12 July 2011

Still Short

Greece Parliamentမှာ Austerity Voteတွေ Passဖြစ်တဲ့ June 29မတိုင်ခင်နှစ်ရက်ကတည်းက US Marketတွေဟာ တက်လာလိုက်တာ ပြီးခဲ့တဲ့သောကြာ July 8ရက်နေ့ US Non-Farm Payroll Reportထွက်လာတဲ့ အထိပါပဲ။ US Indexesတွေရဲ့ Upward momentumဟာ ကြမ်းလွန်းလို့ (800pts in 8sessions for DJIA) ကျွန်တော်ကတော့ အဲဒီ့Rallyထဲကို ဝင်မပါခဲ့ပါဘူး။ Last Thursdayက NASDAQဟာ Pre-GFC highအပေါ်မှာ Closeသွားတော့ Aprilတုန်းက Highနဲ့တွဲပြီး Double-Top formationများ ဖြစ်မလားလို့ Friday Payroll reportကို စောင့်နေခဲ့ပါတယ်။

Peanut Jobs
Analystsအများစုဟာ Juneလ US Payrollကို ၁သိန်းခွဲလောက်တက်မယ်လို့ မှန်းထားတာ တကယ်ထွက်လာတော့ ၁သောင်း၈ထောင်ပဲရှိပါတယ်။ ဒါပေမယ့် အဲဒီ့နေ့ကတော့ ထင်သလောက် Selloff မဖြစ်ခဲ့ပါဘူး - ဒီအပတ် 2nd Quarter Earning Seasonအပေါ်မှာ မျှော်လင့်ချက်ကြီးခဲ့ပုံ ပေါ်ပါတယ်။ ဒါပေမယ့် US Marketတွေ မျက်ခြေပျက်သွားခဲ့တဲ့ Chartကတော့ Italy 10-yr bond yieldတွေပါပဲ။

The Second "I" in PIIGS
Italy Manufacturing and Services PMI (Purchasing Managers Index)တွေဟာ Expansion Territoryကနေ Contraction Territoryကို Juneလမှာ ဆင်းနေခဲ့ပါတယ်။ Manufacturing and Service PMIတွေဟာ Economyတစ်ခုရဲ့ Leading Indicatorတွေပါ။ Italy ရဲ့ Debt-to-GDP Ratioဟာလည်း Eurozone areaမှာ Greeceပြီးရင် အများဆုံးဖြစ်ပါတယ်။ အဆိုးဆုံးကတော့ Italy Economyဟာ Eurozoneမှာ 3rd Largestဖြစ်တာကြောင့် Greeceလို လွယ်လွယ်ကူကူ Bailoutလုပ်ဖို့ မလွယ်ဘူးလို့ Marketက Assumeလုပ်ထားပါတယ် - Too Big To Saveပေါ့။ Italyအခြေအနေမကောင်းတာနဲ့ Italy 10-yr bondတွေ Selloffအလုပ်ခံရပါတယ်။ Bondဈေးတွေထိုးကျတော့ Yieldတွေခုန်တက်ကုန်တာပေါ့။ ဒါပေမယ့် Marketဟာ High Yieldတွေကို မမက်ဘဲ ပြီးခဲ့တဲ့ တပတ်လုံး Italy Bondတွေကို Selloffလုပ်နေခဲ့ပါတယ်။
Italy 10-Yr Bond Yield - Source : Bloomberg
Charts Don't Lie
Technicalတွေကို ကြည့်ရအောင်။ အခုတလောမှာ Forexနဲ့ Bond Market Chartတွေဟာ Equity/Stock Market Chartတွေထက် ပိုအရေးကြီးပါတယ်။ In short, EUR.USD & Treasury Bond Yields dive and S&P500 is playing catch-up.
 Gold August 2011 Futures
 US Treasury 10-Yr Note Yield
 EUR/USD Forex
 S&P500 Daily
Summary
လွန်ခဲ့တဲ့နှစ်ပတ်က စခဲ့တဲ့ Rallyဟာ Fund Managerတွေ Second Quarter End Window-dressing လုပ်တာလို့ တချို့က ယူဆတာဟာ မှန်ချင်လည်း မှန်နိုင်ပါတယ်။ Juneလတစ်လလုံး Selloffဖြစ်လာတော့ နောက်ဆုံးပတ်မှာ Quarter end result ကြည့်ကောင်းအောင် လိုက်ဝယ်တာကို ဆိုလိုတာပါ။ Negative %တွေအများကြီးပြနေရင် ဘယ်လိုလုပ် ကြည့်ကောင်းမလဲ။ All that aside, US Economy outlook is not looking good after last Friday Payroll number. Inflation in China is going through the roof and there will be more tightening. And Eurozone drama has just started with big guy Italy.

Short and Sweet! - David Tepper (Hedge Fund Manager)