17 December 2010

Happy Returns, Happy New Year

အခု၂၀၁၀တစ်နှစ်လုံးမှာ ဒီBlogကနေ suggestလုပ်ခဲ့တဲ့ trading signalတွေကို ကျွန်တော်ပြန်ပြီး Review လုပ်ထားပါတယ်။ ကျွန်တော် Suggestလုပ်ခဲ့တဲ့ Entryနဲ့ Exitတွေရဲ့ Returnကို ကြည့်တဲ့အခါမှာ သိပ်မဆိုးလှတာကို တွေ့ရပါတယ်။ အောက်မှာ ဒီBlogကနေ Suggestလုပ်ခဲ့တဲ့ Entry, Exitတွေရဲ့ Returnတွေကို ပြထားပါတယ်။

Dow Jones Industrial Averageဟာ 31/12/2009မှာ 10428နဲ့ ပိတ်ခဲ့ပါတယ်။ 16/12/2010 နောက်ဆုံးပိတ်တာက 11499ဆိုတော့ DJIရဲ့ တစ်နှစ်လုံးနီးပါး net returnဟာ ၁၀.၃%လောက်ရှိပါတယ်။ aunginvestment.comဟာ Major Indexတွေရဲ့ net returnထက်သာတာတွေ့ရပါတယ်။ ဒါဟာ ကျွန်တော့်အတွက်တော့ ဝမ်းသာစရာပါပဲ။ စာဖတ်ပြီး လိုက်လုပ်နိုင်သူတွေ အမြတ်အစွန်းတစ်ခုခုရခဲ့ရင် ပိုပြီးတော့ ဝမ်းသာစရာပါပဲ။ ဒီRecordတွေကနေ ထိုင်ပြီးInvestလုပ်နေတဲ့သူနဲ့ Tradeလုပ်နေတဲ့သူရဲ့ Return differenceကိုလည်း တွေ့နိုင်ပါတယ်။ Traderတစ်ယောက်ရဲ့ Cumulative Returnဟာ Average Buy-and-Holdထက် အများကြီးသာပါတယ်။

Tradeတွေ အားလုံးထဲမှာ Pfizerကတော့ Flatဖြစ်နေပါတယ်။ Capital Gainအားဖြင့် အားရစရာမရှိပေမယ့် Pfizerရဲ့ Dividend Yieldဟာ ၄-၄.၅%လောက် ရှိပါတယ်။ ရေရှည်ကိုင်ထားချင်တဲ့သူတွေအတွက်တော့ Pfizerလို Stockဟာ အလောတကြီး ချရောင်းစရာ မလိုပါဘူး။ Div Yieldကတင် Americaမှာ Risk-free returnလောက်ရှိတာမို့ Income-oriented investorတွေအတွက် အထူးသင့်တော်ပါတယ်။ Microsoftဆိုရင် မနှစ်ကလည်း တခါRecommendလုပ်ပါတယ်။ ပြီးတော့ ဒီနှစ်ဆန်းက Correction Alertတွေနဲ့လိုက်ပြီး Profit Takingလုပ်ခဲ့ရင် (SAIလို လူတွေပေါ့လေ) Microsoftစီက ပိုက်ဆံရတာ နှစ်ခါရှိပါပြီ။

၂၀၁၁မှာ ဒီထက်ပိုပြီး Market Updateတွေ၊ Recommendationတွေ ရေးသွားဖို့ ကြိုးစားနေပါတယ်။ အခု aunginvestment.comမှာ Analysis methods ၂၀ရှိပါတယ်။ Money Managementပိုင်းလည်း ကျွန်တော်အတော်အသင့်ရေးပေးပြီးပါပြီ။ ၂၀၁၁မှာ ပိုပြီးAdvancedဖြစ်တဲ့ Trading Techniqueတွေ, How to Short, Options Trading အစရှိတာတွေလည်း ရေးသွားဖို့ ပြင်ဆင်ထားပါတယ်။ ကျွန်တော်ကတော့ မနက်ဖြန်ကစပြီး Long Holidayသွားတော့မှာမို့ ဒီPostနဲ့ပဲ အားလုံးကို Merry Christmas and Happy New Yearပါလို့။

Many Happy Returns!

PS : New post should be here by mid January

10 December 2010

Bond, Treasury Bond - အပိုင်း(၂)

Treasury Securitiesတွေအကြောင်း General Ideaရပြီဆိုရင် Stock Traderတစ်ယောက်အနေနဲ့ Treasury Yieldတွေကို ဘယ်လိုယူသုံးလို့ရသလည်း ကြည့်ရအောင်။ အောက်မှာ Bloombergကနေ Copyလုပ်ပြီး different treasury seriesတွေကို ပြထားပါတယ်။ အရေးကြီးတာက ပုံအောက်ဘက်မှာပါတဲ့ Yield Curveကို ကြည့်တတ်ဖို့ လိုပါတယ်။


Yield Curve
Yield Curveရဲ့ X-axisဟာ Maturityတွေ တိုရာကနေရှည်သွားတာကို တွေ့မှာပါ။ Y-axisကတော့ ရတဲ့ Yieldတွေပါ။ အပေါ်မှာတွေ့ရတဲ့ Yield Curveဟာ ပုံမှန် Not-so-bad curveပါ။ Bond Marketဟာ Bondတွေကို Tradeတဲ့နေရာမှာ Near-term Inflation Expectationနဲ့ Long-term Inflation Expectationကို အမြဲကြည့်ပြီး tradeကြပါတယ်။ Inflation Expectationဟာ ဘာလို့အရေးကြီးလည်းဆိုတော့ Inflationတက်လာရင် Controlလုပ်ဖို့ Central Bank/Fedဟာ Cash rateတက်ရပါမယ်။ Inflationary Pressureများလို့ Cash rateဟာ ဆက်တိုက်လှိမ့်တက်ရင် Bond Yieldတွေဟာ သိပ် Attractiveမဖြစ်တော့ပါဘူး။ ဒါ့အပြင် သာမန်Bondတွေဟာ Inflation-protected မဟုတ်ပါဘူး။ Inflation-protectedမဖြစ်ဘူးဆိုတာက ကိုယ်အခု Investလုပ်ထားတဲ့ပိုက်ဆံဟာ ကိုယ်သာBondကို Matureဖြစ်တဲ့အထိ ကိုင်ထားခဲ့ရင် Inflation over timeကြောင့် တန်ဖိုးလျော့နေမှာကို ဆိုလိုတာပါ။

Inflation Expectations
ဒါကြောင့် Long-term inflationဟာ near-term inflationထက် များမယ်ထင်ရင် 30yr Yieldဟာ 2yr, 10yrထက် များကိုများပါမယ်။ Economyသိပ်ကောင်းပြီး Expandဖြစ်နေတယ်ဆိုရင် Yield Curveဟာ ထောင်တက်နေတာ တွေ့ရပါမယ်။ Near-term Economyမကောင်းနိုင်ဘူးလို့ Bond Marketကယူဆရင် ပိုက်ဆံကို Near-term maturity such as 2yr, 10yr notesတွေမှာ Investပြေးလုပ်တတ်ကြတာမို့ Yield Curveဟာ Flattenဖြစ်ရင်ဖြစ်၊ ပိုဆိုးရင် ပြန်တောင် Slopeဆင်းသွားနိုင်ပါတယ်။ Bond Marketဟာ Billionနဲ့ချီတဲ့ Transactionတွေ Dealလုပ်တာကြောင့် Sophisticated investors, Instutitional investorsတွေပဲ အများအားဖြင့် လုပ်ကြတာများပါတယ်။ သူတို့တွေရဲ့ Inflationနဲ့ Economy expectationဟာလည်း Stock Marketထက်သာတယ်လို့ တချို့ကခံယူကြပါတယ်။ Stock Marketထဲမှာတော့ သူများပြောသမျှလိုက်ဝယ်တတ်တဲ့ Retail investorsတွေက ပိုများတတ်တာကိုး။

What Do I care
အပေါ်မှာပြောသွားတာက Yield တစ်ခုနဲ့တစ်ခုရဲ့ Relationshipကိုကြည့်ပြီး Bond Marketရဲ့ Expectationကို ကြည့်တဲ့နည်းပါ။ အဲဒီ့Understandingကနေမှ Forex Traderပဲဖြစ်ဖြစ်၊ Stock Traderပဲဖြစ်ဖြစ် ကိုယ့်domainနဲ့ ဘယ်လိုပတ်သက်နေသလဲ သိရပါမယ်။ Yield curveထောင်နေရင် Inflationလာတော့မယ်။ Inflation means higher cash rates. Higher cash rateဆိုရင် အဲဒီ့အစိုးရရဲ့ Currency ဈေးတက်ပါမယ်။ Higher interest rateဟာ Stock Marketအတွက် မကောင်းပါဘူး။ Leverage / Marginနဲ့ Tradeတဲ့သူအရမ်းများတဲ့ Marketမှာ Interest rateနည်းနည်းတက်တာဟာ Deadlyဖြစ်ပါတယ်။

Flow of the Money
နောက်တမျိုးမြင်တတ်ရမှာက Investလုပ်လို့ရတဲ့ Cashတွေကို အပုံလိုက်ကြီးမြင်ကြည့်လိုက်။ အဲဒီ့အပုံထဲက Cashတွေဟာ Forex, Bond, Stock, Commoditiesဆိုတဲ့ Marketမျိုးစုံစီကို Investmentတွေအနေနဲ့ ဝင်လိုက်ထွက်လိုက်ဖြစ်နေပါမယ်။ Bond Yieldတွေတက်နေရင် သာမန်အခြေအနေမှာတော့ ပိုက်ဆံဟာ Bond Marketထဲကနေ စီးထွက်နေတာပါပဲ (Yieldတက်တယ်ဆိုတာ Bond ဈေးကျလို့ပါ။ ဈေးကျတယ်ဆိုတာ Sellerများနေလို့ပါ)။ သာမန်အားဖြင့်ကတော့ Bondကနေထွက်လာတဲ့ ပိုက်ဆံဟာ Stock Marketထဲကို ဝင်လာတတ်ပါတယ်။ ဒါကြောင့် Stock Market Indexတွေနဲ့ Bond Yieldတွေဟာ Directly Proportionateဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ အောက်မှာ 10yr Note Yieldနဲ့ Dow Jones Index, 10yr Note Yieldနဲ့ US Dollar Indexတွေကို ယှဉ်ပြထားပါတယ်။


Special Circumstances
တခါတလေမှာ အပေါ်မှာပြထားတဲ့ Correlationဟာ ပြောင်းသွားနိုင်ပါတယ်။ နည်းနည်းဖောက်မယ်ပေါ့။ Federal reserve/Central bankတွေရဲ့ ဝင်နှောင့်မှုတွေကြောင့် Generallyဖြစ်တတ်ပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာ Fedက Treasuryတွေကို ပိုက်ဆံရိုက်ထုတ်ပြီး လိုက်ဝယ်မယ်ဆိုတာနဲ့ Treasuryတွေ ဈေးတက်ကုန်ပါတယ်။ ဒီတော့ Bond Yieldတွေကျကုန်တာပေါ့။ Stock Marketကတော့ Fedဟာ Economyကောင်းလာဖို့ လုပ်နိုင်သမျှလုပ်မယ်ဆိုတာ သိရတာနဲ့ မကျတော့ပါဘူး။ ဒါကြောင့် ဒီlast quarterမှာ Dow Jonesနဲ့ 10yr yield relationshipဟာ နည်းနည်းဟသွားပါတယ်။ အခုတစ်ပတ်အတွင်းမှာ Yieldတွေ ပြန်ထောင်တက်လာပါတယ်။ ဘာလို့လည်းသိသလား? Obamaက Republicanတွေကို Tax cutနဲ့ပတ်သက်ပြီး အရှုံးပေးတော့မယ်ဆိုတဲ့ သတင်းထွက်လာလို့ပါ။ Bush tax cutတွေကို Extendထပ်လုပ်ရင် အစိုးရရဲ့ tax revenueကို လျော့စေပါမယ်။ ဒီတော့ Obamaဟာ Bondတွေ ပိုထပ်ရောင်းရလိမ့်မယ်လို့ Marketက Expectလုပ်ထားလို့ပါ။ USရဲ့ Deficitဟာ ထိန်းမနိုင်သိမ်းမရဖြစ်လာနိုင်တယ်လို့ တချို့ကယူဆကြတဲ့အတွက် Bondတွေကို Selloffလုပ်တဲ့အခါမှာ Yieldတွေ ပြန်တက်လာတာဖြစ်ပါတယ်။ Yieldပြန်တက်လာကြောင့်ရော၊ European debt crisisကြောင့် Euro dollarကျတာကြောင့်ပါ အခုတလော US dollar နည်းနည်းပြန်ထောင်လာတာ ဖြစ်ပါတယ်။

Want to be a good trader?, Gotta know Bond market
ဒီလောက်ဆိုရင် Bond Marketဟာ Stock marketကို ဘယ်လို Influenceဖြစ်လဲသိလောက်ပြီထင်ပါတယ်။ သတိထားရမှာက Bond Yieldတွေဟာ Stock Marketနဲ့ ဆန့်ကျင်ဘက်သွားနေရင် သတိထားရပါမယ်။ Special circumstancesတွေမရှိပဲ Stockတွေက တက်နေပြီး Yieldတွေက ကျနေရင် ဆိုလိုတာက Institutional investorတချို့ဟာ ပိုက်ဆံကို Stockထဲမထည့်ပဲ Bondတွေလိုက်ဝယ်နေတယ်လို့ သဘောပေါက်ရပါမယ်။ Stock uptrendကို Bond marketက confirmမလုပ်ဘူးလို့ တွေးနိုင်ပါတယ်။ ဆန့်ကျင်ဘက်တွေးရင် Stock Market selloffဖြစ်နေတုံး Bond Yieldတွေ ပြန်တက်နေပြီဆိုရင် သဘောပေါက်ရမှာက Safe haven purchaseတွေ ရပ်နေပြီလို့ သိရပါမယ်။ Dow Jonesဟာ 2009 Marchမှာ ဟိုးအောက်ရောက်နေချိန်မှာ 10yrက နှစ်လလောက် ကြိုပြန်တက်နေတာတွေ့နိုင်ပါတယ်။ အချိန်ဟာ နည်းနည်းLagဖြစ်နိုင်ပါတယ်။ Typicallyကတော့ Bond Yield Trendကို Stock Marketက catch upလုပ်တတ်ပါတယ်လို့ပြောရင်း နိဂုံးချုပ်ပါတယ်။ နောက်ကြုံရင် Bondတွေအကြောင်း ထပ်ပြောပါဦးမယ်။

Happy Investing!


09 December 2010

Bond, Treasury Bond - အပိုင်း(၁)

မှတ်မိလွယ်အောင် James Bondလို ရေးထားတာပါ :) ကျွန်တော် လွန်ခဲ့တဲ့ နှစ်နှစ်လောက်အထိက Stock Tradingလုပ်တဲ့အခါမှာ Stock marketတစ်ခုထဲကိုပဲ Focusထားပြီး လုပ်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့နားလည်လာတာက Marketတွေ တစ်ခုနဲ့တစ်ခု ဆက်စပ်မှုဟာ ကိုယ်ထင်ထားတာထက် ပိုပြီးCloseဖြစ်တယ်လို့ သိလာရတယ်။ Marketတွေလို့ ဆိုရာမှာ Stock, Forex, Commoditiesနဲ့ Bond marketတွေပါ။ Marketအားလုံးရဲ့ General Trendတွေကိုပါ ထည့်ပြီးAnalysisလုပ်တဲ့အခါမှာ Tradeတွေဟာ ပိုပြီးProfitableဖြစ်လာတာကို တွေ့ရပါတယ်။ ဒီPostမှာ Bond marketကို ဘယ်လိုအသုံးပြုရမလည်းဆိုတာ ပြောပြပါမယ်။ Bond အကြောင်းကိုပြောမယ်ဆိုရင် တနေကုန်ထိုင်ပြောလို့ရတယ်။ ဒီတော့ စာဖတ်သူတွေအတွက် အရှင်းဆုံးနဲ့ အလွယ်ဆုံးဖြစ်အောင် လိုတိုရှင်းပဲ ဒီPostမှာ ရေးထားပါတယ်။

When Governments are short of money
Bondတွေမှာ အဓိကအားဖြင့် Government Bondတွေနဲ့ Corporate Bondတွေဆိုပြီး နှစ်မျိုးရှိပါတယ်။ Corporate Bondကို ခဏထားပြီး Government Bond marketအကြောင်းကိုပဲပြောသွားပါမယ်။ Govt Bondကပဲ တခြားMarketတွေကို ပိုပြီးInfluenceလုပ်နိုင်လို့ပါ။ Govtတွေမှာ ပိုက်ဆံရစရာ အဓိကနည်းလမ်းသုံးမျိုးပဲ ရှိတယ်။
  1. Taxes (you should know very well)
  2. Bonds
  3. Other income (such as Tolls, etc)
Bondဆိုတာ အစိုးရက ကျွန်တော်တို့လို hardworking citizensတွေ၊ တိုင်းပြည်ရဲ့ resourcesတွေကို အပေါင်ထားပြီး တခြားတိုင်းပြည်တွေနဲ့ Private/Institutional investorsတွေဆီကနေ ပိုက်ဆံချေးတာပါပဲ။ Bond Marketကို Fixed income marketလို့လည်း ပြောကြပါတယ်။ ဘာလို့လည်းဆိုတော့ အစိုးရက သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ every six months or so, Fixed Interestမှန်မှန်ပေးလို့ပါပဲ။ အဲဒီ့ Interestsဟာ Bondရဲ့သက်တမ်းအတွက် Issueလုပ်တုန်းက တခါတည်းFixedလုပ်ပြီးသားပါ။

Most Important Concept of Bond - Yield (%)
Bondအကြောင်းပြောရင် မသိမဖြစ်သိရမှာက Yieldဆိုတာပါပဲ။ အစိုးရဟာ Bondတွေကို စရောင်းတာက very few Primary Dealersတွေကိုပဲ ရောင်းတာပါ။ Bondတွေကို ရောင်းတဲ့အခါမှာ လေလံစနစ်နဲ့ ရောင်းပါတယ်။ သူတိုကနေမှ ကျွန်တော်တို့လို အပြင်ကသူတွေ ပြန်ဝယ်ရောင်းလုပ်နိုင်ပါတယ်။ ဒါပေမယ့် Bondကို Tradeလုပ်တဲ့အခါမှာ တိုင်းပြည်အခြေအနေတွေပေါ် မူတည်ပြီး Bond priceဟာ ကျချင်ကျမယ်၊ တက်ချင်တက်မယ်။ ဒါပေမယ့် အပေါ်မှာ ပြောခဲ့သလို အစိုးရဆီက Regularlyရမယ့် Interest amountက Fixedလုပ်ပြီးသားပါပဲ။ ဒါကြောင့် ကိုယ်တကယ်ရင်းနှီးရတဲ့အပေါ်မှာ ရတဲ့Interestကို Bond Yieldလို့ ခေါ်ပါတယ်။ Bond Priceနဲ့ Bond Yieldဟာ Inverselyအချိုးကျပါတယ်။ Bondဈေးတက်ရင် Yieldကျမယ်၊ Bondဈေးကျရင် Yieldတက်ပါမယ်။ Bondအကြောင်းနားလည်ချင်ရင် ဒီFormulကို မသိလို့ကို မရဘူး။

Par, Premium, Discount
ဥပမာ Bond price ၁၀၀၀အတွက် အစိုးရဆီက တစ်နှစ်ကို Fixed interest ၁၀၀ရမယ်ဆိုပါတော့။ Fixed Interestဟာ ၁၀%ပေါ့။ ကိုယ်က Secondary market/Retail marketထဲမှာ အဲဒီ့ 10%ရဖို့အတွက် Bond priceကို ၁၀၀၀ပဲပေးရတယ်ဆိုရင် Parဖြစ်တယ်လို့ ဆိုပါတယ်။ Yieldနဲ့ အစိုးရဆီက ရမယ့် Fixed interestဟာ အတူတူပဲပေါ့။ ဒါပေမယ့် ကိုယ်က အစက ၁၀၀၀တန်တဲ့ Bondကို ၈၀၀နဲ့ရရင် ၁၀၀/၈၀၀ = ၁၂.၅% Yieldဖြစ်ပါမယ်။ ကိုယ်က ၁၂၀၀ပေးရရင် Yieldက ၁၀၀/၁၂၀၀ = ၈.၃၃%ဖြစ်ပါမယ်။ အဓိကကတော့ အစိုးရဆီက ရမယ့်ပိုက်ဆံဟာ မပြောင်းပါဘူး။ ဒါပေမယ့် ကိုယ်ဝယ်တဲ့ ပိုက်ဆံပမာဏဟာ ပြောင်းနေပါမယ်။ တူရင် Par, ပိုပေးရရင် Premiumနဲ့ လျော့ရရင် Discountလို့ ခေါ်ကြပါတယ်။

Why Bond Prices move
အစိုးရနဲ့ Central Bankတွေအပေါ်မှာ မူတည်ပြီး Bond Pricesတွေဟာ တချိန်လုံးပြောင်းနေပါတယ်။ Stock Market, Forex Marketတွေအတိုင်းပဲ သူတို့ကို Dealerတွေဟာ Tradeနေကြပါတယ်။ အစိုးရ Major policy change ဖြစ်တဲ့ eventတွေဟာ Bond Marketကို ဂယက်ရိုက်နိုင်ပါတယ် - ဘယ်လိုဟာမျိုးလည်းဆိုတော့ ဟိုတလောက US Federal Reserveက US dollarအသစ်ရိုက်ထုတ်ပြီး US Govtရဲ့ Bondတွေ လိုက်ဝယ်မယ်ဆိုတာနဲ့ Bondဈေးတွေတက်ကုန်တာပါပဲ။ ဘာလို့လည်းဆိုတော့ Fedက Supportပေးသလိုဖြစ်နေတာကိုး။ Australian Central Bankက Cash Rateကို Inflationကြောက်လို့တိုးတိုင်း Australian Dollar forex rateဟာ တက်သွားတာကို တွေ့ရပါမယ်။ အပေါ်ယံကြည့်ရင်တော့ Cash Rateကို မက်လို့ Australian Dollarကို လိုက်ဝယ်ကြတယ်လို့ ထင်မှာပဲ။ တကယ်တမ်းတော့ ဒါဟာIndirect affectပါ။ Australian Governmentဟာလည်း ပိုက်ဆံလိုရင် Bondထုတ်ရောင်းရတာပါပဲ။ ဒါပေမယ့် ပေးတဲ့ Bond Yieldဟာ Official cash rateထက်မှ မသာလို့ မရပါဘူး။ မသာမှတော့ သူတို့Bondကို ဘယ်သူက ဝယ်မလည်း။ ဒီတော့ Cash Rateတက်ရင် Bond Yieldလိုက်တက်ရမယ်။ Bond Yieldတက်ရင် အဲဒီ့Bondဟာ Attractiveဖြစ်လို့ လိုချင်ရင် Aussie Bondကို Aussie Dollarနဲ့ ဝယ်ရပါမယ်။ ဒါကြောင့် AUD rateဟာ ဝယ်လက်များလို့ တက်သွားရတာပါ။

Remember PIIGS?
၂၀၁၀တစ်နှစ်လုံးလိုလို PIIGS europen countriesတွေ ဘယ်လောက်ဒုက္ခရောက်နေကြလည်း Investmentအကြောင်း နည်းနည်းစိတ်ဝင်စားတာနဲ့ သိမှာပါ။ Greeceအစိုးရဟာ ပိုက်ဆံတွေအများကြီးချေးထားပြီး ပြန်ဆပ်ချင်မှ ဆပ်နိုင်မယ်ဆိုတဲ့ သတင်းသဲ့သဲ့ထွက်လာတာနဲ့ Marketထဲမှာ Greece Bondတွေ ချရောင်းကြတာပါပဲ။ ရောင်းလိုအားများတော့ Bondဈေးတွေကျ၊ Bond ဈေးတွေကျတော့ Yieldတွေ ဆောင့်တက်ကုန်တာပါပဲ။ Marketက ဆိုလိုတာက မင်းတို့အစိုးရက သိပ်စိတ်မချရဘူး၊ ဒီတော့ ငါ့ပိုက်ဆံလိုချင်ရင် Bondဈေးကို ချရောင်းလို့(Effectively Raising Bond Yields) တောင်းဆိုတာနဲ့ အတူတူပါပဲ။ Bond Yieldတွေ တက်နေတိုင်း အစိုးရဟာ Bondရောင်းတဲ့အခါမှာ ပေးရတဲ့ Fixedအတိုးချင်းအတူတူ စစချင်းရတဲ့ ပိုက်ဆံပိုနည်းသွားတယ်လို့ တွေးနိုင်ပါတယ်။ နူရာဝဲဆွဲ လဲရာသူခိုးထောင်းဆိုတာ အဲဒါအစစ်ပဲ။

Maturity Periods
Bondတွေမှာ အစိုးရက ဘယ်တော့မင်းတို့ပိုက်ဆံပြန်ရမယ်ဆိုပြီး အာမခံထားတဲ့ Periodတွေရှိပါတယ်။ အဲဒီ့Periodတွေ အတိုအရှည်ပေါ်မူတည်ပြီး အခေါ်အဝေါ်တွေလည်း ကွဲသွားပါတယ်။
  • 4wk - 52wk Maturityတွေကိုတော့ Bills (Treasury Bill in USA)
  • 2yr - 10yr Maturityတွေကိုတော့ Notes (Treasury Notes) နဲ့
  • 30yr Maturityကိုတော့ Bonds (Treasury Bonds)တွေလို့ ခေါ်ကြပါတယ်။
Marketထဲမှာတော့ 10yr yieldဘယ်လောက်, 30yr ဘယ်လောက်အစရှိသဖြင့် လွယ်လွယ်ပဲပြောကြပါတယ်။ 2yr, 10yrနဲ့ 30yrတွေဟာ Marketထဲမှာ Hottestအဖြစ်ဆုံး Maturityတွေပါ။

US Govt Bond = Safe Haven
US Govt Bondတွေဟာ ကမ္ဘာပေါ်မှာ Safeအဖြစ်ဆုံးလို့ မှတ်ယူထားကြပါတယ်။ US Govtက Guaranteeပေးတဲ့ Investmentပေါ့။ တကယ်တမ်းတော့ US Economyနဲ့ US citizensတွေရဲ့ tax revenueတွေကို backလုပ်ပြီး ပေးတဲ့Guaranteeပါပဲ။ ဘာကြောင့် Institutionတွေဟာ စိတ်ချချင်ရင် ပိုက်ဆံကို ဘဏ်တိုးမထားပဲ Bondဝယ်ကြသလည်း သိသလားမသိဘူး။ ဘဏ်မှာထားတဲ့ Depositတွေဟာ အတိုင်းအတာတခုအထိပဲ Government Guaranteeရှိပါတယ် - ဥပမာ လူတစ်ယောက်ကို နှစ်သန်းအထိပဲ အစရှိသဖြင့်ပေါ့။ ဘဏ်ပျက်ပြီး ကိုယ့်ပိုက်ဆံက နှစ်သန်းအထက်ဆိုရင် သေဖို့သာပြင်ထား။ ဒီတော့ Billionနဲ့ချီတဲ့ Cashတွေကို Manageလုပ်တဲ့ Money Managerတွေဟာ စိတ်ချချင်ရင် Bondကလွဲလို့ တခြားဘာမှမရှိပါဘူး။ Bondကတော့ ကိုယ်Investလုပ်သမျှ အစိုးရက တာဝန်ယူတာကိုး။ ကိုယ့်မှာနှစ်သန်းတောင်မှမရှိတာ ငါနဲ့မဆိုင်ပါဘူးလို့ ထင်နေသလားမသိဘူး။ မထင်ပါနဲ့ Bond Marketရဲ့ Ripple Effectဟာ လူတိုင်းနဲ့ ဆိုင်ပါတယ် - at least Mortgage ownersတွေလို့ ပြောနိုင်ပါတယ်။

If you have a home loan in America, You better know 30yr bond yield
USကို ဥပမာပေးပြောပေမယ့် conceptဟာ တိုင်းပြည်တိုင်းအတွက် အတူတူပါပဲ။ ကျွန်တော်တို့ အိမ်ဝယ်ရင် ဘဏ်ကချေးတယ်မဟုတ်လား။ ဘဏ်က ချေးဖို့ပိုက်ဆံကို ဘယ်ကရသလည်း? ကျွန်တော်တို့ထားတဲ့ Saving depositတွေဟာ သူတို့ချေးသမျှ home loanတွေအတွက် မလုံလောက်ပါဘူး။ Residential Mortgage Backed Security (RMBS)ဆိုတာ ကြားဘူးသလားတော့ မသိဘူး။ ဒါဟာ Lenderတွေက ကျွန်တော်တို့ mortgageတွေကို Securityတစ်ခုအနေနဲ့ Backingလုပ်ပြီး Investorတွေကို ပြန်ရောင်းတာပါပဲ။ ကျွန်တော်တို့ရဲ့ cashတွေ၊ အလုပ်ကရတဲ့ လခတွေကောင်းလေ RMBSရဲ့ Credit Qualityကောင်းလေပေါ့လေ။ RMBSကို ဝယ်မယ့်သူဘက်က ကြည့်ရင် RMBSက ပုံမှန်ရရမယ့်အတိုး(ဟုတ်ပ ကျွန်တော်တို့ပေးတဲ့ အတိုးတွေပါ)ဟာ ပိုပြီး စိတ်ချရမယ့် Treasury Bondထက် ပိုမရရင် ဘယ်သူက Investလုပ်မလည်း? Uncle Samဆီမှာပဲ Investသွားလုပ်မှာပေါ့။ ဒါကြောင့် 30yr yieldတက်ရင် US mortgage ownerတွေဟာ အတိုးပိုပေးရပါမယ်။ မဟုတ်ရင် Marketရပ်သွားပါလိမ့်မယ်။ 30yr yieldတွေ တက်နေတဲ့အချိန်မှာ သွားပြီး Fixedလိုက်မိရင် သေဖို့သာပြင်ထားပေတော့။ အခု US Federal Reserveက Dollarရိုက်ထုတ်ပြီး US Treasuryတွေလိုက်ဝယ်မယ်ဆိုတာ အဓိကက အဲဒီ့အတွက်ပဲ။ Treasury Yieldတွေဟာ Credit Marketရဲ့ Benchmarkဆိုတော့ သူတို့လိုက်ဝယ်ရင် Treasuryဈေးတက်မယ် - ဒီတော့ Yieldတွေကျမယ် - ဒီတော့ Mortgageeတွေပေးရတဲ့ အတိုးတွေ ကျသွားမယ်ပေါ့။ ကဲ ကိုယ်နဲ့မဆိုင်ဘူးလို့ ထင်သေးလား?

ရေးရေးချင်းတုန်းကတော့ တစ်Postထဲနဲ့ ပြတ်မယ်ထင်တာ၊ အခုထိ လိုရင်းကို မရောက်နိုင်သေးဘူး။ အပိုင်း(၂)မှာ Traderတစ်ယောက်အနေနဲ့ Treasury Yieldတွေကို ဘယ်လိုအသုံးချရမလည်း ပြောပြပါမယ်။ အောက်မှာ 30yr yield chartကို ပြထားပါတယ်။

Happy Investing!

07 December 2010

InvestMyanmar.net

မြန်မာCommunityအတွက် Investment, Financeနဲ့ ပတ်သက်ပြီး တထောင့်တနေရာက ပစ်ကူပေးဖို့ InvestMyanmar.netကို ကိုအောင်စည်သူကျော်က ဒီနေ့ပဲLaunchလုပ်ထားပါတယ်။ မြန်မာwebsiteတွေထဲမှာ Investmentနဲ့ပတ်သက်ပြီး ရေးတာရှားပါးတာမို့ Warmly Welcomeပါ ကိုအောင်စည်သူကျော်။

03 December 2010

မေတ္တာရပ်ခံချက်

အခုတလော ကျွန်တော့် Blogရဲ့ Contentတချို့ကို Forumနဲ့ Websiteတချို့မှာ Redistribute လုပ်ထားကြတာတွေ့ရပါတယ်။ ပထမဦးဆုံးပြောချင်တာကတော့ Redistributeပြန်လုပ်ပေးတဲ့ ညီညီမငယ်များ၊ အစ်ကိုအစ်မများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ ထပ်ဆင့် မေတ္တာရပ်ခံချင်တာကတော့ Redistribute လုပ်တဲ့အခါမှာ -
  1. Original Postရဲ့ URL (Postရဲ့ Titleပေါ်ကို Clickလိုက်ရင် Browser address barမှာ exact URLကို တွေ့နိုင်ပါတယ်)
  2. ကျွန်တော့်နာမည်/Original Authorရဲ့ အမည်
လေးတော့ Each and Every Distributionမှာ Acknowledgeလုပ်ပေးကြပါလို့ လေးစားစွာ Requestလုပ်ပါတယ်။ Feed-roll သမားများကို မဆိုလိုပါ။ Feed-rollတွေမှာ အပေါ်က နှစ်ခုလုံးပါပြီးဖြစ်ပါတယ်။


Happy Sharing.

02 December 2010

How to Trade Like a Professional

ကျွန်တော်စပြီး tradingလုပ်တုံးက စနစ်ဆိုတာမရှိဘုး။ နည်းနည်းပါးပါးလေ့လာပြီး ဒီလိုပဲဝင်လုပ်လိုက်တာပဲ။ အစပိုင်းမှာ မြတ်တာတွေရှိသလို၊ ရှုံးတာတွေလည်း ရှိတာပေါ့။ အစပိုင်းမှာ အမြတ်က ထင်သလောက် သိပ်မကျန်ဘူး။ ကိုယ့်ကိုယ်ကို သေချာပြန်ပြီး Analyseလုပ်ကြည့်တော့ Methodပိုင်းမှာ ဒီလောက်အားနည်းတာ မတွေ့ရဘူး။ Methodပိုင်းက စာဖတ်နိုင်ရင်၊ Softwareနဲ့ Data ရှိရင်ရတယ်။ အရှုံးဆိုတာမရှိ(၁)မှာ ရေးခဲ့သလိုပဲ Traderတွေအားလုံး ဒီMethodတွေသိရဲ့သားနဲ့ တစ်ယောက်နဲ့တစ်ယောက် ဘာလို့ဒီလောက် Money making ability တွေကွာနေရသလည်းဆိုတဲ့ Topicဟာ ကျွန်တော့်ကို ဆယ်ကျော်သက်အရွယ်က သဘောကျတဲ့ ကောင်မလေးတစ်ယောက်အကြောင်းကိုပဲ တချိန်လုံးတွေးနေမိသလို  ဖမ်းစားနိုင်ခဲ့ပါတယ်။ အောက်မှာရေးထားတာတွေဟာ နှစ်နဲ့ချီပြီးမှ သိလာရတဲ့၊ လုပ်လာနိုင်တဲ့ Knowledgeတွေပါ။ ဒါတွေကို Applyလုပ်နိုင်ရင် Professional traderဖြစ်ဖို့နီးစပ်လာပါလိမ့်မယ်။

Fact No. 1
Methodတွေ ကျွမ်းကျင်တာနဲ့ Professional Traderမဖြစ်ပါဘူး။ စာအုပ်ဆယ်ဒါဇင်သွားဖတ်ပြီး Marketထဲဝင်လာခဲ့၊ ရှုံးစေရမယ်။ Money Management Skillကို Developမလုပ်သရွေ့ ကြိုက်သလောက်မြတ်၊ Marketထဲကို ပြန်ပါသွားစေရမယ်။ အထူးသဖြင့် အခုလိုခေတ်ထဲမှာ Government/Central Bank interventionတွေ အရမ်းများပါတယ်။ ဟိုးတနေ့ကပဲကြည့်၊ Tradeတစ်ခုဝင်ခါရှိသေး Kim Jongက ထဆော်လို့ အမြန်လိုက်ပိတ်ရတယ်။ Market Correctionဖြစ်တော့မယ်ထင်တဲ့အချိန်မှာ US Fed Chairman Ben Bernankeက ပိုက်ဆံတွေ ရိုက်ထုတ်မယ်ဆိုတော့ Marketဟာ မကျတော့ဘူး။ ဒါမျိုးတွေပေါ့။ အဓိကပြောချင်တာက ကြိုက်သလောက် Analyseလုပ်၊ ကိုယ့်ရဲ့Tradeဟာ ခွက်ခွက်လန်အောင် ရှုံးနိုင်တယ်ဆိုတာပါပဲ။ See the catch word here? "ခွက်ခွက်လန်" ဆိုတာမဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။ ခင်ဗျားကော ဖြစ်ဘူးလားဆိုရင် ဂုဏ်ယူစွာပြောရမှာပဲ - ဖြစ်ဘူးတာပေါ့၊ လန်နေတာပဲ :) Professional Traderတွေမှာ small managed lossesတွေပဲရှိတယ်၊ ခွက်ခွက်လန်အောင် ရှုံးတယ်ဆိုတာ မရှိပါဘူး။ ဒီလိုဖြစ်အောင် Good Money Management Skillတွေ လိုပါတယ်။

Fact No. 2
Amateur Traderတွေဟာ Marketထဲဝင်လာလာချင်း Big Profitတွေလုပ်ဖို့ ဝင်လာကြတာပါ။ Professionalတွေကတော့ နေ့တိုင်း Big Lossesတွေမဖြစ်ဖို့ ကြိုးစားကြပါတယ်။ Professionalတွေဟာ Lossတွေကို ကောင်းကောင်းManageလုပ်ရင် Profitဟာ Autoဖြစ်လာမယ်ဆိုတာ သဘောပေါက်ပေမယ့် Amateurတွေကတော့ အရှုံးဆိုတဲ့စကား မကြားလို - မြန်မာလိုယူရင်တော့ နမိတ်မရှိဘူးပေါ့။ Dr. Alexander Elderပြောဘုးတဲ့စကားရှိတယ် -  "A fool and his money can throw one hell of a party"တဲ့။ Marketထဲကို Profitဆိုတာပဲတွေးပြီး ဝင်လာတဲ့သူဟာ အဲဒီ့စကားအတိုင်းပါပဲ။ Marketထဲမှာ Foolမဖြစ်အောင် နည်းလမ်းတစ်ခုပဲရှိတယ်။ Seriously, တစ်ခုပဲရှိတယ်။ Manage your losses and have a good money management discipline.

One example of good money management - R-multiple system
Dr. Van Tharpရဲ့ R-multiple management systemဟာ တော်တော်ကောင်းတဲ့ money managementတစ်ခုပါ။ ကျွန်တော်ကိုယ်တိုင်သုံးပါတယ်။ R-multiple systemမှာ Rဆိုတာ Riskကိုပြောတာပါ။ Traderတစ်ယောက်ဟာ Tradeတစ်ခုမဝင်ခင် ဘယ်လောက်အရှုံးခံနိုင်မလည်းဆိုတာ တခါတည်းကြိုပြီး Defineလုပ်ရပါမယ်။ အများအားဖြင့် Tradeတစ်ခုအတွက် ကိုယ့်မှာရှိတဲ့ ပိုက်ဆံရဲ့ ၂%ကနေ ၅%လောက်ပဲ အရှုံးခံသင့်ပါတယ်။ ၂%-၅%ဆိုတာ Marketထဲကို အပါခံနိုင်တဲ့ Amountကိုပြောတာပါ။ Tradeတစ်ခုရဲ့ total costမဟုတ်ပါဘူး။ တကယ့်Professionalတွေအတွက် ၂%ဆိုတာတောင် လွန်လှပြီ၊ ဒါပေမယ့် ပိုက်ဆံနည်းနည်းနဲ့စတဲ့ လူတစ်ယောက်အတွက်ကျတော့လည်း ၂%က Practicalမဖြစ်ပြန်ဘူး။ ဒါကြောင့် ကျွန်တော်၂%-၅%လို့ပြောတာပါ။

Rဘက်ကို ပြန်သွားရရင် Traderတစ်ယောက်ဟာ R amountရှုံးတာနဲ့ cut lossလုပ်ဖို့Ready ဖြစ်နေဖို့လိုသလို R amountရဲ့ multipleတစ်ခုမှာ Profit takingလုပ်ဖို့လည်း determineဖြစ်ရပါမယ်။ ဥပမာ 2R or 3R amountပေါ့။ Rဟာ $200ဆိုရင် 2Rဟာ $400ကို ဆိုလိုတာပါ။ R-multipleနဲ့ တွဲပြီးလုပ်ရမှာက ကိုယ့်ရဲ့ Trading systemပါ။ Trading systemဆိုတာ Entry, Exit rulesတွေကို Technical, Fundamentalတွေ ပေါင်းစပ်ပြီး generateလုပ်တာကို ခေါ်တာပါပဲ။ ဥပမာ MACD crossoverဖြစ်ရင် ဝယ်မယ်/ရောင်းမယ်၊ trend line brekoutဖြစ်ရင်တော့ ဝယ်မယ်/ရောင်းမယ် အစရှိသဖြင့်ပေါ့လေ။ ကျွန်တော်ပြောသလိုပဲ No system is perfect but there has to be some probability of success of your trading system. ဥပမာ ကိုယ့်systemဟာ ၆၀%တော့ မှန်တယ်၊ ၇၀%တော့မှန်တယ် ဆိုတာမျိုးပါ။ အောက်က Tableလေးကို ကြည့်ကြည့်ပါ။

#
Invest
Capital
Risk or R
Win/Lose
Reward Multiplier
1
2000
10000
200
L
2
2
2000
9800
200
L
2
3
2000
9600
200
L
2
4
2000
9400
200
L
2
5
2000
9200
200
L
2
6
2000
9000
200
W
2
7
2000
9400
200
W
2
8
2000
9800
200
W
2
9
2000
10200
200
W
2
10
2000
10600
200
W
2
NET

11000




ဒီTableထဲက Figureတွေဟာ ဖတ်ရလွယ်အောင် လုပ်ထားတာပါ။ Totalပိုက်ဆံ ၁သောင်းရှိတဲ့ Traderဟာ Tradeတစ်ခုစီကို ၂ထောင်စီရင်းပါမယ်။ ဒါပေမယ့် သူ့ရဲ့ Rဟာ ၂၀၀ပါ။ Totalပိုက်ဆံရဲ့ ၂%ပေါ့။ ဒါဟာ ကျွန်တော်ပြောတဲ့ ၂-၅% rangeမှာ Conservative rangeပါ။ Reward multipleကတော့ 2Rပါ။ Riskယူတာရဲ့ နှစ်ဆရရင် ရောင်းမယ်ပေါ့။ Method(Technical, Fundamental)ပိုင်းက ဘယ်နေရာကပါလဲဆိုတော့ Probabilityပိုင်းက ပါပါတယ်။ ဒီExampleမှာ ကျွန်တော်ဟာ 50%ပဲမှန်တဲ့ Systemကို သုံးပြထားပါတယ်။ ဟုတ်ပါတယ်၊ ၅၀%ထဲပါ။ Marketထဲမှာ 90%လောက်မှန်မှ ပိုက်ဆံရှာနိုင်လိမ့်မယ်လို့ ထင်နေတယ်မဟုတ်လား။ ဒီExampleဟာ ၅၀%မှန်တဲ့ Systemပဲလိုတယ်။ ခေါင်းပန်းလှန်တဲ့ Probabilityထက်နည်းနည်းပဲ သာဖို့လိုမယ်။ ၅၀%ပဲမှန်တဲ့အတွက် ဆယ်ခါTradeတဲ့အခါမှာ ၅ခါရှုံးပြီး ၅ခါမြတ်ပါမယ်။ Keyက ရှံးတဲ့အခါမှာ R amountကိုရှံးပြီး မြတ်ရင် 2Rမြတ်ရပါမယ်။

အဆုံးသတ်မှာ ၁၀၀၀အမြတ်ကျန်ပါတယ်။ ၁၀% returnပေါ့။ ဒါဟာ ဘဏ်တိုးထက် အသာလေးသာပါတယ်။ Traderဟာ weekly, fortnightly frequencyနဲ့ Tradeတယ်ဆိုရင် အဲဒီ့periodတစ်ခုပြီးတိုင်း ၁၀%ကျန်ပါမယ်။ တစ်ပတ်ကို ၁၀%ကျန်ရင်, တစ်လဆိုရင် ၄၀%။ Summaryပြောရရင်
  • R ဟာကိုယ့်ရဲ့ total equity/cashပေါ်မူတည်ပါတယ်။
  • Tradeတစ်ခုဟာ R amountရှုံးနေပြီဆိုရင် cutရပါမယ်။
  • R-multiple amountတစ်ခုမြတ်နေပြီဆိုရင် profit takingလုပ်ရပါမယ်။
  • Method - Technical, Fundamentalတွေဟာ Probability systemအနေနဲ့ပဲမြင်ရပါမယ်။ သူတို့ရဲ့ Success rateဟာ အနည်းဆုံး ၅၀%ရှိသင့်ပါတယ်။
  • ဆက်တိုက်ရှုံးလာရင် ကိုယ့်Methodဘာလိုနေလည်းဆိုတာ continually refineလုပ်သွားရပါမယ်။

Van Tharpရဲ့ R-multiple systemဟာ very simpleဖြစ်ပေမယ့် ဒါဟာProfessionalတွေ Tradeတဲ့ နည်းစနစ်အတိုင်းပါပဲ။ Proတွေဟာ လွန်ခဲ့တဲ့ အနှစ်တစ်ရာကျော်ကတည်းကနေ အခု၂၁ရာစုအထိ ဒီနည်းနဲ့ပဲ Tradeပြီး Financial Freedomကို ရခဲ့ကြတာပါ။ အပေါ်က exampleမှာ Tradeစုစုပေါင်း ၁၀ခုရှိပါတယ်။ ကိုယ်Riskယူတဲ့ Rက ၂၀၀, 10 tradeမှာ မြတ်တာက ၁၀၀၀ဆိုတော့ total profitဟာ 5Rလို့ဆိုနိုင်ပါတယ်။ 5Rကို 10 tradeနဲ့စားရင် 0.5Rဆိုပြီး averageရပါမယ်။ အဲဒါကို Van Tharpက Trader's life expectancyလို့ ခေါ်ပါတယ်။ အဲဒီ့ Life expectancyဟာ အနှုတ်ပြနေရင် အချိန်တန်ရင် အရင်းပြုတ်မှာပဲ။ အပေါင်းပြပြီး တိုးတိုးလာသရွေ့ ကိုယ့်ရဲ့equityဟာလည်း တိုးလာမှာ ဖြစ်ပါတယ်။

Amateurတွေ ဘာလို့Marketထဲကနေ Washed outဖြစ်ဖြစ်သွားသလည်း ကျွန်တော် Exampleနဲ့ပြပါမယ်။ အပေါ်က Tableကိုပဲ Riskကို 2Rယူပြီး မြတ်ရင် R amountနဲ့ မြန်မြန်ကျေနပ်တတ်တယ်လို့ တွေးလိုက်ပါ။ ဒီတော့ ရှုံးနေရင် ၄၀၀အထိစောင့်ပြီး မြတ်ရင်တော့ ၂၀၀နဲ့ ပျော်တယ်ပေါ့။ နောက်ဆုံးပိတ် ၁၀၀၀ရှုံးပါမယ်။ -0.5R expectancy ပြပါတယ်။ Key pointက Amateurတွေဟာ ရှုံးရင် ပြန်လာနိုးHopeလေးနဲ့ 2R+အထိစောင့်ပြီး မြတ်ရင်တော့ R amountလောက်အထိပဲ လောဘကို ထိန်းနိုင်လို့ပါပဲ။

#
Invest
Capital
Risk or 2R
Win/Lose
Reward Multiplier
1
2000
10000
400
L
0.5
2
2000
9600
400
L
0.5
3
2000
9200
400
L
0.5
4
2000
8800
400
L
0.5
5
2000
8400
400
L
0.5
6
2000
8000
400
W
0.5
7
2000
8200
400
W
0.5
8
2000
8400
400
W
0.5
9
2000
8600
400
W
0.5
10
2000
8800
400
W
0.5
NET

9000




ဒါတွေအားလုံးကို အတိုချုပ်လိုက်ရင် - "Cut your losses fast and Let your profit run". ဒီ R-multiple system ဥပမာကနေ Tradeချင်းအတူတူ၊ Probability systemချင်းအတူတူပေမယ့် Different money managementကြောင့် traderနှစ်ယောက်ဟာ လူချင်းကွဲသွားတယ်ဆိုတာ အရှင်းကြီးတွေ့နိုင်ပါတယ်။ ဒီPostကနေ အဲဒီ့ Conceptလေးရသွားရင် Professional Traderဖြစ်ဖို့ နီးစပ်လာပါပြီလို့။

It's too simple to convince people that this is the ONLY way to make money in the market!

PS : Van Tharpရဲ့ Trade Your Way to Financial Freedomဆိုတဲ့ စာအုပ်ကို ဖတ်ဖို့တိုက်တွန်းပါတယ်။

29 November 2010

Psychology of Losing

Stock Tradingလုပ်တဲ့အခါ Beginnerတွေအတွက် Stop-lossမလုပ်နိုင်တာဟာ အထူးအဆန်းတော့ မဟုတ်တော့ပါဘူး။ ကျွန်တော်လည်း ဒီဘဝကို ဖြတ်သန်းခဲ့တာပါပဲ။ Paper Loss/Unrealised Lossဖြစ်နေတဲ့အခါမှာ ပိုက်ဆံကလေး ကိုယ့်အိတ်ထဲကထွက်သွားနိုင်တဲ့ Chanceကနေ Stop-lossလုပ်လိုက်ရင် Realisedတကယ်ဖြစ်သွားမှာကိုး။ ဒီPostမှာ Money Lossကို Perspectiveမျိုးစုံကနေ ပိုပြီးPalatableဖြစ်စေအောင် ရေးထားပါတယ်။ အောက်မှာရေးထားတာတွေ ဖတ်ပြီး အရှုံးဒဏ်ပိုခံနိုင်ပြီဆိုရင် ကျွန်တော်ရေးရကျိုးနပ်ပါမယ်။

Forget about $$$
အရှုံးကို ပိုပြီးManageလုပ်နိုင်အောင် တွေးသင့်တဲ့ရှုထောင့်ကတော့ ပိုက်ဆံကို ပိုက်ဆံလို့မတွေးပါနဲ့။ Pointတွေလို့တွေးပါ။ Casinoတွေမှာ Chipလေးတွေနဲ့ တကယ့်ပိုက်ဆံကို လဲပေးထားတာတွေ့တယ်မဟုတ်လား။ အဲဒါလူတွေကို ပိုပြီးအရှုံးဒဏ်ခံနိုင်အောင် လုပ်ထားတာပါ။ ပိုက်ဆံကို ပိုက်ဆံလိုမမြင်ဘဲ ရေလိုသုံးပစ်လို့ ကျွန်တော်ဆိုလိုတာ မဟုတ်ပါဘူး။ ပိုက်ဆံကို ဘယ်နှဒေါ်လာအစရှိသဖြင့်မတွက်ဘဲ၊ ဘယ်နှPointတော့ Downနေပြီလို့တွေးရင် နည်းနည်းပိုသက်သာပါမယ်။

Casualty of War
စစ်ဖြစ်ရင် စစ်သားတစ်ယောက်တော့ သေမှာသေချာတယ်။ ကံဆိုးရင် Civillianတွေတောင်ပါဦးမယ်။ ဒီIdeaကိုတော့ လက်ခံနိုင်ကြပါတယ်၊ ဒါပေမယ့် Tradingလုပ်ရင်တော့ အရှုံးမခံချင်ကြဘူး - ယုတ္တိရှိသေးရဲ့လား စဉ်းစားကြည့်ပါဦး။

Remember how you learned riding a bike
စက်ဘီးစီးတတ်သူများ စသင်ခါစက တဘိုင်းဘိုင်းနဲ့လဲခဲ့တာ မှတ်မိသေးရဲ့လား။ မြန်မာပြည်မှာကတော့ သတ္တိရှိကြတယ်၊ သင်ခါစ ဘာအကာမှမပါဘူး။ Helmatလည်း မပါဘူး။ တော်တော်လေး ပြဲကွဲပြီးမှ တဲ့တဲ့စီးနိုင်တာ။ Tradingလုပ်တဲ့အခါမှာလည်း ဒီလိုပါပဲ။ စစချင်းမှာ Stop-lossဆိုတဲ့ Helmatပါရင် လဲတဲ့ဒဏ်၊ ရှုံးတဲ့ဒဏ်ကို ပိုပြီးခံနိုင်ပါမယ်။ သေချာတာက လဲမှာပဲ။ လဲမှာကြောက်ရင် စက်ဘီးမစီးတတ်သလို ရှံးမှာကြောက်နေရင် Traderဘယ်တော့မှ မဖြစ်ဘူး။ Tradingစလုပ်လုပ်ချင်း Millionaireဖြစ်ချင်တဲ့သူဟာလည်း စက်ဘီးမှ မစီးတတ်သေးဘူး၊ ခေါင်းထောင်စီးချင်တဲ့သူလိုပါပဲ။

Learn from Beckham
Beckhamကိုဆိုရင် လူတိုင်းက သူရဲ့ Twistလေးနဲ့ကန်တဲ့ Free kickကိုပဲ ဦးဆုံးပြေးမြင်ကြတယ်။ သူရဲ့ တည့်တည့်ကြီးလွဲသွားတဲ့ Penalty Goal Kickတွေရော သတိရကြသေးရဲ့လား:) Beckhamနာမည်ကြီးတာဟာ သူ့ရဲ့Personalityကောင်းတာထက် သူ့ရဲ့Achievementက သူ့ရဲ့Lossesတွေထက် သာခဲ့လို့ပါ။ သူပါပြီး ရှုံးတဲ့ပွဲတွေမှ အများကြီး။ ဒါပေမယ့် နိုင်တဲ့ပွဲအရေအတွက်ဟာ သူငယ်စဉ်ဘဝက ပိုများခဲ့လို့ပါပဲ။ ဆက်စပ်တွေးလို့ရတာက Soccerဘယ်လိုပြိုင်သလည်းရော ကြည့်ကြည့်ပါဦး။ Round 1မှာ တစ်ပွဲရှုံးပေမယ့် အုပ်စုတက်ဖို့ Chanceဟာ ရှိနိုင်ပါသေးတယ်။ နောက်ဆုံးပိတ် Totalအမှတ်နဲ့ Goalအရေအတွက်ကသာ အရေးကြီးတာပါ။ First-halfမှာ ရှုံးနေရင်တောင် စိတ်ဓါတ်မကျရင် Second-halfမှာ ပြန်နိုင်နိုင်ပါတယ်။ Beckhamလိုလူတွေ ဒူးခေါင်းတော်တော်နာသွားရင် ခဏနားတာလည်း အတုယူသင့်ပါတယ်။ Marketထဲမှာ ဆက်တိုက်ရှုံးပွဲဆက်လာရင် ခဏ Take a breakလုပ်ပြီး ကိုယ့်လိုအပ်ချက်တွေကို ပြန်Analyseလုပ်သင့်ပါတယ်။

မမှားသောရှေ့နေ...
ဒီစကားပုံလိုပဲ မရှုံးဘူးတဲ့ ရှေ့နေ၊ လူနာမသေဘူးတဲ့ ဆရာဝန်မရှိပါဘူး။ ရှိရင်လည်း ကုသိုလ်ကံ တော်တော်ကောင်းသေးလို့ပဲဖြစ်လိမ့်မယ်။ တရားခံဘက်က Defenseရှေ့နေဟာ ကိုယ့်အမှုသည် လုံးဝလွတ်ရမယ်လို့ တွက်လို့မရပါဘူး။ ဆယ်နှစ်နဲ့ ကြိုးမိန့်နှစ်ခုပဲရှိတယ်ဆိုရင် ပိုသက်သာမယ့် ဆယ်နှစ်ကို ရွေးရမှာပါပဲ။ ခေါင်းမာနေရင် ကိုယ့်အမှုသည် သေမှာပဲ။ ဆရာဝန်ဟာလည်း ပုတ်နေတဲ့ခြေထောက်ကို မဖြတ်လို့ လူနာသေမယ်ဆိုရင် ဖြတ်ရမှာပဲ။ မဖြတ်ရင်.....? ဟုတ်ပ သေမှာပဲ :)

On Sale
ဒါကတော့ မိန်းမတွေအကြိုက်။ Department Storeတွေ ဈေးချရင် ပျော်ကြတယ်မဟုတ်လား။ Further ဘယ်လောက်%offဆိုရင် ပိုတောင်ကြိုက်သေး။ Traderဟာ Retailerတစ်ယောက်လိုတွေးရပါမယ်။ ကိုယ့်ပစ္စည်းရောင်းမထွက်ရင် ဆက်ကိုင်ထားပြီး Further Reducedဆိုပြီးခွက်ခွက်လန်အောင်ရောင်းမလား? စောစော cut lossလုပ်ရမလားဆိုတာ Retailerတွေလိုပဲတွေးရပါမယ်။

It's only in your mind
ဒီလောက်ဆိုရင် Losingဟာ ထင်သလောက်မဆိုးမှန်း၊ Tradingတစ်ခုထဲမှာပဲ special caseဖြစ်နေတဲ့ အရာမဟုတ်မှန်း ပိုနားလည်သွားမှာပါ။ အရှုံးဆိုတာ ကိုယ့်mindsetထဲမှာပဲရှိပါတယ်။ အရှုံးကို အရမ်းအရေးပေးပြီး လုပ်သင့်တာမလုပ်ရင် ပိုဆိုးမယ်၊ အမြတ်အစွန်းရမယ့် Tradeအသစ်တွေကို လွတ်သွားနိုင်ပါတယ်။ Losing is only in your mind and you have to manage losses. Don't let losses manage you.

Happy Cutting Losses!

24 November 2010

အဓိကအကျဆုံးအရာ

Stockတစ်ခုရဲ့ Open, High, Low, Close, Volumeအစရှိတာတွေသုံးပြီးတော့ Technical Analysisလုပ်တဲ့နေရာမှာ အဓိကအကျဆုံးဟာ ဘာလို့ထင်ပါသလည်း? Closing Priceဆိုရင် ထင်တာမှန်ပါတယ်။ တစ်နေကုန် ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ နောက်ဆုံးဘယ်လောက်နဲ့ပိတ်သွားသလည်းဟာ အရေးအကြီးဆုံးပါ။ OHLC, Volumeတွေသုံးတဲ့ Technical Analysisအများစုမှာ လူသိပ်သတိမထားမိတဲ့နောက်ထပ် Dimensionတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ အချိန်ပါပဲ။ Minute, Hourကစပြီး Daily, Weekly, Monthlyအစရှိသဖြင့် Linear Dimensionတစ်ခုဟာ X-axisပေါ်မှာရှိရပါမယ်။

ဒီPostမှာ Closing Priceတစ်ခုထဲကိုသုံးပြီး Stockတစ်ခုရဲ့ Major Supportနဲ့ Resistanceကို Analysisလုပ်တဲ့နည်းတစ်ခုကို ပြောပြပါမယ်။ အဲဒီ့Techniqueကို Point & Figure (P&F)လို့ခေါ်ပါတယ်။ အောက်မှာ Bank of America (BAC)ရဲ့ Chartကိုပြထားပါတယ်။

ဒီChartမှာ ထူးခြားတာကတော့ ဆွဲပုံဆွဲနည်းပါပဲ။ P&Fကိုဆွဲဖို့ Stockတစ်ခုဟာ တစ်နေ့တစ်နေ့ဘယ်လောက် ရွေ့လေ့ရှိသလည်းသိရပါမယ်။ ကိုယ်စောင့်ကြည့်နေကြStockဆိုရင် ဘယ်လောက်volatileဖြစ်လည်းဆိုတာ အလွယ်တကူသိနိုင်ပါတယ်။ မသိရင်လည်း သိအောင်တိုင်းတာတဲ့နည်းတွေရှိပါတယ်။ ကျွန်တော်နောက်ပိုင်းမှ ရေးသွားပါမယ်။ တစ်နေ့အတွင်း ရွေ့လေ့ရှိ့တဲ့Amountကိုသိပြီဆိုရင် အဲဒီ့Amountကို ကိုယ့်စိတ်ကြိုက် Multiplierတစ်ခုနဲ့ မြှောက်လိုက်ပါ။ ကျွန်တော့် Personal Choiceကတော့ ၁.၅နဲ့ မြှောက်လေ့ရှိပါတယ်။ ၁ဆခွဲပေါ့။ အဲဒီ့ Daily Range x 1.5 timesကို Box sizeလို့ခေါ်ပါမယ်။ Box sizeဟာ Chartထဲမှာမြင်နေရတဲ့ Crossတစ်ခုစီနဲ့ Circleတစ်ခုစီရဲ့ Amountကို ကိုယ်စားပြုပါတယ်။ Crossဟာ ဈေးတက်တာဖြစ်ပြီး၊ Circleကတော့ ဈေးကျတာအတွက်ပါ။

BACတစ်နေ့ကို ပြား၄၀လောက် Rangeသွားတတ်ပါတယ်။ ဒီတော့ Box sizeဟာ 40c x 1.5 = 60c ပါ။ ဒီတော့ BAC P&F chartမှာ Cross/Circleတစ်ခုစီဟာ ပြား၆၀ကို ကိုယ်စားပြုပါတယ်။ CrossကနေCircle, Circleကနေ Crossပြန်ဖြစ်အစရှိသဖြင့် ပုံထဲမှာ Crossနဲ့ Circleတွေဟာ တစ်Columnစီအလှည့်ကျသွားနေတာကိုလည်း တွေ့ပါလိမ့်မယ်။ အဲဒီလို Column / Symbol ပြောင်းသွားတာကို Reversal ဖြစ်တယ်လို့ ခေါ်ပါမယ်။ Stockဈေး တက်ရာကနေကျ၊ ကျရာကနေတက် အစရှိသဖြင့်ပေါ့။ Reversal လုပ်ဖို့ reversal box amountကို ဆုံးဖြတ်ရပါမယ်။ Rule of Thumbကတော့ 3 boxesပါ။ ဒီ Chartမှာဆိုရင် each box size 60c x 3 = 180cပေါ့။ ဒီတော့ BAC ၁ကျပ်ပြား၈၀ဈေးမကျ/မတက်မချင်း Symbolမပြောင်းပါဘူး။

Cross/Circleတစ်ခုချင်းစီ တက်ဖို့/ဆင်းဖို့အတွက် Stock priceဟာ box sizeလောက်အနည်းဆုံးရွေ့ရပါမယ်။ မရွေ့ရင်ကောဆိုရင် ဘာမှအသစ်ထည့်ဆွဲဖို့မလိုဘူးပေါ့။ Reversal amountလောက် Violentဖြစ်ပြီဆိုရင် Trendပြောင်းတဲ့အနေနဲ့ Symbolကို Switchလုပ်ရပါမယ်၊ တခါတည်းလည်း Reversal amountအတိုင်း 3 boxဆိုရင် 3ခု၊ 4 boxဆိုရင်လည်း 4ခု ဆွဲရပါမယ်။

နောက်တစ်ခုသတိပြုရမှာက အချိန်X-axisပါ။ အချိန်ဟာ Linear Scaleမရှိတော့တာကို တွေ့ရပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ဟာ Box size amountတစ်ခုစာစီ Closing Priceအပြောင်းအလဲရှိမှ Chartကို Updateလုပ်တာမို့လို့ပါ။ Alphabet initialsလေးတွေနဲ့ ဂဏန်းလေးတွေဟာ လတွေရဲ့ အစစာလုံးနဲ့ ခုနှစ်၊ အရေးကြီးတဲ့Reversalရက်တွေကို Compressedလုပ်ထားပြီး ပြနေတာပါ။ P&Fကို လက်နဲ့ပဲဆွဲမယ်ဆိုရင် တော်တော်လေး အချိန်ကုန်ပါမယ်။ ကျွန်တော်ကတော့ Metastockဆိုတဲ့ Softwareနဲ့ လွယ်လွယ်ကူကူပဲ ဆွဲလေ့ရှိပါတယ်။ Box sizeနဲ့ Reversal amountကို Inputထည့်ပေးလိုက်ရုံပါပဲ။ P&Fဟာ အချိန်ကို လွယ်လွယ်လေးကျုံ့နိုင်တာမို့ နှစ်များများDataရှိလေ P&Fဟာ လှလေ၊ အသုံးဝင်လေပါပဲ။ BACအတွက် ကျွန်တော် ၂၀၀၅ခုနှစ်ကတည်းက Dataနဲ့ဆွဲပြထားတာပါ။
P&Fရဲ့ အဓိက အသုံးဝင်ပုံကတော့ Circleများများတန်းနေတဲ့ Reversalဖြစ်တဲ့နေရာဟာ Major Supportတွေလို့ သတ်မှတ်နိုင်ပြီး၊ Crossတွေများများတန်းနေတဲ့နေရာကတော့ Major Resistanceလို့ သတ်မှတ်နိုင်ပါတယ်။ BAC Chartထဲမှာ အစိမ်းရောင်လိုင်းတွေဟာ Major Supportနေရာတွေပါ။ P&Fကနေ Stockတစ်ခုဟာ ဘယ်လောက်ကြာအောင် ဈေးကျနေခဲ့လည်း၊ ဈေးတက်နေခဲ့လည်း လွယ်လွယ်ကူကူသိနိုင်ပါတယ်။

P&F Summary
  • Box size = Average daily movement range of a stock price x multiplier (multiplier is personal choice and mine is 1.5) ဘာလို့ ၁.၅သုံးလည်းဆိုတော့ Daily Rangeထက် နည်းနည်းပိုတဲ့ Price actionတွေကိုပဲ Captureလုပ်ချင်လို့ပါ။
  • Reversal boxes = 3 or 4 times of Box size(again, it's personal choice)
  • Time scale is no longer linear on X-axis
  • Mainly used to identify long term major support and resistance. Resistanceအတွက် Cross (X)တွေရဲ့ အပေါ်ဘက်ကို ဆက်ဆွဲပါ။ Supportအတွက် Circle(O)တွေရဲ့ အောက်ဘက်ထိပ်ကို ဆက်ဆွဲပါ။
  • Better to use charting software help to draw P&F
  • P&Fရဲ့ အဓိက အားနည်းချက်ကတော့ အချိန်ပါပဲ။ ဘယ်အချိန်မှ Major resistance/supportတစ်ခုကို ပြန်ထိမလည်းဆိုတာ P&Fသုံးပြီးမှန်းလို့မရနိုင်ပါဘူး။
  • P&Fကို ကျွန်တော်သုံးလေ့ရှိတာကတော့ Priceဟာ Major resistance/supportနား ရောက်နေပြီလားဆိုတာကို Verifyလုပ်ဖို့ပါပဲ။
  • P&Fချည်းပဲသုံးဖို့မသင့်တော်ပါဘူး။ တခြား Technical Analysisနည်းတွေနဲ့ တွဲသုံးသင့်ပါတယ်။

Happy Charting.

22 November 2010

အရှုံးဆိုတာမရှိ (၂)

Stop-lossအကြောင်းပြောရင် Technical Analysisကို ဘယ်လိုမှ ချန်ထားလို့မရပါဘူး။ Long-term Fundamental based investorတွေတောင်မှ Technical Analysisကို သုံးမယ်ဆိုရင် Stockတစ်ခုကို Investလုပ်တဲ့နေရာမှာ ပိုပြီးထိရောက်နိုင်ပါတယ်။ ဖတ်ရတာလွယ်ကူအောင် Shortingလုပ်တာကို ဘေးဖယ်ထားပြီး Simply Long Stock(ဈေးတက်လျင် အမြတ်ရခြင်း)ဘက်ကနေပဲ ပြောသွားပါ့မယ်။

Oldest and Simplest are the Best
Technical Analysisရဲ့ ရှေးအကျဆုံးနဲ့ အရိုးရှင်းဆုံး Trend line, Support, Resistanceလိုင်းတွေဟာ Stop-loss, Profit-taking pointတွေ Defineလုပ်ဖို့ အကောင်းဆုံးနဲ့ အလွယ်ဆုံးနည်းတွေပါပဲ။ ကျွန်တော်အဲဒါတွေအကြောင်း အသေးစိပ်ရေးဖူးပါတယ်။ Stockတစ်ခုကို မTradeခင် အရေးအကြီးဆုံးသိရမှာတွေက
  • Profit is made at the Entry, not at the Exit (ဘယ်ဈေးကဝင်မလည်းဆိုတာ အရမ်းအရေးကြီးပါတယ်)။
  • အနီးဆုံး Supportနားကို Stockကျလာတဲ့အထိစောင့်ပါ။ စောင့်ရလို့ ဘာမှဖြစ်မသွားပါဘူး။ Cashဟာ အနည်းဆုံးတော့ Cash interestsရနေမှာပါပဲ။
  • Supportကို ထိပြီဆိုရင် နှစ်ရက်၊ သုံးရက်လောက်Closeတွေဟာ Supportအပေါ်မှာ ပိတ်သလားကြည့်ရပါမယ်။ ဈေးတက်ပြီးပိတ်သွားတဲ့နေ့မှာ Volumeကောင်းလားလည်း ကြည့်ရပါမယ်။
  • Tradeတစ်ခု Openမလုပ်ခင်မှာ Supportအောက်နားမနီးမဝေးဟာ ကိုယ့်ရဲ့ Stop-lossလို့ သိထားရပါမယ်။ Tradeတစ်ခုကို မဝင်ခင် ဒီဈေးအထိကျလာရင် Cut Lossလုပ်ရမယ်လို့ ဆုံးဖြတ်ချက်ချထားရပါမယ်။
  • အဲဒီ့ဆုံးဖြတ်ချက်ချပြီးမှ Tradeတစ်ခုကို သေချာOpenလုပ်ပါ။
နည်းနည်းထပ်ကွန့်ချင်ရင် Nearest Resistanceလိုင်းဟာ ကိုယ်Profit-takingလုပ်သင့်တဲ့ နေရာပါပဲ။ ဒါပေမယ့် ဒီနည်းဟာ လှေနံဓါးထစ်မှတ်ထားလို့တော့မရပါဘူး။ သတင်းဆိုးတစ်ခုခုထွက်လာခဲ့ရင် အဲဒီ့Resistanceကို ထိမှာကို မဟုတ်တော့ပါဘူး။ ပြီးရင် ကိုယ်Tradeလုပ်မယ့် Intervalပေါ်လည်း မူတည်ပါတယ်။ သတ်မှတ်ထားတဲ့ အချိန်ပြည့်တဲ့အထိ ဘာမှဖြစ်မလာတော့လည်း ရသလောက်နဲ့ Exitလုပ်သင့်ရင် လုပ်ရမှာပါပဲ။ Uptrendကို Clearly Brokenဖြစ်နေတဲ့ Signပြနေရင်လည်း မြန်မြန်ပိတ်ရမှာပါပဲ။

Mindset
ပထမဆုံးနားလည်ဖို့က အပေါ်မှာပြောသွားတဲ့ Technical Analysisဟာ ကိုယ့်ရဲ့ trading riskကို အနည်းဆုံးလျော့ချနိုင်ဖို့ပဲ သုံးစားလို့ရတယ်လို့ နားလည်ရပါမယ်။ ကိုယ်ဝင်တဲ့Entryဟာ Chartပေါ်မှာ လှလှလေးပေါ်နေပေမယ့် ဒါဟာProfitable Tradeဖြစ်လိမ့်မယ်လို့ ကျိန်းသေပြောလို့မရပါဘူး။ တကယ်လို့ တစ်ယောက်ယောက်က မင်းကိုငါ သေချာမြတ်မယ့် Technical Analysisတစ်မျိုးသင်ပေးမယ်ဆိုရင် too good to be trueလို့ သဘောပေါက်ရပါမယ်။

Gambler and Lotto Player
အပျော်တမ်းလောင်းကစားတတ်တဲ့သူ၊ ထီထိုးပြီး စိတ်ကူးကောင်းကောင်းယဉ်တတ်တဲ့သူတွေဟာ Stock Tradingဝင်လုပ်ရင် ဒုက္ခကောင်းကောင်းရောက်နိုင်ပါတယ်။ ထီထိုးပြီး စိတ်ကူးယဉ်တတ်တဲ့ Mindsetဟာ Traderတစ်ယောက်ကို Realistic decisionချဖို့ ကောင်းကောင်းနှောင့်နိုင်ပါတယ်။ အဆိုးရွားဆုံးက တစ်ချို့လောင်းကစားနည်းတွေနဲ့ ထီထိုးရင် ဘာလုပ်လို့ မရဘူးလည်း သိသလားမသိဘူး။ တွေးကြည့်ပါဦး။
....
....
....
....
....
....
အဖြေကတော့ You can't stop-loss! ထီထိုးပြီးသွားရင် ဘွာတေးလုပ်လို့ရသေးလား? ကိုယ့်ပိုက်ဆံကတော့ အဆုံးပဲ။ ထီပေါက်ဖို့Probabilityက 1 in a several millions။ ထီထိုးပြီး ထိုင်စောင့်တတ်တဲ့အကျင့်ဟာ ထီအပျော်ထိုးတဲ့ကိစ္စမှာ ပိုက်ဆံဘာမှမများပေမယ့် အဲဒီ့Mindsetကို Tradingထဲကို သယ်လာရင် You're as good as dead! နောက်တနည်းတွေးလို့ရတာကတော့ Stop-lossမရှိရင်၊ မလိုက်နာရင် ဒါဟာ လောင်းကစားနေတာလို့ပဲ မြင်ရပါမယ်။

Can't bear the feeling of losing money
ဟုတ်ပါတယ်၊ အဆိုးဆုံးပဲ။ ပိုက်ဆံဆိုတာ ကိုယ့်အိတ်ထဲကနေ တတိတိနဲ့ထွက်နေရင် ဘယ်လိုလုပ် စိတ်ကောင်းနိုင်မှာလည်း။ မရောင်းသေးသရွေ့တော့ တကယ်မရှုံးသေးဘူး (Realised Loss)ဟုတ်တယ်မဟုတ်လား။ အဲဒီ့ ကိုယ့်ပိုက်ဆံလေးပြန်ရနိုး၊ ပြန်ရနိုးနဲ့စောင့်တဲ့အလုပ်ဟာ Tradingမှာ အဆိုးရွားဆုံးပဲ။ အဲဒီလို Bad Feelingမခံစားရအောင်က ကိုယ့်ရဲ့Perspectiveကို ပြောင်းဖို့လိုပါတယ်။

Think like a business man
အခုဒီPostဖတ်နေတဲ့သူဟာ Businessတစ်ခုမှာ Employeeအနေနဲ့ လုပ်နေဖို့က တော်တော်လေးProbabilityများမှာပါ။ ကိုယ့်တစ်လတစ်လရရနေတဲ့ လခကအဲဒီ့ Businessရဲ့ Incomeဘက်မှာရှိသလား၊ Expenseဘက်မှာရှိသလား?? ရှင်းပါတယ်၊ ကိုယ်ရမှတော့ Expenseပေါ့။ ဒီတော့ ကိုယ့်ကိုခန့်ထားတဲ့ အလုပ်ရှင်ဟာ ကိုယ့်ကိုလခပေးသလောက်မှ အနည်းဆုံးပြန်အမြတ်မရရင် ကိုယ့်ကိုခန့်ထားပါ့မလား။ No way unless it's your daddy's business. အလုပ်မှာ ကိုယ်ဟာContribution သိပ်မလုပ်နိုင်တော့ရင်ဖြစ်ဖြစ်၊ Employerရဲ့ Businessဟာ သိပ်မစွံတော့ရင်ဖြစ်ဖြစ် နောက်ဆုံးမှာ ဘာလုပ်ခံရမလည်း? The famous "L" wordလေ - Layoff!

ဒီတော့တွေးရမှာက ကိုယ့်ကိုယ်ကို Business Ownerလိုသဘောထားပြီး Lossတွေဟာ ကိုယ့်Businessရဲ့ Expensesတွေပဲလို့ နားလည်ရပါမယ်။ Profitတွေကတော့ Revenue/Incomeပေါ့။ ဒီတော့ Stop-lossမလုပ်ဘဲ Traderဖြစ်ချင်တဲ့သူဟာ Expenseမရှိတဲ့ Businessကို Runချင်နေတဲ့သူနဲ့အတူတူပဲလို့ နားလည်ရပါမယ်။ Tradeတစ်ခုဟာ ကိုယ်ထင်သလိုဖြစ်မလာရင် အသုံးမကျတဲ့အလုပ်သမားကို ထုတ်ပစ်သလို အဲဒီ့Tradeကို Sackလုပ်ပစ်ရပါမယ်။ Technical Analysisကိုသုံးပြီး Analysisလုပ်တာဟာ ကိုယ်ခန့်မယ့် အလုပ်သမားရဲ့ Resumeကို ကြည့်သလိုပဲလို့ သဘောပေါက်ရမယ်။ သဘောကျလို့ ခန့်ပြီးတိုင်း တကယ်သုံးစားလို့ ရချင်မှရမှာပေါ့၊ ဟုတ်တယ်မဟုတ်လား။ ဒီတော့ အသုံးမကျတဲ့အလုပ်သမားကို ဖြုတ်ပစ်နိုင်ရင် Professional traderဖြစ်ဖို့ နီးစပ်လာပြီလို့မှတ်ထားနိုင်ပါတယ်။

Stop-lossကို ဒီpostမှာ Method and Mindsetပိုင်းဘက်တွေကနေ ပြောခဲ့ပါတယ်။ နောက်Postတွေမှာ Detailed Money Managementအပိုင်းတွေ ရေးပေးသွားပါဦးမယ်။

Happy Cutting Losses!

19 November 2010

အရှုံးဆိုတာမရှိ (၁)

ဟုတ်ပါ့မလားဟလို့ တွေးနေလားတော့ မသိဘူး။ Tradingလုပ်တဲ့အခါမှာ အရှုံးဆိုတာရှိပါတယ်။ ဒါပေမယ့် Net အရှုံးဆိုတာ မရှိအောင် ဘယ်လို Money Managementလုပ်ရမလည်းဆိုတာကို စိတ်ဝင်စားအောင် Titleပေးထားတာပါ။ ဒီPostထဲက တချို့Conceptတွေဟာ Robert Kiyosakiနဲ့ Dr. Alexander Elderရဲ့ Intellectual Propertyတွေဖြစ်ပါတယ်။

Trading vs. Investing
ပထမဆုံးပြောချင်တာကတော့ အများစုဟာ Tradingနဲ့ Investingကို ရောနေတာပါပဲ။ Tradingဟာ Short-term focusedဖြစ်ပြီး Investingကတော့ Long-termအတွက်ပါ။ Stock Investingဟာ တကယ်တမ်းတော့ Day jobလည်းရှိ၊ ငွေပိုငွေလျှံနည်းနည်းရှိတဲ့သူတွေ Financial Advisor, Brokerအစရှိတဲ့သူတွေရဲ့ Tipsတွေနဲ့ ဝယ်ပြီးပစ်ထားတတ်တဲ့ အရာလို့ Generally Definitionဖွင့်နိုင်ပါတယ်။ ဟုတ်မဟုတ် ကိုယ့်ဘာသာကိုယ်နဲ့ ကိုယ့်ဝန်းကျင်ကသူတွေကိုသာ ကြည့်ကြည့်ပါ။ အများစုဟာ Stock Marketထဲမှာ Directly(သို့) Indirectly (Mutual Funds in America, Superannuation Funds in Australia) Investလုပ်ထားကြပါတယ်။ အခုကျွန်တော်ပြောနေတဲ့ Investingဆိုတာ Direct Investingကို ပြောနေတာပါ။ ကိုယ်ဝယ်ခဲ့တဲ့Stockက solid bluechip stockဆိုရင်တော့ တော်ရုံအရှုံးပေါ်နေရင်တောင် အချိန်တန်ရင် (အချိန်ဟာ ၃လကနေ ၃နှစ်ဖြစ်နိုင်ပါတယ်) ကိုယ့်ပိုက်ဆံတော့ ပြန်ရတတ်ပါတယ်။ ကြားထဲမှာရတဲ့ Dividendsကပဲ အမြတ်ပေါ့။ တချို့ကပြောကြတယ် Time in the Market is More Important than Timing in the Marketဆိုပြီးတော့ပါ။ အချိန်တန်ရင်တော့ နွားပိန်ကန်မယ်ပေါ့။ "အရှုံးဆိုတာမရှိ" တမျိုးပေါ့လေ :)။ ဒီလိုနည်းနဲ့ Investလုပ်မယ်ဆိုရင်တော့ တစ်ခုပဲပြောချင်ပါတယ် - "You are going to need a lot of LUCK"။

Trading is a totally different ball game
အများစု Stock Tradingဝင်လုပ်ပြီး Marketထဲကနေ Washed Outဖြစ်ဖြစ်သွားရတဲ့ အဓိကတရားခံကတော့ အဲဒီ့Long-term investing mindsetကို Trading arenaထဲကို ဆွဲခေါ်လာလို့ပါပဲ။ Tradingလုပ်ဖို့ Totally different mindsetလိုပါတယ်။ ကျွန်တော်ဒီBlogရေးစက ပြောဖူးတဲ့ 3M (mindset, method, management)ဟာ အရမ်းအရေးကြီးပါတယ်။ Technical Analysis(TA)နဲ့ Fundamental Analysis(FA)ကို လေ့လာနိုင်သလောက် တတ်နိုင်ပါတယ်။ ဒါပေမယ့် TAနဲ့FAသိတဲ့လူတိုင်းဘာလို့ ပိုက်ဆံမရှာနိုင်ရသလည်း? အဓိကကတော့ mindsetနဲ့ managementပိုင်းမှာ တယောက်နဲ့တယောက် ကွာသွားလို့ပါပဲ။

Mythbusting
Tradingနဲ့ပတ်သက်ပြီး Mythတွေတော်တော်များများရှိပါတယ်။ ဦးနှောက်အရမ်းကောင်းရမယ်၊ ပိုက်ဆံအများကြီးအရင်ရှိရမယ်၊ ဈေးကြီးတဲ့ Stock Market Analysis Reportတွေ ဝယ်ရမယ် စတာတွေပေါ့။ ဒါတွေအားလုံးဟာ Mythတွေကြီးပါပဲ။ Tradingလုပ်ရင် သေချာမှာတွေ ကျွန်တော်ပြောပြမယ်။

- သေချာလေ့လာ Analysisလုပ်ပြီး Entryကောင်းကောင်းလေးဝင်ထားဦး၊ ရှုံးနိုင်သေးတယ်။
- မသေမချာနဲ့ သူများပြောတိုင်းလိုက်ဝယ်၊ ရှုံးဖို့တော်တော်လေးသေချာတယ်။
- လောင်းကစားသလို မျက်စိမှိတ်ပြီး ကောက်သာဝယ် သေချာပေါက်ရှုံးမယ်။

ဒီအချက်သုံးချက်ကနေ ဘာကိုကောက်ချက်ချနိုင်သလည်းဆိုတော့ Tradingလုပ်ရင် ရှုံးဖို့Chanceက ပိုများပါလားလို့ ကောက်ချက်ချနိုင်ပါတယ်။ ဒါဆိုရင် သန်းထောင်နဲ့ချီပြီး တစ်နေ့တစ်နေ့ Marketထဲမှာ Tradeနေကြတာ ဘာလိုများ ပိုက်ဆံရှာနေကြသလည်းဆိုပြီး မေးနိုင်ပါတယ်။ အဖြေကတော့ Professionalsတွေ၊ Institutionsတွေဟာ "ရှုံးတာထက် မြတ်တာက ပိုများလို့ပါ"။ မြန်မာလိုပြောတော့ အဓိပ္ပါယ်က နည်းနည်းလုံးသွားတယ်။ တိတိကျကျပြောရရင် ရှုံးတဲ့အကြိမ်က မြတ်တဲ့အကြိမ်ထက် ပိုများချင်များမယ်၊ ဒါပေမယ့် ရှုံးရင်ငွေနည်းနည်းပဲရှုံးပြီး မြတ်ရင် ငွေများများပိုမြတ်တဲ့အခါမှာ Net balanceဟာ Positiveပြနိုင်ပါတယ်။

Lose Less, Make More
အခုလောက်ဆိုရင် Tradingရဲ့ Core Principleကို သိပြီထင်ပါတယ်။ အဓိကကတော့ Lossတွေကို သေချာManageလုပ်ဖို့ပါပဲ။ Lossကိုနိုင်နင်းရင် Profitပိုင်းက Automatic handleလုပ်သွားပါလိမ့်မယ်။ Stop-loss, Stop-lossဆိုပြီး ကျွန်တော်ရေးရေးနေတာ တွေ့ဖူးမှာဖြစ်သလို၊ သူများတွေပြောတာ၊ Trading Bookတွေထဲမှာ ပြောပြောနေတာ တွေ့ဖူးမှာပါပဲ။ အပြောလွယ်သလောက် အလုပ်ခက်ဆိုတဲ့အရာထဲမှာ အဲဒီ့Disciplineဟာ ထိပ်ဆုံးမှာပါပါတယ်။ အားလုံးနားလည်အောင်ပြောရရင် ဘာနဲ့တူသလည်းဆိုတော့ Weightချတာနဲ့ အတူတူပဲ။ နည်းနည်းလေ့လာလိုက်ရင် လူတိုင်းဘယ်လိုWeightချရမလည်း သိတယ်မဟုတ်လား။ ဒါပေမယ့် တကယ်လည်းလုပ်ရော သိတဲ့အတိုင်းပဲ :) Part IIမှာ Stop-loss, Profit-taking, Money Managementအသေးစိတ်ကို ဆက်ရေးသွားပါ့မယ်။