Showing posts with label reversal. Show all posts
Showing posts with label reversal. Show all posts

11 May 2011

Forget "Sell in May"

လွန်ခဲ့တဲ့ နှစ်ပတ်လုံး US Market Performanceကို ကျွန်တော်စောင့်ကြည့်နေခဲ့ပါတယ်။ Sell in May and go awayဆိုတဲ့ စကားအတိုင်းများ ဖြစ်လာမလားလို့ပါ။ ဒါပေမယ့် S&P500ဟာ ၁၃၄၀ supportကို လှုပ်တုတ်တုတ်နဲ့ပဲ Holdလုပ်နိုင်ခဲ့ပါတယ်။ အောက်မှာ S&P500ရဲ့ Daily chartကို ပြထားပါတယ်။

Technicals
S&P500ဟာ Mayလ ၅ရက်နေ့မှာ Previous trading rangeရဲ့ Highဖြစ်တဲ့ ၁၃၄၄အောက်မှာ ပိတ်သွားခဲ့ပါတယ်။ ဒါပေမယ့် နောက်နှစ်ရက်အတွင်းမှာ အောင်အောင်မြင်မြင်ပဲ Resistance-turn-Support-line ဖြစ်တဲ့ ၁၃၄၄အပေါ်မှာ ပိတ်သွားနိုင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ Projectionကတော့ ၁၄၂၉အထိမှန်းထားပါတယ်။ ဒါပေမယ့် ၁၄၀၀ဟာ Round number affectရှိတာမို့ Resistanceအနေနဲ့လည်း ရှိနေနိုင်ပါတယ်။ ၁၄၀၀ကို Breakoutလုပ်နိုင်ရင်တော့ ၁၄၂၉ကို မှန်းလို့ရပါတယ်။ MACDကို ကြည့်ရင်လည်း Bullish confirmation signalပေးနေတာကို တွေ့ရပါတယ်။ EMA50လိုင်းရော၊ current uptrendလိုင်းတွေ အားလုံးHoldဖြစ်နေတာလည်း Bullishဖြစ်ပါတယ်။

Geopolitical
ပြီးခဲ့တဲ့ Fridayက US Employment Situation reportဟာ မှန်းထားတာထက် အများကြီးပိုကောင်းပါတယ်။ Europeမှာလည်း အခုတလောအတွင်း Greeceအစိုးရဟာ Debt restructuringလုပ်မယ်၊ Eurozoneကနေ ခွဲထွက်မယ်စတဲ့ ကောလဟာလတွေထွက်လာပါတယ်။ Greeceရဲ့ Fiscalအခြေအနေဟာ သိပ်မဟန်လှတာမှန်ပေမယ့် ဒီကောလဟာလတွေအတိုင်း ဖြစ်လာလောက်အောင် Eurozone countriesတွေဟာ လွှတ်မထားပါဘူး။ Greeceဟာ Budget Deficit cutting planတွေကို အောင်မြင်အောင်လုပ်နိုင်ရင် နောက်ထပ် Bailout moneyလိုအပ်ရင် လိုအပ်သလို ပေးဖို့ Eurozone memberတွေဟာ အဆင်သင့်ရှိပါတယ်။မနေ့က China Trade balance dataဟာလည်း Analystsတွေမှန်းထားတာထက် ဆယ်ဆပိုပြီးထွက်လာပါတယ်။ Chinese export jumpဖြစ်တာဟာ Global consumptionအရှိန်ကောင်းနေတုန်းပဲဆိုတဲ့ Proofဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့နေ့လယ်မှာ ထွက်မယ့် China CPI, PPI dataတွေတော့ သေချာစောင့်ကြည့်ရပါမယ်။ CPIဟာ လွန်ခဲ့တဲ့လကထက် များတယ်ဆိုရင်တော့ တရုတ်အစိုးရဟာ more monetary tighteningလုပ်တော့မယ်ဆိုပြီး Bearတွေအတွက် selloffလုပ်ဖို့ Reasonပေးသလိုဖြစ်နိုင်ပါတယ်။ Middle-eastက Gadafiသတင်းကတော့ ဘယ်သူမှ သိပ်စိတ်မဝင်စားတော့ပါဘူး။ ရိုးနေပြီ။

Summary
Overall, marketဟာ မေလဆန်းက လှုပ်တုတ်တုတ်ဖြစ်နေပေမယ့် အခုတော့ ပြန်နာလန်ထူဖို့ အရှိန်ယူနေပါပြီ။ S&P500ဟာ 1429ကို နောက်သုံးလအတွင်းသွားဖို့ Probabilityကောင်းပါတယ်။ Time to be bull again!

Happy Trading!

24 November 2010

အဓိကအကျဆုံးအရာ

Stockတစ်ခုရဲ့ Open, High, Low, Close, Volumeအစရှိတာတွေသုံးပြီးတော့ Technical Analysisလုပ်တဲ့နေရာမှာ အဓိကအကျဆုံးဟာ ဘာလို့ထင်ပါသလည်း? Closing Priceဆိုရင် ထင်တာမှန်ပါတယ်။ တစ်နေကုန် ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ နောက်ဆုံးဘယ်လောက်နဲ့ပိတ်သွားသလည်းဟာ အရေးအကြီးဆုံးပါ။ OHLC, Volumeတွေသုံးတဲ့ Technical Analysisအများစုမှာ လူသိပ်သတိမထားမိတဲ့နောက်ထပ် Dimensionတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ အချိန်ပါပဲ။ Minute, Hourကစပြီး Daily, Weekly, Monthlyအစရှိသဖြင့် Linear Dimensionတစ်ခုဟာ X-axisပေါ်မှာရှိရပါမယ်။

ဒီPostမှာ Closing Priceတစ်ခုထဲကိုသုံးပြီး Stockတစ်ခုရဲ့ Major Supportနဲ့ Resistanceကို Analysisလုပ်တဲ့နည်းတစ်ခုကို ပြောပြပါမယ်။ အဲဒီ့Techniqueကို Point & Figure (P&F)လို့ခေါ်ပါတယ်။ အောက်မှာ Bank of America (BAC)ရဲ့ Chartကိုပြထားပါတယ်။

ဒီChartမှာ ထူးခြားတာကတော့ ဆွဲပုံဆွဲနည်းပါပဲ။ P&Fကိုဆွဲဖို့ Stockတစ်ခုဟာ တစ်နေ့တစ်နေ့ဘယ်လောက် ရွေ့လေ့ရှိသလည်းသိရပါမယ်။ ကိုယ်စောင့်ကြည့်နေကြStockဆိုရင် ဘယ်လောက်volatileဖြစ်လည်းဆိုတာ အလွယ်တကူသိနိုင်ပါတယ်။ မသိရင်လည်း သိအောင်တိုင်းတာတဲ့နည်းတွေရှိပါတယ်။ ကျွန်တော်နောက်ပိုင်းမှ ရေးသွားပါမယ်။ တစ်နေ့အတွင်း ရွေ့လေ့ရှိ့တဲ့Amountကိုသိပြီဆိုရင် အဲဒီ့Amountကို ကိုယ့်စိတ်ကြိုက် Multiplierတစ်ခုနဲ့ မြှောက်လိုက်ပါ။ ကျွန်တော့် Personal Choiceကတော့ ၁.၅နဲ့ မြှောက်လေ့ရှိပါတယ်။ ၁ဆခွဲပေါ့။ အဲဒီ့ Daily Range x 1.5 timesကို Box sizeလို့ခေါ်ပါမယ်။ Box sizeဟာ Chartထဲမှာမြင်နေရတဲ့ Crossတစ်ခုစီနဲ့ Circleတစ်ခုစီရဲ့ Amountကို ကိုယ်စားပြုပါတယ်။ Crossဟာ ဈေးတက်တာဖြစ်ပြီး၊ Circleကတော့ ဈေးကျတာအတွက်ပါ။

BACတစ်နေ့ကို ပြား၄၀လောက် Rangeသွားတတ်ပါတယ်။ ဒီတော့ Box sizeဟာ 40c x 1.5 = 60c ပါ။ ဒီတော့ BAC P&F chartမှာ Cross/Circleတစ်ခုစီဟာ ပြား၆၀ကို ကိုယ်စားပြုပါတယ်။ CrossကနေCircle, Circleကနေ Crossပြန်ဖြစ်အစရှိသဖြင့် ပုံထဲမှာ Crossနဲ့ Circleတွေဟာ တစ်Columnစီအလှည့်ကျသွားနေတာကိုလည်း တွေ့ပါလိမ့်မယ်။ အဲဒီလို Column / Symbol ပြောင်းသွားတာကို Reversal ဖြစ်တယ်လို့ ခေါ်ပါမယ်။ Stockဈေး တက်ရာကနေကျ၊ ကျရာကနေတက် အစရှိသဖြင့်ပေါ့။ Reversal လုပ်ဖို့ reversal box amountကို ဆုံးဖြတ်ရပါမယ်။ Rule of Thumbကတော့ 3 boxesပါ။ ဒီ Chartမှာဆိုရင် each box size 60c x 3 = 180cပေါ့။ ဒီတော့ BAC ၁ကျပ်ပြား၈၀ဈေးမကျ/မတက်မချင်း Symbolမပြောင်းပါဘူး။

Cross/Circleတစ်ခုချင်းစီ တက်ဖို့/ဆင်းဖို့အတွက် Stock priceဟာ box sizeလောက်အနည်းဆုံးရွေ့ရပါမယ်။ မရွေ့ရင်ကောဆိုရင် ဘာမှအသစ်ထည့်ဆွဲဖို့မလိုဘူးပေါ့။ Reversal amountလောက် Violentဖြစ်ပြီဆိုရင် Trendပြောင်းတဲ့အနေနဲ့ Symbolကို Switchလုပ်ရပါမယ်၊ တခါတည်းလည်း Reversal amountအတိုင်း 3 boxဆိုရင် 3ခု၊ 4 boxဆိုရင်လည်း 4ခု ဆွဲရပါမယ်။

နောက်တစ်ခုသတိပြုရမှာက အချိန်X-axisပါ။ အချိန်ဟာ Linear Scaleမရှိတော့တာကို တွေ့ရပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ဟာ Box size amountတစ်ခုစာစီ Closing Priceအပြောင်းအလဲရှိမှ Chartကို Updateလုပ်တာမို့လို့ပါ။ Alphabet initialsလေးတွေနဲ့ ဂဏန်းလေးတွေဟာ လတွေရဲ့ အစစာလုံးနဲ့ ခုနှစ်၊ အရေးကြီးတဲ့Reversalရက်တွေကို Compressedလုပ်ထားပြီး ပြနေတာပါ။ P&Fကို လက်နဲ့ပဲဆွဲမယ်ဆိုရင် တော်တော်လေး အချိန်ကုန်ပါမယ်။ ကျွန်တော်ကတော့ Metastockဆိုတဲ့ Softwareနဲ့ လွယ်လွယ်ကူကူပဲ ဆွဲလေ့ရှိပါတယ်။ Box sizeနဲ့ Reversal amountကို Inputထည့်ပေးလိုက်ရုံပါပဲ။ P&Fဟာ အချိန်ကို လွယ်လွယ်လေးကျုံ့နိုင်တာမို့ နှစ်များများDataရှိလေ P&Fဟာ လှလေ၊ အသုံးဝင်လေပါပဲ။ BACအတွက် ကျွန်တော် ၂၀၀၅ခုနှစ်ကတည်းက Dataနဲ့ဆွဲပြထားတာပါ။
P&Fရဲ့ အဓိက အသုံးဝင်ပုံကတော့ Circleများများတန်းနေတဲ့ Reversalဖြစ်တဲ့နေရာဟာ Major Supportတွေလို့ သတ်မှတ်နိုင်ပြီး၊ Crossတွေများများတန်းနေတဲ့နေရာကတော့ Major Resistanceလို့ သတ်မှတ်နိုင်ပါတယ်။ BAC Chartထဲမှာ အစိမ်းရောင်လိုင်းတွေဟာ Major Supportနေရာတွေပါ။ P&Fကနေ Stockတစ်ခုဟာ ဘယ်လောက်ကြာအောင် ဈေးကျနေခဲ့လည်း၊ ဈေးတက်နေခဲ့လည်း လွယ်လွယ်ကူကူသိနိုင်ပါတယ်။

P&F Summary
  • Box size = Average daily movement range of a stock price x multiplier (multiplier is personal choice and mine is 1.5) ဘာလို့ ၁.၅သုံးလည်းဆိုတော့ Daily Rangeထက် နည်းနည်းပိုတဲ့ Price actionတွေကိုပဲ Captureလုပ်ချင်လို့ပါ။
  • Reversal boxes = 3 or 4 times of Box size(again, it's personal choice)
  • Time scale is no longer linear on X-axis
  • Mainly used to identify long term major support and resistance. Resistanceအတွက် Cross (X)တွေရဲ့ အပေါ်ဘက်ကို ဆက်ဆွဲပါ။ Supportအတွက် Circle(O)တွေရဲ့ အောက်ဘက်ထိပ်ကို ဆက်ဆွဲပါ။
  • Better to use charting software help to draw P&F
  • P&Fရဲ့ အဓိက အားနည်းချက်ကတော့ အချိန်ပါပဲ။ ဘယ်အချိန်မှ Major resistance/supportတစ်ခုကို ပြန်ထိမလည်းဆိုတာ P&Fသုံးပြီးမှန်းလို့မရနိုင်ပါဘူး။
  • P&Fကို ကျွန်တော်သုံးလေ့ရှိတာကတော့ Priceဟာ Major resistance/supportနား ရောက်နေပြီလားဆိုတာကို Verifyလုပ်ဖို့ပါပဲ။
  • P&Fချည်းပဲသုံးဖို့မသင့်တော်ပါဘူး။ တခြား Technical Analysisနည်းတွေနဲ့ တွဲသုံးသင့်ပါတယ်။

Happy Charting.

16 June 2010

Cautiously Buy - June 16, 2010

Last night action was not bad. But volume wasn't very convincing.

There are some technical breakouts happened last night. 
Dow Jones Industrial Average 
1) closed above the downtrend line
2) closed above the EMA200 and
3) MFI had downtrend breakout.
4) MACD lines had a Bullish crossover.

Warnings
1) Euro/USD pair is still under the Primary Downtrend.
2) Investors were happy last night because Spanish Government was able to sell their treasury bills although at a much higher yield than the ones in April and May.
3) US Treasuries auction received very high demand - the sign big investors are still not comfortable with Stocks.
4) Gold is still above the primary uptrend. Flight-to-safety purchases are still not sold out - supporting the motivation behind the strong demand for Treasuries.
5) Greek government bonds have been removed from Global Government Bond Index calculation by Citigroup.
6) BP Oil spill daily volume has been upgraded to much higher barrels per day.

If you want to buy, Buy strong blue-chips like Microsoft, Apple. Avoid Financials for now because Financial Regulation Reform bill is yet to be finalised. I am still waiting for tomorrow Jobless Claims data to confirm whether extended claims for May 29 week did jump or not.

Good luck, Happy Investing and Keep the stoploss points tight.

04 June 2010

Make or Break Tonight

DJIဟာ EMA200 lineအောက်မှာ ဝပ်နေတုန်းပါပဲ။ Wednesday June 2က Candleဟာ တော်တော်လေး Strongဖြစ်ပါတယ်။ ဒါပေမယ့် ဒီတောင်ကိုတော့ မကျော်နိုင်သေးပါဘူး။ သိပ်မကြိုက်တာကတော့ ဒီmini-rallyမှာ Volumeဟာ Decliningဖြစ်နေတာပါပဲ။

Good Newsကတော့ NASDAQ Compositeဟာ EMA200ကို အောင်အောင်မြင်မြင်ကျော်သွားတာပါပဲ။ Technology Companyတွေဟာ Correctionဖြစ်တော့မယ်ဆိုရင် ရှေ့ကစကျတက်သလို Recoveryဖြစ်တော့မယ်ဆိုရင်လည်း အရင်ပြန်နာလန်ထူတတ်ကြပါတယ်။

အရေးကြီးတာက ဒီနေ့ည USမှာ Employment Situation Reportထွက်ပါမယ်။ Mayလထဲမှာ အလုပ်အသစ်တွေ ၅၄၀၀၀၀လောက်တိုးမယ်လို့ မှန်းထားပြီး Unemployment %ကတော့ ၉.၉ကနေ ၉.၈ဖြစ်သင့်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါပေမယ့် အပတ်တိုင်းထွက်တဲ့ Jobless Claims dataတွေကတော့ သိပ်အားရစရာ မရှိလှပါဘူး။ Aprilနဲ့ ယှဉ်လိုက်ရင် သိပ်မဟန်လှပါဘူး။ ဒီတော့ Beat the estimateဖြစ်မလားဆိုတာကတော့ ၅၀-၅၀ပဲ။ Marketဟာ ကောင်းတဲ့ Newsကိုယူပြီး တော်တော်လေးတော့ Price-inလုပ်ထားကြပြီးပါပြီ။ ဒါပေမယ့် တကယ် Reportကောင်းရင် Marketဟာ Bullish momentumကောင်းကောင်းလေး ရသွားပါလိမ့်မယ်။

သတိထားရမှာက Any bad news from Europeပါ။ Spainက ပြဿနာတွေဟာ ဘာမှပြီးမသွားသေးပါဘူး။ Businessတွေကိုတောင် ငွေချေးဖို့ အခက်အခဲဖြစ်နေကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီည Employment Situationကတော့ Make or Break for US marketsပါပဲ။ ထင်ထားသလောက်မကောင်းရင်တော့ Sell-offဖြစ်ပါလိမ့်မယ်။ US Eastern Time 8:30am, Australian Eastern Time 10:30pmမှာ ထွက်ပါမယ်။

Happy Investing

PS : I believe Microsoft(MSFT) is cheap again. Cheaper than where I used to recommend last year. Have a look at it.

28 May 2010

Almost There but also be prepared to be disappointed

Both DJI and S&P500 trying to break 200-Day Moving Average line that is acting as a Resistance level. It should be safe to buy if today's Close will be clearly well above EMA200 lines. I've attached Charts below.

Happy Investing and Make Sure You have Stop-loss defined.

26 May 2010

Looks Technically Strong but Political and Debt Threat Still Exist

မနေ့ညက DJIဟာ ဖွင့်ဖွင့်ချင်းတစ်နာရီမှာ ထိုးဆင်းသွားတာကနေ ဈေးအပိတ်မှာ -၂၂ပဲ ကျပြီး ပိတ်သွားပါတယ်။ Point ၂၀၀ကျော်ပြန်တက်လာတာ Bullishဖြစ်ပါတယ်။ အထူးသဖြင့် Candle formationဟာ Dragonfly Candle Formationပြနေပါတယ်။ Dragonflyရဲ့ အဓိပ္ပါယ်ဟာ ဈေးဖွင့်တယ်၊ Bearတွေဟာ Marketကို ဟိုးအောက်ရောက်အောင် ဆွဲချကြပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့ Bullတွေ ပြန်အားကောင်းလာပြီး Long Lower Shadowဖြစ်စေပါတယ်။ ဒါမျိုး Downtrendမှာပေါ်လာရင် Strongly Bullishဖြစ်ပါတယ်။ အောက်မှာ DJIရဲ့ Chartကို ပြထားပါတယ်။ ဈေးအပိတ် Volumeကို ကြည့်လိုက်တော့လည်း Strong Volumeကို တွေ့ရပါတယ်။

ဒါပေမယ့် သတိထားရမှာက  European Problemတွေဟာ ဘာမှရေရေရာရာ Resolveမလုပ်ရသေးပါဘူး။ USမှာလည်း Financial Reform Billဟာ House versionနဲ့ Senate versionနှစ်ခုကို ပြန်ပေါင်းထုပ်ရပါဦးမယ်။  Dragonfly Candleဟာ Bullishဖြစ်ပေမယ့် 2010 Year Lowဖြစ်သွားတာကိုလည်း သတိထားရပါမယ်။ ဒီတော့ ဝယ်ဖို့လက်ယားနေသူများ EMA၂၀၀ အပေါ်ရောက်တဲ့အထိတော့ စောင့်ပါဦးလို့ Recommendလုပ်ပါတယ်။

It's better to jump in when you know the trend of the market.



04 December 2009

Two is better than One

ဒီအပတ်တော့ powerfulပိုဖြစ်တဲ့ Candle Patternတွေအကြောင်းပဲ ဆက်ပြောပါမယ်။ Candlestick အကြောင်းစပြောတုံးက single-candle formationတွေအကြောင်းနဲ့ စခဲ့တယ်။ ဒါပေမယ့် ပိုပြီးလက်စလက်န ရှိတဲ့ Candle Formationကတော့ Candle နှစ်ချောင်းပါရင် ပိုကောင်းတယ်။ dual-candle formationတွေရဲ့ နာမည်လေးတွေဟာလည်း မှတ်မိလွယ်သလို အဓိပ္ပါယ်လည်း ရှိပါတယ်။

Candle formationတွေရဲ့ potency / strengthပေါ်မူတည်ပြီး သုံးဆင့်ခွဲပေးထားတယ်။ သူတို့အားလုံးဟာ Trend Reversalကို Confirmလုပ်ဖို့ပဲ အသုံးဝင်တာတော့ တူပါတယ်။

Bullish / Bearish Counterattack Pattern - Weak reversal signal


...

ပုံမှာပြထားသလိုပဲ Bullish Counterattackဟာ Downtrendမှာ ဖြစ်တတ်ပြီး Bearish Counterattackဟာ Uptrendမှာ မြင်နိုင်ပါတယ်။ အဓိပ္ပါယ်ဟာ ပြောင်းပြန်လှန်လိုက်ရင် အတူတူပဲမို့လို့ Bullishဘက်ကနေပဲ ကျွန်တော်ပြောသွားပါမယ်။ Bullish Counterattackဖြစ်ဖို့ Bearတွေ အားသာနေတဲ့ Downtrendတစ်ခုရှိရမယ်။ Downtrendရဲ့ Durationဟာ အနည်းဆုံး ၄-၅ရက်၊ တစ်ပတ်ဖြစ်သင့်တယ်။ ဒီလိုနဲ့ ဆင်းလာရင်း နောက်ဆုံးမှာ Closeဟာ Openထက်သာပြီး White Candleရပါမယ်။ အဲဒီမှာ အရေးအကြီးဆုံးက Closeတွေပါ။ Closeနှစ်ခုဟာ Almost Equalဖြစ်သင့်ပါတယ်။ White Candleရဲ့ Openဟာ မနေ့က Closeအောက် ရောက်ရပါမယ်။ Crowd Psychologyကတော့ ဖွင့်ဖွင့်ချင်းတော့ Bearတွေဟာ ကြီးစိုးနေခဲ့ပြီး နောက်ဆုံးတော့ Bullတွေက ပြန်ဆွဲတင်လိုက်နိုင်တယ် ဆိုတာပါပဲ။ ဒါပေမယ့် Closeဟာ မနေ့ကCloseနဲ့ မတိမ်းမယိမ်းမို့ ဒီ Formationကို Weak Signalလို့ ဆိုနိုင်ပါတယ်။

Piercing Pattern and Dark Cloud Cover Pattern - Good Reversal Signal



အပေါ်က Counterattackနဲ့ သဘောတရား အတူတူပါပဲ။ ကွာတာကတော့ White Candle Closeဟာ မနေ့ကBlack Candle Closeကိုကျော်ရုံတင်မက အနည်းဆုံး Black Candle Real Bodyရဲ့ အလယ်ကို အသာလေး ရောက်/ကျော်သင့်ပါတယ် - ဒါပေမယ့် Black Candle Openကိုတော့ မကျော်သင့်ဘူး။ ကျော်သွားရင် နောက်ထပ်ပြောမယ့် Strong Reversal Signalဖြစ်သွားပါမယ်။ Piercingကတော့ Bullတွေဟာ Bearတွေရဲ့ နယ်ပယ်ကို Pierceလုပ်လိုက်တယ်လို့ ဆိုသလို၊ Dark Cloud Coverဟာလည်း မိုးမရွာခင် တိမ်မည်းတွေညို့လာသလို Up Trendဟာ Sunnyမဖြစ်နိုင်တော့ဘူးလို့ ဆိုလိုတယ်။

Bullish / Bearish Engulfing Pattern - Strong Reversal Signal


အပေါ်မှာပြောခဲ့သလိုပဲ White Candle Openဟာ မနေ့က Black Candle Closeထက်နိမ့်ပြီး White Candle Closeဟာ Black Candle Openထက်ကျော်သွားရင်တော့ Strongest Reversal Signalကို ပြပါတယ်။ Engulfingဆိုတာကတော့ ငုံ/ဝန်းရံထားတယ်ပေါ့။ အနောက်တိုင်း Technical Analysisမှာတော့ Outside Dayလို့ခေါ်တယ်။ ဒါမျိုးတွေ့ပြီး Volumeကလည်း ကောင်းတယ်ဆိုရင် Reversalဖြစ်ဖို့ သေချာသလောက်ရှိပါတယ်။

ဒီ Reversal Candle Patternတွေကို Second Candleရဲ့ Volumeနဲ့ ယှဉ်ပြီးသုံးရင် ပိုသေချာတဲ့ Trading Signalကို ရပါလိမ့်မယ်။ Trend Line၊ Supportနဲ့ Resistance လိုင်းတွေပါ တွဲသုံးမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ အောက်မှာ BHP.ASX ရဲ့ Candleတွေကို ပြထားပါတယ်။

Happy Charting!


16 November 2009

Candlesticks - Part II


Part I မှာပြောခဲ့သလိုပဲ ဒီPostမှာ Single-candle Formationတွေပဲ ဆက်ကြည့်ရအောင်။ အောက်မှာ Formationတစ်ခုစီအကြောင်းကို ရှင်းပြထားပါတယ်။

Shooting Star

ဂျပန်တွေဟာ နာမည်ပေးကတော့ တော်တော် တော်တယ်။ နာမည်လေးတွေဟာ မှတ်ရလွယ်သလို အဓိပ္ပာယ်လည်းရှိတယ်။ Shooting Star formationဟာ နာမည်နဲ့လိုက်အောင် Bearish reversal signalကို ပေးပါတယ်။ ကြယ်ကျွေပါတယ်ဆိုမှ ကောင်းပါတော့မလား။ Shooting Starဟာ တကယ်တမ်းတော့ Hanging Manရဲ့ ပြောင်းပြန်ပုံစံပါ။ Up Trendတစ်ခုမှာ Upper Shadowရဲ့ Lengthဟာ Real bodyထက် နှစ်ဆအနည်းဆုံးပိုရှည်ပြီး Real bodyဟာ Lowနားကို ကပ်နေရပါမယ်။ Crowd Psychologyဟာ ဘာဖြစ်နိုင်မလည်း? ဆက်မဖတ်ခင် နည်းနည်းကိုယ့်ဘာသာ စဉ်းစားကြည့်ပါ။ Exampleအောက်မှာ Psychologyကို ရှင်းပြထားပါတယ်။
...



Shooting Star formationကိုတွေ့တာနဲ့ လက်ရှိUp trendဟာ reverseဖြစ်နိုင်တယ်ဆိုတာ သတိထားရပါမယ်။ ဘာလို့လည်းဆိုတော့ Long Upper Shadowဟာ Bullတွေရဲ့ ဈေးကိုဆွဲတင်တဲ့ Attemptကို ပြပါတယ်။ ဒါပေမယ့် အဆုံးသတ်တော့ Bearတွေပဲ အနိုင်ရသွားပြီး Closeဟာ Highနဲ့မကပ်ပဲ Lowနဲ့သွားကပ်နေတာကို တွေ့ပါလိမ့်မယ်။ Upper Shadowရှည်လေ၊ Bullတွေဟာရဲ့ ကြိုးစားသမျှဟာ အချည်းအနှီးဖြစ်သွားလေဆိုတာ သဘောပေါက်ရပါမယ်။ Bullနဲ့Bearစစ်ပွဲမှာ Bullတွေအားပျော့လာပြီဆိုရင် ဘာကိုသတိထားရတော့မလည်း? Trend Reversal!!! Shooting Starရဲ့ Real bodyအရောင်ဟာ အရေးသိပ်မကြီးပေမယ့် အနက်ရောင်ဆိုရင် ပိုသတိထားရပါမယ်။

Belt-hold lines

Belt-holdဆိုတဲ့ နာမည်ဟာ Sumo Wrestling term "Yorikiri"ကနေဆင်းသက်လာပါတယ်။ ကိုယ်နဲ့ နပန်းသတ်နေတဲ့ Opponentရဲ့ ခါးပတ်ကို ဆုပ်ကိုင်ထားရင်းနဲ့ နပန်းစည်းဝိုင်းအပြင်ဘက်ကို ရောက်အောင်တွန်းထုတ်တယ်လို့ အဓိပ္ပာယ်ရပါတယ်။ Trading contextမှာတော့ Bullနဲ့Bearတို့ နပန်းသတ်တာ ဘယ်သူနိုင်တော့မလည်း အကဲဖြတ်တာပေါ့။ ထုံးစံအတိုင်း Down Trendနဲ့ Up Trendနှစ်ခုစလုံးအတွက် Belt-hold candleနှစ်မျိုးရှိတယ်။ Bullish Belt-holdနဲ့ Bearish Belt-holdလို့ မှတ်ထားနိုင်ပါတယ်။ Belt-hold candleတွေရဲ့ major characteristicကို ကြည့်ရအောင်။



Bullish Belt-hold candleဟာ down trendမှာ ပေါ်လာတတ်ပါတယ်။ Openဟာ Lowနဲ့ အတူတူပဲဖြစ်ပြီး Closeဟာ Highလောက်နီးပါး သွားပိတ်ပါမယ်။ Bearish Belt-hold candleဟာ up trendနဲ့ သက်ဆိုင်ပြီး Openဟာ Highနဲ့ အတူတူဖြစ်ရပါမယ်။ Closeဟာ Lowနဲ့ နီးပါးလောက် ပိတ်သင့်တယ်။ ဟာသနည်းနည်းမြောက်တဲ့ တခြားနာမည်တွေလည်း ရှိပါသေးတယ်။ Bullish Belt-holdကို White Opening Shaven Bottomလို့လည်း ခေါ်ပြီး၊ Bearish Belt-holdကိုတော့ Black Opening Shaven Headလို့လည်း ခေါ်ပါတယ်။

Belt-hold candleတွေဟာ Real bodyရှည်လေ၊ More reliableဖြစ်လေဖြစ်ပါတယ်။ Up Trend/Down Trendတလျှောက်မှာ ခပ်ဆင်ဆင် Same color, long real body candleတွေ မရှိရင်လည်း ပိုပြီးReliableဖြစ်ပါတယ်။ Belt-hold candleတွေနဲ့ သက်ဆိုင်တဲ့ Crowd Psychologyကို စာဖတ်သူကိုယ်တိုင် စဉ်းစားကြည့်ဖို့ ချန်ထားလိုက်တယ်။

Riskယူရဲတဲ့ Traderတွေကတော့ ဒီReversal Signတွေတွေ့တာနဲ့ လိုအပ်တဲ့ Actionကို လုပ်တတ်သလို နည်းနည်းConservativeဖြစ်တဲ့ Investorတွေအနေနဲ့တော့ next day candleကိုကြည့်ပြီး ပိုသေချာတဲ့ Signalရအောင်စောင့်လေ့ရှိပါတယ်။ ဒီလောက်ဆိုရင် Candlestickတွေရဲ့ Powerကို နည်းနည်းတော့ မြည်းစမ်းမိပြီလို့ ထင်ပါတယ်။ Candlestick chartတွေကို Bar chartတွေနဲ့ အမြဲတွဲပြီး သုံးသင့်ပါတယ်။ ဒီPostတွေမှာ Steve Nisonရဲ့ Candlestick Techniques Referenceတွေကို Referလုပ်ပါတယ်။

Happy Candle Lighting!!!

13 November 2009

Candlesticks - Part I


ဖယောင်းတိုင်တွေဟာ မြန်မာပြည်မှာပဲ အသုံးဝင်တာမဟုတ်ပါဘူး၊ Stock Tradingမှာလည်း တော်တော်အသုံးဝင်ပါတယ်။ Candlesticksတွေဟာ OHLC Barတွေနဲ့ အခြေခံအတူတူပဲဖြစ်ပေမယ့် ပိုပြီးထင်ရှားတဲ့ Trading signalတွေကို ပေးပါတယ်။ Traderတစ်ယောက်အနေနဲ့ Entryနဲ့Exitကို Timingလုပ်တဲ့နေရာမှာ Barရော၊ Candlestickရောသုံးနိုင်ရင် ပိုပြီးသေချာတဲ့ Confirmationရနိုင်ပါတယ်။

Candlestickအကြောင်း အသေးစိတ်မပြောခင် သူ့ရဲ့သမိုင်းကို နည်းနည်းသိရင် ပိုကောင်းတယ်။ Candlestickရဲ့ ဇာတိဟာ Western Countriesတွေ မဟုတ်ပါဘူး။ Candlestick Techniqueတွေရဲ့ အစဟာ ဂျပန်မှာ ၁၇၅၀လောက်က ဆန်ကုန်သည်သူဋ္ဌေး Munehisa Hommaဆိုတဲ့သူကနေ စခဲ့တယ်လို့ဆိုပါတယ်။ Hommaဟာ သူ့ရဲ့ Financialပိုင်းမှာ တော်တာမို့ သူ့ခေတ်က ဂျပန်အစိုးရရဲ့ Financial Consultantအနေနဲ့တောင် နောက်ပိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး Samuraiဘွဲ့တောင် ပေးအပ်ချင်းခံခဲ့ရပါတယ်။ Candlestick Techniqueဟာ အရှေ့တိုင်းမှာပဲ ရှိနေခဲ့တာ ၂၀ရာစုနှောင်းပိုင်းမှာ Steve Nisonဆိုတဲ့သူက စိတ်ဝင်တစား စလေ့လာရာကနေ အနောက်တိုင်းပြည်တွေကို သယ်လာပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးချအောင် သူပဲဦးဆောင်လုပ်ခဲ့ပါတယ်။ Hommaရဲ့ Techniquesတွေကို အနှစ်နှစ်ရာကျော် ဖြည်းဖြည်းချင်း Refineလုပ်လာခဲ့တာအခုဆိုရင် Technical Analysisတိုင်းမှာ မရှိမဖြစ်ပါပါတယ်။ အောက်မှာ Wal-mart Store(WMT)ရဲ့ Barနဲ့ Candlestick Chartတွေကို ယှဉ်ပြထားပါတယ်။
...



Candlestickကိုဆွဲဖို့ OHLC dataလိုပါတယ်။ အဓိကကွဲပြားချက်ကတော့ Candlestickမှာ Openနဲ့Closeကို ပိုပြီးဦးစားပေးပါတယ်။ Openနဲ့Closeကိုဆက်ပြီး ထောင့်မှန်စတုဂံပုံ ခပ်ရှည်ရှည်လေး ပုံထွက်လေ့ရှိပါတယ်။ Openက Closeထက်ပိုမြင့်တဲ့နေ့ဆိုရင် ထောင့်မှန်စတုဂံကို အနက်ရောင်ဖြည့်မယ်။ Closeက ပိုမြင့်တဲ့နေဆိုရင်တော့ အဖြူရောင်ဖြည့်ပါမယ်။ ဒီထောင့်မှန်စတုဂံBodyကို Real Bodyလို့ခေါ်တယ်။ Highနဲ့Lowလိုင်းတွေကိုတော့ Upper Shadowနဲ့ Lower Shadowလို့ အသီးသီးခေါ်ပါတယ်။ Candlestickမှာသုံးတဲ့ အခေါ်အဝေါ်တွေဟာ နာမည်လှလှလေးတွေရှိတာ နောက်ပိုင်းမှာ တွေ့ပါလိမ့်မယ်။



Candlestickတွေဟာ ဘယ်လိုနေရာမှာအသုံးအဝင်ဆုံးလည်းဆိုတော့ Trend Reversalဖြစ်တော့မလား Confirmလုပ်တဲ့နေရာမှာပါ။ ပထမဆုံး Introအနေနဲ့ Trend Reversal Signalပြတဲ့ Candlestick typeနှစ်မျိုးကိုပြောပါမယ်။ သူတို့ကို Hammerနဲ့ Hanging Manလို့ခေါ်ပါတယ်။ နှစ်ခုလုံးဟာ ပုံစံအတူတူပါပဲ - ဒါပေမယ့် ဘယ်လိုTrendမှာပေါ်လာသလည်းပေါ် မူတည်ပြီး အခေါ်အဝေါ်ကွဲသွားပါမယ်။ ဘယ်လို Candleကို Hammerလို့ခေါ်လည်းဆိုတော့ ပထမဦးဆုံး Trendဟာ Down Trendဖြစ်ရပါမယ်။ Down Trendမှာ Candleတစ်ခုရဲ့ Lower Shadowဟာ Real Body Heightရဲ့ အနည်းဆုံး နှစ်ဆရှည်ပြီး၊ Upper Shadowဟာ မရှိ(သို့)မရှိသလောက် တိုရင်တိုရပါမယ်။ Hanging Manကကျတော့ Up trendတစ်ခုထိပ်နားမှာ ဖြစ်ရပါမယ်။ Real Bodyနဲ့ Lower Shadowရဲ့ Length Ratioဟာလည်း Hammerလိုပဲ ၁း၂ အချိုးအနည်းဆုံး ရှိသင့်ပါတယ်။ အောက်မှာ Hammerနဲ့ Hanging Manတွေကို Circleလုပ်ပြထားပါတယ်။




Hammers in AMD chart

Hanging Men in Black & Decker Chart

Crowd Psychologyပိုင်းကနေပြန်ကြည့်ရင် Hammerဖြစ်လာတာဟာ ဘာကြောင့်လဲလို့တွေးရပါမယ်။ Bearတွေဟာ ဈေးကိုဆွဲချဖို့ ကြိုးစားတယ်။ ဒါပေမယ့် မအောင်မြင်ပဲ Closeဟာ Lowနဲ့ အလှမ်းဝေးဝေးမှာ သွားပိတ်ပါတယ်။ ဒါဟာ ဘာကိုပြလည်းဆို Bullတွေဟာ နောက်ဆုံးတော့ အနိုင်ရသွားတယ်လို့ ဆိုလိုပါတယ်။ ဒီIdeaကို နောက်နေ့ Down Trend Line Breakout Signalနဲ့ Confirmလုပ်ပြီး Tradeတစ်ခုကို ဝင်လို့ရတယ်။ Hammerမြင်ရင် Bearsတွေဟာ တူနဲ့ အထုခံရတော့မယ်လို့ တွေးရပါမယ်။

Hanging Manရဲ့ Psychologyကတော့ Up Trendတစ်ခုဟာ တဖြည်းဖြည်းနဲ့ ဆက်တိုက်တက်လာတဲ့အခါမှာ အချိန်တန်ရင် အရှိန်ကုန်လာပါမယ်။ Hanging Man Formationဟာ Bearsတွေဟာ စပြီးAttackလုပ်လာပြီလို့ ဆိုလိုတယ်။ သွေးတိုးစမ်းတယ်ပေါ့။ ဒါပေမယ့် သူတို့ မအောင်မြင်လိုက်ဘူး။ Hanging Manကိုမြင်ရင် Bullတွေတော့ ထိပ်မှာ တွဲလောင်းဖြစ်နေပြီ၊ အကိုင်မမြဲရင် ပြုတ်ကျတော့မယ်လို့ သတိထားရပါမယ်။ ဒါကြောင့် Hanging Manဖြစ်ဖြစ်၊ Hammer ဖြစ်ဖြစ် Following Dayရဲ့ Candleကို ကြည့်ပြီး Confirmလုပ်သင့်ပါတယ်။ Hanging Manအတွက်ဆိုရင် Following Candleဟာ Black real body၊ Hammerအတွက်ဆိုရင်တော့ White real bodyဖြစ်ရင်ပိုသေချာပါတယ်။

Hanging Manနဲ့ Hammerကိုယ်တိုင်ရဲ့ Real body ဖြူသလား၊ မည်းသလားကတော့ ဒီလောက်အရေးမကြီးပါဘူး။ ဒါပေမယ့် White Hammerနဲ့ Black Hanging Manဟာ ပိုပြီး Potentဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ Hanging Manနဲ့ Hammerလို Candle Formationတွေဟာ သူတို့နာမည်ရဖို့ Candleတစ်ချောင်းပဲလိုပါတယ်။ နောက်ပိုင်းမှာ နှစ်ချောင်း၊ သုံးချောင်းပေါင်းမှ Formationတစ်ခုဖြစ်တဲ့ Candlesticks Techniqueတွေ ဆက်ရေးပေးပါမယ်။ Part II မှာတော့ single-candle formationအကြောင်းပဲ ဆက်ပြောသွားပါမယ်။

Happy Candle Lighting!

Related Post : OHLC Bars , Trend lines

23 October 2009

Trend Is Your Friend

OHLC Barတွေအကြောင်းပြောပြီးတော့ ဆက်တိုက်ပြောသင့်တာကတော့ Trend Lineတွေအကြောင်းပဲ။ Trendဆိုတာကတော့ Share Priceရဲ့ ယေဘုယျDirectionလို့ ပြောရင်မှန်ပါတယ်။ Trend Lineတွေကနေ Price Trendတခုဟာ အပြောင်းအလဲဖြစ်တော့မလား၊ လက်ရှိဈေးကျနေတာဟာ within normal rangeလား အစရှိသဖြင့် Confirmationတွေ ချလို့ရပါတယ်။

ဘာမှဆက်မပြောခင် ကြိုပြောချင်တာကတော့ Trend Lineတွေဆွဲတတ်ရုံနဲ့ Price Trendကို အပ်ကျမတ်ကျပြောလို့ မရဘူး။ တခြား Technical Analysis Indicatorsတွေသုံးပြီး Confirmလုပ်ရမယ်၊ ဒါပေမယ့် Trend Lineတွေဟာ Generallyတော့ ပိုPriorityရှိတယ်လို့ ဆိုနိုင်တယ်။ Trend Lineဘယ်လိုဆွဲလည်း ကြည့်ရအောင်။ ဥပမာပေးထားတဲ့ Stockကတော့ Microsoft (MSFT)ပါ။ ၆၊၃၊၂၀၀၉ကနေ (၇)လစာ လိုင်းအရှည်ကြီးဆွဲထားတာတွေ့ပါလိမ့်မယ်။
...



အပေါ်ကTrendကတော့ obviously Bull/Up Trendလို့ဆိုနိုင်တယ်။ Up Trendဆွဲတဲ့အခါမှာ စည်းကမ်းအတိအကျကြီးမရှိပေမယ့် Professionalတွေသုံးလေ့ရှိတဲ့ စည်းကမ်းတစ်ခုကတော့ Up Trendအတွက်ဆိုရင် ကိုယ်Analyseလုပ်နေတဲ့ Periodအတွင်း Lowest Lowကနေ Low before the most recent Highest Lowကို ဆက်ပြီးဆွဲသင့်တယ်လို့ ဆိုတယ်။ ပုံအရဆိုရင် ကျွန်တော်ဟာလွန်ခဲ့တဲ့ (၇)လကို Targetထားပြီး March 6ဟာ Lowest Lowလို့ သတ်မှတ်လိုက်တယ်။ The most recent Highest Lowတော့ October 21ဖြစ်ပြီး Low before the most recent Higest Lowကတော့ October 20က Lowဖြစ်တယ်။ ဒီတော့ ကျွန်တော် March 6 Lowနဲ့ October 20 Lowတွေကို ထိပြီးဆက်ဆွဲလိုက်တယ်။

Up Trendဆိုရင် Lowကိုသုံးသလို Down Trendဆိုရင်တော့ Highကို သုံးပါမယ်။ Down Trendအတွက် Ruleဟာ Periodတစ်ခုအတွင်း Highest Highကနေ High before the most recent Lowest Highကို ဖြတ်သွားပြီး downward slope line ဆွဲသင့်တယ်လို့ ပြောင်းပြန်တွေးမိချင်တွေးမိမယ်။ ဒီစည်းကမ်းဟာ Applyလုပ်လို့ရနိုင်ပေမယ့် သိပ်တော့Up Trend ruleလောက် အသုံးမဝင်လှဘူး။ Up Trendနဲ့ Down Trendရဲ့ အဓိကကွာခြားချက်က ဈေးတက်ရင် ပက်ကျိလိုတက်ပေမယ့် ဈေးကျရင် ခွေးကျကျတက်တယ်။ ဈေးကျရင် ပိုကြမ်းပြီး ပိုမြန်တတ်တယ်။ ဒါကြောင့် Up Trendကို Reverseလုပ်ပြီးဆွဲရင် သိပ်အချိုးမပြေတာကို တွေ့လိမ့်မယ်။

ဒီတော့ Down Trendကိုဆွဲရင် (ဒီစည်းကမ်းဟာ Up Trendမှာလည်း နည်းနည်းပြောင်းပြန်လှန်ပြီး Applyလုပ်နိုင်ပါတယ်) Highest Highကနေ ဆက်ကျသွားတဲ့ Barတွေက Highတွေကို ထိနိုင်သမျှ ထိအောင်ကြိုးစားပြီးဆွဲပါ။ များများထိလေ၊ လိုင်းရှည်ရှည်ဆွဲနိုင်လေ ပိုReliableဖြစ်လေဖြစ်ပါတယ်။ အောက်ကပုံမှာ ကျွန်တော် အနည်းဆုံး Highသုံးခုထိပြီး ဆွဲသွားတာ တွေ့ပါလိမ့်မယ်။ ဖြတ်တဲ့အခါမှာ တိတိကျကျကြီးထိနိုင်ရင် အကောင်းဆုံးပေမယ့် အဲဒီလိုကြီးဖြစ်ရမယ်လည်း မဟုတ်ပါဘူး။ အဓိကနားလည်ဖို့ဟာ ကျွန်တော်တို့ဟာ Price Trendကို ဒီ Slopeလိုင်းတွေနဲ့ Generaliseလုပ်ဖို့ကသာ ပိုအရေးကြီးတာလို့ နားလည်ရပါမယ်။



Ok - ဆွဲတတ်တာနဲ့ မပြီးသေးဘူး၊ Translateလည်းလုပ်တတ်ရပါမယ်။ Reliableဖြစ်တဲ့ Trendတစ်ခုရပြီဆိုတာနဲ့ သူ့ကို Baselineအနေနဲ့ မြင်ရပါမယ်။ Up Trendအတွက် အသုံးဝင်မယ့် Interpretationတွေကတော့

၁) ဈေးကျတဲ့နေ့မှာ Closeဟာ Trend Line အပေါ်မှာ ရှိနေသ၍ စိတ်ပူစရာမလို။ ဈေးဆက်ကျပြီး Closeဟာ Trend Lineအောက် အနည်းငယ်ရောက်သွားရင်တော့ စသတိထားရပါမယ်။ ဒါပေမယ့် Generallyတော့ နှစ်ရက်သုံးရက်လောက် ဆက်စောင့်သင့်တယ်။ Confirmလုပ်တဲ့သဘောပါ။ တခြား Technical Indicatorတွေကိုသုံးပြီးလည်း Confirmလုပ်ရပါမယ်။ Confirmဖြစ်ရင် ရောင်းသင့်တယ်။

၂) Trendလိုင်းဟာ Holdလုပ်နေမယ်လို့ ယူဆရင် Future Dateတွေဘက်ကို ဆက်ဆွဲဆန့်ပြီး ဖြစ်နိုင်မယ့် Priceကို ခန့်မှန်းနိုင်ပါတယ်။ ဒါပေမယ့် Near Futureပဲ။ သိပ်ပြီး ဗေဒင်ဆရာ မဆန်တာကောင်းပါတယ်။

၃) Lowest Lowမှာ Horizontalလိုင်းတစ်လိုင်း ထပ်ဆွဲလိုက်ရင် Angleတစ်ခုရလာပါလိမ့်မယ်။ အဲဒီ့ Angleဟာ Momentumကို ပြပါတယ်။ Angleများလေ အတက်ကြမ်းလေဖြစ်ပါတယ်။ ဒါပေမယ့် အတက်ကြမ်းထားရင် Correctionဖြစ်နိုင်တာကို ပိုသတိထားရပါမယ်။ ခပ်ပြေပြေလေး တက်နေတာ အကောင်းဆုံးပါပဲ။ ပိုပြီး Predictableဖြစ်တဲ့သဘောပါ။

ဒီRuleတွေကို ပြောင်းပြန်လှန်လိုက်ရင် Down Trendအတွက် Ruleတွေရပါလိမ့်မယ်။ အောက်မှာ ကျွန်တော်ပဲ ပြောင်းပြန်လှန်ပေးထားပါတယ်။

၁) ဈေးတက်တဲ့နေ့မှာ Closeဟာ Trend Line အောက်မှာ ရှိနေသ၍ ဆက်ကျနိုင်တယ်။ ဈေးတက်ပြီး Closeဟာ Trend Lineအပေါ် အနည်းငယ်ရောက်သွားရင်တော့ စသတိထားရပါမယ်။ ဒါပေမယ့် Generallyတော့ နှစ်ရက်သုံးရက်လောက် ဆက်စောင့်သင့်တယ်။ Confirmလုပ်တဲ့သဘောပါ။ တခြား Technical Indicatorတွေကိုသုံးပြီးလည်း Confirmလုပ်ရပါမယ်။ Confirmဖြစ်ရင် ဝယ်သင့်တယ်။

၂) Trendလိုင်းဟာ Holdလုပ်နေမယ်လို့ ယူဆရင် Future Dateတွေဘက်ကို ဆက်ဆွဲဆန့်ပြီး ဖြစ်နိုင်မယ့် Priceကို ခန့်မှန်းနိုင်ပါတယ်။ ဒါပေမယ့် Near Futureပဲ။ သိပ်ပြီး ဗေဒင်ဆရာ မဆန်တာကောင်းပါတယ်။

၃) Highest Highမှာ Horizontalလိုင်းတစ်လိုင်း ထပ်ဆွဲလိုက်ရင် Angleတစ်ခုရလာပါလိမ့်မယ်။ အဲဒီ့ Angleဟာ Momentumကို ပြပါတယ်။ Angleများလေ အကျကြမ်းလေဖြစ်ပါတယ်။ ဒီမှာတော့ အကျကြမ်းထားရင် Correctionဖြစ်နိုင်တာကို ပိုသတိထားစရာမလိုပါဘူး။ တကယ်ကျရင် ကြမ်းပြီးသားပဲ။

နောက်Postတွေမှာ Technical Analysisနဲ့ပတ်သက်တာပဲ ဆက်ပြောသွားပါမယ်။

Happy Charting!

PS : High/Lowများများထိပြီးဆွဲထားတဲ့ Apple ရဲ့ Chartတွေကို အောက်မှာ Attachလုပ်ပေးထားပါတယ်။