Showing posts with label bear market. Show all posts
Showing posts with label bear market. Show all posts

21 August 2010

It's Traders' Market

Sorry Folks. Been super busy at office and in the market. ရေးမယ်လုပ်လိုက် အလုပ်ကပေါ်လာလိုက်၊ ထTradeလိုက်နဲ့ အခုတလောမရေးနိုင်တာပါ။ တလလောက်အတွင်းမှာ Marketဟာ ငုပ်ချည်ပေါ်ချည်ပဲ။ ဒါပေမယ့် ဒီအပတ်ကစပြီး Bearတွေဟာ ပြန်ပြီးခြေကုပ်ယူလာတာတွေ့ရပါတယ်။ Major Indicesအားလုံးလိုလိုဟာ ဒီအပတ်သောကြာနေ့အပိတ်မှာ EMA200အောက် (Bear Territory)ကို ပြန်ရောက်သွားပါတယ်။

No More Jobless Recovery
Financial Mediaတော်တော်များများဟာ Jobless Recovery, Jobless Recoveryနဲ့ ပြောပြောလာခဲ့ကြတာ မနှစ်ကတည်းကပါပဲ။ ဒါပေမယ့် ဒီလဆန်းကစပြီး USက Jobless ပြဿနာဟာ ပိုဆိုးလာနေပါတယ်။ Federal Reserveကိုယ်တိုင်က Economy Outlookကို ပြန်ပြီးRevised Downလုပ်နေရပါတယ်။ August 6ရက်နေ့က Julyရဲ့ US Employment Situation Reportထွက်လာပါတယ်။ မှန်းထားတာက Net Job Loss 70k, Actualက 131k loss. Private Sector Payrollကတော့ 100kလောက်တိုးမယ်မှန်းထားတာ 71kပဲတိုးပါတယ်။ ပိုဆိုးတာကတော့ Juneလက Private Sector Payroll count 83kကို 31kအထိ Revised Downလုပ်လိုက်တာပါပဲ။ လူဦးရေ သန်း၃၀၀ကျော်တဲ့တိုင်းပြည်မှာ တစ်လကို ပျမ်းမျှအလုပ်ငါးသောင်းလောက် တိုးရုံနဲ့ Recoveryကို အရှိန်ကောင်းကောင်းနဲ့ မရနိုင်ပါဘူး။
...

The New Normal
တပတ်တခါကြာသာပတေးနေ့တိုင်းထွက်တဲ့ Jobless Claimsတွေဟာလည်း ပိုဆိုးလာပါတယ်။ မှန်းထားတာက နည်းနည်းလျော့မလားလို့၊ တကယ်တမ်းတော့ ပိုပိုတိုးလာတယ်။ Initial Jobless Claimsတွေဟာ August 5 weekမှာ Expected 455k, Actual 479k, August 12 weekမှာ Expected 460k, Actual 484k, August 19 weekမှာ Expected 480k, Actual 500k!!! ကန်တော့ပါရဲ့၊ အမေရိကားမှာ သောက်ကျိုးနည်းနေတာတော့ အမှန်ပဲ။ Californiaဦးဆောင်ပြီး Julyလထဲမှာ State and Local Governmentတွေဟာ စုစုပေါင်း လူပေါင်း ၅သောင်းကျော် ဖြုတ်ခဲ့ကြပါတယ်။ အလုပ်လက်မဲ့များလာရင် Consumer Sentiment, Spendingတွေကျလာမှာဖြစ်သလို အနည်းနဲ့ အများလည်း Housing, Retail, Consumer Discretionary အစရှိတဲ့ Sectorတွေကို ထိခိုက်ပါတယ်။

ကြွေးပတ်လည်ဝိုင်းလျက်ရှိသော Presidentကို Obamaဟုခေါ်သည်
USမှာ Housing Foreclosureတွေဟာလည်း Record Highဖြစ်နေပါတယ်။ ဒါတွေအားလုံးဟာ Job Marketနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့အရာတွေပါ။ Obamaနဲ့ Fed Chairman Bernankeတို့ဟာ Bulletလည်း ကုန်သလောက်ဖြစ်နေပါပြီ။ သူတို့လုပ်သမျှဟာလည်း တရုတ်ဆီက ချည်းငှားပြီးလုပ်ရတာ အခုဆိုရင် USရဲ့ Debtဟာ တိုင်းပြည် GDPရဲ့ ၉၀%လောက် ဖြစ်နေပါတယ်။ Obamaမှာ ဘာမှမရှိ၊ အကြွေးထုပ်ကြီးအကြီးကြီးပဲ အခုသူ့ဆီမှာရှိတယ်။ Government Stimulusတွေဟာ အကြွေးတွေနဲ့ အစိုးရတွေက Economic Recoveryဖြစ်မလားလို့ Gambleလုပ်ထားတဲ့ အရာတွေပါ။ ဒါတွေဟာ ထင်သလောက် ခရီးမပေါက်တာ Job Marketနဲ့ Housing Marketက သက်သေပြနေပါတယ်။ Obamaရဲ့ ကြွေးထုပ်ကို အသေးစိပ်သိချင်သပဆိုရင် Funဖြစ်တဲ့ Website တစ်ခုရှိတယ်။ ဒီမှာသွားကြည့်ပါ http://www.usdebtclock.org/

Technicals
Triangle Breakoutလည်း ဦးကျိုးသွားပါတယ်။ Bearish Crossoverတွေလည်း ပေါ်လာပါတယ်။ အောက်က Chartထဲမှာ အသေးစိတ်ပြထားပါတယ်။

It's Traders' Market
Marketထဲမှာ Long term investလုပ်မယ်ဆိုတဲ့သူတွေဟာ သေချာပြန်Reviewလုပ်ရမယ့် အချိန်ရောက်နေပါပြီ။ Dow Jones, S&P500အစရှိတဲ့ Major Indexတွေဟာ Near Termတော့ Range Bound / Sidewaysသွားမယ့်ပုံရှိပါတယ်။ Breakoutဖြစ်ရင်လည်း Bullishထက် Bearishဖြစ်ပြီးနောက်ထပ် Major Correctionဖြစ်မယ့်ပုံသာ ပိုပြီးProbabilityကောင်းပါတယ်။ 

ကျွန်တော်အခုတလောဘယ်လို Tradeနေသလည်းဆိုရင်တော့
  • Short-termပဲ။ သုံးလေးငါးရက်ထက်မပိုဘူး။ ငါးမူးတစ်ကျပ်မြတ်ရင် Close outလုပ်လိုက်တာ ဒီလိုMarket Patternမှာ ပိုပြီး Profitableဖြစ်ပါတယ်။ 4-figureအနည်းဆုံးမြတ်အောင် Volumeနဲ့ ဖိပါ။
  • ဈေးကျမှ Longတာတစ်မျိုးတည်းထက် ဈေးတက်နေတဲ့အခါ (Overbought ဖြစ်တဲ့အခါ)မှာ Shortနိုင်ဖို့လည်း လိုပါတယ်။ ဒါမှလည်း Traderပီသပါမယ်။ ဝယ်ပြီးကိုင်ထားလို့ကတော့ Major Trendမပေါ်သေးတဲ့ Marketမှာ ပိုက်ဆံမဆုံးရင် ကံကောင်းလို့ပဲ ပြောချင်ပါတယ်။

Happy Trading!

11 June 2010

Not So Rosy


မနေ့ညက Rallyကိုကြည့်ပြီး ဝယ်ချင်နေကြသူများအတွက် အခုရက်ပိုင်းအတွင်းထွက်လာတဲ့ Dataတွေကို Analyseလုပ်ထားတာတွေ အောက်မှာရေးထားပါတယ်။

မနေ့ညက 3%နီးပါးလောက် US Major Indexတွေတက်သွားကြတာ Marketနဲ့ အဆက်မပြတ်တဲ့သူတွေတော့ တွေ့လိုက်မှာပါ။ ဘာလို့အဲဒီ့လောက်တက်သွားလည်း ကြည့်ရအောင်။ မနေ့က Asiaမှာ သတင်းကောင်းတွေ ထွက်လာပါတယ်။ Japan March Quarter GDPက ထင်ထားသလို ကျမသွားပဲ 1.2%တက်လာပါတယ်။ Chinaက Export dataကလည်း မနှစ်ကMayလနဲ့ ယှဉ်ရင် 48.5%တက်သွားပြီး Australiaက Unemployment Rateဟာ 5.4%ကနေ 5.2%ကို ကျသွားပါတယ်။

Asiaက Dataတွေ ကောင်းတဲ့အပြင် တရုတ်National Social Security Fundရဲ့ Chairmanတစ်ယောက်က "Euro will survive the crisis"လို့ ပြောလိုက်တဲ့အတွက် Euro/USDကို Supportပေးသလိုဖြစ်သွားပြီး Euro Dollarဟာ မနေ့က နည်းနည်းပြန်တက်သွားပါတယ်။

ညကျတော့ USမှာ အရေးကြီးတဲ့ Dataနှစ်မျိုးထွက်ပါတယ်။ တစ်ခုက International Tradeပါ။ နောက်တစ်ခုကတော့ Thursdayတိုင်းထွက်တဲ့ Weekly Jobless Claims Numberဖြစ်ပါတယ်။ Trade dataကို အရင်ကြည့်ရအောင်။ Marchလတုန်းက Net trade deficit (import - export) 40 billionကနေ Aprilမှာ 40.3 billionဖြစ်သွားပါတယ်။ Trade deficit widenဖြစ်လာတာ မကောင်းပါဘူး။ Importဟာ Marchနဲ့ယှဉ်ရင် 0.4%ကျသွားတဲ့အချိန်မှာ Exportကတော့ 0.7%တောင် ကျနေပါတယ်။ ကျွန်တော့်အမြင်ကတော့ Rising Dollarနဲ့ Stabilityသိပ်မရှိတဲ့ Euro zoneပြဿနာတွေကြောင့် US exportတွေ အပေါ်မှာ Demandကျသွားတယ်လို့ပဲ မြင်ပါတယ်။

Weekly Jobless Claimsကို ဆက်ကြည့်ရအောင်။ ပြီးခဲ့တဲ့သောကြာကမှ သိပ်မကောင်းတဲ့ Employment Situation Reportထွက်ထားတော့ ဒီDataကို စိတ်ဝင်တစားစောင့်ကြည့်နေကြတာပါ။ ထွက်လာတော့ Headline Numberတွေကတော့ ကောင်းပါတယ်။ မနေ့က June 10မှာထွက်တာဟာ လွန်ခဲ့တဲ့ June 5မှာကုန်တဲ့အပတ်အတွက် ထွက်တာဖြစ်ပါတယ်။ မှန်းထားတာက 448k Initial Claims၊ ထွက်လာတာက 456k၊ ဒါပေမယ့် Bullတွေဟာ ပျော်နေကြတယ်။ ဘာလို့လည်းဆိုတော့ May 29အပတ်က 459kနဲ့စာရင် 3kလျော့သွားလို့ဖြစ်ပါတယ်။ Bullတွေ သိပ်ကြိုက်သွားတာကတော့ May 29အပတ်မှာ Continuing Claimsတွေဟာ 255kတောင် လျော့သွားလို့ပါပဲ။ Wow, Looks very rosy, huh.

International Tradeနဲ့ Weekly Jobless Claimsဟာ အချိန်အတူတူထွက်လာတာပါ။ သိပ်မကောင်းတဲ့ International Tradeကို ခေါက်ထားပြီး ကောင်းသလိုလိုရှိတဲ့ Claims dataပေါ်မှာ Bullsတွေ Feedလုပ်ကြတာကို Marketဘယ်လောက်တက်သွားသလည်းပေါ် ကြည့်ပြီးသိနိုင်ပါတယ်။ ဘာလို့ကျွန်တော်က ကောင်းသလိုလိုရှိတဲ့ Claims dataလို့ ပြောရသလည်း ရှင်းပြပါမယ်။

Weekly Jobless Claimsဟာ တကယ်တမ်းတော့ အလုပ်လက်မဲ့ဘယ်နှစ်ယောက်တော့ Unemployment Insurance benefitကို claimကြသလည်းဆိုတာကို Statisticsလုပ်ထားတာဖြစ်ပါတယ်။ ဒီDataကနေ အမေရိကားမှာ လူဘယ်နှစ်ယောက်တော့ Unemployment Insurance(UI)နဲ့ ထမင်းစားနေရသလည်းကို သိနိုင်ပါတယ်။ များလေဆိုးလေ၊ နည်းလေကောင်းလေပေါ့။ Claimတွေမှာမှ Initial Claims, Continuing Claims, Extended Claimsနဲ့ EUC (Emergency Unemployment Compensation) Claimsဆိုပြီး အဓိက လေးမျိုးရှိပါတယ်။ ဒါပေမယ့် Initialနဲ့ Continuing claimsတွေကိုပဲ အဓိက ကြည့်ကြတာများပါတယ်။ Initial claimsဆိုတာကတော့ အပတ်တိုင်းမှာ စပြီး UI filingလုပ်တဲ့ အရေအတွက်ကို ဆိုလိုတာပါ။ Continuing Claimsဆိုတာကတော့ နှစ်ပတ်အထက် ဆက်တိုက် Claimနေတဲ့ အရေအတွက်ကို ပြောပါတယ်။ ဒီတော့ June 5အပတ်အတွက် Initial claim 3kကျသွားတယ်ဆိုပေမယ့် ပိုပြီး Smooth out လုပ်ထားတဲ့ (ပိုပြီးမှန်တဲ့) 4-week moving averageကတော့ ၂၅၀၀တက်သွားပါတယ်။ Bullတွေဟာ မှန်းထားတဲ့ 448kထက်များနေတာရော၊ 4-week MAတက်နေတာရောပါ မေ့ထားကြတယ်

ထားပါ။ သုံးထောင်လောက်ကို စကားလုပ်မပြောပဲ 255kတောင် ကျသွားတယ်ဆိုတဲ့ Continuing Claimsကို ကြည့်ရအောင်။ အားရစရာကြီးပါ ဟုတ်တယ်မဟုတ်လား။ နှစ်ပတ်ထက်ပိုပြီး Claimလုပ်နေတဲ့သူတွေ 255kတောင်ကျသွားတယ်ဆိုတာ သတင်းကောင်းပါ။ ဒါပေမယ့် that is not the Entire story. Continuing Claimsဟာ ၂၆ပတ် (၆လ)အထိပဲ Claimလို့ရပါတယ်။ ၂၆ပတ်ကျော်တဲ့အထိမှ အလုပ်မရရင် ဘာဆက်လုပ်မလည်း။ Uncle Samက ကြင်နာပါတယ်။ Extended Claimဆိုပြီး ထပ်လျှောက်လို့ ရပါတယ်။ ဒါပေမယ့် အဲဒီ့Claimတဲ့လူဟာ Continuing Claim Groupကနေ Extended Claims Groupကို ရွေ့သွားပါမယ် - Effectively reducing continuing claims!!!! May 29အတွက် Extended Claimsဟာ ဒီJune 10 reportမှာ ပါမလာသေးပါဘူး။ ဒါပေမယ့် May 22နဲ့ May 15အပတ်က Extended Claimsတွေကိုတော့ Web Pageရဲ့အောက်ဘက်မှာတွေ့နိုင်ပါတယ်။ See the difference? 80k jumped!!! ဒီတော့ ကျွန်တော်ခန့်မှန်းတာကတော့ May 29နဲ့ May 22ကို ယှဉ်လိုက်ရင်လည်း ဒီလိုပဲ Extended Claimsတွေ တိုးလာမယ်လို့ ထင်ပါတယ်။ နောက်အပတ်ကြာသာပတေး Dataက confirmလုပ်ပါလိမ့်မယ်။ Extended Claimsဟာ နောက်ထပ် ၁၃ပတ်လောက် ထပ်လျှောက်လို့ ရပါတယ်။ Emergency Unemployment Compensation (EUC) Claimsတွေကို ကြည့်လိုက်ပါဦး။ မနှစ်ကနဲ့ယှဉ်ရင် နှစ်ဆလောက်တောင်များနေပါတယ်။ EUCဟာ Obamaအစိုးရက ထပ်လောင်းလုပ်ပေးတဲ့ Insurance schemeပါ။ သာမန်Claimတွေမရနိုင်တော့ပဲ အလုပ်ကလည်း မရှိ၊ ဒုက္ခရောက်နေရင် ထပ်လျှောက်လို့ ရပါတယ်။ Not so rosy now, huh?

Ironically, China export dataထွက်လာပြီးတော့ Dataက Hotလွန်းတော့ အစိုးရတော့ ပိုပြီး Tighteningတွေ လုပ်တော့မယ်ဆိုပြီး shanghai compositeကတော့ မနေ့က ကျပြီးပိတ်သွားပါတယ်။ သူများတိုင်းပြည်က Exportပိုများပြီး၊ ကိုယ့်တိုင်းပြည်က Exportနည်းလို့ Deficitဖြစ်တာကို အမေရိကန်တွေကတော့ ပျော်နေကြတယ်။ How Ironic!

Bullတွေဟာ ရသမျှ ကောင်းနိုးရာရာသတင်းကောင်းလေးတွေကို သေချာမလေ့လာပဲ Goodပဟေ့ဆိုပြီး စွပ်စွပ်ဝယ်နေကြတာပါပဲ။ မနေ့ကဆိုရင် European Central Bankက Interest Rateမတိုးတာကလွဲလို့ ဘာသတင်းမှကို မရှိပါဘူး။ ပြဿနာတွေရဲ့ ဇစ်မြစ်ဟာ ကမ္ဘာ့အလယ်ခေါင်ကနေ ဖြစ်လာခဲ့ပြီး ဘာမှထူးမလာတဲ့အပြင် Germanyနဲ့ UKဟာ Massive Budget Deficit Cuttingတွေလုပ်ဖို့ တာစူနေကြပါတယ်။ ဒါဟာ USနဲ့ Chinaက Exportတွေအတွက် Demandလျော့စေမယ့် အရာတွေပါ။ Technically, DJI, S&P 500တို့ဟာ EMA200အောက်မှာ ရှိနေကြတုန်းပါပဲ။ ဘာမှ Substantially good newsမရှိသရွေ့၊ EMA200အောက်ရောက်နေသရွေ့ကတော့ ကျွန်တော်ကတော့ Bearပါပဲ။ Every Rallyတိုင်းကို အသုံးချတတ်ရင် ကောင်းကောင်း Short sellလုပ်လို့ရပါတယ်။ Bullတွေရဲ့ Deseparatenessကိုတွေ့ရတော့ ပိုပြီး stoplossတွေကို နီးနီးကပ်ထားဖို့တော့လိုမယ်။ ဝယ်ချင်နေသောသူများလည်း EMA200အပေါ် လွတ်လွတ်ကျွတ်ကျွတ် ရောက်တဲ့အထိဆက်စောင့်ပါလို့။

Anyway, Happy Shorting and Enjoy the World Cup.

PS : Our Australian team will be lucky to be in Round 2. They are in the same Group as Germany :(

20 May 2010

Bears International

Just to record today's record breaking bearish news around the world.

Japan
GDP Growth data came out - lower than expected.

China
Shanghai Composite Index down 23% from 52-week high point - officially entering the bear market territory.

Korean Peninsula
South Korea has officially accused North Korea of sinking the war ship with a torpedo - saying they will submit the case to UN Security Council. North has responded it would be all out war if UN put more sanctions because of that - causing tensions in the region.

Thai
Another riots and violence have happened again in Bangkok and no one knows when it will end.

Australia
Government said they won't budge on 40% resource super profit tax. Fortescue Metal has shelved 15billion worth of future projects because of the tax implications and stock was hammered 7% today.

Dubai
Dubai world has announced they will restructure their debt. Restructing is essentially a soft bankruptcy.

France
France Finance Minister said Euro dollar was not in danger while German Chancellor Merkel saying it was in danger. France declared they would not ban short selling while Germans calling for more European wide expanded ban. Essentially, they are giving mixed signal and causing more uncertainty in the market.

Germany
German Lawmakers will vote on whether Germany should contribute as part of massive 750bn Euro bailout package. If, for some unfortunate reason, the vote fails, Euro will go freefall.

Greece
Wouldn't be perfect without Greece story, would it? Protests have started throughout Greece. Police are ready with tear gases.

Last not but Least - US of A
At 10:30pm Sydney time, 8:30am US Eastern time, weekly jobless claim data has just come out. Estimation was 440K claims but much worse than expected 471K came out. Financial Reform Bill another voting will take place today and that is expected to hammer banks' future earnings.

Summary
Sharp market fall is expected and it could be the beginning of the next bear trend. This could be THE opportunity of 2010.

Happy Massive Shorting!