16 October 2009

အသက်ခြောက်ဆယ် = ၆၆%


မြန်မာပြည်မှာကတော့ အသက်ခြောက်ဆယ်ဝန်းကျင်မှာ ဆုံးပါးသွားရင် သေပျော်ပါပြီ ထင်တတ်ကြတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အစကတော့ အဲဒီ့လိုပဲထင်တယ်။ CIA fact bookကတော့ မြန်မာပြည်မှာ Male Life Expectancyက ၆၁.၁၇နှစ် နဲ့ Female Life Expectancyက ၆၅.၇၄နှစ်လို့ ဆိုတယ်။ မြန်မာပြည်မှာလည်း အသက်ရှည်တဲ့လူတွေ တော်တော်ရှိပါတယ်။ ဒါပေမယ့် လူဦးရေနဲ့ အချိုးချလိုက်ရင် တိုးတက်တဲ့ တိုင်းပြည်ကအချိုးတွေကိုတော့ မှီမယ်မထင်ဘူး။

ဒီတိုင်းပြည်တွေမှာကြတော့ အသက်ခြောက်ဆယ်ဟာ ဘဝရဲ့ သုံးပုံနှစ်ပုံပဲရှိပါသေးတယ်။ Senior Citizens အများစုဟာ အသက်၈၀နဲ့ ၉၀ကြားအထိ သာမန်ကျန်းမာရင် အေးဆေးလေးပဲ ရောက်သွားမယ်။ Retirementကတော့ နိုင်ငံတိုင်းလိုလိုမှာ အသက်၆၀ဆိုရင် ယူလေ့ရှိကြပါတယ်။ တချို့ အသက် ၆၅-၇၀အထိ အလုပ်ကို Part-timeဆက်လုပ်နေတဲ့သူတွေလည်း ရှိတော့ရှိပါတယ်။ ဒါပေမယ့် ကိုယ်ကတော့ နောက်အကျဆုံး အသက်၆၀ဆိုရင် Retireယူမယ်လို့ တွက်သင့်ပါတယ် (What's the point if you can't rest after age 60?)

အသက်ရှည်တာလည်းကောင်းတယ်။ Retirementယူနိုင်တာလည်းကောင်းတယ်။ မကောင်းနိုင်တာက ကိုယ့်ရဲ့ Retirement Plan နဲ့ Money။ အလုပ်ကမလုပ်နိုင်တော့တဲ့အချိန်မှာ ကိုယ့်မှာရှိတဲ့ Asset (သို့) ပိုက်ဆံ(နှစ်မျိုးလုံး ရှိရင် ပိုကောင်းတယ်)က မလောက်ငှရင်၊ သားသမီးတွေက မကြည့်နိုင်ရင် (သို့) ဘာသားသမီးမှ မရှိရင်၊ သေသွားတာကမှ ပိုကောင်းဦးမယ်။ ကိုယ့်သားသမီးတွေဟာလည်း သူတို့ကြီးလာရင် သူတို့ဘာသာ အိမ်ထောင်နဲ့ Mortgageနဲ့ လုံးလယ်ချာလယ် လိုက်နေကြဖို့က သေချာသလောက်ပဲ။  ဒီတော့ သူတို့ကို အားကိုးဖို့ Planကို Retirement Plan ထဲက ဖယ်ထားလိုက်ပါ။
...

တချို့ကတော့ တွက်ထားတယ်။ ဟာ အစိုးရက စောင့်ရှောက်မှာပါ ဆိုပြီး။ အစိုးရPensionဟာ ဒီမှာတော့ Criteria မျိုးစုံနဲ့ တွက်ချက်ပြီး ပေးပါတယ်။ ရှင်းပြရင် စာမျက်နှာတောင် မလောက်လို့ ကိုယ့်ဘာသာကိုယ်သာ ဒီမှာ သွားကြည့်ပါ http://www.centrelink.gov.au/internet/internet.nsf/payments/age_pension.htmAussie မဟုတ်တဲ့သူတွေလည်း ကိုယ့်တိုင်းပြည်က Pension Eligibilitiesကို ကောင်းကောင်းနားလည်ထားသင့်တယ်။ ဒါမျိုးကျတော့ မြန်မာပြည်က ရှင်းတယ်။ ဘာမှကို တွက်နေစရာမလိုဘူး :) သေချာတာက အစိုးရဟာ Income Test, Asset Testတွေ မျိုးစုံစိစစ်ပြီးမှ မသထာရေစာ ပေးလိမ့်မယ်။ နောက်အနှစ်သုံးဆယ်လောက်မှာ လူတွေဟာ ပိုကျန်းမာလာပြီး ပိုအသက်ရှည်လာကြတာနဲ့အမျှ အစိုးရအပေါ်ကျလာမယ့် Social Security Burdenဟာ ပိုကြီးလာမှာပါ။ ဒီတော့ ပိုရဖို့တော့ မမျှော်နဲ့၊ အိတ်မစိုက်ရရင် ကံကောင်း။ ဒီတော့ ကျွန်တော်ကတော့ Personally အစိုးရကို မေ့ကိုထားတယ်။

Big Corporationsတွေမှာ လုပ်နေတဲ့သူဆိုရင်တော့ ငါ့ရဲ့ Prestigious Companyကြီးရဲ့ Retirement Packageဟာ ငါ့ကို စောင့်ရှောက်သွားမှာပါလို့ ထင်ချင်ထင်မယ်။ ဒီမှာတော့ Compulsory Superannuation (Singaporeမှာ Saving Fund၊ အမေရိကားမှာ 401kလို့ ခေါ်ပါတယ်)ကို ကုမ္ပဏီတွေက ထပ်ဆောင်းပြီး လခ၇ဲ့ ၉%ပေးရတယ်။ ဒါဟာ ဥပဒေပါ။ ကိုယ့်အလုပ်ရှင်က ကောင်းရင်ကောင်းသလို ၉%ထက်ပိုရတာတွေလည်း ရှိတတ်တယ်။ ဒါပေမယ့် ပြဿနာက အများစုဟာ ကိုယ့်ရဲ့ retirement savingကို အသက်၆၀ရောက်တဲ့အထိ ထိလို့မရဘူး။ Managed Fund or Mutual Fundအစရှိတာတွေကပဲ လုပ်ချင်သလိုလုပ်နေကြလိမ့်မယ်။ မနက်ကပဲ ရေဒီယိုမှာ ကြားလိုက်တယ်။ အမေရိကားမှာ Average 401kတွေဟာ ၂၄%လောက် Crisis ကြောင့် လုံးပါးပါးသွားတယ်တဲ့။ ဒီမှာလည်း သိပ်မထူးပါဘူး။ ၁၅ကနေ ၂၀%လောက်တော့ ထိနေကြတာပဲ။ ဒီတော့ ကိုယ့်ရဲ့ retirement savingsတွေကိုလည်း အမြဲတမ်း Blue Skyဖြစ်နေမယ်လို့ မထင်တာက ပိုကောင်းပါတယ်။

တကယ့် ပြဿနာက ကိုယ်က ဝင်ငွေမရှိ(သို့)မရှိသလောက် နည်းသွားမယ့်အချိန်မှာ နောက်ထပ် အနှစ်နှစ်ဆယ်ကနေ သုံးဆယ်လောက်အထိ ဆက်နေမှာပါပဲ။ အောက်မှာ ဖြစ်နိုင်တဲ့ အခြေအနေတစ်ခုကို ဖော်ပြထားပါတယ်။ ဒီဇယားမှာ Average Aussieတစ်ယောက်ရဲ့ ဝင်ငွေဟာ ၅၅၀၀၀လို့ စတွက်ထားပါတယ်။ နိုင်ငံခြားမှာ အခြေစကျခါစ မြန်မာအများစုဟာလည်း အသက်သုံးဆယ်ဝန်းကျင်တွေမို့လို့ အနှစ်၃၀စာ Projectionလုပ်ထားတယ်။ Saving Fund/Superannuationရဲ့ Rateတော့ ၉%ပါ။  CPIကို ၃%တွက်ထားပါတယ်။ ဒီဇယားကို Hypothetical Exampleလို့ပဲ ယူပြီးကိုယ့်ဘာသာ စိတ်ကြိုက်Adjustလုပ်ကြည့်နိုင်ပါတယ်။

Year
Pay
CPI

Retr. Saving at 9% of pay
1
$55,000.00
3.00%

$4,950.00
2
$56,650.00
3.00%

$5,098.50
3
$58,349.50
3.00%

$5,251.46
4
$60,099.99
3.00%

$5,409.00
5
$61,902.98
3.00%

$5,571.27
6
$63,760.07
3.00%

$5,738.41
7
$65,672.88
3.00%

$5,910.56
8
$67,643.06
3.00%

$6,087.88
9
$69,672.35
3.00%

$6,270.51
10
$71,762.53
3.00%

$6,458.63
11
$73,915.40
3.00%

$6,652.39
12
$76,132.86
3.00%

$6,851.96
13
$78,416.85
3.00%

$7,057.52
14
$80,769.35
3.00%

$7,269.24
15
$83,192.43
3.00%

$7,487.32
16
$85,688.21
3.00%

$7,711.94
17
$88,258.85
3.00%

$7,943.30
18
$90,906.62
3.00%

$8,181.60
19
$93,633.82
3.00%

$8,427.04
20
$96,442.83
3.00%

$8,679.85
21
$99,336.12
3.00%

$8,940.25
22
$102,316.20
3.00%

$9,208.46
23
$105,385.69
3.00%

$9,484.71
24
$108,547.26
3.00%

$9,769.25
25
$111,803.68
3.00%

$10,062.33
26
$115,157.79
3.00%

$10,364.20
27
$118,612.52
3.00%

$10,675.13
28
$122,170.90
3.00%

$10,995.38
29
$125,836.02
3.00%

$11,325.24
30
$129,611.10
3.00%

$11,665.00

$2,616,647.86


$235,498.31





Government (20%)
$523,329.57



Mortgage + Bills (60%)
$1,569,988.72



What's left for you
$523,329.57



Your retirement savings
$235,498.31



Total retirement fund
$758,827.88



For Next 30 yr
$25,294.26
per year


For Next 30 yr
$2,107.86
per month



ခြွင်းချက်ကတော့ အိမ်ရှိရင် ကိုယ့်အိမ်ဟာ ဈေးတက်လာမှာဖြစ်လို့၊ အသက်ကြီးမှ Downsizeလုပ်တယ်ဆိုရင်တော့ ငွေထပ်ထွက်လာပါလိမ့်မယ်။ ဒါပေမယ့် Mortgageနဲ့ Billsတွေနှစ်ခုပေါင်းကိုမှ ၆၀%ပေးထားတာကိုလည်း သတိပြုသင့်ပါတယ်။ ကလေးများရင်များသလို၊ ကိုယ့်Life Styleက စရိတ်များရင်များသလို အဲဒါထက်ပိုပါလိမ့်မယ်။ ဒါပေမယ့် ဒီမှာ Professionalတွေရဲ့ Averageလခဟာ Year 1 Pay ထက်တော့ များပါတယ်။ ကျွန်တော့်အမြင်ကတော့ Average Aussieတစ်ယောက်ဟာ နောက်အနှစ်သုံးဆယ်မှာ နောက်ထပ်အနှစ်သုံးဆယ်အတွက် တစ်လကို ငွေ၂၀၀၀ကနေ ၃၀၀၀ကြားနဲ့ တော်တော် Struggle လုပ်ရမယ်လို့ ထင်ပါတယ်။ ဒီတော့ Definitely and Seriously၊ Retirementအတွက် အခုကတည်းက ပြင်ဆင်ထားကြပါလို့ တိုက်တွန်းပါတယ်။

14 October 2009

တန်ရာတန်ဖိုး

ကိုယ်ဝယ်ချင်တဲ့ ကုမ္ပဏီဟာ ဘယ်လောက်တန်ဖိုးရှိသလည်း Investorတိုင်းသိသင့်ပါတယ်။ ကိုယ်က အဲဒီ့တန်ဖိုးအပေါ်မှာ ဘယ်နှစ်ဆအလိုက်ပေးနေရလည်းကိုလည်း သိသင့်တယ်။ အဲဒီ့Ratioကို Price-to-Book (P/B) ratioလို့ ခေါ်တယ်။

ပထမဦးဆုံး ဘယ်လိုတွက်လည်း ကြည့်ရအောင်။ Formulaက

              Common/Ordinary Stock Price
P/B = ------------------------------------
                        NTA per share

မပြောရသေးတာက NTA။ NTAဆိုတာ Net Tangible Assetကို ဆိုလိုပါတယ်။ NTAကို သေချာနားလည်ဖို့ Assetနဲ့ Liabilityပိုင်းတော့ နည်းနည်းသိဖို့လိုတယ်။ Accounting အခြေခံရှိထားတဲ့သူဆိုရင် Assetနဲ့ Liabilityဆိုတာတွေကို နားလည်ပြီးသားဖြစ်လိမ့်မယ်။ Assetဆိုတာ ကိုယ်ပိုင်ဆိုင်တာ၊ ရစရာရှိတာ၊ ကိုယ့်အတွက် Income Generatingဖြစ်နေတဲ့ အရာတွေကို ခေါ်တယ်။ Liabilityကတော့ ကိုယ်ကသူများကို ပေးရမယ့်အရာ၊ ကိုယ့်အိပ်ထဲကပါသွားမယ့် ယိုပေါက်တွေကို ခေါ်ပါတယ်။
...

ကုမ္ပဏီတစ်ခုရဲ့ Assetနဲ့ Liabilityတွေကို သိဖို့ Balance Sheetကို သိရမယ်။ Public Companyတွေဟာ သူတို့ရဲ့ Balance Sheetနဲ့ Profit & Loss(P&L) Statementတွေကို Publicကို ဖော်ပြဖို့ တာဝန်ရှိတယ်။ တချို့တိုင်းပြည်တွေမှာ Balance Sheetကို Statement of Financial Positionလို့ခေါ်ပြီး၊ Profit & Lossကိုတော့ Statement of Financial Performanceလို့လည်းခေါ်တတ်ပါတယ်။ P&Lဟာ ကုမ္ပဏီရဲ့ တစ်နှစ်တာအတွင်း ဝင်ငွေနဲ့ စရိတ်တွေကို အဓိကထား ဖော်ပြပြီး၊ Balance Sheetကတော့ ကုမ္ပဏီရဲ့ လက်ရှိတန်ဖိုးကို ကိုယ်စားပြုပါတယ်။

NTAရဲ့ Formulaကတော့

NTA = Total Assets - Intangible Assets - Preferred Stocks Value - Total Liabilities

Total Assetကတော့ ရှင်းတယ်။ Intangible Assetဆိုတာ ဘာမျိုးတွေလည်းဆိုတော့ Intellectual Property၊ Trade Mark၊ Copyright၊ Brand name၊ Goodwill အစရှိတာတွေကို ခေါ်တယ်။ ထုနဲ့ထည်နဲ့ မရှိတဲ့ဟာတွေ၊ Abstractတွေပေါ့။ Preferred Stock ကတော့ အခုရှင်းပြရင် ပိုရှုပ်ကုန်လိမ့်မယ်။ လောလောဆယ်တော့ VIP type Stockအမျိုးအစားတစ်ခုလို့ပဲ မှတ်ထားလိုက်ပါ။ Preferred Stock Holderတွေဟာ ပိုပြီးPriority ရှိတယ်။ သူတို့ဈေးဟာလည်း တစ်မျိုးသက်သက်ပါ။ နေ့တဓူဝ အများစုဝယ်ရောင်းနေကြတာတွေကို Common type(သို့)Ordinary type Stockလို့ခေါ်တယ်။ ဒီတော့ Total Assetထဲက သူ့ကိုလည်း ဖယ်ထုတ်ဖို့လိုမယ်။ Total Liabilitiesကလည်း မခက်ပါဘူး။ အကြွေးမှန်သမျှနဲ့ ပေးစရာကျန်တဲ့ Taxတို့ဘာတို့ အစရှိသဖြင့်ပေါ့။

NTA per share ကတော့ ရှင်းပါတယ်။ NTAကို No. of Common/Ordinary Sharesနဲ့ စားလိုက်ရင် NTA / share ထွက်လာပါလိမ့်မယ်။ ပြီးတော့မှ Ordinary share priceကို NTA/Shareနဲ့စားမယ်ဆိုရင် P/Bကို ရပါလိမ့်မယ်။

အပေါ်မှာ ပြောခဲ့တဲ့ Accounting Jargonတွေကို တစ်မျက်နှာထဲပေါ်မှာ Exampleနဲ့ကြည့်ချင်ရင် http://finance.yahoo.com/q/bs?s=JPM&annual ကိုသွားပါ။ JPMorgan Chaseကို exampleအနေနဲ့ သုံးသွားပါမယ်။ Yahoo Balance Sheetက NTAကို အောက်ဆုံးမှာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် သူ့ NTAဟာ Preferred Stockကို ထည့်ပေါင်းထားတာ တွေ့ပါလိမ့်မယ်။ ဒီတော့ ကျွန်တော့်အနေနဲ့ကတော့ Ordinary NTAပိုစစ်အောင် Preferred Stock 31.9 billionကို ဖယ်ပစ်ပါမယ်။

အခုတော့ လွယ်အောင် သူReady တွက်ပေးထားတာတွေကို ခဏကြည့်ရအောင်။ ဘယ်ဘက်ခြမ်းက Menuလို Linkတွေမှာ Key Statisticsဆိုတာ Company sub-headingအောက်မှာတွေ့လိမ့်မယ်။ ရွေးလိုက်ပါ။ Price/Book ratioဟာ အပေါ်ပိုင်းလေးမှာပဲ တွေ့နိုင်ပါတယ်။ ၁.၂၃ဆိုတာတကယ်တမ်းတော့ ပိုများနိုင်တယ်။ ဘာလို့လည်းဆိုတော့ Preferred Stockကို ဖယ်လိုက်ရင် ပိုင်းခြေပိုနည်းသွားမှာမို့ပါ။

ထုံးစံအတိုင်း P/B ratioကို ဘယ်လိုTranslateလုပ်ရမလည်း သိဖို့လိုတယ်။ P/B = 1ဟာ ကိုယ်ပေးရတဲ့ဈေးနဲ့ ကုမ္ပဏီကိုသာ အခုထုခွဲရောင်းချ(သို့)ဖျက်သိမ်းရင် တန်ဖိုးအဖြတ်ခံရမယ့်ဈေး တူနိုင်တယ်လို့ဆိုလိုတယ်။ တစ်ထက်ကြီးရင်တော့ ကိုယ်ကဈေးပိုပေးရတာပေါ့။ ဒါပေမယ့် ပစ္စည်းတွေရဲ့တန်ဖိုးဟာ ပေါက်ဈေးနဲ့ အမြဲUpdateအလုပ်မခံရတတ်တာကြောင့် တစ်ထက်ကြီးမယ့် P/Bတွေကို Generallyတွေ့တတ်တာ မဆန်းပါဘူး။

တစ်ထက်ငယ်ရင်တော့ Undervalueဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ တန်ပြီပေါ့။ တန်ပြီဆိုရင်တော့ Takeover Bidရတတ်ပါတယ်။ Generally ပိုကြီးတဲ့ ပြိုင်ဘက်တွေဆီက ဖြစ်တတ်တယ်။ ဒါကြောင့် Takeover သတင်းထွက်လာရင် အဝယ်ခံရမယ့် ကုမ္ပဏီဈေးဟာ ဆောင့်တက်သွားတတ်ပါတယ်။ P/B ratioကို မြှင့်တဲ့သဘောပါ။

P/Bကို Takeoverအလုပ်ခံရနိုင်လားဆိုပြီး လေ့လာတာထက် မနက်ဖြန်ဒီကုမ္ပဏီပျက်ရင် ငါအတွက် ဘယ်လောက်ကျန်မလည်းသိတာကောင်းပါတယ်။ P/Bက သိပ်များနေရင် ကုမ္ပဏီပျက်တဲ့အခါ ကိုယ့်အတွက် ဘာမှမကျန်ဖို့ Chanceတော်တော်များပါတယ်။

စကားမစပ် Michael Douglas Oscarနဲ့ Golden Globeရခဲ့တဲ့ 1987က ရုပ်ရှင် Wall St ဆိုတာ ကြည့်ကြည့်ပါ။ အဲဒီထဲမှာ P/Eတွေ၊ P/Bတွေကို ဘယ်လို Corporate Raiderတွေ အသုံးချလည်းဆိုတာ ပါပါတယ်။

Happy Investing!

12 October 2009

Investment Psychology 101

ပြီးခဲ့တဲ့ Postတွေမှာ Fundamental Analysisနဲ့ ပတ်သက်တာတွေ ရေးထားလို့ အခုနည်းနည်း Topicပြောင်းလိုက်မယ်။ ဒါပေမယ့် ဒီTopicဟာ အရေးအကြီးဆုံးထဲမှာ ပါပါတယ်။

Investmentကို Seriouslyလုပ်မယ်ဆိုရင် 3 M လိုပါတယ်။ အဲဒီ့ 3Mကတော့ Mindset, Methodsနဲ့ Managementပါ။ ဘာRatio ညာRatioအစရှိတာတွေဟာ Methodsပိုင်းမှာပါတယ်။ ဒါတွေသိရုံနဲ့ Investorကောင်းဖြစ်မလာနိုင်ဘူး။ Investorတကယ်ဖြစ်ချင်ရင် 3Mကိုနိုင်နင်းရပါမယ်။ ဒီPostကတော့ Mindsetအပိုင်းထဲ ဝင်သွားလိမ့်မယ်။

ပထမဆုံးသိရမှာက လူအများစုဟာ Investingကို Get Rich Quick Schemeလို့ထင်တတ်တယ်။ ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် You got to be really a financial genius. ဒီတော့ ပိုပြီးRealisticဖြစ်နိုင်တာကို ပြောရရင် အခုထလုပ် အခုထချမ်းသာဖို့ မမြော်လင့်ပါနဲ့။ Investingဟာ အချိန်ယူရပါတယ်။ ယုန်နဲ့လိပ်ပုံပြင်ဟာ ဥပမာကောင်းတစ်ခုပါပဲ။
...

ဒုတိယက ကျွန်တော်/ကျွန်မမှာ ဘာမှ Financial အတွေ့အကြုံမရှိဘူးဆိုတာပါ။ စမလုပ်သ၍ ဘာအတွေ့အကြုံမှ ရလာမှာမဟုတ်ဘူး။ ဒီတော့ မြန်မာစကားပုံတစ်ခုကို မှီပြောရရင် - လက်သည်ကြီးပဲ အားကိုးလို့တော့မရ၊ ကိုယ်တိုင်ကလည်း နည်းနည်းတော့ညှစ်ရမယ် :)။ ဖြည်းဖြည်းလေ့လာ၊ ဖြည်းဖြည်းApplyလုပ်သွားရင် အချိန်ကြာလာတာနဲ့အမျှ Self-Confidence ပိုရှိလာပါလိမ့်မယ်။

တတိယတစ်ခုကတော့ Reasonတစ်သောင်းလို့ဆိုချင်တယ်။ Top Reasons တွေကို အောက်မှာရေးထားပါတယ်။

အချိန်မရသေးလို့
မရသေးရင် လုပ်ယူရပါမယ်။ Sacrificeလုပ်သင့်တာတွေလုပ်ပြီး ကိုယ့်Educationအတွက် အချိန်ရအောင် ဖောက်ယူရပါမယ်။ ဘယ်လိုလုပ်ရမလည်းကတော့ ကိုယ့်Lifestyleနဲ့ကိုယ်မို့လို့ ကျွန်တော်လည်း မပြောတတ်ဘူး။ အဲ TVကြည့်လွန်းရင်၊ Facebookလွန်းရင်၊ Clubသွားလွန်းရင်၊ အိပ်လွန်းရင် နည်းနည်းတော့လျှော့လို့တော့ ပြောချင်တယ်။

ပိုက်ဆံမရှိဘူး
ဒါကတော့ ဂျာအေးသူ့အမေရိုက်မယ့် ပြဿနာ။ ပိုက်ဆံမရှိတော့ Investမလုပ်၊ Investမလုပ်တော့ ရှိသင့်သလောက်မရှိ။ ပိုက်ဆံမရှိသေးရင် အရင်ဆုံး Spendingလျှော့ပြီး Savingပိုလုပ်ပါ။ Investingဟာ ငွေငါးထောင်ကနေ တစ်သောင်းလောက်ကနေစရင် ကောင်းကောင်းလုပ်လို့ရပါတယ်။ နှစ်ထောင်လောက်ကစလည်း ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် သိပ်မလူးလွန့်သာဘူးလို့ ပြောချင်တယ်။ ငါးထောင်လောက်တော့ အနည်းဆုံးရအောင်စုပါ။

အကြွေးချည်းပဲ
သိပ်မညည်းပါနဲ့။ ကျွန်တော်အပါအဝင် Western Economyထွန်းကားတဲ့ တိုင်းပြည်တိုင်းကလူတွေဟာ အကြွေးနဲ့ကင်းလို့ မရပါဘူး။ အကြွေးဆိုတာမရှိရင် ချမ်းသာလာမှာတောင်မဟုတ်ဘူးလို့ ပြောချင်တယ်။ အကြွေးမှာ Personal Debt နဲ့ Investment Debtဆိုပြီး ယေဘုယျနှစ်မျိုးခွဲနိုင်ပါတယ်။ ကိုယ်က Personalကို လျော့ချပြီး Investment Debtဘက်ကပိုများအောင် လုပ်ဖို့ပဲလိုပါတယ်။ Credit Cardအကြွေးတွေများနေရင် မြန်မြန်ပြန်ဆပ်လိုက်ပါ။ အကြွေးတကာထဲမှာ သူအဆိုးဆုံးပဲ။ Investmentကျွမ်းကျင်လာရင် ဘယ်အကြွေးကကိုယ့်အတွက် ကောင်းမလည်း သိလာပါလိမ့်မယ်။ နောက်ပိုင်းမှာ Loanတွေအကြောင်း ရေးပါဦးမယ်။

Isn't Investing same as Gambling
မှန်သင့်သလောက်မှန်ပါတယ်။ ကိုယ့်မှာ 3Mထဲက ဘာMမှ မရှိရင် ၁၀၀%မှန်ပါတယ်။ Every Investmentမှာ Riskရှိပါတယ်။ ကိုယ်က Riskကို Analyseလုပ်တတ်ဖို့၊ ထင်သလိုဖြစ်မလာရင် Manageလုပ်နိုင်ဖို့ 3Mလိုပါတယ်။ Investmentဆိုရင် အမြဲတမ်းRiskကို တွဲမြင်ပါ။ ဘာRiskမှ သည်းညည်းမခံနိုင်ရင်တော့ ဘဏ်တိုးစားတာ ပိုကောင်းပါတယ်။

It takes a Genius to become rich
ဒါကတော့ Absolutely Rubbishပါ။ တော်ရုံAverage IQနဲ့ ဘယ်သူမဆို Investorဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Reasonable Objectiveလေးတော့ ရှိဖို့လိုပါတယ်။ အခုမှစလုပ်ရင် နောက်ခြောက်လမှာ 1 Billion $တော့မှန်းလို့ ဘယ်ရမလဲ။ တကယ် Financiallyအောင်မြင်နေတဲ့သူတွေဟာ Common Senseရှိပြီး Self-disciplineကောင်းတဲ့သူတွေပါ၊ အများစုဟာ Geniusတွေ မဟုတ်ကြပါဘူး။ ဒါပေမယ့် သာမန်လူတွေထက် နည်းနည်းတော့ Braveပိုဖြစ်ဖို့လိုမယ်။

အိမ်ကမိန်းမ၊ ယောင်္ကျားကတော့ ဘယ်တော့မှ လုပ်မှာမဟုတ်
ဒါကတော့ နည်းနည်းခက်လိမ့်မယ်။ Plainကြီးတော့ ကိုယ်နားလည်သလို သူကလိုက်နားလည်လိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ ကိုယ့်Spouse/Partnerကို ဖြည်းဖြည်းချင်း Educateလုပ်သွားဖို့လို့ပါတယ်။ ကိုယ့်ဘက်က သူယုံကြည်အောင် အချိန်အတိုင်းအတာတခုအတွင်း နည်းနည်းတော့ သက်သေပြဖို့လည်းလိုလိမ့်မယ်။ Singleသမားဆိုရင်တော့ Investလုပ်ဖို့ ဒီ့ထက်ကောင်းတဲ့အချိန် ဘဝမှာ မရှိဘူးလို့ပြောချင်တယ်။ ဝင်ငွေကောင်းတဲ့လူဆိုရင် ပိုတောင်မှန်သေးတယ်။

အထက်ကပြောခဲ့တဲ့ Reasonတွေ ကိုယ်နဲ့ဘယ်လောက် ပတ်သက်နေလည်း မညာတမ်းစမ်းစစ်ကြည့်ပါ။ Investingမှာ Conceptတွေဟာ တွေးရလွယ်ကူသလောက် လိုက်လုပ်ရခက်ပါတယ်။ အချိန်တန်ရင် ပိုနားလည်လာပါလိမ့်မယ်။ အခုလောလောဆယ်တော့ ကိုယ့်Mindsetလေးကို နည်းနည်းစီ စပြောင်းကြည့်ပါ။ ကျွန်တော်ကိုယ်တိုင်လည်း နေ့တိုင်းကိုယ့်ရဲ့ Mindsetကို တိုးတက်အောင် ကြိုးစားနေဆဲပါပဲ။ ဒီPostမှာ Robert Kiyosaki နဲ့ Dr. Alexander Elderတို့ရဲ့ Materialအချို့ကို Referenceလုပ်ပါတယ်။

Happy Investing!