27 April 2011

The Biggest Event of April or even 2011

Yes, လူတိုင်းက Williamနဲ့ Kateရဲ့ Friday Weddingကို မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်နေကြပေမယ့် Financial Marketအတွက် The Biggest Eventကတော့ ဒီနေ့ည USက Fed meeting policy statementနဲ့ First ever Fed post-meeting News Conferenceပါပဲ။

Why this meeting policy statement is so important
ဘာလို့လည်းဆိုတော့ financial marketထဲမှာ QE II(Quantitative Easing II)လို့ အသိများတဲ့ Fedရဲ့ U$600billion worth of Treasury purchase programဟာ လာမယ့် Juneလမှာ ကုန်ပါမယ်။ Fedဟာ Official interest rateကို zeroနီးပါးချထားခဲ့တာ ၂၀၀၈နှစ်ကုန်ပိုင်းကတည်းကပါ။ ဒါပေမယ့် ဒီလို Traditional Monetary Policyဟာ Financial Crisisကနေ Recoverဖြစ်ဖို့ မလုံလောက်တာမို့ Fedဟာ US dollarကို အလှူပေးသလို ရိုက်ထုတ်ပြီး Obama governmentရဲ့ treasury debtတွေကို လိုက်ဝယ်ရပါတယ်။ ဘာလို့ဝယ်ရသလည်းဆိုတော့ သူတို့က Billionကို ရာနဲ့ချီပြီးဝယ်တော့ treasury notesတွေ၊ bondsတွေဟာ ဈေးမတက်ရင်တောင် ဈေးထိုးမကျတော့ပါဘူး။ ဒီတော့ treasuryဈေးနဲ့ ပြောင်းပြန်အချိုးကျတဲ့ treasury interest rateတွေဟာ ကျ(သို့)ငြိမ်သွားပါတယ် (low or stable interest rate helps the financial recovery process)။ ဒါကြောင့် ဒီJuneအကုန်မှာ အပြီးသတ်မယ့် U$600bn QEIIပြီးသွားရင် Fedဘာဆက်လုပ်မလည်းဆိုတာဟာ Marketရဲ့ medium-term directionကို defineလုပ်မယ့် very important decisionပါ။

လုပ်ချင်တိုင်းလုပ်လို့ မလွယ်တော့သော USရဲ့ Fiscal situation
US governmentဟာ net deficitပြပြီး အတိုးပေးဖို့တောင် အကြွေးသစ်တွေ ထပ်ရောင်းစားနေရတာ ကြာပါပြီ။ အပေါ်မှာ ပြောခဲ့သလို Fedကလည်း ပိုက်ဆံရိုက်ထုတ်ပြီး အားပေးတယ်ပေါ့။ ဒါကြောင့် တရုတ်တို့ Brazilတို့က Fedဟာ US government debtကို Monetizingလုပ်တယ်လို့တောင် စွပ်စွဲကြပါတယ်။ US dollar devaluationလုပ်တယ်ဆိုလည်း မှန်ပါတယ်။ အမှန်လည်း Fedဟာ USDကို ကျစေချင်တာပါ။ ဒါမှ US Exportတွေဟာ Cheaperပိုဖြစ်ပြီး တိုင်းပြည်နာလန်ပြန်ထူတာ မြန်နိုင်မယ်လို့ သူတို့ယုံကြည်ပါတယ်။ Officiallyတော့ ကျွန်တော်ပြောသလို ဘယ်ဝန်ခံပါ့မလည်း၊ ဒါပေမယ့် USD devaluationဟာ Exactly what the Fed wants! အပေါ်မှာ ပြောခဲ့သလို treasury notes, bondsတွေ ထုတ်ရောင်းကောင်းကောင်းနဲ့ ရောင်းစားလာလိုက်တာ အခုတော့ Treasury Secretary Timothy Geithnerရဲ့ လည်ပင်းကိုရောက်ပြီး USရဲ့ Official Debt limitဟာ max outဖြစ်ဖို့ တော်တော်နီးနေပါတယ်။ လူတိုင်းနားလည်အောင်ပြောရရင်တော့ Obamaမှာ credit limitများများနဲ့ credit cardကြီးရှိတာ အခုတော့ အဲဒီ့Credit card max outဖြစ်တော့မယ်လို့ ဆိုလိုတာပါ။ Fedက ဝယ်မယ်ဆိုရင်တောင် Obama အစိုးရဟာ Budget cuttingတွေ၊ deficit reductionတွေကို Republicanတွေရဲ့ Pressureကြောင့်ရော 2012 Electionအတွက်ပါ စပြီးလုပ်နေရပါပြီ။ ဒါကြောင့် Fedရဲ့ Monetary Policyဟာ governmentရဲ့ Fiscal policyလွှမ်းမိုးမှုကို ခံရပါလိမ့်မယ်။

Recent Madnessများ
Fedဟာ Easy Money Policy stanceကို Maintainလုပ်မယ်လို့ Marketဟာ မျှော်လင့်ထားသလား မထားသလားကတော့ အခုတလော Marketထဲက Actionတွေကို ကြည့်လိုက်ရင် သိသာပါတယ်။ Euro Dollar 1.46၊ Aussie Dollar 1.08၊ Gold 1500၊ Silver 45ကျပ်ကျော်သွားတာတွေ ကြည့်ရင် USDဟာ being sold offအလုပ်ခံနေရပြီး high yielding currencyတွေနဲ့, precious metalတွေဟာ အဝယ်လိုက်နေတာကို တွေ့နိုင်ပါတယ်။ Treasury Marketမှာလည်း Fedဟာ QE IIIမလုပ်ရင်တောင် current balance sheet amountကို ဆက်ထိန်းထားမယ်လို့ မျှော်လင့်ထားလို့ Bondဈေးတွေဟာလည်း နေ့တိုင်းလိုလို နည်းနည်းဆီတက်နေပါတယ် - effectively, yields going down။ Stock Marketဟာလည်း အတိုးနှုန်းနည်းရင် သိပ်ကြိုက်တာကတမျိုး USDကို Freeနီးပါး Fedဆီက ဆက်ချေးလို့ရနေမှာကတဖုံမို့ အခုတလော ပြန်ပြီးတက်လာပါတယ်(Stock Market up because of good earnings are all media hype - earnings are history and stock market trades for future)။ မနေ့ညကဆိုရင် S&P500 indexဟာ ၂၀၁၁ February highကို breakoutလုပ်ပြီး ပိတ်သွားပါတယ်။ ဒါဟာ Bullish signပေမယ့် Bull trapလည်း ဖြစ်နိုင်ပါတယ်။ ဒီနေ့ည Fedရဲ့ News conferenceပေါ်မူတည်ပြီး နောက်ထပ်ဆက်တက်သွားနိုင်သလို Fedက Monetary Stimulusကို နည်းနည်း Withdrawlလုပ်မယ်လို့ ပြောရင်တော့ Stock Marketအပါအဝင် အပေါ်ကပြောသွားတဲ့ Madness rallyတွေအားလုံး Selloff ဖြစ်ပါလိမ့်မယ်။ မနှစ်က QE I အကုန်မှာ Fedက အခြေအနေကို စောင့်ကြည့်မယ်ဆိုတာနဲ့ မနှစ်က Springမှာ Selloff ဖြစ်တာပါပဲ။ ဒါကြောင့် ဒီနေ့ည Fed news conferenceဟာ ကျွန်တော်တို့ traderတွေအတွက်တော့ Prince William's weddingထက် ပိုပြီးExcitingဖြစ်ပါကြောင်း။ Fed policy meeting news conference is at US Eastern time 2:15pm.

Happy Trading!

S&P500 daily chart