01 November 2010

The Biggest Week of 2010

Whoo, it's going to be a bumpy ride this week. Marketဟာ ဒီအပတ်အတွက် မျှော်လင့်ချက်ကြီးကြီးထားပြီး Augustလကုန်ကတည်းက Rallyလာလိုက်တာ ပြီးခဲ့တဲ့အပတ်ကတည်းက ဘာDataပဲထွက်လာထွက်လာ သိပ်ဂရုမစိုက်နိုင်တော့ပဲ ဒီအပတ်ကိုပဲ Standby modeနဲ့ စောင့်နေကြပါတယ်။ ဒီအပတ်ဟာ Marketအတွက် ဘာလို့ဒီလောက် အရေးကြီးသလည်းဆိုတော့ အဓိက Event ၃ခုရှိပါတယ်။

၁) US midterm elections
မနက်ဖြန် Nov 2မှာ US Congressနဲ့ Senateအတွက် Midterm electionsတွေရှိပါတယ်။ Marketဟာ Republicanတွေဟာ အနည်းဆုံးတော့ Congress controlကို ပြန်ရလိမ့်မယ်လို့ မျှော်လင့်ထားပြီး Priced inလုပ်ထားပါတယ်။ Marketဟာ Obama administrationကို Anti-wall street, Anti-Businessဆိုပြီး ကြိုက်လှတယ် မဟုတ်လှပါဘူး။ ဒါကြောင့် Republican winဟာ Obamaကို လုပ်ချင်တိုင်း လုပ်လို့မရအောင် အတိုင်းအတာတခုအထိ ထိန်းချုပ်နိုင်လိမ့်မယ်လို့ Marketဟာ Expectလုပ်ထားပါတယ်။ Republicanတွေ အရေးနိမ့်ခဲ့ရင်တော့ Marketထဲမှာ Sell-offအနည်းငယ်ဖြစ်နိုင်ပါတယ်။ ဘာလို့ ကျွန်တော် အနည်းငယ်လို့ပြောရသလည်းဆိုရင် Marketရဲ့ Main focusဟာ ဒီElectionမဟုတ်ပါဘူး။ တကယ့်Eventက Nov 3ရက်နေ့မှာ ထွက်လာမယ့် US Federal Reserve Meetingရဲ့ Quantitative Easing policy outcomeဖြစ်ပါတယ်။

၂) The Fed
US Federal Reserveဟာ US inflation growth rate, Unemployment deceleration rateတွေကို အားမရဘူးလို့ ပြောပြောနေတာ Augustကတည်းကပါ။ ဒါကြောင့် Quantitative Easing / Money Printingကို လုပ်သင့်ရင် ထပ်လုပ်ရမယ့်လို့ ညိုမြလုပ်နေတာ နှစ်လရှိပါပြီ။ 2-Day Fed meetingဟာ မနက်ဖြန်စပြီး Nov 3ရက်နေ့မှာ Meeting outcomeကို နေ့လယ်၂း၁၅မှာAnnounceလုပ်ပါမယ်။ Marketဟာ $500billionလောက် Fresh moneyကို Expectလုပ်ထားပါတယ်။ ပြီးခဲ့တဲ့အပတ်ကတော့ Wall Street Journalက Fedဟာ $500bnလောက်ကို တခါတည်းမဟုတ်ပဲ $100bn/monthလောက်စီခွဲပြီး သွေးတိုးစမ်းကြည့်တဲ့ စနစ်နဲ့ Monetary easingလုပ်သွားမယ်လို့ ခန့်မှန်းပါတယ်။ Marketက တကယ်တောင့်တတာကတော့ တလုံးတခဲတည်း 500bn-1trillionလောက် ကြေညာတာ ကြားချင်တာပါ။ Marketဟာ $500bn totalထက်နည်းတဲ့ Figureထွက်လာရင် Sell-offဖြစ်ဖို့ Chanceအများကြီးရှိပါတယ်။

၃) Friday Employment Situation
Tuesday, Wednesdayမှာ Sensitive dataတွေ ထွက်လာပြီး Fridayမှာ ထွက်လာမှာကတော့ Monthly employment situation reportပါ။ Economistsတွေဟာ Octoberလထဲမှာ Jobless claimsတွေဟာသိပ်မဆိုးလှတာကြောင့် Net non-farm payroll 60,000လောက် တိုးမယ်လို့ မှန်းထားကြပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့လတွေမှာ Job dataဟာ Downward surpriseတွေလုပ်ခဲ့တဲ့ ရာဇဝင်ရှိတာကြောင့် 60kဟာ too optimistic forecastဖြစ်သွားနိုင်ပါတယ်။ Anyway, population သန်း၃၀၀ကျော်တဲ့တိုင်းပြည်မှာ တစ်လကို ခြောက်သောင်းလောက် အလုပ်ရရုံနဲ့ Unemploymentကို သိသိသာသာ ထိုးကျသွားအောင် မလုပ်နိုင်ပါဘူး။ ဒါကြောင့် Marketဟာ ခြောက်သောင်းအောက် Figureရရင် Friday sell-offဖြစ်နိုင်ပါသေးတယ်။

Technicals
Major indicesတွေဟာ Signs of Exhaustionကိုပြနေပါတယ်။ ပြီးခဲ့တဲ့တပတ်လုံး Marketဟာ Wait-and-see modeနဲ့ Runနေခဲ့တာကြောင့် Technicalsတွေဟာ နည်းနည်းReversal signပြချင်နေပါတယ်။ ဒါပေမယ့် ဒါတွေကို Slightly false signalတွေလို့ မှတ်ယူနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီSignတွေဟာ Fedရဲ့ Meeting resultက overrideလုပ်တာ ခံရမှာမို့လို့ပါ။ Anyway, အောက်မှာ DJIရဲ့ Technicalကို ကျွန်တော်ဆွဲပြထားပါတယ်။
 
What's the Trade?
Honestly, Nov 3ထက်ဘာမှကြိုပြီး Tradeတွေအများကြီး ကြိုမဖွင့်ထားတာကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Event is too big and difficult to predict. Preemptive modeထက် Responsive modeနဲ့ Tradeလုပ်တာ ဒီEventအတွက် ပိုသေချာပါတယ်။ Offenseမဟုတ်ဘူး၊ Defenseပေါ့။ Marketဟာ Fed meeting resultအပြီးမှာ ဈေးပိတ်တဲ့အထိ နောက်ထပ် ၁နာရီ ၄၅မိနစ်အချိန်ရပါသေးတယ်။ နောက်ဆုံး နာရီဝက်မှာ ဘယ်လိုပိတ်သလည်း ကြည့်ပြီး Longသင့်ရင် Long, Shortသင့်ရင် Shortရပါမယ်။ Riskမယူချင်တဲ့သူများကတော့ Marketဟာ 2010 highနီးပါးဖြစ်နေတဲ့အချိန်မှာ မြတ်နေတာများရှိရင် ရောင်းသင့်ပါကြောင်း။

PS : Microsoft broke $26.5 last Friday after good earning result. I'd take profit very soon.