Showing posts with label middle-east protests. Show all posts
Showing posts with label middle-east protests. Show all posts

07 March 2011

လွန်ဆွဲပွဲ

ပြီးခဲ့တဲ့အပတ်ဟာ Marketထဲမှာ တကယ်ကို လွန်ဆွဲပွဲပါပဲ။ Bullနဲ့Bearတွေအကြား လွန်ဆွဲတယ် ပြောလည်းရတယ်၊ US Economic Dataတွေနဲ့ Middle-east newsတွေအကြား လွန်ဆွဲတယ် ပြောလည်းရပါတယ်။ USမှာ Last weekက ISM Manufacturing, Non-manufacturing data, Initial Jobless Claims, Unemployment Rate, Private Payrolls, Factory data အစရှိတဲ့ Monthly Macroeconomic Dataတွေ ထွက်ပါတယ်။ အားလုံးကောင်းပါတယ်။ အားရစရာလည်း ရှိပါတယ်။ ဒါပေမယ့် Stock Marketမှာ လာမယ့်သုံးလကနေ ခြောက်လလောက်ကို အနည်းဆုံး Targetထားပြီး Tradeတာမို့ အပေါ်မှာပြောသွားတဲ့ Reportအများစုဟာ သိပ်ကြာကြာBullတွေကို အထောက်အကူမပေးနိုင်ခဲ့ပါဘူး။ အပေါ်က Dataအများစုဟာ January, Februaryက ဖြစ်ပြီးသွားတဲ့ အဖြစ်အပျက်တွေကို ကောင်းတဲ့ဘက်ကနေ Confirmလုပ်တဲ့သဘောပဲရှိပါတယ်။ ရှေ့ဘာဆက်ဖြစ်နိုင်တယ်ဆိုတာကို မှန်းဆနိုင်ဖို့ Leading indicatorတွေအနေနဲ့ သုံးစားလို့ သိပ်မရပါဘူး။

Oil Price - One of the most important leading indicators
အခုလောက်ဆိုရင် ကားမောင်းတဲ့သူတိုင်း Middle-eastရဲ့ Headline affectတွေကို ခံစားပြီးလောက်ပါပြီ။ Middle-eastမှာ ပွဲထကြမ်းတိုင်း Crude Oilဈေးဟာ တက်တက်သွားပါတယ်။ ဓါတ်ဆီဆိုင် ဆိုင်းဘုတ်က ဈေးဟာကိုယ့်မျက်စိရှေ့မှာပဲ တစ်နေ့ပြီးတစ်နေ့တက်နေတာကို တွေ့နိုင်ပါတယ်။ အခုမတွေ့သေးလည်း သိပ်မကြာခင် တွေ့ပါလိမ့်မယ်။ ဆီဈေးဟာ ဒီပုံစံအတိုင်းတော့ မြန်မြန်ပြန်ကျမယ့်ပုံ မပေါ်ပါဘူး။ ဆီဈေးတက်တာနဲ့အမျှ Transportation costတွေတက်လာပြီး လူတန်းစားအလွှာအားလုံးကို ထိခိုက်လာနိုင်ပါတယ်။ ကျွန်တော်တို့ကို ဘာမှတော့ ဆိုးဆိုးရွားရွားမထိခိုက်ဘူးပေါ့။ ဒါပေမယ့် ဆီဈေးကြီးလာတာကြောင့် ဈေးတွေတက်လာရင် Discretionary(non-essential) Spendingတွေ ကျလာပါမယ်။ အပြင်သိပ်သဝေမထိုးတော့ပဲ အိမ်ထဲမှာ ပိုနေလာကြမယ်။ Consumer Spendingကျလာတာနဲ့အမျှ Companyတွေရဲ့ Earningတွေကို ထိခိုက်လာပါမယ်။ Manufacturing Raw Material Input Costတွေတက်လာပြီး Producerတွေဟာ အဲဒီ့Costတွေကို End-user/consumerတွေဆီကို ရသလောက် Transferလုပ်လိုက်မှာပါ။ ဒီတော့ inflationတက်လာပြီး Central Bankတွေကို Interest Rate Hikeလုပ်ဖို့ Pressureလုပ်လာပါမယ်။

Bullတပြန် Bearတပြန်
February 22က Market Updateရေးအပြီးပဲ Dow Jones Industrial Averageဟာ စကျပါတယ်။ ၂၂၊၂၃၊၂၄ သုံးရက်ဆက်တိုက်ကျပြီး ၂၅(သောကြာနေ့)မှာ နည်းနည်းပြန်တက်ပါတယ်။ ကျွန်တော့်အမြင်ကတော့ အဲဒီ့နေ့က Short-sellerတွေဟာ Weekendမဝင်ခင် Unrealised profitတွေကို Realisedဖြစ်ဖို့ ပြန်ဝယ်ကြတာမို့ နည်းနည်းပြန်တက်သွားတယ်လို့ ထင်ပါတယ်။ ၂၈ရက်နေ့မှာ Personal Income dataမဆိုးလှတာကြောင့် ဆက်တက်ပါတယ်။ ဒါပေမယ့် Libyaမှာ Violenceတွေပိုဖြစ်လာတာနဲ့ March ၁ရက်နေ့မှာ ပြန်ထိုးဆင်းသွားပါတယ်။ ၂ ရက်နေ့ကတော့ Flatပဲ။ ၃ ရက်နေ့ကတော့ Initial Jobless Claimsတွေ သိသိသာသာလျော့သွားတာကြောင့် Marketမှာ Friday Job Reportအတွက် Over-enthusiastic ဖြစ်ပြီး Point 200လောက် တက်သွားပါတယ်။ ဒါပေမယ့် Fridayမှာ Crude Oil ဈေးတွေခုန်တက်တာရော၊ Employment Reportကလည်း ထင်တာထက် သိပ်ပြီးအားရစရာမရှိတာကြောင့် 88 points ပြန်ဆင်းသွားပြန်ရော။ သောကြာနေ့ဈေးလည်းပိတ်ရော Market Indexတွေဟာ တနင်္လာနေ့က စခဲ့တဲ့နေရာကနေ ဘယ်မှသိပ်မရွေ့နိုင်ခဲ့ပါဘူး။ 

Volatility is the Sign
ပြီးခဲ့တဲ့အပတ်က Volatilityဟာ တော်တော်လေးကြမ်းပါတယ်။ Marketဟာ ၁၀၀pointလောက်ကို အသာလေးပဲ တရက်ထဲမှာ Directionပြောင်းနိုင်တဲ့အစွမ်းရှိပါတယ်။ Market ဆက်တိုက်တက်တက်လာပြီး ထိပ်နားမှာ ဒီလိုလွန်ဆွဲပွဲတွေ ဆက်တိုက်တွေ့နေရပြီဆိုရင် ရှေ့ပိုင်းကအသာစီးရနေတဲ့ အုပ်စုဟာ လက်ပန်းကျပြီး ရှုံးလေ့ရှိပါတယ်။ Middle-eastက Headlineတွေဟာ Oil priceနဲ့ Stock Marketတွေကို ဒီအပတ်မှာလည်း Dominateလုပ်သွားဦးမှာပါ။ လူတိုင်းက Libyaကို ကြည့်နေချိန်မှာ ကျွန်တော်သေချာကြည့်နေတာကတော့ Bahrainပါ။ Bahrainဟာ ပိုပြီး Democracy Protestနဲ့ တူသလို ကမ္ဘာပေါ်မှာ ဆီExportအလုပ်ဆုံး Saudi Arabiaရဲ့ Closest အိမ်နီးချင်းလည်း ဖြစ်ပါတယ်။ Saudiဟာ ခုချိန်အထိ 100% ဘုရင်စနစ်နဲ့ အုပ်ချုပ်နေတဲ့ တိုင်းပြည်ဖြစ်တာကြောင့် Revolutionဖြစ်နိုင်တဲ့ Chanceအများကြီးရှိပါတယ်။ Bahrainမှာ အခြေအနေတွေဟာ ခုထက်ထိ မအေးသေးပါဘူး။ ပိုတောင်ဆိုးလာပါသေးတယ်။ Saudiမှာ ဒီအပတ်သောကြာနေ့ ဗလီတက်အပြီးမှာ Protestလုပ်ဖို့ ကြိုးစားနေကြပါတယ်။ Protestတွေကို Illegalလုပ်ထားတဲ့ တိုင်းပြည်မှာ တကယ်သာဖြစ်လာခဲ့ရင် Oil Priceကို ဆက်ပင့်တင်ယုံတင်သမက Stock Marketတွေလည်း ဆက်ပြီးSelloff ဖြစ်မှာဖြစ်ပါကြောင်း။

Happy Shorting!

22 February 2011

Market Update - 2011/02/22

Marketဟာ Correctionဖြစ်ဖို့ Probabilityတော်တော်လေး ကောင်းနေပြီဆိုတာ ရေးနေဖို့တောင် မလိုတော့ပါဘူး။ ဒါပေမယ့် recordလေးဖြစ်သွားအောင်တော့ ရေးလိုက်ဦးမယ်။

Middle-east Tensions
Tunisiaကနေ Egypt၊ Egyptကနေ Bahrain၊ Bahrainကနေမှ အခု Latest and Hottestတိုင်းပြည်ကတော့ Libyaပါပဲ။ Libyaက အာဏာရှင် Gaddafiအစိုးရဆင်းသွားဖို့ Protestတွေဟာ မနေ့ညက ပိုများလာသလို အစိုးရရဲ့ ရက်ရက်စက်စက် နှိပ်ကွပ်ချက်ကလည်း ကြောက်ဖို့တောင် ကောင်းပါတယ်။ Confirmedမဖြစ်တဲ့သတင်းအရ Protestorsတွေကို လေယာဉ်နဲ့တောင် ဗုံးကျဲတယ်ပြောပါတယ်။ မကျဲရက်တဲ့ Pilotနှစ်ယောက်ဟာ Libyaကနေ Maltaကို Defectလုပ်သွားတယ်လို့ ဒီနေ့မနက်က ဖတ်လိုက်ရတယ်။ Libyaဟာ OPECမှာ 8th largest oil producerဖြစ်သလို North Africa Regionမှာ Oil Reservesအများဆုံးပိုင်တဲ့ တိုင်းပြည်ဖြစ်တာမို့ Libyaအရေးအခင်းဟာ Marketအတွက် Egyptထက်ပိုပြီး Sensitiveဖြစ်ပါတယ်။

Commodities Market
မနေ့ညက Oil priceဆောင့်တက်သွားသလို Gold priceဟာလည်း လွန်ခဲ့တဲ့အပတ်ကတည်းက မှန်မှန်လေးတက်လာလိုက်တာ အခုဆိုရင် ၁၄၀၀အထက် ပြန်ရောက်သွားပါတယ်။ Oil priceရော၊ Gold priceရောနှစ်ခုလုံးဟာ Middle-east tensionတွေကို confirmလုပ်တယ်လို့ တွေးလို့ရပါတယ်။ Oil priceဆောင့်တက်တာဟာ ခဏတဖြုတ်ဆိုရင်တော့ ပြဿနာမရှိပေမယ့် နည်းနည်းကြာလာတာနဲ့အမျှ တကမ္ဘာလုံးကို Affectဖြစ်ပါတယ်။ Transportation costတွေတက်လာရင် အရာရာဈေးတွေ လိုက်တက်လာမှာပါ။ အဲဒီလိုဖြစ်လာရင် Inflation pressureများနေတဲ့ Emerging Marketတွေမှာ Monetary Policyတွေပိုပြီး Tightenedဖြစ်လာနိုင်သလို Developed Marketတွေရဲ့ နှေးကွေးလှတဲ့ Recovery processကိုလည်း ထိခိုက်နိုင်ပါတယ်။ Stock Marketဟာ ဒါတွေအားလုံးကို Price-inလုပ်လိုက်ရင် ဆက်တက်မလား၊ selloffဖြစ်မလားဆိုတာ ရှင်းရှင်းလေးပါ။

T-Bonds Auctions
ဒီအပတ်ထဲမှာ US Treasuryဟာ 2-yr, 5-yrနဲ့ 7-yr Notes auctionsတွေကို ဆက်တိုက်လုပ်သွားပါမယ်။ ဒီနေ့ညမှာ 2-yr Notes auctionစပါမယ်။ Auctionတွေအားလုံးကနေ ဒီအပတ်တပတ်ထဲမှာ U$99 billionကို Raiseလုပ်မယ်လို့ Treasury departmentက ကြေညာထားပါတယ်။ အမေရိကန်တွေ ချေးသုံးတာကြမ်းချက်ကတော့ သင်္ဘောသား ကုန်းပေါ်ခဏတက်တုန်း သုံးသလိုပါပဲ။ Stock traderတစ်ယောက်အနေနဲ့ Moneyဟာ ဒီAuctionsတွေအားလုံးကို Demandကောင်းကောင်းနဲ့ စီးသွားသလားဆိုတာ စောင့်ကြည့်ရပါမယ်။ အထူးသဖြင့် Short-term 2-yr Notes yieldတွေ ထိုးကျသွားရင် Stock Marketကို Negatively Affectဖြစ်တော့မယ်ဆိုတာ နားလည်ရပါမယ်။ Stock market correctionဖြစ်တော့မယ်ဆိုရင် Short-term Treasury Yieldsတွေဟာ ထိုးဆင်းတက်ပါတယ် (Bonds being purchased with huge demand)။

Seasonal Pattern
Januaryနဲ့ Februaryနှစ်လမှာ Major Companyအများစုဟာ December quarter earningsတွေကို Reportလုပ်ပြီးသွားပါပြီ။ အမြဲတမ်း Quarterတခုရဲ့ နောက်ဆုံးလမှာ Economic dataတွေ၊ Middle-east crisisလို Geopolitical riskတွေမရှိရင်တောင် Marketဟာ Flatဖြစ်နေတတ်ပါတယ်။ ရှေ့ဆက်တိုးဖို့ အားခဏကုန်သွားတဲ့ သဘောပါပဲ။ တတိယမြောက်လမှာ Economic dataမကောင်းရင်၊ အခုဖြစ်နေတဲ့ Crisisတွေမျိုးရှိနေရင်တော့ Investorတွေ၊ Traderတွေဟာ Profit takingလုပ်ဖို့ လက်မတွန့်တတ်ကြပါဘူး။ လက်သည်းဖွက်ထားတဲ့ Bearတွေဟာ Marketထဲကို အလုံးအရင်းနဲ့ပြန်ဝင်လာပြီး Correctionကို ဖြစ်စေနိုင်ပါတယ်။

Remeber PIIGS?
Portugalဟာလည်း Financial Marketတွေကနေ Fund raisingလုပ်ရတာ ပေးရတဲ့Bond yields/Interestတွေဟာ များများလာတာကြောင့် European Financial Stability Fundကနေ Bailoutတောင်းရမယ့်ပုံ ပေါ်နေပါတယ်။ European Central Bank (ECB)ဟာလည်း Portugal Bond Yieldတွေကျအောင် မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို လိုက်ဝယ်နေရပါတယ်။ Portugal bailoutဟာ realityဖြစ်လာရင် Market sentimentကို negative sentimentဘက်ကို ပြောင်းနိုင်ပါတယ်။

Ready Steady
US Marketတွေရဲ့ Technicalတွေဟာ Overboughtအနေနဲ့ တော်တော်လေး overdueဖြစ်နေတာ ကြာပါပြီ။ အခုလို Earning Seasonအကုန်မှာ Middle-eastလို သတင်းဟာ အမှိုက်ကစ ပြဿဒ်မီးလောင်ဆိုသလို Bearတွေကို လှုပ်နိုးနိုင်မလားဆိုတာကတော့ ဒီနေ့ညကစပြီးသိရပါမယ်။ ဘယ်Stockတွေဟာ Heavily Overboughtဖြစ်နေလည်းဆိုတာ မြန်မြန်သာရှာထားကြပေတော့။

Happy Shorting!