

ဒီPostမှာတော့ Triangle Breakout ဆိုတဲ့ Techniqueတစ်ခုကို Dow Jones Industrial Average Indexကို ဥပမာအနေနဲ့သုံးပြီး ကျွန်တော်ပြောပြပါမယ်။ Money Flow Indexရေးပြီးကတည်းက Technical Analysisအသစ်တွေအကြောင်း မရေးဖြစ်တာတောင် နည်းနည်းကြာနေပြီ။ အောက်မှာ DJIရဲ့ Technical Chartကို အရင်ကြည့်လိုက်ပါ။ Candleနဲ့ MACD chartတွေမှာ Triangle ပုံစံဖြစ်နေတာတွေ့ပါလိမ့်မယ်။

Triangle Breakoutဟာ တကယ်တော့ တော်တော်လွယ်ပါတယ်။ အပေါ်မှာပြထားတဲ့အတိုင်း High တွေဟာ နိမ့်နိမ့်လာပြီး၊ Lowတွေဟာ မြင့်မြင့်လာတဲ့အခါမှာ Downtrendလိုင်းရော Uptrendလိုင်းရော ဆွဲလို့ရလာပါတယ်။ နောက်ဆုံးတော့ ဒီလိုင်းနှစ်လိုင်းဟာ ဆုံသွားပါလိမ့်မယ်။ အဲဒီ့အချိန်မှာ Priceဟာ Triangleထိပ်ရဲ့အပေါ်ဘက်ကို Breakoutဖြစ်သွားလား၊ အောက်ဘက်ကိုBreakoutဖြစ်သွားလား ဆိုတာကို ကြည့်ရပါမယ်။ အပေါ်ဘက်ဆိုရင် Obviously Bullish၊ အောက်ဘက်ဆိုရင်တော့ Bearishဖြစ်ပါမယ်။

Crowd Psychologyကတော့ ခက်သလိုလိုနဲ့တော်တော်လွယ်ပါတယ်။ Triangleပုံတဖြည်းဖြည်း ပေါ်လာတာနဲ့အမျှ Bearsနဲ့ Bullsတွေဟာ အားပြိုင်နေကြတယ်လို့ Translateလုပ်နိုင်ပါတယ်။ Bearတွေဟာ Highတွေကို ဖိချနေပေမယ့် Bullတွေဟာလည်း Lowတွေကို Higher Lowဖြစ်အောင် ပင့်တင်နေကြပါတယ်။ နောက်ဆုံးတော့ ပုံထဲကလိုမျိုး အပေါ်ဘက်ကို Breakoutဖြစ်သွားတာဟာ Bearတွေဟာ Tiredဖြစ်သွားပြီး Bullတွေဟာ အားသာသွားပြီလို့ ကောက်ချက်ချနိုင်ပါတယ်။ အောက်ဘက်ဆိုရင်တော့ ပြောင်းပြန်ပေါ့။

အခုဆိုရင် DJIဟာ Bullish Triangle Breakoutဖြစ်နေပါတယ်။ EMA200အပေါ်ဘက်ကိုလည်း လွတ်လွတ်ကျွတ်ကျွတ် ပြန်ရောက်သွားပါပြီ။ 80%လောက် Corporate Earningsတွေဟာလည်း တော်တော်လေးကောင်းနေတဲ့အတွက် Near term market outlookဟာ Bullishဖြစ်ပေမယ့် ဘယ်Techniqueမှ Market Directionကို တထစ်ချမပြောနိုင်တာမို့ သတိတော့ထားပါလို့။

Happy Trading!

28 April 2010

Market Update - 27/04/2010


Goldman Sachs Circus
Goldman Sachs CEOနဲ့ တခြား အရေးပါတဲ့လူတွေအားလုံးလိုလို ဒီနေ့ Senate Investigation Subcommitteရှေ့မှောက်မှာ Subprime Mortgage Crisisတုန်းက သူတို့ရဲ့ လုပ်ပုံလုပ်နည်းတွေဟာ Ethicalဖြစ်ရဲ့လားဆိုပြီး ခေါ်အစစ်ခံရပါမယ်။ ဒီPostကို အဲဒါကြည့်ဖို့ စောင့်နေတုန်းရေးနေတာပါ။ Maretဟာ GS CEO Blankfien ဘယ်လိုများ ဖြေရှင်းချက်တွေပေးမလည်းလို့ စောင့်ကြည့်နေကြပါတယ်။ GSနဲ့ အစိုးရကြားက Tensionပိုများများလာမယ့် အရိပ်အယောင်ရှိရင်တော့ ဒီနေ့ညတော့ ဘဏ်တွေ Sell-offဖြစ်မှာ သေချာသလောက်ရှိပါတယ်။ မနေ့ကတည်းကတော့ စနေပါပြီ။ မနေ့က Financial Reform Billအတွက် Senateမှာ Voteလုပ်တာ Democratတွေ ပွဲဦးထွက်တော့ ရှုံးသွားပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့ ဒီBillဟာ Adjustmentsတွေ လုပ်ပြီးတာနဲ့ Passဖြစ်သွားမှာပါ။ ဘာလို့လည်းဆိုတော့ Republicanတွေဟာ Publicရဲ့ အမြင်မှာ Wall Stကို Protectလုပ်နေတယ်လို့ အမြင်မခံနိုင်ပါဘူး။ အခုလာမယ့် နှစ်ကုန်ပိုင်းမှာ Electionတွေကလည်း ရှိတော့ သူတို့ဟာ နောက်ဆုံးတော့ Yesပြောရမှာပါပဲ။ သူတို့ပြင်ချင်တဲ့ တချို့အပိုင်းတွေ Democratတွေက နည်းနည်းလျော့ပေးတာနဲ့ အဆင်ပြေသွားမှာပါ။
...


Unthinkable is very possible
ပြီးခဲ့တဲ့အပတ် Correction Warningရေးတုန်းက Greeceအစိုးရဟာ အိုက်တင်ကောင်းကောင်းနဲ့ EU-IMF bailout packageကို မလိုဘူးလို့ ငြင်းနေတုန်းပါ။ မကြာပါဘူး၊ ပေးပါဦး ထဖြစ်တာပါပဲ။ Euro countryတွေရဲ့ Deficit Crisisမှာ အခုBail outလုပ်တာ OKသွားရင်တောင် နောက်နှစ်တွေအတွက် ဘာမှPlanမရှိပါဘူး။ Greekတွေဟာလည်း သူတို့ Governmentက လက်ဖြန့်တောင်းတာကို မကြိုက်လို့ ဒီနေ့ Transport Workersတွေဟာ Strikeကြပြန်ပါပြီ။ Portugal Government Bond Yieldတွေဟာလည်း Greece Crisisအဖျားရိုက်ခံရပြီး မနေ့ကစပြီး ခုန်တက်သွားပါတယ်။ German Chancellor Angela Merkelကလည်း တကယ်တမ်းအတောင်းခံရတော့ လွယ်လွယ်တော့ မရဘူး၊ ပိုပြီး Deficit Cuttingတွေလုပ်မယ်ဆိုတာ သက်သေပြရမယ် ဘာညာ လျှောက်ပြောနေပါတယ်။ Mayလဆန်းမှာ Electionရှိတဲ့ Merkelဟာ Germanတွေရဲ့ အမြင်မကြည်လင်တဲ့ဒဏ်ကို ခံနေရတာ ကြာပါပြီ။ သူကသာ အခုလွယ်လွယ်နဲ့ Billionနဲ့ချီတဲ့ Euroတွေ ထုတ်ချေးလိုက်ရင် ရွေးကောက်ပွဲအလားအလာ သိပ်မကောင်းနိုင်ပါဘူး။ တကယ့်ပြဿနာက Greek Goverment Bondတချို့ဟာ Mayလထဲမှာ Matureဖြစ်ပါမယ်။ ဆိုလိုတာက Euroတွေ Billionနဲ့ချီပြီး ပြန်ဆပ်စရာတွေ ရှိပါတယ်။ Germanတွေဆီက အချိန်မှီသာ အကူအညီမရရင် လွန်ခဲ့တဲ့လက ဘယ်သူမှ မဖြစ်နိုင်ဘူးပြောတဲ့ Greece Default ကိစ္စဟာ ဖြစ်နိုင်စရာအလားအလာရှိပါတယ်။ အခုရေးနေတဲ့ အချိန်မှာတင် Greek Government Bond Yieldတွေဟာ တရိပ်ရိပ်တက်နေပါတယ်။


SHI - Already being corrected
Chinaမှာလည်း Property Bubbleကို Containလုပ်ဖို့ အစိုးရဟာ နေ့တိုင်းလိုလို စည်းကမ်းတခုပြီးတခု ဆက်တိုက်ထုတ်နေပါတယ်။ ပြီးခဲ့တဲ့ အပတ်က 4.79% downပြီး ဖွင့်ခဲ့တဲ့ Shanghai composite index (SHI)ဟာ ဒီနေ့ နောက်ထပ် 2% ထပ်ကျသွားပါတယ်။ SHIဟာ EMA30အောက်ကနေ ပြန်မတက်နိုင်တာ တစ်ပတ်ရှိသွားပါပြီ။ SHIနဲ့ ဆက်စပ်နေတာကတော့ Hang Seng Index (Hong Kong)ပါ။ HSIဟာ တရုတ်အစိုးရရဲ့ Policyဒဏ် ကောင်းကောင်းခံရတဲ့ Another Indexဖြစ်ပါတယ်။ HSIဟာ April 12ကတည်းက Down trendစနေတာပါ။


Summary
Down trendစဖို့ကျန်နေတာကတော့ US Indexတွေပါပဲ။ အခုတလောထွက်လာတဲ့ US economic dataတွေနဲ့ Corporate Earningsတွေဟာ တော်တော်လေး ကောင်းပါတယ်။ ဒါကြောင့် US Marketဟာ တော်တော်လေး တောင့်ခံနေတာပါ။ မနေ့ညက DJI Closeဟာ Flatဖြစ်ပြီး S&P500ကတော့ စပြီးအနီပြသွားပါတယ်။ Marketထဲမှာ Short Interestတွေ ပိုများလာပါတယ်။ ကျွန်တော့်ရဲ့ Short-term opinionကတော့ still Bearishပါပဲ။ US marketတွေဟာ နောက်ဆုံးတော့ major trading partnerတွေဖြစ်တဲ့ EUနဲ့ Chinaက ပြဿနာတွေရဲ့ ဂယက်ရိုက်တဲ့ဒဏ်ကို အနည်းနဲ့အများတော့ ခံကြရမှာပါပဲ။ Corporate Earningတွေဟာ ဒီ Second Quarterမှာ First Quarterလောက် မကောင်းနိုင်တော့ဘူးဆိုတဲ့ Idea marketထဲမှာ စဝင်လာတာနဲ့ Volatilityဟာ အစွယ်ပြပါလိမ့်မယ်။ ကဲ.. Goldman Sachsရဲ့ Hearingစပြီမို့ ကြည့်လိုက်ဦးမယ်။ ကျွန်တော့်ရဲ့ Analysisတွေဟာ မှားချင်မှားလာပါလိမ့်မယ်။ But at this point, do you want to be a buyer or seller?

Happy Shorting!



19 April 2010

Correction Warning - 19/04/2010

ကျွန်တော် Marchလကုန် Aprilလဆန်းကတည်းက Tradersတွေကို Profit Takingလုပ်ဖို့ အချိန်တန်ပြီလို့ Signalပေးခဲ့ပါတယ်။ အဲဒီ့Postထဲက အချက်တွေဟာ အခုဖြစ်နေတဲ့အပြင် ပိုဆိုးစေမယ့် ကိစ္စတွေပါဖြစ်နေပါတယ်။ ဒါကြောင့် ဒီတစ်ပတ်က စပြီးLong Term Investorတွေအပါအဝင် ကိုယ့်ရဲ့ Nest Eggလေးတွေကို သေချာစောင့်ကြည့်ပြီး ရောင်းသင့်တယ်ထင်ရင် ရောင်းပါလို့ ပြောချင်ပါတယ်။

US - Goldman Sachs
အားလုံးသိပြီးသားမို့လို့ အသေးစိပ်ပြောစရာမလိုတော့ပါဘူး။ GSနဲ့ US Governmentရဲ့ Show Downဟာ Uncertaintyနဲ့ Fearကို မီးထိုးပေးနေပါတယ်။ လွန်ခဲ့တဲ့ သောကြာနေ့ကမှ စတာမို့ ဒီတစ်ပတ်တော့ သေချာစောင့်ကြည့်ရပါမယ်။ သေချာသလောက်ရှိတာက Marketတွေဟာ Overboughtဖြစ်နေရာကနေ Pull backဖြစ်ဖို့ ရမယ်ရှာနေရာကနေ Reasonကောင်းကောင်းရသွားတာပါပဲ။ GSရဲ့ Affectဟာ အနည်းဆုံးတော့ Financial Firmsတွေကို ထိပါလိမ့်မယ်။
...

Europe - Volcanic Ash and Greece Bond Yield
Europe Airspaceအတော်များများဟာ Icelandကောင်းမှုကြောင့် လေယာဉ်တွေကို Groundedလုပ်ထားတာ 9/11တုန်းကထက်တောင် ကြာနေပါတယ်။ ဒီလိုရပ်ထားရတာဟာ ကြာလာတာနဲ့အမျှ Europeရဲ့ Economic Recoveryကို ထိခိုက်စေတယ်လို့ဆိုပါတယ်။ သေချာတာကတော့ Investorတွေဟာ EU-IMF Greece Bailout Packageကို အယုံအကြည်သိပ်မရှိကြပါဘူး။ ဒီနေ့ညနေပဲ Greece Government Bond Yieldနဲ့ German Government Bond Yield Gapဟာ widestအဖြစ်ဆုံးဖြစ်သွားပါတယ်။ ဒါဟာဘာကိုပြသလည်းဆိုတော့ Investorတွေဟာ Greece government ရဲ့ Budget Deficit Cutting planအပေါ် သံသယအများကြီးရှိတာကို ပြပါတယ်။ Bail out packageဟာလည်း အပြောလွယ်သလောက် တကယ်အတည်ပြုဖို့ကျတော့ ဥပမာ Germanyလိုတိုင်းပြည်ဟာ လွှတ်တော်ရဲ့ထောက်ခံချက်ရဖို့လိုတယ် ဘာညာတွေသိပ်များပါတယ်။ ဒါတွေကြောင့် တကယ်တမ်း Greeceက အကူအညီတောင်းလာရင်တောင် တကယ့်ပိုက်ဆံရဖို့ကတော့ တော်တော်ခက်မယ်လို့ ခန့်မှန်းကြပါတယ်။

China - Preventing Property Bubbles
Chinaမှာလည်း ဒီနေ့ပွဲကြမ်းနေတယ် - တရုတ်အစိုးရဟာ သတ်မှတ်ထားတဲ့စည်းကမ်းမပြည့်မှီရင် အိမ်အရောင်းအဝယ်ပေးမလုပ်တဲ့အထိ တင်းကျပ်နေပါတယ်။ တရုတ်တွေဟာ ပိုက်ဆံများလွန်းတဲ့ ပြဿနာဖြစ်နေတာကြာပါပြီ။ ပိုက်ဆံပေါပြီး မြို့ပြတွေတည်တာ မှိုလိုပေါက်လာတော့ Property Bubbleမသိမသာဖြစ်လာတာကို တရုတ်အစိုးရဟာ Acknowledgeလုပ်နေရပါပြီ။ ဒီနေ့ဆိုရင် Shanghai Composite Indexဟာ ၄.၇၉%ပြုတ်သွားပါတယ်။ ကျွန်တော်ရိုက်တာ မမှားပါဘူး - ၄.၇၉%ပါ။ Bank Lendingတွေကို တင်းကျပ်လွန်းလာတာကြောင့် Businessတွေကို ဂယက်ရိုက်နိုင်တယ်ဆိုတဲ့ Fearကြောင့်ပါ။

What do we do now as traders?
စာဖတ်သူဟာ ကျွန်တော့်လိုပဲ Regular traderဆိုရင်တော့ ဘယ်Stockကို Shortရမလည်း စကြည့်သင့်နေပါပြီ။ Shortingလုပ်တယ်ဆိုတာ မသိတဲ့သူတွေကို တိုတိုပြောရရင် Market ကျတဲ့အချိန်မှာ အမြတ်အစွန်းရအောင်လုပ်တဲ့ trading strategyတစ်ခုပါ။ Traderမဟုတ်ပဲ Long-term investorဆိုရင်တော့ Market Correctionဖြစ်ခဲ့ရင် Bottoming out ဖြစ်တဲ့အချိန်မှာ ပြန်ဝင်ဖို့ activelyစောင့်ကြည့်နေပါ။ ဒီBlogမှာလည်း ကျွန်တော်Updateတွေ တင်သွားပါ့မယ်။

 Happy Shorting!


Reply : Oracle and SAP

ပရိသတ်တစ်ယောက်က SAPနဲ့ Oracleကို စိတ်ဝင်စားလို့ နည်းနည်းAnalysisလုပ်ပေးပါလို့ Emailပို့လာပါတယ်။ ကုမ္ပဏီနှစ်ခုလုံးဟာ Fundamentally ခပ်ဆင်ဆင်ပါပဲ။ အောက်မှာ နှိုင်းယှဉ်ပြထားပါတယ်။


Oracle (ORCL)
SAP (SAP)
Price as of 16/04/2010
25.95
48.62
Price to Earnings P/E
23.40
23.10
Price to Book value P/B
4.57
4.75
Annual Dividend yield
0.8%
1.03%

...
တူသလိုလိုရှိပေမယ့် Cashflow Statementတွေကို နှိုင်းယှဉ်ကြည့်တော့ Oracleဟာ SAPလောက် Strong မဖြစ်တာကို တွေ့ရပါတယ်။ Oracleဟာ 28 February 2010မှာကုန်တဲ့ Quarterly Statementအရ မူးနေတဲ့ သင်္ဘောသား ကုန်းပေါ်ရောက်သလို သုံးနေတာတွေ့ရပါတယ်။ Acquisitionsတွေဟာ Oracleအတွက် ငွေထွက်နှုန်း တရကြမ်းဖြစ်အောင် ဖန်တီးနေပါတယ်။ SAP Cashflowကတော့ Oracleလို အနှုတ်မပြပဲ သင့်တော်တဲ့ Amountရှိပါတယ်။

Technicalပိုင်းကို ကြည့်ရအောင်။ Chartist perspectiveအရတော့ SAP chartက ပိုပြီး Trendကို maintainလုပ်ထားနိုင်တာတွေ့ရပါတယ်။ ဒါပေမယ့် နှစ်ခုလုံးကတော့ Bearish Divergence signalတွေပြနေပါတယ်။ ဒီတော့ Chartထဲမှာ ပြထားတဲ့ Supportလိုင်းတွေကို Correctဖြစ်တဲ့အထိ စောင့်ပြီးမှ ဝယ်ပါလို့ တိုက်တွန်းချင်ပါတယ်။


Long Termအတွက်ကတော့ Oracleဟာ ပိုသင့်တော်မယ်ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ Oracleရဲ့ Business Modelဟာ ပိုပြီး Diversifiedဖြစ်လို့ပါပဲ။ Oracleဟာ Databaseပဲ ထိုင်ရောင်းနေတဲ့ companyမဟုတ်တော့ပါဘူး။ Recent Acquisitionတွေဟာ Oracleကို ပိုက်ဆံကုန်စေခဲ့ပေမယ့် နောက်တစ်နှစ်လောက်ကစပြီး Earningsတွေဟာ ပိုကောင်းလာမှာပါ။ အဲဒီ့အခါမှာ Dividendနဲ့ P/Eဟာလည်း Earningနဲ့အညီလိုက်တက်လာရမှာ ဖြစ်ပါတယ်။ ဒါတွေကြောင့် Oracleကို ကျွန်တော့်အနေနဲ့ ပိုကြိုက်တယ်လို့ ပြောချင်ပါတယ်။

Happy Investing!

08 April 2010

Combining Crowd Thinking with Crowd Commitment

ဒီအပတ်တော့ Technical Analysis methodတစ်ခုအကြောင်းပြောချင်ပါတယ်။ အခုတလော Market Updateတွေပဲရေးတာ များနေတာလည်း ပါပါတယ်။ အဲဒီ့Indicatorကတော့ Money Flow Index (MFI) လို့ ခေါ်ပါတယ်။ Laszlo Birinyi, Jr. ဆိုတဲ့သူက တီထွင်ခဲ့တာပါ။ MFIကို တွက်ဖို့ Priceရော၊ Volumeရော သိရပါမယ်။ MFIကိုတွက်ဖို့က နည်းနည်းတော့ ပေရှည်ပါတယ်။ ဒါပေမယ့် Charting Softwareတွေ၊ Web Siteတွေ တော်တော်များများမှာ Standard အနေနဲ့ ပါပြီးသားပါ။ ဒါပေမယ့် ဘယ်လိုတွက်လည်းဆိုတာသိရင် ပိုနားလည်ပါလိမ့်မယ်။

...
MFI Formula အဆင့်ဆင့်
၁. Average Price = (High + Low + Close) / 3
၂. Money Flow = Average Price x Volume
၃. ဘယ်နှစ်Periodအတွင်းဖြစ်ခဲ့တဲ့ Money Flowကိုတွက်မလည်းဆိုတာ သတ်မှတ်ပါ။ 14-periodဟာ အသုံးအများဆုံးပါ။
၎. Positive Money Flow = နံပါတ်၃မှာ သတ်မှတ်ထားတဲ့ No. of Periodsအတွင်းမှာ Average Priceတစ်ခုစီဟာ Previous Average Priceထက် ပိုကြီးတယ်ဆိုရင် အဲဒီ့ Average Priceတွေကို ပေါင်းသွားပါမယ်။ (Cumulative Total, in other word)
၅. Negative Money Flow = နံပါတ်၃မှာ သတ်မှတ်ထားတဲ့ No. of Periodsအတွင်းမှာ Average Priceတစ်ခုစီဟာ Previous Average Priceထက် ပိုငယ်တယ်ဆိုရင် အဲဒီ့ Average Priceတွေကို ပေါင်းသွားပါမယ်။ (Cumulative Total, in other word)
၆. Money Ratio = Positive Money Flow / Negative Money Flow
၇. Money Flow Index (MFI) = 100 - (100 / (1+ Money Ratio))

MFI Formula Step 7ဟာ MFIရဲ့ Valueတွေကို ၀-၁၀၀အတွင်းပဲ Range Boundဖြစ်နေအောင် Designလုပ်ထားတာပါ။ MFI value 20ကို Oversold (Bullish)လို့ သတ်မှတ်ပြီး MFI value 80ဖြစ်နေရင် Overbought(Bearish) ဖြစ်နေတယ်လို့ Trading Signalတွေ ယူနိုင်ပါတယ်။ MFI 20ဖြစ်နေရင် Stockတစ်ခုကနေ ငွေတော်တော်များများ ထွက်ပြီးသွားပြီလို့ဆိုလိုပါတယ်။ 80ဆိုရင်တော့ ငွေတော်တော်များများဝင်ပြီးနေပြီမို့ Traderတွေဟာ Profit-takingလုပ်ဖို့ တာစူနေလောက်ပြီလို့ ခန့်မှန်းနိုင်ပါတယ်။ Oversold / Overboughtမှာ သတိထားရမှာက Stockရဲ့ Fundamental Dataတွေက အရမ်းဆိုးရွား/ကောင်းမွန်နေရင် ဆက်ပြီး Oversold / Overboughtဖြစ်နေနိုင်ပါတယ်။ တခြား Technical Analysis Techniqueတွေနဲ့ တွဲပြီး Trading Decisionချတာဟာ ပိုစိတ်ချရပါတယ်။ Common senseဟာလည်း အရေးကြီးပါတယ်။ Fundamentally Strongဖြစ်တဲ့ Stockတစ်ခုဟာ ပြဿနာကြီးကြီးမားမားမရှိပဲ Oversold / Overboughtဖြစ်နေပြီဆိုရင် Reversalဖြစ်ဖို့ သေချာသလောက်ရှိပါတယ်။

အောက်မှာ Dow Jones Industrialရဲ့ Candle Chart, MFIနဲ့ MACD_H chartတွေကို ပြထားပါတယ်။ MFIဟာ ၁၄ရက်ပေါ်မှာ အခြေခံထားတာပါ။ MFIနဲ့ MACD chartတွေဟာ Up trendလိုဖြစ်နေတဲ့ Candle Chartရဲ့ ဆန့်ကျင်ဘက် Trendကို ပြနေပါတယ်။ ဒီလိုဖြစ်နေတာကို Bearish Divergenceဖြစ်နေတယ်လို့ ခေါ်ပါတယ်။ Bearish Divergence Trend Lineကိုဆွဲရင် MFIလိုင်းရဲ့ Peakတွေကို ထိပြီးဆွဲသွားပါမယ်။ Bullish Divergence Trendကို ရဖို့ကတော့ Trough (V-shape bottom)တွေကို ဆက်ပြီးဆွဲပါမယ်။

Stockတစ်ခုရဲ့ ဈေးဟာ Investorတွေက ဘယ်လောက်တန်တယ်လို့ သတ်မှတ်တဲ့ Thinking ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ့ Thinkingကို လူဘယ်နှစ်ယောက်က သဘောတူကြလည်းဆိုတာကတော့ Commitmentဖြစ်ပါတယ်။ ဒါကြောင့် Priceကို what the crowd thinksလို့ ခေါ်ပြီး Volumeကိုတော့ what the crowd commitsလို့ ခေါ်ပါတယ်။ Priceရော Volumeရောသုံးထားတဲ့ MFI Indexဟာ အမြဲတမ်းတော့ မမှန်နိုင်ပေမယ့် ရာခိုင်နှုန်းတော်တော်များများကို အသုံးဝင်အောင် မှန်ကန်ပါတယ်။ MACD_Hလို indicatorမျိုးကတော့ Price actionကိုပဲ Analysisလုပ်တာမို့လို့ MFIလို Indicatorလောက် Crowd Psychologyကို ကောက်ချက်ချရာမှာ စိတ်သိပ်မချရပါဘူး။ Traderတစ်ယောက်အနေနဲ့ အဓိကစောင့်ကြည့်ရမှာက Divergenceတွေကို ကြည့်ရမှာပါ။ Indicator တစ်ခုထက်ပိုပြီး Divergence Signalတွေပေးနေပြီဆိုရင် လုပ်သင့်တာကို မြန်မြန်သာလုပ်ပေတော့။ ဒီလောက်ဆိုရင် ပြီးခဲ့တဲ့အပတ်က Sellလို့ပြောခဲ့တဲ့ ကျွန်တော့်ရဲ့ Recommendationကို အထောက်အကူပေးခဲ့တဲ့အထဲမှာ MFIဟာ တစ်ထောင့်တစ်နေရာကနေ ပါခဲ့တယ်ဆိုတာ သိလောက်ပါပြီ။

Happy Trading!

31 March 2010

Sell - 03/31/2010

Tradersအားလုံးအတွက် Today or Tonight (depending on where you are) recommendationကတော့ Sellပါပဲ။ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက ဝယ်ထားပြီး ကိုင်ထားသမျှ ရောင်းသာထုတ်ပေတော့။ ဘာလို့ရောင်းသင့်လည်းဆိုတာ အောက်မှာရှင်းပြထားပါတယ်။

Major Indices
Major Indexအားလုံးလိုလိုဟာ သိပ်အခြေအမြစ်မကောင်းလှတဲ့ Fundamentalတွေပေါ်မှာ အခြေခံပြီး 18-month highတွေဖြစ်နေကြပါတယ်။ Marketထဲမှာ Short-sell interestsတွေ များများလာပါတယ်။ ဝယ်လိုအားVolume ဟာလည်း Marketတက်နေပေမယ့် တကယ်တမ်းတော့ အားလျော့နေတာကို တွေ့နေရပါတယ်။

...
Greece will have sequels
Greeceဇာတ်လမ်းဟာ ပြီးသွားပြီ မထင်ပါနဲ့။ ပြီးခဲ့တဲ့ သောကြာက EU Leadersတွေဘာညာ Agreeလုပ်ခဲ့ကြတာဟာ တကယ်တမ်းတော့ Greeceရဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ အတိုးနည်းနည်းနဲ့ Financial Marketတွေကနေ ချေးဖို့ဆိုတာ ဖြစ်မလာတဲ့အပြင် ပိုတောင်ဆိုးနေပါသေးတယ်။ Greeceအစိုးရဟာ Government Bondတွေ ထုတ်ရောင်းပြီး Investorတွေကနေ ငွေရအောင် လုပ်ယူနေရတာပါ။ ဒါပေမယ့် အခုတလော နာမည်ကပျက်နေတော့ သူတို့ပေးရတဲ့ အတိုးနှုန်းဟာ စိတ်ချရတယ်ဆိုတဲ့ German Government Bondတွေထက် နှစ်ဆနီးပါးလောက် ပေးနေရတော့ ရေရှည်အတွက် မကောင်းနိုင်ပါဘူး။ Investorတွေဟာ Riskပိုများတဲ့ အစိုးရဆီက ပိုပြီးInterestလိုချင်တာ မထူးဆန်းပါဘူး။ မနေ့ညကဆို 12-year bondတွေကို Euro 1billionရမလား ဆိုပြီး ထုတ်ရောင်းတာ Euro 390millionပဲရပါတယ်။ ၄၀%ပဲ စိတ်ဝင်စားခံရတဲ့သဘောပါ။ ဒါဟာ မကောင်းတဲ့ အလားအလာပါ။ Investorတွေဟာ Greeceအစိုးရကို ပိုပြီးသိပ်မယုံတော့ဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။ Greeceဟာ လိုအပ်တဲ့ Fundingကို အတိုးနှုန်းများများနဲ့တောင် မရနိုင်တော့တဲ့ ပုံစံဖြစ်ပါတယ်။

Fed stops purchasing MBS as of April 1st
MBSဆိုတာ Mortgage-Backed Securitiesလို့ ဆိုလိုပါတယ်။ အလွယ်ကူဆုံးနားလည်အောင်ပြောရရင် MBSတွေဟာ Home Loan provider/lenderက အိမ်ကြွေးတွေကို Stockပုံစံပြောင်းပြီးထုတ်ရောင်းခံရတဲ့ Financial productပါပဲ။ Lenderတွေဟာ ကျွန်တော်တို့လို အိမ်ဝယ်ဖို့ ချေးတဲ့သူတွေကို ထုတ်ချေးဖို့ ပိုက်ဆံကို MBSပုံစံပြောင်းပြီး Fundingရအောင်ယူကြပါတယ်။ ဒီလိုနည်းနဲ့ပဲ Subprime mortgage crisisဖြစ်ပြီး Americaမှာ financial crisisစဖြစ်ခဲ့တာပါ။ Crisisနောက်ပိုင်းမှာ Private Investorတွေဟာ MBSဆိုရင် လန့်ပြီး တော်ရုံလူကတော့ Investမလုပ်ချင်ကြတော့ပါဘူး။ အဲဒီအခါမှာ Fannieတို့ Freddieတို့တွေမှာ Funding Liquidityရှိဖို့ Federal Reserveဟာ MBS purchase program ဆိုပြီး ဆက်တိုက်ဝယ်ပေးလာခဲ့ပါတယ်။ ဒါပေမယ့် Fedဟာ 1 trillionဖိုး သုံးပြီးနောက်မှာ အခု March 31နောက်ဆုံးပဲလို့ သတ်မှတ်ထားပါတယ်။ မနက်ဖြန်ကစပြီး MBS marketဟာ on their ownပါပဲ။ MBS demandကျသွားရင် ဘာဖြစ်မလည်းဆိုတော့ Lenderတွေဟာ Funding Liquidity / Cashflowပိုရှိအောင် အတိုးနှုန်းတင်ရပါမယ်။ အတိုးတက်တော့ နောက်ဆုံးတော့ Consumerပဲ နစ်နာပါမယ်။ Consumerတွေဟာ အိမ်ကြွေးအတွက် ပိုသုံးရရင် တခြားဟာတွေအတွက် သိပ်မသုံးနိုင်တော့သလို အဲဒါဟာ consumer-driven economyဖြစ်တဲ့ USလို တိုင်းပြည်အတွက် သိပ်မကောင်းနိုင်ပါဘူး။

First blood from the Dragon
ပြောရင်ယုံမှာတောင် မဟုတ်ဘူး။ တရုတ်အစိုးရရဲ့ Trade Balanceဟာ ဒီမတ်လမှာ Deficitစပြနိုင်တယ်လို့ Premier Wenကိုယ်တိုင်က March 22မှာ ပြောခဲ့ပါတယ်။ တရုတ်အစိုးရဟာ လိုအပ်တဲ့ လိုတိုးပိုလျော့တွေစလုပ်တော့မှာပါ။ လွန်ခဲ့တဲ့ ခြောက်နှစ်အတွင်း တရုတ်အစိုးရဟာ တခါမှာ Deficitမပြဘူးသေးပါဘူး။ Global Recoveryကို ဦးဆောင်နေတဲ့ Chinaဟာ Importတွေကို စလျော့နိုင်တာမို့ သြစတြေးလျလို တရုတ်မှီစားနေရတဲ့ တိုင်းပြည်တွေကို ဂယက်ရိုက်နိုင်ပါတယ်။

အခြားအခြား အသေးစားကိစ္စလေးတွေရှိပါသေးတယ်။ ဥပမာ ဒီနေ့ သြစတြေးလျမှာ Building Approvalတွေ ကျပြီး နှစ်လဆက်တိုက်ရှိပါပြီ။ Retail Salesလည်း ကျပါတယ်။ ဂျပန်မှာလည်း Wagesတွေ ၀.၆၀%ကျတယ်လို့ ဒီနေ့ သတင်းထွက်လာပါတယ်။ မနေ့ညက IMFဟာ Germanအစိုးရကို Budget Deficitလျော့ဖို့ သတိပေးပါတယ်။ ကိုရီးယားစစ်သင်္ဘောမြုပ်တဲ့ကိစ္စဟာ ဘာမှမဟုတ်နိုင်သလို ထင်မထားတဲ့ levelအထိကြီးထွားလာနိုင်ပြီး Regional Tensionဖြစ်နိုင်ပါတယ် (Personally, I don't think it will become a big issue)။ ဒါဟာ Second largest economyဖြစ်တဲ့ Japanကို impactရှိနိုင်ပါတယ်။ Trader mentalityရှိတဲ့သူတွေအဖို့ Marketဟာ Heavily overbought ဖြစ်နေတဲ့အချိန်မှာ ခြောက်ပတ်လောက် အမြတ်အစွန်းလေး ကောင်းကောင်းနဲ့ ကိုင်လာခဲ့တဲ့ Stockတွေကို ရောင်းလိုက်ပါလို့ တိုက်တွန်းပါတယ်။

Be fearful when everybody else is greedy - Warren Buffet

23 March 2010

Mid-week Alert - Pfizer (PFE)

ObamaCare bill အတည်ပြုပြီးမှာ သေချာတာကတော့ 32 million more Americanတွေဟာ ပိုပြီးတော့ Prescription Drugတွေကို သုံးလာမှာပါပဲ။ Healthcare bill voteမလုပ်ခင်က Drug Makerတွေဟာ Policy မသေချာမှုတွေကြောင့် Sell-off အလုပ်ခံလာရတာပါ။ Pfizerဟာ January 20မှာ Shooting Starဖြစ်ပြီးကတည်းက Sell-offအလုပ်ခံလာရတာ အခုရက်ပိုင်းအတွင်းမှာ တော်တော်လေး ရောင်းအားကျသွားပါပြီ။ ObamaCare billလည်း အတည်ဖြစ်ပြီး မနေ့ညက Pfizer, Merck အစရှိတဲ့ Pharmaceutical companiesတွေဟာ strongly recoverဖြစ်မယ့် အရိပ်အယောင်တွေ စပြနေပါတယ်။

Fundamentally, Pfizerရဲ့ P/E, Dividend Yield, Balance Sheetအစရှိတာတွေဟာ တော်တော်လေး Reasonableဖြစ်နေပါတယ်။ P/Eဆိုရင် Cheapဖြစ်တယ်လို့တောင် ပြောလို့ရပါတယ်။

Technically, PFE ဟာ heavily oversold throughout February and March. PFEဟာ ပြန်ပြီး နာလန်ထူဖို့ အလားအလာ အများကြီးရှိပါတယ်။ မနေ့က Up Dayရဲ့ Volumeဟာကောင်းသလို MACDဟာလည်း Bullish Crossoverစပြနေပါပြီ။

Overall sector indexအနေနဲ့ Dow Jones Pharmaceuticals indexဟာလည်း EMA30ကို ဖောက်ပြီး Bullish signal စပြနေပါပြီ။ ဒါကြောင့် PFEဟာ Politically, Fundamentally, Technically, အဘက်ဘက်ကနေ ကောင်းမွန်နေတာကြောင့် Definite Buyလို့ Recommendလုပ်ပါတယ်။ ကိုယ့်ဘာသာကိုယ်လည်း ကျွန်တော်ပြောသမျှ မယုံပဲ Analysis လုပ်ကြည့်ပါလို့ အလေးအနက် တိုက်တွန်းပါတယ်။

Happy Bargain Hunting!


22 March 2010

Alert for Traders - 22/03/2010

Dow Jones Industrial(DJI) နဲ့ S&P 500(SPX) indexတွေဟာ ဆက်တိုက်တက်လာခဲ့တာ တစ်လရှိပါပြီ။ Technically, Marketတွေဟာ Overboughtဖြစ်နေပြီလို့ ပြောလို့ရပါတယ်။ ဒီPostဟာ Long-term investorတွေအတွက် သိပ်အရေးမပါပါဘူး။ Short-term traderတွေအတွက်တော့ သိသင့်တဲ့ အချက်တွေ ရေးထားပါတယ်။

DJI, SPX maintain strong up trend but for how long?
Major indexတွေဟာ up trendအောက်မှာ Closeစဖြစ်နေပါပြီ။ Recent Up Daysတွေမှာလည်း Volumeဟာ နည်းနည်းလာတာ တွေ့ရပါတယ်။ DJIဆိုရင် 30-40 points ဝန်းကျင်ကနေကို မတက်တော့ဘူး။ သတိထားရမှာကတော့ DJIရော SPXရောဟာ January 20 Closeအပေါ်ကို ပြန်ရောက်သွားပါပြီ။ အထူးသဖြင့် SPXဟာ ပြတ်ပြတ်သားသားပဲ 17-month high ဖြစ်နေပါတယ်။ Traderတစ်ယောက်အနေနဲ့ Marketဟာ Light Volumeနဲ့ 52-week highဖြစ်နေရင် သတိထားရပါမယ်။ FTSE 100 (London Market Major Index) ဆိုရင် 21-month highနဲ့ Fridayက ပိတ်သွားပါတယ်။ ဒါပေမယ့် သူ့ရဲ့ MACD_Hကို ကြည့်ရင် Bearish Divergenceပြနေတာကို တွေ့ပါလိမ့်မယ်။ ဒါဟာ Warning Signတစ်ခုပါ။


...
Back is Greece
Greeceအစိုးရဟာ EUခေါင်းဆောင်တွေရဲ့ မတိမကျ ကတိတွေကို အားမရနိုင်တော့ပါဘူး။ Frenchနဲ့ German ခေါင်းဆောင်တွေဟာ EUက bail out လုပ်သင့်သလား၊ IMFကပဲ bail outလုပ်သင့်သလားဆိုပြီး အခုထိ အငြင်းပွားနေကြတုန်းပါပဲ။ ကြားထဲက Greece အစိုးရက ဘာဆက်လုပ်ရမှန်းမသိဖြစ်လာပြီး သူတို့လည်း သိပ်စိတ်မရှည်တော့ပါဘူး။ ဒီတော့ Euro Dollarဟာ ပြန်ပြီး ခပ်လှုပ်လှုပ်ဖြစ်ပြီး US Dollar Indexဟာ ၈၀အထက်ကနေကို မကျတော့ပါဘူး။ US Dollar Indexဟာ USနဲ့ Major Trading Partner currencyတွေရဲ့ Strengthနဲ့ တွက်ချက်ထားတဲ့ Trade-weighted indexတစ်ခုဖြစ်ပါတယ်။ US Dollar မြင့်ရင် US Dollarနဲ့ ရှင်းရတဲ့ Commodityတွေ ဈေးကျတတ်ပါတယ်။ Investorတွေဟာလည်း Market နည်းနည်းလှုပ်လှုပ်ဖြစ်တာနဲ့ Stock Exposureကို လျော့ချပြီး Safe Havenဖြစ်တဲ့ US Dollarကို ပြောင်းကိုင်တတ်ပါတယ်။ ဒါတွေ အားလုံးဟာ Stock Marketအတွက် သိပ်မကောင်းပါဘူး။


Obama-Care
အခုစာရေးနေတဲ့အချိန်မှာပဲ US မှာ Health Care billအတွက် Voteလုပ်ဖို့ ပြင်ဆင်နေကြပါပြီ။ Abortionကိစ္စနဲ့ပတ်သက်ပြီး အစက No Voteလုပ်ထားတဲ့ Democratsတွေဟာ Obamaနဲ့ Agreementရသွားတဲ့အတွက် Bill Passဖြစ်ဖို့ လိုတဲ့ ၂၁၆မဲကို ရဖို့ တော်တော်သေချာသွားပြီလို့ ဖတ်လိုက်ရပါတယ်။ Healthcare sectorဟာ US Economyရဲ့ ၆ပုံ ၁ပုံလောက်ရှိတာမို့ ဒီ Billဟာ Marketကို Significantly Impactဖြစ်မှာကတော့ သေချာပါတယ်။ Bill အတည်ဖြစ်ခဲ့ရင် Insurerတွေအတွက် ရေတိုမှာ သိပ်မကောင်းနိုင်ပေမယ့် Pharmaceutical Companyတွေအတွက်တော့ ကောင်းနိုင်ပါတယ်။ Health care billပြီးရင် မရှေးမနှောင်းပဲ Financial Reform Billဟာ Sequelအနေနဲ့ ဆက်တိုက်လာနိုင်ပါတယ်။

India has raised the rate 0.25%
တိုင်းပြည်ရဲ့ Inflationဟာ 16-month highဖြစ်နေတဲ့အတွက် Reserve Bank of India (RBI)ဟာ Interest Rateကို တင်လိုက်ရပါတယ်။ ဒါဟာ သာမန် Monthly Meeting outcomeမဟုတ်ပါဘူး။ ထဖောက်လိုက်တာဖြစ်ပါတယ်။ နောက်လ Meetingမှာ ထပ်တင်ဦးမယ်လို့ Economistsတွေဟာ ထင်ကြေးပေးနေကြပါတယ်။ Indiaလို high inflationကို containလုပ်ရမှာ ဘယ်တိုင်းပြည်ရှိသေးတယ် ထင်သလဲ - China! တရုတ်အစိုးရဟာ Inflationမြင့်နေတာကို Acknowledgeလုပ်ပေမယ့် အခုထက်ထိ ဘာမှActionမယူသေးပါဘူး။ ဒီအပတ်ထဲမှာ ဘဏ်တွေရဲ့ Captial reserve ratioကို ထပ်မြှင့်ရင်မြှင့်၊ ဒါမှမဟုတ် Benchmark interest rateကို တိုးတော့မယ်လို့တောင် သတင်းထွက်နေပါတယ်။

ဒီသတင်းတွေအားလုံးဟာ Fundamental ကောင်းတဲ့ Stockကိုင်ထားတဲ့ Long-term investorတစ်ယောက်အတွက် အရေးမကြီးလှပေမယ့် Traderတစ်ယောက်အတွက် အရမ်းအရေးကြီးပါတယ်။ ဒီနေ့ဟာ လွန်ခဲ့တဲ့ တစ်လလုံး Appreciateဖြစ်လာတဲ့ Profitကို Realiseလုပ်ဖို့ နောက်ဆုံးChanceဖြစ်ဖို့ အလားအလာ အများကြီးရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်အမြင်ကတော့ Short-term bearish but long-term still bullishပါပဲလို့ ပြောချင်ပါတယ်။

Happy Trading!

13 March 2010

MACD / Mac D


ပြီးခဲ့တဲ့အပတ်က MA postမှာ ဒီအပတ်တော့ နည်းနည်းပိုပြီး Advancedဖြစ်တဲ့ MA techniqueအကြောင်း ပြောမယ်လို့ ပြောခဲ့ပါတယ်။ အဲဒါကတော့ MACD (Moving Average Convergence Divergence)လို့ခေါ်ပါတယ်။ Mac Dလို့ အသံထွက်ပါတယ်။ MACDကို Gerald Appelဆိုတဲ့သူက late 1970sမှာ တီထွင်ခဲ့ပါတယ်။ Technical Analysisတွေရဲ့ Beautyကတော့ နှစ်တွေဘယ်လောက်ကြာကြာ အသုံးဝင်နေတာပါပဲ။ ကျွန်တော်တို့ ITလောကလို နှစ်နှစ်တခါလောက် outdateဖြစ်နေတာ မဟုတ်ပါဘူး။

MACDကိုဆွဲဖို့ MA သုံးခုလိုပါတယ်။ ဒါပေမယ့် Chartပေါ်မှာ ၂လိုင်းပဲ တကယ်တမ်းဆွဲပါတယ်။ Obamaရဲ့ Healthcare billခေတ်စားနေတဲ့အချိန်မို့ အဲဒါနဲ့ပတ်သက်နေတဲ့ Aetna Health Insuranceကို Exampleအနေနဲ့ သုံးပါမယ်။
...
Typical MACD Chartတစ်ခုကိုကြည့်ရင် MACDလိုင်းနဲ့ Signalလိုင်းဆိုပြီး နှစ်လိုင်းတွေ့ပါမယ်။ တခါတလေ MACD Histogramဆိုပြီး Equaliserလို Barလေးတွေလည်းပါတတ်ပါတယ်။ အပေါ်ကပုံမှာ အားလုံးကို တခါတည်း ပြထားပါတယ်။ MACDကို ဘယ်လိုတွက်လည်း ကြည့်ရအောင်။

MACD = EMA12 - EMA26
Signal Line = SMA9 of MACD

MACDဟာ တကယ်တမ်းတော့ EMA12နဲ့ EMA26တို့ရဲ့ Crossoverကို ကိုယ်စားပြုတာပါ။ EMA12ဟာ EMA26ထက်ကြီးတဲ့ အခါမှာ MACDဟာ အပေါင်းကိန်းထွက်သလို ပိုငယ်ရင် အနှုတ်ကိန်းထွက်ပါမယ်။ Bullish Crossoverဖြစ်ဖို့ဆိုရင် MACDဟာ အနှုတ်ဖြစ်နေရာကနေ အပေါင်းဖြစ်လာရပါမယ်။ ရှုပ်သွားလားတော့ မသိဘူး။ Bullish Crossoverဖြစ်ဖို့က EMA12ဟာ EMA26အောက်ရောက်နေရာကနေ တဖြည်းဖြည်းနဲ့ ဖြတ်ပြီးအပေါ်ရောက်သွားရမှာကိုး။ ဒါပေမယ့် အဲဒီ့Crossoverကို MACD Chartမှာ ပြီးခဲ့တဲ့အပတ်က ပြောခဲ့သလို တွေ့ရမှာမဟုတ်ပဲ EMA Differenceကိုပဲ MACDလိုင်းအနေနဲ့ တွေ့ရပါမယ်။

MACD Chartမှာတွေ့ရမယ့် Crossoverကတော့ MACDနဲ့ Signal Lineရဲ့ Crossoverတွေပါ။ Signalလိုင်းဟာ Dotted Lineနဲ့ အဆွဲခံရလေ့ရှိပြီး typically လွန်ခဲ့တဲ့ ကိုးရက်အတွင်းဖြစ်ခဲ့တဲ့ MACD valueတွေကို Simple Moving Averageယူထားတာဖြစ်ပါတယ်။ SMAဖြစ်တဲ့အတွက် Recent MACD valuesတွေကို Weightပိုမပေးပါဘူး။ Signalလိုင်းဟာ နာမည်နဲ့လိုက်အောင် Buy/Sell Signalယူဖို့လုပ်ထားတာဖြစ်ပါတယ်။ MACDဟာ Signalလိုင်းအောက်ကနေ အပေါ်ရောက်အောင် Bullish Crossoverဖြစ်ခဲ့ရင် Buy Signalဖြစ်ပါမယ်။ အပေါ်ကနေ အောက်ဘက်ကို Bearish Crossoverဖြစ်ရင် Sell Signal ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ Latest MACDရဲ့ Momentumဟာ ၉ရက် Averageထက် ပိုကောင်း/ဆိုးနေပြီဆိုရင် ဝယ်/ရောင်း လုပ်သင့်တယ်လို့ ကောက်နိုင်ပါတယ်။ Signal Lineဟာ အမြဲတမ်း SMA9ဖြစ်စရာမလိုပါဘူး။ ဒါပေမယ့် Trader အများစုကတော့ SMA9ပဲအသုံးများကြပါတယ်။

ပိုရှုပ်သွားစေတဲ့အရာကတော့ MACD Histogram (MACD_H)လို့ခေါ်ပါတယ်။
MACD_H = MACD - Signal Line
သူ့ကိုဆွဲရင် အပေါ်မှာပြောခဲ့သလို Equaliser Barလေးတွေနဲ့ ဆွဲလေ့ရှိပါတယ်။ MACD_Hကနေ MACDနဲ့ Signalလိုင်းရဲ့ Difference sizeကို ပိုပြီး ကွဲကွဲပြားပြားမြင်နိုင်ပါတယ်။ MACD Crossovers, MACD_Hတွေ တကယ်အသုံးဝင်တဲ့အချိန်ကတော့ Waveတွေကို ဆက်ဆွဲထားတဲ့ Slopeတွေဟာ သာမန် Price Chartက Trend Slopeနဲ့ ဆန့်ကျင်ဘက်ပြနေတဲ့အချိန်ဖြစ်ပါတယ်။ ဒါကို Divergenceလို့ ခေါ်ပါတယ်။ Slopeတွေရဲ့ Directionတူမယ်ဆိုရင်တော့ Convergenceဖြစ်တယ်လို့ ဆိုပါမယ်။ Divergenceဟာ Disagreementကို ပြသလို Convergenceဟာ Agreementကို ပြပါတယ်။ ဒီတော့ MACDနဲ့ပတ်သက်ရင် သတိထားရမယ့် အရာတွေကတော့

To buy
  • MACDလိုင်း Negativeကနေ Positiveဖြစ်ခဲ့ရင်
  • MACDလိုင်းဟာ Signalလိုင်းကို Bullish Crossoverဖြစ်ခဲ့ရင်
  • Price Trendဟာ Downward Slopeဖြစ်နေပေမယ့် MACD(သို့) MACD_Hဟာ ဆန့်ကျင်ဘက် Upward slopeပြနေရင်
ရောင်းဖို့ကတော့ အပေါ်က Ruleတွေကို ပြောင်းပြန်လှန်လိုက်ရင် ပြီးပါတယ်။ MACDဟာ Silver Bulletမဟုတ်ပါဘူး။ ပြီးတော့ Stockတိုင်းအတွက်လည်း မမှန်တတ်ပါဘူး။ ကောင်းတာကတော့ နှစ်နှစ်စာလောက် Analysisလုပ်ကြည့်ပြီး ငါဒီတုန်းက ဝယ်ခဲ့ရင်၊ ရောင်းခဲ့ရင်ဆိုပြီး Paper Tradeကြည့်ဖို့ပါပဲ။ အဲဒီ့Tradeတွေဟာ အလုပ်ဖြစ်တယ်ဆိုရင် MACDဟာ အဲဒီ့Stock Quoteအတွက် ဆက်ပြီးအလုပ်ဖြစ်နိုင်ပါတယ်။ အောက်မှာ Aetnaရဲ့ Signalတွေကို ပြထားပါတယ်။


Happy Trading!

05 March 2010

MA

Technical Analysisမှာ အရိုးရှင်းဆုံး၊ ရှေးအကျဆုံး နဲ့ one of the most effective methodsဖြစ်တဲ့ နည်းတစ်ခုအကြောင်း ဒီPostမှာ ပြောပြပါမယ်။ အဲဒါကတော့ Moving Average (MA)လို့ ခေါ်ပါတယ်။ MAမှာ Subcategory အဓိကနှစ်မျိုးရှိတယ်။ Simple MA နဲ့ Exponential MAလို့ ခေါ်တယ်။ MAရဲ့ အဓိက အသုံးဝင်ပုံကတော့ Trendတစ်ခုဟာ သတ်မှတ်ထားတဲ့ ရက်အပိုင်းအခြားတစ်ခုရဲ့ average priceရဲ့ အပေါ်မှာရှိလား၊ အောက်မှာရှိလား ဆိုပြီး ဆန်းစစ်တဲ့ နေရာမှာ အသုံးဝင်ပါတယ်။ MAကို တွက်တဲ့အခါမှာ ဘယ်နှစ်ရက်ပေါ်မှာ တွက်လည်းက အရေးကြီးသလို ဘယ်လို MAလည်း ဆိုတာကလည်း ထည့်စဉ်းစားရပါမယ်။ Formulaကတော့ ရှင်းပါတယ်။ Sum of Prices / No. of Daysပေါ့။

Simple MA (SMA)ကို တွက်တဲ့နေရာမှာ အပေါ်က Formulaအတိုင်းတွက်လို့ ရပါတယ်။ ဒါကြောင့်လည်း သူ့ကို Simpleလို့ ခေါ်တာပေါ့။ Priceလို့ပြောပေမယ့် Priceဟာ သုံးမျိုးဖြစ်နိုင်တာကိုလည်း သိသင့်ပါတယ် - High, Low, Close. Openကရှိပေမယ့် သိပ်သုံးလေ့မရှိသလို တကယ် ၉၉%အသုံးခံရတာကတော့ Closeပါ။ ဥပမာ SMA10 လို့ပြောရင် လွန်ခဲ့တဲ့ ၁၀ရက်အတွင်းမှာပိတ်ခဲ့တဲ့ Closeတွေကို ပေါင်းပြီး ၁၀နဲ့စားထားတာလို့ သိရပါမယ်။
...

Exponential MA(EMA)ကို တွက်တာကတော့ နည်းနည်း ပိုရှုပ်တယ်။ အသေးစိတ်သိချင်သပါ့ဆိုရင်တော့ googleသာလုပ်ကြည့်ပေတော့။ အဓိကသိဖို့က EMAဟာ Most Recent Priceတွေကို ပိုပြီး Weightပိုပေးပြီး တွက်တယ်လို့ နားလည်ထားရင် လုံလောက်ပါတယ်။ မနက်ဖြန်ဖြစ်မယ့် Priceဟာ လွန်ခဲ့တဲ့ တစ်လကဈေးထက် ဒီနေ့၊ မနေ့က ဈေးပေါ်မှာ ပိုပြီးDependဖြစ်တယ်ပြောရင် မလွန်ပါဘူး။ ဒါကြောင့် Proအများစုဟာ EMAကို ပိုကြိုက်ကြပါတယ်။ ကျွန်တော်လည်း EMAပဲ အသုံးများပါတယ်။

Dow Jones Industrial (DJI) indexကို အောက်မှာ EMA10နဲ့ ကျွန်တော်ပြထားပါတယ်။ အစိမ်းလိုင်းက EMA10ပါ။ လိုက်ကြည့်ရမှာက တစ်Barချင်းစီရဲ့ Closeနဲ့ EMA10ကို လိုက်ယှဉ်ကြည့်ရပါမယ်။ Closeဟာ EMA10ရဲ့ အပေါ်မှာ ရှိနေသ၍ Short-term uptrendဟာ အခြေအနေကောင်းတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ အောက်ရောက်သွားရင်တော့ စသတိထားရပါမယ်။ သုံးရက်လောက်စောင့်ကြည့်ပြီး တခြားTechnical Indicatorတွေကပါ Bearish Signalတွေ ပြနေရင်တော့ ရောင်းဖို့Readyလုပ်ထားသင့်ပါတယ်။

MAတွေရဲ့ No. of daysဟာ တိုရင်တိုသလောက် Recent Price Activityနဲ့ Matchingဖြစ်ပြီး ရှည်ရင်ရှည်သလောက် Recent Priceတွေနဲ့ ကွာဟနိုင်ပါတယ်။ ဒါကြောင့် EMA15လောက်အထိကို Short-term MAလို့ ခေါ်ပြီး 15ထက်ကြီးတဲ့ MAတွေကိုတော့ Medium to Long-term trendတွေလို့ ခေါ်ကြပါတယ်။ Short-term EMAတွေဟာ Tradersတွေအတွက် အရေးကြီးသလို Long-term EMAတွေဟာ Investorsတွေအတွက် သတိထားကြည့်နေရမယ့် Technical Indicatorတွေ ဖြစ်ပါတယ်။

Short-termနဲ့ Long-termကို ပေါင်းပြီးသုံးရင် အဲဒီ့ Groupနှစ်မျိုး (Traders & Investors)တွေရဲ့ Overall Sentimentကို တွေ့ပါလိမ့်မယ်။ Short-termဟာ Long-termပေါ်မှာ ရှိနေသ၍ Uptrendရဲ့ Momentumကောင်းတယ်လို့ ပြောနိုင်သလို အောက်မှာရှိရင်လည်း Downtrendဟာ အားကောင်းနေဆဲလို့ ဆိုနိုင်ပါတယ်။ အရေးအကြီးဆုံး Conceptကတော့ MA Crossoversတွေပါ။ Shortဟာ Longအောက်မှာရှိနေခဲ့တာကနေ ဦးထောင်လာပြီး Longကို တဖြည်းဖြည်း စဖြတ်နေပြီဆိုရင် Downtrendဟာ Reversal ဖြစ်တော့မယ့် အခြေအနေဆိုပြီး ဝယ်ဖို့စောင့်ကြည့်နေရပါမယ်။ Reverseတွေးရင် Shortဟာ Longပေါ်မှာ ရှိနေခဲ့တာကနေ အားမရှိတော့ပဲ စပြီး Downward directionနဲ့ ဖြတ်နေပြီဆိုရင်လည်း ရောင်းဖို့ ပြင်ဆင်ထားရပါမယ်။

အရေးကြီးတဲ့ MA valueတွေကတော့ EMA30 (six trading weeks), EMA60 (12 trading weeks), EMA100, EMA200 တို့ပါပဲ။ Closeတွေဟာ EMA100 နဲ့ EMA200အောက်စရောက်ပြီဆိုရင် Investorတွေကိုယ်တိုင် ချရောင်းနေပြီလို့ သဘောပေါက်ရပါမယ်။ EMA200အောက်ရောက်ရင် Marketလည်း တော်တော်လေး လှုပ်လှုပ်ရှားရှား ဖြစ်နေပြီးလောက်ပါပြီ။ အောက်မှာ DJIရဲ့ EMA10နဲ့ 30ရဲ့ Crossoverတွေကို ကြည့်ကြည့်ပါ။ လွန်ခဲ့တဲ့ Aprilက EMA crossoverကို Signalယူခဲ့တဲ့သူဟာ အခုလောက်ဆိုရင် တွေးသာကြည့်ပေတော့။ ဒီလိုပဲ 2009 Januaryက Bearish Crossoverနဲ့ ရောင်းခဲ့တဲ့သူဟာလည်း အကျဘယ်လောက် သက်သာခဲ့မလည်းဆိုတာကြည့်ရင် MAတွေရဲ့ Powerကို သဘောပေါက်လောက်ပါပြီ။ နောက် Postတွေမှာ MAတွေကနေ Deriveလုပ်ထားတဲ့ ပိုပြီး Advancedဖြစ်တဲ့ Technical Indicatorတွေအကြောင်း  ပြောသွားပါမယ်။

Happy Crossovers!!



10 February 2010

Ready, Steady

အိုကေ၊ ညက Marketကို ကြည့်နေတဲ့သူတွေရှိရင် DJIဟာ တဝုန်းဝုန်းတက်သွားတာကို တွေ့ပါလိမ့်မယ်။ စိတ်ဓါတ်တွေ တက်ကြွပြီး ကောက်တောင်ဝယ်လိုက်ကြလား မသိဘူး။ Don't jump in yet. I'll tell you why.

မနေ့က US Marketမဖွင့်ခင် ကောလဟာလတစ်ခုထွက်လာတယ်။ ဘာလည်းဆိုတော့ EU Central Bank (ECB) President Jean-Claude Trichetဟာ Sydney, Australiaကနေ ခရီးစဉ်ချုံ့ပြီး Greeceပြဿနာကို အမြန်ရှင်းဖို့ Thursdayမှာလုပ်မယ့် European Union Summitမတိုင်ခင် ပြန်သွားတယ်လို့ ဆိုပါတယ်။ Emergency Meetingဘာညာပေါ့။ ဘယ်သူကစဖွလိုက်လည်းတော့ မသိပါဘူး။ Greeceကို Bail outလုပ်ကြတော့မယ်ဆိုပြီး Pre-market tradingမှာကတည်းက DJIဟာ ၇၀လောက် ဆောင့်တက်သွားပါတယ်။
...

ခဏကြာတော့ ECBက Spokespersonတစ်ယောက်က Trichetဟာ ဒီတိုင်းပဲ စောစောပြန်တာပါ။ ဘာမှ အရေးတကြီးမရှိပါဘူးလို့ ရှင်းလင်းချက်ထုတ်ပါတယ်။ ဒါပေမယ့် Marketကတော့ ဇွတ်ပဲ EU Summitကနေ Greeceကို ကယ်ဖို့ Bail out packageတစ်ခုထွက်လာလိမ့်မယ်လို့ ဆိုပါတယ်။ နေ့ခင်းလောက်မှာ တကယ်ပဲ Announcementတစ်ခုထွက်လာတယ်။ ဒါပေမယ့် ထုံးစံအတိုင်း မသဲမကွဲနဲ့ Eurozone Countriesတွေအားလုံးဟာ Greeceနဲ့ တခြားပြဿနာတိုင်းပြည်တွေကို Assistလုပ်ဖို့ ပဏာမတော့ သဘောတူထားကြပြီလို့ Annoucementလုပ်ပါတယ်။ ဘယ်လိုကူညီမလည်းကတော့ ဘာမှ အသေးစိတ်ထွက်မလာသေးဘူး။ EU Summitပြီးမှပဲ အစောဆုံးသိနိုင်မယ်ထင်တယ်။ ခုချိန်ထိတော့ ကယ်ချင်ကယ်မယ်၊ အရင်တော့ အစည်းအဝေးထိုင်ရဦးမယ်ဆိုတာပဲ အမှန်ဆုံးသတင်းဖြစ်ပါလိမ့်မယ်။

ဒီတော့ မသေချာသေးတဲ့ သတင်းကို Baseထားပြီး Investမလုပ်တာ ကောင်းပါတယ်။ သတင်းတွေ ဘေးချပြီး Technicalဘက်ကို ကြည့်ရအောင်။ TAလုပ်ရတာ လွယ်ပါတယ်။ Candle, Trend Lineနဲ့ Support နဲ့ Resistance လိုင်းတွေပဲ ကြည့်ရုံပါပဲ။ DJI ဟာ 10200မှာ Resistanceရှိပါတယ်။ မနေ့က Candleကောင်းပေမယ့် Downtrend Lineဟာ Brokenမဖြစ်သေးပါဘူး။ Downtrendကို ပြတ်ပြတ်သားသား Breakoutဖြစ်တဲ့အထိ စောင့်သင့်ပါတယ်။ S&P500အတွက်လည်း အတူတူပါပဲ။ Downtrend still intact.



အခုဘာလုပ်ထားသင့်သလည်းဆိုတော့ ဝယ်ချင်တဲ့ Stockတွေကို တန်းစီထားပါ။ Fundamental Analysisကောင်းတဲ့Stockတွေကို ရွေးပါ။ ပြီးရင် သူတို့ရဲ့ Technicalကို လေ့လာပါ။ ဥပမာပေးရရင် ကျွန်တော်တို့ Mallမှာ Discountချတာစောင့်သလိုပေါ့။ လိုတော့လိုချင်တာပဲ ဒါပေမယ့် ပိုတန်မယ့် အချိန်စောင့်ပြီး အချိန်တန်လို့ On-saleဆိုတာနဲ့ ပြေးဝယ်ရသလိုပါပဲ။ Marketမှာတော့ Financial Intelligenceရှိမှ On-saleကို သိပါလိမ့်မယ်။ နောက်တစ်လနှစ်လလောက်အကြာမှာ အမြတ်ကောင်းကောင်း ရချင်သူများအတွက် Ready Steadyလုပ်ထားကြပါလို့ တိုက်တွန်းပါတယ်။

aungs.investment@gmail.comကို ကိုယ်စိတ်ဝင်စားတဲ့ Stockကို High-level Analysisလုပ်စေချင်ရင် လှမ်းပြီးEmailပို့နိုင်ပါတယ်။ အခကြေးငွေအနေနဲ့တော့ ကျွန်တော်သင့်တော်မယ်ထင်တဲ့ Stockကို Analyseလုပ်ထားတာကို ဒီBlogမှာ Postအနေနဲ့ ပြန်တင်ပါမယ်။ ကျွန်တော့်လို Investmentကို စိတ်ဝင်စားတဲ့သူတွေနဲ့ ပိုပြီးInteractionရှိချင်တာလည်း ပါပါတယ်။ အခုထိတော့ ပရိသတ်က အေးလွန်းတယ်လို့ ပြောချင်တယ်။

Happy Shopping!

03 February 2010

Yellow Light

ပြီးခဲ့တဲ့အပတ်က U.Sနဲ့ Chinaက Political Instabilityကြောင့် Correction Warning ပေးခဲ့ပါတယ်။ သောကြာနေ့က Market အပိတ်မှာ Dow Jones Industrial Average Index ဟာ Dailyရော၊ Weeklyရော၊ Monthlyရော Downပြပြီး ပိတ်သွားပါတယ်။ ဒီလို Time Frame သုံးခုလုံးဟာ အနီပြနေရင် အရမ်းသတိထားရပါတယ်။ ဒါပေမယ့် ဒီပတ် Februaryလလည်းစရော Market Sentimentဟာ ပြန်တက်လာပါတယ်။ DJIAဟာ နှစ်ရက်ဆက်တိုက် ပြတ်ပြတ်သားသားပြန်တက်လာပါတယ်။ Volumeလည်း ကောင်းပါတယ်။ ဒီတော့ ဘာဆက်လုပ်သင့်သလည်း ကြည့်ရအောင်။


...

Chinaရဲ့ Purchasing Manager Index PMIဟာ နည်းနည်းကျသွားပါတယ်။ PMIဟာ Inflationကို တိုင်းတာတဲ့နေရာမှာ အရေးကြီးပါတယ်။ PMIတက်ရင် Monetary Policyကို ပိုပြီး Tighteningလုပ်ရပါတယ်။ ဒီသတင်းဟာ Marketအတွက်တော့ သတင်းကောင်းဖြစ်ပါတယ်။ တကယ်လို့ PMIသာ ခုန်တက်ခဲ့ရင် တရုတ်အစိုးရဟာ ပိုပြီး တင်းကျပ်တဲ့ Monetary Policyကို ဆက်လုပ်နိုင်ပါတယ်။

မြွေပူရာ ကင်းမှောင့်ဆိုသလို ကမ္ဘာ့အလယ်ကနေ ဒုက္ခပေးနေတာကတော့ Greeceပါ။ European Unionရဲ့ Member Countryတစ်နိုင်ငံဖြစ်တဲ့ Greeceဟာ Budget Deficitအများကြီးပြနေလို့ ဒီနှစ်မှာ Soverign Defaultတောင် ဖြစ်နိုင်တယ်လို့ အပြောခံနေရပါတယ်။ Soverign Defaultဆိုတာကတော့ တစ်တိုင်းပြည်လုံး Bankruptဖြစ်မှာကို ဆိုလိုတာပါ။ EUရဲ့ စည်းကမ်းက Budget Deficitဟာ တိုင်းပြည်GDPရဲ့ ၃%ထက် မပိုသင့်ဘူးလို့ ဆိုပါတယ်။ Greeceကတော့ ၂၀၀၉ခုနှစ်မှာ လေးဆပိုပြီး ၁၂.၇၀% ပိုပါတယ်။ ဒီ ၂၀၁၀မှာ Greeceရဲ့ Public Debtဟာ GDPရဲ့ ၁၂၀%အထိဆိုးနိုင်တယ်လို့ တချို့Economistsတွေကတော့ ခန့်မှန်းထားကြပါတယ်။ ဒီနေ့ည (Australian Eastern Time)မှာ EU Commissionကနေ Greeceအစိုးရရဲ့ Deficit-cutting planကို Recommendationsတွေ ပေးပါလိမ့်မယ်။ Marketဟာ အဲဒီ့ Recommendationsတွေကနေ ပြဿနာကို ဘယ်လောက်ရှင်းရလွယ်မလည်းဆိုတဲ့ အတိမ်အနက်ကို Deriveလုပ်ယူပါလိမ့်မယ်။

နောက်ဆုံးကတော့ ထုံးစံအတိုင်း Washingtonနဲ့ Wall Stရဲ့ တိုက်ပွဲပါ။ Obamaရဲ့ White House Economic Adviser Paul Volckerရဲ့ အကြံပေးချက်အရ Obamaဟာ အရင်Postမှာ ရေးခဲ့တဲ့အတိုင်း Annouceလုပ်ခဲ့ပါတယ်။ နောက်နေ့လည်းကြရော Republican Senator Richard Shelbyက လာစမ်းပါဦး Mr. Volckerဆိုပြီး Senate Hearingလုပ်ပြီး မနေ့ညက ဆင့်ခေါ်လိုက်ပါတယ်။ Hearingမှာ Democrat Senator Chris Doddကတော့ Proprietary Trading Banကို သဘောတူသလို ရှိပေမယ့် Senator Shelbyကတော့ Volckerရဲ့ Proposalကို တစက်မှ ကြိုက်ပုံမရပါဘူး။ ပြီးခဲ့တဲ့လက Massachusetts ရွေးကောက်ပွဲမှာ Republican Senator Brownနိုင်သွားပြီးနောက် Senateမှာ Republicanတွေဟာ Majority Groupဖြစ်သွားပါတယ်။ Senator Shelby ဟာ Senate Banking Committeeမှာ Republicanဘက်မှာ တော်တော်သြဇာရှိတဲ့သူဖြစ်တော့ Obamaတစ်ယောက်တော့ လုပ်ချင်တိုင်းတော့ လုပ်လို့မရဘူးလို့ Marketက Assumeလုပ်ပြီး မနေ့က US Marketဟာ ဒုတိယနေ့အနေနဲ့ ဆက်တက်ပါတယ်။

ဒီအပတ်ထဲမှာ ထွက်မယ့် Economic Dataတွေထဲမှာ အရေးအကြီးဆုံးကတော့ US Employment Situation dataပါ။ Marketဟာ Unemployment Rateကို 10.1%ဖြစ်လိမ့်မယ်လို့ မှန်းထားပါတယ်။ အဲဒီ့လောက် မဆိုးရင်တော့ ပြီးခဲ့တဲ့အပတ်က Sell-offဟာ ပြီးလောက်ပြီလို့ ဆိုနိုင်ပါတယ်။ တကယ်လို့ ထင်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ရင် DJ Indexဟာ ၉၇၀၀အထိ ဆင်းသွားလိမ့်မယ်လို့ ကျွန်တော်တွက်ထားပါတယ်။

ဒါကြောင့် ဒီသောကြာနေ့ Job Dataကို စောင့်ကြည့်ပါ၊ US, Chinaနဲ့ Greeceတို့ရဲ့ သတင်းတွေကိုပါ အကဲဖြတ်ရင်း သောကြာနေ့မှာ ဝယ်သင့်တာဝယ်၊ မဝယ်သေးရင်လည်း Weekendမှာမှ သေချာ Analyseလုပ်ပြီး နောက်အပတ်မှာ Bargain Shoppingလုပ်သင့်ပါကြောင်း။ 

PS : Market Crashထပ်ဖြစ်ခဲ့ရင် DJI အနည်းဆုံး ၉၇၀၀ရောက်တဲ့အထိစောင့်ပါ။

27 January 2010

Mid-week Alert - Correction Warning


ဟိုတနေ့ကပဲ Market Volatilityနည်းသွားပြီထင်တယ်လို့ ပြောတုန်းရှိသေး President Obama နဲ့ Premier Wenတို့ရဲ့ ကျေးဇူးကြောင့် ဒီPostကို Warningအနေနဲ့ ရေးလိုက်ပါတယ်။

Dow Jones Industrial Average (DJI) Index, S&P 500 Index နဲ့ NASDAQ Composite Indexတို့ဟာ ပြီးခဲ့တဲ့အပတ် Jan 20ကစပြီး ပက်ပက်စက်စက် ပြုတ်ကျကြပါတယ်။ မသိသေးတဲ့လူတွေကို နည်းနည်းပြောပြရရင် ဒီIndexတွေဟာ US Marketတွေကို တိုင်းတာတဲ့ Major Indexတွေပါ။ DJI ဟာ အမေရိကန် Economyကို ကိုယ်စားပြုတဲ့ ကုမ္ပဏီကြီး ၃၀နဲ့ ဖွဲ့စည်းထားပါတယ်။ S&P 500ကတော့ Market Capitalisation အကြီးဆုံး Blue-chip 500၊ NASDAQ Compositeကတော့ Technology Companies 2774ခုနဲ့ Structureလုပ်ထားတာပါ။
...

ဘာလို့ ဒီIndexတွေ ခွေးကျကျလည်း ကြည့်ရအောင်။ အဓိကကတော့ Politically Stableမဖြစ်လို့ပါ။ USမှာ Obamaက ဘဏ်တွေကို ပိုပြီး Regulateလုပ်ဖို့ ဥပဒေအသစ်တွေကို Proposeလုပ်နေတယ်။ အရေးကြီးတဲ့ အချက်က နှစ်ခုရှိပါတယ်။ ပထမက ဘဏ်တွေကို Public Moneyသုံးပြီး သူတို့ ကိုယ်ကျိုးအတွက် Trading ပေးမလုပ်တော့ဘူးဆိုတာပါပဲ။ Technicallyကတော့ Proprietary Tradingလို့ ခေါ်ပါတယ်။ ဒီဥပဒေသာ အတည်ပြုခံရရင် သူတို့ဟာ Clients/Customersတွေ Accountအတွက် Tradingလုပ်နိုင်ယုံကလွဲလို့ ကိုယ်ကျိုးအတွက် ဘာမှလုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒုတိယကတော့ Too-big-to-failဆိုပြီး ၂၀၀၈ခုနှစ်ကလို အစိုးရက tax payer moneyနဲ့ bailoutထပ်မလုပ်ရအောင် Too bigလို့ထင်ရတဲ့ banksတွေကို ခွဲပစ်ချင် ခွဲပစ်မယ်လို့ ဆိုပါတယ်။ ဒါဟာလည်း Goldman Sachs, JP Morgan, Citiလို ဘဏ်ကြီးတွေအတွက် အများကြီး ထိခိုက်နိုင်ပါတယ်။

နောက်တစ်ခုကတော့ US Federal Reserveရဲ့ ခေါင်ချုပ် Ben Bernankeရဲ့ သက်တမ်းဟာ Jan 31မှာ ကုန်ပါမယ်။ သူ့ကို သက်တမ်းထပ်တိုးသင့် မတိုးသင့် Senateမှာ Voteလုပ်ရပါမယ်။ Bernankeဟာ Obamaရဲ့ Supportအပြည့်ရထားပေမယ့် သူ့ကို အကောင်းမမြင်တဲ့ Senatorတွေလည်း ပါတီနှစ်ဘက်စလုံးမှာ ရှိပါတယ်။ ဒါပေမယ့် သူ့ကို ကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ပြဿနာက ဘက်က နည်းနည်းမျှသလိုဖြစ်နေတော့ သူ့ရဲ့ Extension Confirmationဟာ Approvedဖြစ်လိမ့်မယ်လို့ သေချာပြောလို့ မရတာပါပဲ။ Marketအနေနဲ့ Bernankeရဲ့ Handlingကို အများစုက ကြိုက်ကြပါတယ်။ ဒီတော့ Bernankeသာမရှိတော့ရင် ဘယ်လို Monetary Policyဆက်ဖြစ်မလည်းဆိုတဲ့ Huge Uncertaintyဟာ Investorတွေကို တော်တော်လန့်စေပါတယ်။

ဒါက ကမ္ဘာ့အနောက်ခြမ်း။ အရှေ့ဘက်မှာကတော့ တရုတ်ပြည်မှာ ဘဏ်တွေက Loanတွေထုတ်ချေးတာ ကြမ်းတယ်ဆိုပြီး Communist Partyက ဘဏ်တစ်ချို့ကို တစ်လမှာ ဘယ်လောက်ပဲချေးရမယ်ဆိုပြီး အမိန့်ပေးလိုက်ပါတယ်။ ဒါ့အပြင် ဘဏ်တွေမှာ ရှိရမယ့် Capital Ratioကိုလည်း ၀.၅% တင်ခိုင်းလိုက်ပါတယ်။ အဲဒီ့အမိန့်တွေရဲ့ အကျိုးသက်ရောက်မှုကတော့ Businessesတွေအတွက် Money Flow / Liquidityကျသွားပါမယ်။ Credit Marketလို့လည်း ခေါ်လေ့ရှိပါတယ်။ ၂၀၀၈ကုန်ပိုင်းလောက်က Financial Crisisစဖြစ်တုန်းက ဒီလိုပဲ Credit Market Freeze ဖြစ်ပြီး Domino Affectဖြစ်ကုန်တာပါပဲ။ ဒါကြောင့် တရုတ်ဘဏ်တွေ Listedလုပ်တဲ့ Hong Kongက Hang Seng Indexဟာ ၁၀%ပြုတ်သွားပါပြီ။

ဒါတွေအားလုံးကနေ ဘယ်လို ကောက်ချက်ချရမလည်းဆိုတော့
၁) Too much uncertainty now. If you do not know what is going on right now, better not doing anything.
၂) ဈေးကျတုန်းဝယ်ရမယ်ဆိုပေမယ့် ဈေးဆက်ကျနိုင်တဲ့ အခြေအနေရှိတုန်း ယားနေတဲ့ လက်ကို ခဏပြန်သိမ်းထားပါ။ Obama, Bernanke, Chinese Banksတွေ သဲသဲကွဲကွဲဖြစ်တဲ့အထိစောင့်ပါ။
၃) Nobody went broke taking profit - ကိုယ့်မှာ မြတ်နေပြီး ကိုင်ထားတာတွေရှိရင် စိတ်မသန့်ရင် ရောင်းပစ်လိုက်ပါ။

အောက်မှာ Major Index သုံးခုရဲ့ trend breaking ဖြစ်နေတဲ့ Chart တွေကို ပြထားပါတယ်။

Dow Jones Industraial Average Index

S&P 500 Index

NASDAQ Composite Index

Nobody went broke taking profit!