Showing posts with label opportunity. Show all posts
Showing posts with label opportunity. Show all posts

22 June 2010

Take Advantage of a Breather

အခုတလော Trader ဘောလုံးပွဲကိုက်နေလို့ သိပ်မရေးနိုင်ဘူး။ Juneလ 8ရက်နေ့ကတည်းက ပြန်တက်လာတဲ့ Mini-rallyဟာ ဒီနေ့ညမှာ ခဏလောက် အနားယူနိုင်ပါတယ်။ နှစ်ပတ်လောက် တက်လာပြီး တစ်ရက်နှစ်ရက် ပြန်ကျတာဟာ တကယ်တမ်းတော့ Healthyဖြစ်ပါတယ်။

 Readerများ Short-term pullbackကို Advantageယူနိုင်ဖို့ အောက်မှာ Chart updateတွေ uploadလုပ်ပေးထားပါတယ်။ Dow Jonesဟာ 10250 levelကို Supportအနေနဲ့ Testလုပ်ပါလိမ့်မယ်။ တကယ်လို့ 10250ကိုထိပြီး ပြန်တက်လာနိုင်တယ်ဆိုရင် ဒီRallyဟာ ပိုပြီးReliableဖြစ်တယ်လို့ ခန့်မှန်းနိုင်ပါတယ်။ လက်မြန်ခြေမြန်နဲ့ Stoplossကို အသုံးချတတ်သူများအနေနဲ့ 10250ဝန်းကျင်ဟာ Buying Opportunityပါပဲ။ ဘာကြောင့် ခဏPullbackဖြစ်နိုင်သလည်းဆိုတာ အောက်က chartတွေထဲမှာ ရေးထားပါတယ်။

အကြောင်းတစ်ခုခုကြောင့် 10250ဟာ Supportကနေ Resistanceများ ပြန်ဖြစ်လာခဲ့ရင် အမြန်သာရောင်းထုတ်ဖို့ ပြင်ထားပါ။ Euro Dollarနဲ့ Chinese Yuan Forex rateတွေကိုလည်း စောင့်ကြည့်ဖို့လိုပါတယ်။ အဲဒီ့ Currencyနှစ်ခု Downနေသ၍ US Dollarဟာ ပြန်ကျလာမှာ မဟုတ်ပါဘူး။ USDမကျသ၍ Marketဟာလည်း Full Momentumရမှာ မဟုတ်ပါဘူး။

Happy Trading!