04 November 2009

Mid-week alert - Microsoft

ဒီBlogကို မှန်မှန်အားပေးနေတဲ့သူတွေအားလုံးကို Technical Analysis and Fundamental Analysisနဲ့ပတ်သတ်တဲ့ basicတော့ နည်းနည်းရပြီလို့ Assumeလုပ်ပြီး ဒီ Mid-week alertကို ရေးပါတယ်။ တကယ်တမ်းတော့ Practicalအနေနဲ့ လုပ်စေချင်လို့ပါ။

Tech Stockတွေကို ပေါင်းစပ်ပြီးလုပ်ထားတဲ့ Major Indexကတော့ NASDAQ Composite (^IXIC) Indexပါ။ NASDAQ Compositeဟာ Sell-offအလုပ်ခံနေရတာ အောက်တိုဘာ ၂၀ကတည်းက။ အဓိကကတော့ ဘာမှ Fundamentallyဆိုးဆိုးရွားရွားပြဿနာမရှိပဲ၊ Profit-takingအလုပ်ခံနေရတယ်။ Indexက March 2009ကတည်းက အရှိန်ကောင်းကောင်းနဲ့တက်လာတာ ဒီလောက်Correctionဖြစ်တာ Acceptable Rangeလို့ ကျွန်တော်တော့ ယူဆတယ်။
...

ကျွန်တော့်Radarထဲကို အခုရက်ပိုင်းအတွင်းဝင်လာတာက Microsoft (MSFT)။ MSFTဟာ First Quarter Earningကို အောက်တိုဘာ ၂၃က Reportလုပ်ပြီးပါပြီ။ မနှစ်က First Quarterနဲ့ယှဉ်ရင် Revenueရော၊ Earningsရော ကျတယ် - ဒါပေမယ့် Marketက expectလုပ်ထားတာထက်သာတယ်။ ဒီလို ခေတ်ပျက်ထဲမှာ ထင်ထားသလောက် မကျတာဟာ Impressive resultလို့ ဆိုနိုင်တယ်။ MSFTဟာ နောက်နှစ်ထဲမှာ net operating EXPENSEဟာ ပိုကျသွားလိမ့်မယ်လို့ guidanceတောင် ပေးလိုက်သေးတယ်။ စာသေချာမဖတ်တဲ့သူတွေက အဲဒီ့နေ့က Expenseကို မမြင်ပဲ ချရောင်းကုန်လို့ ဈေးတောင်နည်းနည်း ကပျက်ကယက် ဖြစ်သွားသေးတယ်။

အရေးအကြီးဆုံးက Windows 7 release။ Microsoftဟာ PCလောကကို လွှမ်းမိုးထားဦးမယ်လို့ Analystအားလုံးလိုလိုက ယုံကြည်ကြတယ်။ ကျွန်တော်လည်း ယုံတယ်။ New Releaseနဲ့ Less operating expenseဟာ MSFTရဲ့ earningကို boostလုပ်ဖို့ပဲရှိတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ Business အများစုဟာ Vistaရဲ့ Unpopularityကြောင့် XPနဲ့ပဲ နှစ်ပါးသွားနေတဲ့ Businessတွေ အများကြီးရှိပါတယ်။ သူတို့ဟာ Windows 7 အောင်မြင်ရင် အောင်မြင်သလို Vistaကို ကျော်ပြီး Upgradeလုပ်ဖို့ Chanceတော်တော်များပါတယ်။

Ok - Fundamentalပြီးတော့ Technicalပိုင်းကကြည့်ရအောင်။ Tech Stockတွေကို Analyseလုပ်တဲ့အခါ Sector Indexကိုပါတွဲပြီးလေ့လာတာ ပိုစိတ်ချရတယ်။ ဒါကြောင့် NASDAQ Compositeကိုပါ ဆွဲထည့်ရမယ်။



NASDAQ Compositeဟာ Long term up trendကနေ ဖောက်ပြီး Selloffအလုပ်ခံနေရတာ ပြီးခဲ့တဲ့ တစ်ပတ်လုံးပဲ။ မနေ့က သူ့ရဲ့ Closeဟာ short term down trendအပေါ်မှာ ပိတ်ပါတယ်။ Indexရဲ့ Major Componentဖြစ်တဲ့ Intel (INTC)ဟာ Analyst Downgradeအလုပ်ခံရတာတောင် Indexရဲ့Closeဟာ breakout signalပြနေပါတယ်။ ဒါဟာ Tech Stockတွေအတွက် Reversal ဖြစ်နိုင်တဲ့ Signပါ။


MSFTကတော့ short term down trendကို မကျော်နိုင်သေးဘူး။ ဒါပေမယ့် MSFTဟာ 27.50နဲ့ 25.75မှာ Strong Supportတွေရှိပါတယ်။ ဒီတော့ Technically, MSFTဟာ ဒီနေ့ ပြန်ပြီး Bounceနိုင်ပြီး Down trendကို breakoutလုပ်မယ်လို့ ခန့်မှန်းပါတယ်။

ဒီတော့ NASDAQ Compositeရော၊ MSFTရော ဒီနေ့တက်ခဲ့ရင် Long term investmentအနေနဲ့ Definitelyဝယ်သင့်တယ်လို့ Suggestလုပ်ပါတယ်။ Disclaimerကို ထပ်ပြောရရင် Every investmentမှာ Riskရှိတာမို့ Lossဖြစ်ခဲ့ရင် Investorရဲ့ တာဝန်သာဖြစ်ပါကြောင်း။

PS : Stop-lossအနေနဲ့ ၂၅.၇၅အောက်ရောက်ခဲ့ရင် အရှုံးခံပြီး ရောင်းလိုက်ပါ။

02 November 2009

The Last 'M'

3Mထဲက Methodနဲ့ ပတ်သက်တာတွေ ဆက်တိုက်ရေးလာလို့ အခုAnother Mဘက်ကို နည်းနည်းပြောပါရစေ။ တကယ်တမ်းတော့ ဒီMအကြောင်း ပြောကိုမပြောရသေးပါဘူး။ Mindsetအကြောင်းအစချီပြီးသွားပြီ၊ Methodအကြောင်းလည်း Basicအချို့တော့ ပြောပြီးသွားပြီ။ 3Mကို လှည့်ရေးသွားမယ်လို့ အရင်ကပြောခဲ့တဲ့အတိုင်း အခုဒီPostမှာ Management အကြောင်းပြောပါမယ်။

Managementဆိုတဲ့ စာလုံးက တစ်လုံးတည်းနဲ့ တော်တော်ကျယ်ပြန့်ပါတယ်။ Trader/Investorတစ်ယောက်နဲ့ ပတ်သက်တဲ့ Managementတွေကတော့

၁) Trade Management
၂) Portfolio Management
၃) Tax Management
၎) Wealth Management အစရှိသဖြင့် အများကြီးရှိပါတယ်။ အခြားManagementတွေရှိပါသေးတယ်။ ဟုံသွားမှာစိုးလို့ အခုတော့ ဒီလောက်သိရင် လုံလောက်ပါတယ်။
...

Trade Managementကနေစရအောင်။ Tradeတစ်ခုကို ဘာများManagementလုပ်ဖို့လိုသလည်းလို့ ထင်ချင်ထင်မယ်။ ဝယ်ပြီး ပြန်ရောင်းတာများပေါ့။ သာမန်လူတွေဟာ အများအားဖြင့် သူများဝယ်ရင်လိုက်ဝယ်ပြီး၊ သူများရောင်းရင် လိုက်ရောင်းတယ်။ ဘယ်လောက်မှာ ဝယ်ပြီး၊ ဘယ်လောက်မှာရောင်းမယ်၊ ဘယ်လောက်ဖိုးဝယ်မယ်၊ ဘယ်လောက်ကြာအောင် ကိုင်ထားမယ်၊ ဘယ်လောက်အထိအရှုံးခံမယ် အစရှိတဲ့ Trading Planတော့ မရှိသလောက်ကို မလုပ်ကြဘူး။ မရှိတာထက် မသိတာလည်း ပါပါတယ်။ Trading Planတစ်ခုမှာ ပါကိုပါရမယ့် Main Fieldတွေကတော့

၁) Entry Price - ဘယ်လောက်ဈေးနဲ့ ဝယ်မလည်း
၂) Profit-taking price - ဘယ်လောက်မြတ်ရင် ရောင်းမလည်းဟာ ဒီဈေးကို သတ်မှတ်မယ်
၃) Stop-loss price - ဘယ်လောက်ရှုံးရင် ရောင်းမလည်းဟာ ဒီဈေးကို သတ်မှတ်မယ်
၎) If Entry price is not achievable with initial bids, how far you would go chasing it? - Entry Priceမရခဲ့ရင် ဘယ်ဈေးအထိလိုက်ပေးဝယ်မလည်း
၅) ဘယ်နှစ်ပတ် (သို့) ဘယ်နှစ်လ ကိုင်ထားမှာလည်း

အစရှိသဖြင့် ကိုယ့်ကိုယ်ကို မညာတမ်းမေးပြီး၊ Stock Quoteနဲ့တကွ Record လုပ်ထားဖို့လိုပါတယ်။ ပိုအရေးကြီးတာက ကိုယ့်ရဲ့ Trading Planကို ကိုယ် Followလုပ်ဖို့လိုပါတယ်။ Self-discipline မရှိရင် Traderမဖြစ်နိုင်ပါဘူး။

Portfolio Managementဟာ ကိုယ့်ရဲ့ Risk Toleranceနဲ့ အများကြီးပတ်သက်ပါတယ်။ ကိုယ်က Short term price fluctuationကို ဘယ်လောက်သည်းခံနိုင်သလဲ (Your stop-loss price)၊ ဘယ်လို Investment Typeတွေကို ကိုယ်က စိတ်ဝင်စားသလည်း ပေါ်မူတည်ပါတယ်။ ဘယ်လိုSectorတွေကိုကိုယ်က ရင်းနှီးမြှပ်နှံချင်တာလည်းလည်း သိဖို့လိုတယ်။ ဥပမာ - Conservativeနည်းနည်းဖြစ်တဲ့ Investorတစ်ယောက်ရဲ့ Portofolioတစ်ခုဟာ အောက်မှာပြထားတာမျိုး ဖြစ်နိုင်တယ်။


ကိုယ့်က Riskများများယူရဲတဲ့သူဆိုရင် Propertyက လျော့သွားပြီး Stockတွေချည်းများများကိုင်တဲ့ Portfolioလည်း ဖြစ်နိုင်ပါတယ်။ Asset typeတစ်မျိုးချင်းစီကမှ တခါထပ်ပြီး Sectorအလိုက် ထပ်ခွဲနိုင်ပါတယ်။ အောက်မှာ Sectorအမျိုးမျိုးခွဲပြီး Investလုပ်ထားတဲ့ Stock Portfolioတစ်ခုကို ပြထားပါတယ်။


General Rule of Thumbကတော့ Asset Typeများလေ၊ Sectorများလေ၊ ကောင်းလေပဲဖြစ်ပါတယ်။ တချို့ကတော့ Diversified Portfolioလို့ ခေါ်လေ့ရှိကြတယ်။ ကျွန်တော့်အမြင်ကတော့ အများကြီးရှိစရာမလိုပါဘူး။ ဒါပေမယ့် တစ်ခုထဲ မည်းပြီးပိုက်ဆံတွေကို ရင်းနှီးမြှုပ်နှံထားတာလည်း မကောင်းပါဘူး။ Asset Type သုံးမျိုးလောက်နဲ့ Stockအတွက် Sector သုံးမျိုးလောက်ဖြန့်ပြီး Investလုပ်ထားရင် Riskကိုလည်း Balanceလုပ်ထားရာရောက်မယ်၊ ကိုယ်လည်း Manageလုပ်ရသက်သာမယ်။

Tax Managementကတော့ လူအများစု အမြဲလျစ်လျူရှုထားတတ်တဲ့ areaပါ။ နှစ်ကုန်လို့ tax ရှင်းတော့ မြတ်နေရင်လည်း ပေးသင့်တာထက် ပိုပေးမိမယ်၊ ရှုံးရင်လည်း ရသင့်သလောက် tax offset/refundမရတာမျိုးတွေ ဖြစ်တတ်တယ်။ best ruleကတော့ investမလုပ်ခင်မှာ ဘယ်နာမည်နဲ့ဝယ်မလည်း ကြိုတင်ဆုံးဖြတ်ရပါမယ်။ tax effectiveအဖြစ်ဆုံး နာမည်ကို ရွေးသင့်တယ်။ ဥပမာ - ကိုယ့်နာမည်လား၊ ကိုယ့်သားသမီးနာမည်လား၊ ကိုယ့်မိန်းမ/ယောင်္ကျားရဲ့နာမည်လား၊ ကုမ္ပဏီနာမည်လား၊ Trust fundရဲ့ နာမည်လား အစရှိသဖြင့်ပေါ့။ အကောင်းဆုံးက နာမည်ရှိတဲ့ Accountantနဲ့ တွေ့ ပြီး most tax effectiveဖြစ်မယ့် Structureကို ရွေးရပါမယ်။ tax lawတွေကို Accountantသိသလောက်ရဲ့ သုံးပုံတစ်ပုံလောက်သိရင် အကောင်းဆုံးပဲ။

Wealth Mangementနဲ့ပတ်သက်တာကတော့ အခုပြောရင် နည်းနည်းစောနေလိမ့်မယ်။ ဥပမာတွေကတော့ ကိုယ့် Wealthကို ကာကွယ်ဖို့ ဘာInsuranceရှိသလည်း? ကိုယ့်ရဲ့ Investment Teamက ဘယ်သူတွေလည်း (Mortgage Broker, Accountant, Lawyer, Stock broker, Financial Adviser အစရှိသဖြင့်) သိရပါမယ်။ ကိုယ့်ရဲ့ Cashflowကို ကိုယ်ဘယ်လောက် Controlလုပ်နိုင်သလည်းကလည်း Wealth managementထဲမှာ ပါနိုင်ပါတယ်။

အချုပ်ပြောရရင် အပေါ်မှာ ပြောခဲ့တာမှန်သမျှဟာ 3M - Managementရဲ့ Introductionတွေပဲ ရှိပါသေးတယ်။ အသေးစိပ်တွေကို အလှည့်ကျရင် ပြောသွားပါ့မယ်။ သေချာဖတ်ကြည့်ရင် ကျွန်တော်ပြောသွားတဲ့ထဲမှာ Preparationဟာ ထက်ဝက်မက လွှမ်းမိုးနေတာတွေ့ပါလိမ့်မယ်။ ဒါကြောင့် ကပိုကရို၊ စည်းကမ်းသိပ်မရှိပဲနေလေ့ရှိရင်၊ Plannigလုပ်လေ့မရှိရင် Investorကောင်း မဖြစ်နိုင်ပါဘူး။ ဒီPostဖတ်ပြီး လောလောဆယ်တော့ Stockတစ်ခုမဝယ်ခင် Trading Planလေး ချရေးကြည့်မယ်ဆိုရင် ကျွန်တော်ရေးရကျိုး နပ်ပါပြီ။