Showing posts with label short sell. Show all posts
Showing posts with label short sell. Show all posts

23 January 2012

BAC Short Trade : +7%, or -1%? Depends on how you executed your trades


BAC Tradeရဲ့ current situationကို updateလုပ်ပေးတာပါ။ Jan 12ရက် US Marketမဖွင့်ခင်က Shortချင်ရင် Shortလို့ရပြီလို့ ကျွန်တော်Recommendလုပ်ခဲ့ပါတယ်။ အဲဒီ့ညက 6.99မှာ ဖွင့်ပြီး 6.79မှာ ပိတ်သွားပါတယ်။ Shortချင်တဲ့သူဟာ Sellအရင်လုပ်ရပါမယ်။ Sellingလုပ်ဖို့ Good Rule-of-Thumbကတော့ "Sell at the morning madness"တဲ့။ ဆိုလိုတာက Opening Time Priceဟာ များသောအားဖြင့် မှားတတ်ပါတယ်။ အလောတကြီး Executeသူ့ထက်ငါလုပ်တတ်တာမို့ Price Actionဟာ Closing Timeလောက် Reliableမဖြစ်တတ်ပါဘူး။ ဒါကြောင့် Proအများစုဟာ Closingကိုပဲ ကြည့်ပြီး ဆုံးဖြတ်တတ်ကြပါတယ်။
BAC Daily Chart

Anyway, Opening madnessကို take advantageယူနိုင်ခဲ့ရင် (၇)ကျပ်နီးပါးလောက်မှာ ဝင်နိုင်ခဲ့ပါလိမ့်မယ်။ Closeမှဝင်တော့လည်း ခြောက်ကျပ်ပြားရှစ်ဆယ်နီးပါးပေါ့။ Closeမှာဝင်ခဲ့မိရင် မှတ်ထားပါ။ Short-sellerတစ်ယောက်အတွက် Morning madnessကို အခွင့်အရေးယူနိုင်ရင် ယူသင့်ပါတယ်။

Short Tradeတစ်ခုဖွင့်ပြီးသွားရင်တော့ ဘယ်အချိန်မှာ ပြန်ဝယ်ရမလည်း ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ထားရပါမယ်။ Stop-lossပဲလုပ်လုပ်၊ Profit-takingပဲလုပ်လုပ် Tradeကို ပိတ်ဖို့က ပြန်ဝယ်မှကို ရပါမယ်။ ဝယ်ဖို့အတွက် Rule-of-thumbကတော့ "Closing Prices are always more reliable". Closing or near-closing priceလို့ပြောရင်တော့ ပိုမှန်ပါမယ်။

Short Trade openလုပ်အပြီး နောက်သုံးရက်အတွင်း share priceဟာ 6.60နဲ့ 6.48ကြားမှာ ပြေးနေခဲ့ပါတယ်။ Short positionတစ်ခုဖွင့်ပြီးပြီဆိုရင် ထားသင့်တဲ့ Another Rule-of-Thumbကတော့ Shorts are supposed to be held "SHORT". Short tradeတစ်ခု မြတ်နေပြီဆိုရင်၊ Profit %ကလည်း Reasonableဖြစ်တယ်ဆိုရင် မြန်မြန်သာ ပြန်ဝယ်လိုက်ပေတော့။ 6.99မှာ Shortပြီး 6.49မှာ ဝယ်ခဲ့မယ်ဆိုရင် 7%လောက် မြတ်နေပါပြီ။ Leverage နှစ်ဆ(သို့)သုံးဆသာလုပ်ထားရင် 14%-21%လောက်ဆိုတော့ လောဘကို အတောသတ်ပြီး Profit taking လုပ်သင့်ပါတယ်။

Profitမယူမိခဲ့ရင်လည်း ပြဿနာမရှိပါဘူး။ ဘာလို့လည်းဆိုတော့ အဲဒီ့နေ့ Closeအထိ Stockဟာ Bearish Trendသွားနေတုန်းပါပဲ။ Jan 18မှာ ဘာလို့ပြန်တက်သွားသလည်း ကြည့်ရအောင်။ တရားခံကတော့ IMFပါပဲ။ IMFက Eurozoneကို ကယ်ဆယ်ဖို့ နောက်ထပ် $500 billionလောက် Rescue Fundထဲမှာ ထပ်တိုးဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းထွက်လာတာပါပဲ။ သေချာဖတ်ကြည့်ရင် ဘာမှသေချာတာ မပါပါဘူး။ US Governmentကဆိုရင် မြန်တယ်။ သူတို့ဆီကတော့ ထပ်မမျှော်တဲ့နဲ့။ IMFက တကယ်တမ်း China, Indiaအစရှိတဲ့ Emerging Powerhouseတွေဆီက Contributionကို လိုချင်တာပါ။ ဒါပေမယ့် ဘယ်သူ့မှမလှုပ်ကြပါဘူး။ But, it's a big But, Stockတွေကတော့ အကြိုက်တွေ့ပြီး တက်ကုန်ကြတာပါပဲ။ ဒီEuphoriaကုန်တဲ့အထိတော့ ကျမယ်မထင်ပါဘူး။

အဲဒီ့နေ့က 6.80မှာ ပိတ်တော့ အဲဒီ့ဝန်းကျင်မှာ ပိတ်နိုင်ခဲ့ရင် နည်းနည်း မြတ်ပါသေးတယ်။ မပိတ်ခဲ့ရင်ရင်လည်း မမှားသေးပါဘူး။ အမှားဖြစ်နိုင်ခဲ့တာ ပြောပြပါမယ်။ Knee-jerk reactionဖြစ်ပြီးတော့ Jan 19th Opening timeမှာ ပိတ်ခဲ့ရင် အမှားပါပဲ။ Jan 19thကြာသာပတေးနေ့က BACရဲ့ quarterly earningပါ။ Good earningမို့လို့ ဆောင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် သေချာတွေးကြည့်ရင် Traderအများစုဟာ BACရဲ့ earningကို ကောင်းမယ်လို့ မှန်းထားပြီးသားပါ။ ဆိုလိုတာက High Expectationဟာ Priceထဲမှာ baked-inလုပ်ပြီးသားလို့ ပြောချင်တာပါ။ ဒါကြောင့် Closing timeလဲရောက်ရော တစ်နေကုန် ဆင်းလာတဲ့ share priceဟာ 6.96ပဲ ကျန်ပါတော့တယ်။

သောကြာနေ့ Jan 20thမှာတော့ 7.07မှာ ပိတ်သွားပါတယ်။ Weekendမှာ ပေါ်လာတတ်တဲ့ Headline Newsတွေ ရန်ကိုကြောက်လို့ Shortသမားအများစုဟာ စနေမဝင်ခင် Coverလုပ်တတ်ကြပါတယ်။ Short-coverလုပ်တယ်ဆိုတာ ပြန်ဝယ်ပြီး Tradeကို ပိတ်လိုက်တာ ဆိုလိုတာပါ။ Same worryရှိလို့ 7.07ဝန်းကျင်မှာ ပိတ်ခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ -1%လောက်ပေါ့။ This is part of the process and do not have to worry about it. Traderဆိုတာ Carefulဖြစ်တာကောင်းပါတယ်။ မပိတ်ခဲ့လည်း ကိစ္စမရှိ၊ All the good news for BAC have come out and baked into share price for now. S&P500, Dow Industrial Averageဟာလည်း Technical Resistance levelတွေနဲ့ နီးနေပြီမို့ ဒီနေ့ပြန်ဝင်မယ်ဆိုရင် ဝင်သင့်ပါတယ်။ ပြီးခဲ့တဲ့အပတ်က Tradeကို ကိုင်ထားရင်လည်း အခြေအနေကို ကြည့်ပြီး closing timeနားမှာ ဝယ်သင့်ရင် ဝယ်ပြီး Closeသင့်ပါကြောင်း။

Happy Trading.

12 January 2012

BAC Short Trade Update

BAC Short Trade updateပါ။ BACဟာ မှန်းထားတဲ့ target zoneကို ရောက်နေပြီဖြစ်တဲ့အတွက် Shortချင်သူများ Shortနိုင်ပြီ ဖြစ်ပါကြောင်း။ Stop-lossကိုတော့ $7လောက်မှာ ထားသင့်ပါတယ်။
BAC Daily Chart

Good Luck,
Happy Shorting

06 January 2012

New Year, New Trade

Happy New Year everyone. If you're in this business, I hope you have made some money last year even though it can only be possible if you were trading and shorting most of the time.

ကျွန်တော်Shortဖို့ Signal ပေးရင် Indexတွေကို Exhibitထားပြီး ပြောတတ်တာ ပျင်းစရာများကောင်းနေလားလို့ နှစ်သစ်မှာတွေးမိပါတယ်။ ဒီတော့ ဒီနှစ်ကစပြီး ပိုပြီးဒဲ့ဖြစ်တဲ့ Trading Signalတွေကို လိုတိုရှင်းရေးဖို့ ဆုံးဖြတ်ထားပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်လုံးရေးခဲ့တဲ့ Technical Postsတွေကို ပြန်ဖတ်မယ်ဆိုရင် Basic fundamentalsတော်တော်များများကို စိတ်ဝင်စားမယ်ဆိုရင် Graspလုပ်နိုင်ကြမယ်လို့ Assumeလုပ်ထားပါတယ်။

အိုကေ၊ လိုရင်းကို သွားရအောင်။ Recommendလုပ်ချင်တဲ့ Tradeကတော့ Bearish Tradeပါ။ Stockကတော့ အများရင်းနှီးပြီးသား BAC (Bank of America)။ Just to be clear, I have no issue with BAC :) The trade is purely fundamental, headline and technical driven.

အောက်က Chartကို ကြည့်လိုက်ပါ။ 5.96 resistance levelကို မနေ့က Breakoutဖြစ်မလားလို့ ကျွန်တော်သုံးရက်လောက် စောင့်ကြည့်နေခဲ့ပါတယ်။ မနေ့က Breakoutကို volumeကောင်းကောင်းနဲ့ ဖြစ်သွားပါတယ်။ ဒီတော့ Technically, next levelကတော့ 6.86နားမှာရှိပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ အဲဒီတောင် ရောက်မယ်မထင်ဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် Very Conservativeဖြစ်ချင်ရင်တော့ အဲဒီလိုင်းနားရောက်တဲ့အထိ စောင့်ချင်ရင် စောင့်နိုင်ပါတယ်။ ဘာကြောင့် Shortသင့်သလည်းဆိုတာတော့ အောက်မှာ Bulletတွေနဲ့ လိုတိုရှင်းပဲ ရေးထားပါတယ်။ အသေးစိတ်ကတော့ လက်သည်ကိုချည်းပဲ အားမကိုးဘဲ ကိုယ်တိုင်လည်း Researchလေးလုပ်ပြီး နည်းနည်းညှစ်ကြပါလို့။
BAC Daily Chart

Reasons to Short
- Too fast - since Dec 19th, BAC has made 26.45% gain at yesterday close. That's in less than 3 weeks!
- Yesterday rallyဟာ ADP payroll serviceက ဒီနေ့ထွက်မယ့် US Non-farm payroll estimateကို လူတိုင်းက တစ်သိန်းခွဲလောက်မှန်းနေတဲ့ အချိန်မှာ သူတို့က သုံးသိန်းနှစ်သောင်းခွဲထွက်မယ်လို့ ကြေညာလိုက်တဲ့အတွက် BACဦးဆောင်ပြီး Retail Bank stockတွေ ဆောင့်တက်ကုန်ကြတာပါ။ များများဆောင့်တက်ပြီးလေ Shortလုပ်ချင်တဲ့ Traderအတွက် Safeဖြစ်လေပါပဲ။ Volumeများလေ ဝယ်လက်ကုန်ပြီးသားဖြစ်လေပါပဲ။ ဒါကြောင့် after yesterday, BAC becomes my favourite stock to short. မနေ့က BACဟာ တစ်ရက်ထဲနဲ့ 8.6%တက်ခဲ့တာပါ။
- USAမှာ Economic dataတွေဟာ ထင်တာထက် ကောင်းနေပေမယ့် Europe/Euro zoneမှာတော့ ပိုဆိုးနေပါတယ်။ Italian 10-yr bond yieldတွေဟာ Danger zoneဖြစ်တဲ့ 7%အပေါ် ပြန်ရောက်သွားပါတယ်။ Greeceကလည်း Marchလအကုန်မှာ Disorderly Defaultဖြစ်နိုင်တယ်လို့ အစိုးရကိုယ်နှိုက်က ခြိမ်းခြောက်သလိုတောင် ပြောနေပါတယ်။
- Chinese Shanghai Market Indexဟာ ပြီးခဲ့တဲ့Postမှာ ပြောခဲ့သလိုပဲ downtrendဟာ ပြန်နာလန်မထူနိုင်ပဲ 2300 Support levelအောက်မှာပဲ ဝပ်နေပါတယ်။
- This may seem strange but Wall Street actually does not really want very strong economic data now because many believe that will stop the Federal Reserve's new Quantitative Easing program (new money printing) which is extremely good for the Stock market.

Trading Plan
- Open the trade within the circled zone.
- Place the stop above 6.86 resistance line. For e.g., at 6.90
- Take profit between 5.96 and 5.62. And if we're extremely lucky, it may drop like a stone to 5bucks again :)

Happy and Safe Trading

07 October 2011

Bear Market? You bet!

Sorry Folks. Been super-busy. Julyလ နောက်ဆုံးPost "Still Short" ပြီးကတည်းက Marketတွေဟာ ကျလာလိုက်တာ သောက်သောက်လဲဆိုသလိုပါပဲ။ Shortနိုင်ခဲ့သော Traderသူငယ်ချင်းများ အားလုံးကို Congratulationsပါ။ အခုလက်ရှိဘာဖြစ်နေလည်းနဲ့ ဘာဆက်ဖြစ်နိုင်သလည်းဆိုတာ ကြည့်ရအောင်။

Fed is running out of bullets
September 17 Postမှာတုန်းက မShortတော့နဲ့လို့ ကျွန်တော်ပြောခဲ့ပါတယ်။ အဲဒီ့တုန်းက အဓိကReasonကတော့ US Federal Reserveရဲ့ September 2-day meetingလာတော့မှာမို့လို့ပါ။ ထွက်လာတော့ Meeting Outcomeကတော့ သိပ်အားရစရာမရှိပါဘူး။ Fedဟာ Long-dated Treasuryတွေကို ပိုဝယ်ဖို့ ကိုင်ထားတဲ့ Short-dated Treasury bondတွေကို ရောင်းမယ်ဆိုပါတယ်။ တိုတိုပြောရရင်တော့ 6-30yr Treasury Bondတွေကို လိုက်ဝယ်ရင် Treasury Yieldတွေပိုကျမှာဖြစ်ပြီး၊ အကျိုးဆက်အနေနဲ့ US Economyကို Stimulateလုပ်နိုင်မယ်လို့ Fedက မှန်းထားပါတယ်။ USမှာက 30-yr Mortgage rateတွေ၊ Business Loan, Personal Loanအစရှိတာတွေအားလုံးဟာ Treasury Yieldတွေကို Pegလုပ်ထားတာကြောင့် Fedက ဒီလိုလုပ်တာဖြစ်ပါတယ်။ Marketဟာ ၄၀၀billion Operation Twist (Sell 400bn short-term treasury and Buy 400bn long-term treasury)ရဲ့ Fire powerကို အားမရပါဘူး။ အဲဒီ့နေ့ Meetingအပြီးကတည်းက Sell-offလုပ်လိုက်တာ Marketဟာ ငုပ်ချီပေါ်ချီပါပဲ။

Usual Suspect
စက်တင်ဘာလကုန်ဟာ Fed-driven Marketပါပဲ။ အခုအောက်တိုဘာလဆန်း ၃ရက်နေ့မှာတော့ Marketတွေဟာ Sell-offဆက်ဖြစ်ပါတယ်။ အဓိကကတော့ Greece default ဖြစ်ခဲ့ရင် European Bankတွေဟာ အဲဒီ့ Shockwaveကို ခံနိုင်ပါ့မလားဆိုတဲ့ Concernပါပဲ။ Oct 4, 5, 6ရက်တွေမှာတော့ ဆက်တိုက်ပြန်တက်နေပါတယ်။ Dow Jones Industrial Averageဟာ သုံးရက်ပေါင်း ၃၁၅Pointလောက်တက်ထားပါတယ်။ အဲဒီ့လောက်ကတော့ အခုတလောမှာ Sell-off တစ်ရက်ဖြစ်စာပဲရှိပါတယ်။ Traderတစ်ယောက်အနေနဲ့ ဘာကြောင့်Rallyဖြစ်နေသလည်းဆိုတာကို ကြည့်ရပါမယ်။ အဓိကကတော့ အခုရက်ပိုင်းအတွင်းမှာ European Leaderတွေက Greece defaultဖြစ်ခဲ့ရင် European Bankတွေမှာ Cashflow/Liquidity crisisမဖြစ်ရအောင် ကူညီမယ်ဆိုပြီး ဟိုMinisterကပြော၊ ဒီMinisterကပြောလုပ်နေတာကြောင့် မျှော်လင့်ချက်တွေနဲ့ Rallyဖြစ်နေတာပါ။ ပထမတစ်ရက်နှစ်ရက်ကတော့ Shortထားတဲ့သူတွေဟာ Riskမယူချင်တာကြောင့် Agressively Covering (buying back stock to close short positions)လုပ်တဲ့အတွက်လို့ ကျွန်တော်တော့ ယူဆပါတယ်။

What to Trade - Short!
၂၀၁၀နှစ်ဆန်းကတည်းက လေများများ တကယ့်အလုပ်နည်းနည်းနဲ့ တစ်ယောက်တစ်ပေါက်လေလုံးထွားတတ်တဲ့ European Politiciansတွေရဲ့ စကားပေါ်မှာ Buildလုပ်လာတဲ့ အခု latest rallyကို ကျွန်တော်ကတော့ လုံးဝအယုံအကြည်မရှိပါဘူး။ အထူးသဖြင့် Indexတွေဟာ တက်နေပေမယ့် Volumeတွေကတော့ တစ်ရက်ပြီးတစ်ရက် ကျလာပါတယ်။ ဒါနေ့ထွက်မယ့် USက September non-farm payrollဟာလည်း Augustတုံးက ZEROဖြစ်ခဲ့တာမို့ ဒီလဘဲဥကွဲမလား၊ ကွဲခဲ့ရင် ဘယ်လောက်ပဲတိုးမလဲဆိုတာ ကြည့်ရပါမယ်။ ဘာထွက်လာလာ Upside Surpriseဖြစ်ဖို့ Chanceအရမ်းနည်းပါတယ်။ ဒါကြောင့် လက်ရှိTradeကတော့ အခုတလော ဆောင့်တက်ထားတဲ့ Banksတွေ၊ Material/Mining companiesတွေကို Shortသင့်ပါတယ် (Short when Dow Jones Industrial Average is around 11,250)။ အောက်မှာ Bear Trendသွားနေတဲ့ Key Indicesတွေနဲ့ Treasury, Commodities chartတွေကို ပြထားပါတယ်။

Happy Shorting

10-yr Treasury Yield (the lower the yield, the worse the economic outlook is)

Copper October 2011 Futures

Dow Jones Industrial Average

Euro/US$

09 February 2011

Market Update - 2011/02/09

US Indexတွေဟာ Overbought Territoryကို ပျော်ပျော်ကြီးပဲ ဆက်တိုးဝင်နေပါတယ်။ ကျွန်တော်အပါအဝင် Shortတွေ Coverလုပ်ရတဲ့သူတွေ အများကြီးပါပဲ။ Tradingမှာ မှားတာမှန်တာထက် မှားတာကို ချက်ချင်းActionယူဖို့က ပိုအရေးကြီးပါတယ်။

IBM Shortကို XDမသွားခင် Feb 7က Coverလုပ်လိုက်ပါတယ်။ IBMဟာ Feb 7နေ့မှာ Analyst Upgradeရတာကြောင့် တက်သွားသလို မနေ့ညကလည်း Samsungနဲ့ Patentsတွေကို အပြန်အလှန် Accessလုပ်နိုင်ဖို့ ဆိုင်းထိုးတဲ့သတင်းကြောင့် ဆက်တက်သွားပါတယ်။ Feb 7မှာ Analystတစ်ယောက်က Forward Earningနဲ့တွက်ရင် IBMဟာ ၁၉၀လောက်တန်မယ်ဆိုပါတယ်။ နောက်၁၂လအတွက်ပါ။ အခုလောလောဆယ်တော့ IBMဟာ ၁၇၀ထက်တော့ ကျော်မယ်လို့ ကျွန်တော်မှန်းမထားပါဘူး။

US Indexတွေဟာ Dataမကောင်းရင် Fedက ပိုက်ဆံရိုက်ထုတ်မယ်ဆိုပြီး မကျသလို၊ ကောင်းပြန်ရင်လည်း ကောင်းတယ်ဆိုပြီး ဆက်တက်တာပါပဲ။ ဒါပေမယ့် ဘယ်Marketမှာမှ Minor Correctionမရှိဘဲ ဆက်တိုက်မတက်ပါဘူး။ အောက်က DJI Chartကိုကြည့်ရင် White Candleတွေ များလွန်းနေပြီး Volကတော့ Decliningဖြစ်နေတာတွေ့ရပါမယ်။ MFIဟာလည်း နဂိုလောက် အားမရှိသလို MACDဟာလည်း 52week upper endကို ရောက်နေပါပြီ။ DJIဟာ အနည်းဆုံး ၃% Correctionဖြစ်ဖို့တော့ ထိုက်တန်ပါတယ်။ IBMဟာလည်း MFIရော MACD_Hအားလုံးပါ Overbought/Bearish Divergenceကို ပြနေပါတယ်။ ဒါပေမယ့် Marketဟာ အမြဲOver-Emotionalဖြစ်တတ်တာမို့ ချက်ချင်းတော့ ပြန်မဝင်သင့်သေးပါဘူး။ Feb 8နေ့ကစပြီး XDဖြစ်သွားပြီမို့ ပိုပြီး ရှင်းရှင်းလင်းလင်းတောင် Shortလို့ရသေးတယ်။

Shortတခုအလုပ်မဖြစ်လို့ Coverလုပ်ပြီးသွားရင် ချက်ချင်းပြန်မဝင်တာ ကောင်းပါတယ်။ ဈေးဆက်တက်နိုင်မယ့် အလားအလာရှိနေသေးသရွေ့ ခဏဘေးထွက်နေတဲ့သဘောပါ။ ၁၇၀နားလောက်မှာ ၁၇၁လောက် Tight stopနဲ့ ပြန်ဝင်တာ ပိုကောင်းပါတယ်။

Happy Shorting!

01 February 2011

Short with me

Traderတစ်ယောက်ဟာ Marketထဲမှာ ဈေးတက်မှ ပိုက်ဆံရှာတတ်ရင် ရှာလို့ရနိုင်တဲ့ပိုက်ဆံရဲ့ တဝက်ပဲရှာနိုင်ပါလိမ့်မယ်။ Marketဟာ နိမ့်လိုက်မြင့်လိုက် အမြဲဖြစ်နေတာမို့ Oversoldဖြစ်တဲ့အချိန်မှာ Long(buy low, sell high)လုပ်တတ်သလို Overboughtဖြစ်တဲ့အခါမှာလည်း Short (Sell high, buy low)လုပ်တတ်ရင် ပိုပြီး Efficientဖြစ်တဲ့ Traderဖြစ်လာပါလိမ့်မယ်။

Basic of Shorting
Shortingဟာ ကြည့်လိုက်ရင် ခက်သလိုပါပဲ။ တကယ်တမ်းတော့ လွယ်လွယ်လေးပါ။ Longတဲ့အခါမှာ Stockတစ်ခုကို ဈေးနည်းတဲ့အချိန်မှာ ပိုက်ဆံပေးဝယ်ပြီးတော့ကိုင်ထားပြီး ဈေးတက်သင့်သလောက်တက်ပြီးတဲ့အခါမှာ Profit takingလုပ်ရုံပဲဆိုတာ လူတိုင်းသိပါတယ်။ Shortတဲ့အခါမှာတော့ ကိုယ်က အဲဒီ့Sequenceကို ပြောင်းပြန်လုပ်လိုက်တာပါပဲ။ အဓိကကွာတာကို ကျွန်တော် Longနဲ့ယှဉ်ပြီး အောက်မှာပြထားပါတယ်။

Long
Buyer(you) <------ Seller(another investor)

Short
Buyer(another investor 1) <------ Short Seller(you) <------ Anonymous Lender(another investor 2)

အဓိကဘာကွာသွားသလည်းဆိုတော့ Shortတဲ့အခါမှာ ကိုယ်ကကိုယ့်မှာမရှိတာကို investor 1ကို ရောင်းတာဆိုတော့ ကိုယ့်မှာမရှိတဲ့အတွက် ရောင်းမယ့် Stockတွေကို သူများဆီက(investor 2) ချေးရပါမယ်။ ချေးတဲ့ကိစ္စအသေးစိပ်က ကိုယ့်ကိစ္စမဟုတ်ပါဘူး။ ကိုယ့်Brokerက သူ့မှာရှိတဲ့ Investorတွေထဲကနေ Randomly selectလုပ်ပြီး ကိုယ့်ကိုယ်စား ချေးပေးပါလိမ့်မယ်။ Brokerက ချေးစရာမရှိရင် Not Shortableလို့ပြောပါလိမ့်မယ်။

Short sell အောင်မြင်တဲ့အခါမှာ investor 2ကတော့ ဘာမှမသိပါဘူး။ Brokerက ဘာပဲလုပ်လိုက်သလည်းဆိုတော့ Short sellလုပ်တဲ့ ကျွန်တော့်Accountမှာ Stock Quantity/Volumeကို Negative amountပြထားလိုက်တာပါပဲ။ Investor 2ဟာ ဘာမှမသိလိုက်သလို Investor 1ဟာလည်း သူဝယ်လိုက်တဲ့ Amountအတိုင်း ရသွားတယ်။ ကျွန်တော့်ဆီက Negative Quantityနဲ့ Investor 1ရဲ့ Positive Quantityဟာ Balance outဖြစ်သွားတာပါပဲ။

How to close a short position or Covering
Short Positionတစ်ခုကို ပိတ်တာကို Coveringလုပ်တယ်လို့ ခေါ်ပါတယ်။ Coverလုပ်တဲ့အခါမှာ Stockက ကိုယ်မှန်းထားသလို ဈေးကျသွားရင် ကျနေတဲ့ဈေးမှာ ပြန်ဝယ်လိုက်တာပါပဲ။ Sell high - buy low = Profit ကတော့ Profitable Short Transactionတစ်ခုပါ။ Sell high - buy HIGHER = Lossကတော့ ရှုံးသွားတဲ့ Short Transactionကို ဆိုလိုပါတယ်။ Coverလုပ်တာဟာ Buy transactionဆိုတော့ Positive Quantityဖြစ်ပါတယ်။ အဲဒီ့ +ive ဟာ Open Short Positionရဲ့ -ive quantityကို zero outလုပ်ပါလိမ့်မယ်။ Price differenceကတော့ ကိုယ့်ရဲ့ အရှုံး(သို့)အမြတ်ပေါ့။

Price going up is not good for a Short seller
ကိုယ်Shortတဲ့ Stockဟာ short-sellလုပ်တဲ့ ဈေးထက် နောက်နေ့တွေမှာ ဆက်ကျရပါမယ်။ ဒါမှဈေးနည်းနည်းနဲ့ ပြန်ဝယ်ပြီး အမြတ်ရပါမယ်။ ဈေးမကျဘဲ ကိုယ်မှန်းထားသလိုဖြစ်မလာဘဲ ဆက်တက်ရင် ပြန်ဝယ်ရတဲ့ Covering costက ပိုများသွားတာမို့ အရှုံးပေါ်ပါမယ်။ ဈေးဟာ အကန့်အသတ်မရှိဘဲတက်နိုင်တာမို့ တချို့က Short sellလုပ်ရင် Unlimited Lossဖြစ်နိုင်တယ်ပြောကြပါတယ်။ တကယ်တမ်းတော့ Realistically ဈေးတခုဟာ Sky is the limitဖြစ်ပြီး မတက်ပါဘူး။ ဒါပေမယ့် ကိုယ်ရောင်းတဲ့ ဈေးထက် နည်းနည်းမြင့်တဲ့နေရာ(အရှုံးခံနိုင်တဲ့နေရာ)မှာ Stoplossကို ကပ်ထားဖို့တော့ လိုလိမ့်မယ်။

Things that must be understood before you short
Different Brokersဟာ Different Rulesတွေရှိပါတယ်။ တချို့ဆိုရင် Shortကို ပေးကိုမလုပ်ပါဘူး။ ဒါမျိုးကတော့ ဝေးဝေးရှောင်။

Exchangeတွေမှာ Up-tick ruleဆိုတာရှိပါတယ်။ Stock ဈေးဟာ Intraday Up-tickဖြစ်တဲ့အချိန်မှာပဲ Shortလို့ရပါတယ်။ ဆိုလိုတာက Stock ဈေးဆက်တိုက်ကျနေတုန်း ဆက်တိုက် Shortလို့မရပါဘူး။ Intraday chartမှာ Uptickဖြစ်တဲ့အထိ Brokerဟာ ထိန်းပေးရပါမယ်။

ကိုယ်Shortလိုက်တာ ၁သိန်းဖိုးဆိုပါစို့။ အဲဒီ့တစ်သိန်းဖိုးကို ကိုယ်ကပြန်ဝယ်နိုင်ဖို့ (Coveringလုပ်နိုင်ဖို့) Brokerက သေချာဖို့လိုပါတယ်။ ကိုယ့်ရဲ့ cash balanceမလောက်ရင် Brokerက သတ်မှတ်ထားတဲ့ Margin ratioနဲ့ ပိုက်ဆံကို ချေးပေးပါတယ်။ အဲဒီ့အတွက် အတိုးပေးရပါမယ် (သတ်မှတ်ထားတဲ့ Cash rateနဲ့ပေါ့)။ Stock ဈေးက မကျဘဲ ဆက်တိုက်တက်နေရင် ကိုယ်ပြန်ဝယ်ရမယ့် စရိတ်တက်လာတဲ့အတွက် Brokerဟာ ကိုယ့်ပိုက်ဆံ/Marginမလောက်ရင် ကိုယ့်ကိုအရှုံးခံပြီး Coverလုပ်ဖို့ Forceလုပ်ပါလိမ့်မယ်။

The Most Important Thing with Shorting - Ex-dividend date
Shortတဲ့အခါမှာ အရေးအကြီးဆုံး မသိမဖြစ်သိရမှာက Ex-dividend(XD) dateပါပဲ။ XDနေ့မတိုင်ခင်အထိ Stockကို ကိုင်ထားတဲ့သူဟာ အဲဒီ့Periodအတွက်ပေးတဲ့ Dividendရပါမယ်။ အပေါ်မှာပြထားတဲ့ Short Sell Flowကို ပြန်ကြည့်လိုက်ရင် investor 1ကလည်း Buyer / Stock holder ၊ ဘာမှမသိတဲ့ investor 2ကလည်း Stock holderပါပဲ။ တနည်းအားဖြင့် ကိုယ်က XDနေ့မတိုင်ခင်မှာ Short sellလုပ်ပြီး XDနေ့အထိ Short Open positionရှိနေရင် investor 1ရော 2ရောဟာ Dividendရထိုက်တဲ့သူတွေချည်းပါပဲ။ ဒါပေမယ့် Companyကနေ တကယ်ရမှာက investor 2ပဲရှိပါတယ်။ ဒီတော့ investor 1ကို ဘယ်သူက ပေးရမယ် ထင်သလည်း??? ကိုယ်ပါ။ Short sellလုပ်တဲ့လူဟာ XDကို open short positionနဲ့ ဝင်သွားရင် Dividend amountကို အိတ်စိုက်ပေးရပါမယ်။ XDပြီးမှ / XDမတိုင်ခင် Coverလုပ်လိုက်ရင်တော့ Dividendကို ပေးစရာမလိုပါဘူး။ XDမကြည့်ဘဲ သွားShortလိုက်ရင်တော့ Brokerဆီကနေ Nasty Surpriseတွေ ရဖို့သာ ပြင်ထားပါ။

An Example - what I am shorting now
ကျွန်တော် Shortထားတာကတော့ IBM ပါပဲ။ Stock quoteကလည်း IBMပဲ။ IBMဟာ December quarter Earning resultကောင်းတာကြောင့် January 19ရက်ကနေ ဆောင့်တက်သွားပြီး All-time highဖြစ်နေခဲ့ပါတယ်။ ဒါမျိုးဟာ Shortလို့ သိပ်ကောင်းတဲ့ Positionတွေပါ။ ဒါပေမယ့် Bullish momentumကျသွားတဲ့အထိ စောင့်ရပါမယ်။ အခုဆိုရင် ၁၅၉ကနေ ၁၆၂ကြားထဲမှာ breakoutဆက်မလုပ်နိုင်ဘဲ တန့်နေပါတယ်။ Overall marketတွေဟာလည်း Correctionဖြစ်ဖို့ တော်တော်လေး Probabilityကောင်းတာကြောင့် ၁၆၁.၅မှာ ကျွန်တော် Shortထားလိုက်တယ်။ အရေးကြီးတာက XD dateဟာ Feb 8မှာလာမှာပါပဲ။ Dividendက ၆၅ပြားပေးပါမယ်။ ဒီတော့ ကျွန်တော့်အနေနဲ့ Feb 8မတိုင်ခင် Coverလုပ်ရပါမယ်။ IBMဟာ Dividend amount 65centကို ဂရုစိုက်စရာမလိုလောက်အောင် ခွေးကျကျရင်လည်း ပိတ်စရာမလိုဘူးပေါ့။ Chartထဲမှာ Short entry, Profit taking target (Covering point)နဲ့ Stop loss pointတွေကို ပြထားပါတယ်။

Summary of Shorting
- Understand your broker and exchange rules regarding shorting
- Beware of XD date and amount
- Short when a resistance line holds or bullish momentum is exhausted
- Cover when a nearest support line holds or bearish mood is exhausted
- Keep a tight stop that is ABOVE your entry.

Happy Shorting!

19 May 2010

Thank You Angela

အခုရက်ပိုင်းအတွင်း Marketက Bottomဖြစ်တော့မလို၊ ပြန်Bounceတော့မလိုနဲ့ မတည်မငြိမ်ဖြစ်နေလို့ ဒီနေ့Shortလိုက်၊ နောက်နေ့ Coverလုပ်လိုက်နဲ့ ရရစားစားလေးပဲ Tradeနေရတာ မနေ့ညကတော့ German Chancellor Angela Merkelက Germanyမှာ ဘဏ်၁၀ခုနဲ့ Euro government bondတွေ၊ Credit Default Swapတွေကို naked short sellingမလုပ်ရတော့ဘူးဆိုပြီး Banလိုက်ပါတယ်။ Marketကလည်း ဒါမျိုးကို စောင့်နေတာ လည်တောင်ရှည်တော့မယ်။ Angelaဟာ သူ့သေတွင်းသူ တူးလိုက်တယ်ဆိုတာ သိရဲ့လားတော့မသိပါဘူး။

Naked Short Sellingဆိုတာ နားလည်ဖို့ Normal/Covered Short Sellingကို နားလည်ဖို့လိုပါတယ်။ Covered Shortတဲ့နေရာမှာ Traderဟာ Brokerဆီကနေ ကိုယ့်မှာ မရှိတဲ့Stock / Financial productကို ချေးပြီး အရင်ရောင်းပါတယ်။ Traderဟာ ဈေးကျလိမ့်မယ်လို့ Analysisလုပ်ထားပါတယ်။ ဈေးကျပြီးမှ Marketကနေ ကျတဲ့ဈေးနဲ့ ပြန်ဝယ်ပြီး Brokerကို ချေးထားတဲ့ Stockတွေကို ပြန်ဆပ်ရပါတယ်။ ဈေးများတုန်းက ရောင်းထားတဲ့ထဲကနေ ဈေးကျမှ ပြန်ဝယ်တဲ့ဝယ်ဈေးရဲ့ Differenceကို အမြတ်အနေနဲ့ ရပါတယ်။ Naked Shortဆိုတာကတော့ အဲဒီလိုတောင် Brokerဆီကနေ Borrowမလုပ်ပဲ Plainကြီး ရောင်းပြီးမှ ပြန်ဝယ်တာဖြစ်ပါတယ်။ ဒါမျိုးကို ကျွန်တော့်လို့ Retail Traderတွေ လုပ်လေ့မရှိပါဘူး။ တကယ်လုပ်ကြတာက တကယ့် Fundတွေ၊ Institutionတွေကမှ လုပ်တာပါ။ ကျွန်တော်သုံးတဲ့ Brokerဆိုရင် Nakedတောင် ပေးမလုပ်ပါဘူး။ လုပ်ချင်လို့တောင် လုပ်လို့မရ။

ပြဿနာအစစ်က Naked Short Sellingလုပ်လို့မရတာ မဟုတ်ပါဘူး။ Marketတွေဟာ Directionရှာနေတုန်း Angelaက ထပြီးဝူးဝါးလုပ်လိုက်တော့ အခြေအနေကတော့ တော်တော်ဆိုးနေလို့သာ Banတာဖြစ်ရမယ်လို့ ကောက်ချက်ချစရာပဲရှိပါတယ်။ ၂၀၀၈ Crisisဖြစ်တုန်းက ဒါမျိုးတခါဖြစ်ပြီးသားပါ။ ဘာနဲ့တူသလည်းဆိုတော့ အရေးအခင်းဖြစ်ခါစကနေ တော်တော်ဆိုးလာတော့ Curfewထုတ်ရသလိုပေါ့။ Curfewထုတ်တယ်ဆိုမှတော့ ကောင်းပါတော့မလား၊ စဉ်းစားသာကြည့်ပါတော့။ Angelaရဲ့ အမိန့်ဟာ Traderတွေကို ငါတို့ရဲ့ Bondတွေကတော့ Crappierဖြစ်တော့မယ်၊ Short Sellတွေတော့ Banမှဖြစ်မယ်ဆိုပြီး Preemptလုပ်တယ်လို့ အသိပေးတာနဲ့ အတူတူပါပဲ။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်း/ကိုယ့်သေတွင်း ကိုယ်တူးတာပါ။

Euro/USD exchange rateဟာ ကျလာလိုက်တာ အခုဆိုရင် 1.22အောက်ရောက်နေပါပြီ။ ရွှေဈေးကတော့ နည်းနည်းတန့်နေတယ်။ ဘဏ်တွေ တစ်ဘဏ်နဲ့တစ်ဘဏ်အကြားချေးတဲ့ အတိုးနှုန်းတွေဟာ လွန်ခဲ့တဲ့နှစ်ပတ်ကထက် မြင့်တက်နေပါတယ်။ ဒါဟာ Level of Mistrustကို ပြပါတယ်။ ဒါမျိုးဟာလည်း ၂၀၀၈ Crisisတုန်းက ဖြစ်ပြီးသားပါ။ အဲဒီတုန်းကလောက် မဆိုးသေးတာပဲရှိပါတယ်။

Marketsတွေဟာ ၁၀% correctionကနေ ပြန်နာလန်မထူနိုင်သေးပါဘူး။ ဒီနေ့ Australia Marketဆိုရင် ၁၂% correction ဖြစ်သွားပါတယ်။ အစဉ်အလာကတော့ ၁၀%နဲ့ ပြန်ထမလာရင် ၁၅%ကတော့ အသာလေးပါပဲ။ ကျွန်တော့်အတွက်ကတော့ Trading Direction Clearဖြစ်သွားပါတယ်။ တကမ္ဘာလုံး Short Sell မBanခင် ဆက်Shortလိုက်ပါဦးမယ်။

Thank You Angela!

PS : အမေရိကန်တွေဟာ ခုချိန်အထိ May 6က ဘာလို့ Marketထိုးဆင်းသွားလဲဆိုတာ လက်သည်မပေါ်သေးပါဘူး။ ဒါကြောင့် အဲဒီ့နေ့က Lowကို Analysisထဲမှာ ပြန်ထည့်စဉ်းစားဖို့ လိုပါတယ်။ အောက်မှာ DJIရဲ့ Updated Chartကို ပြထားပါတယ်။ DJI ၁၀၂၆၀အောက်ရောက်ပြီဆိုရင် 2008 Crisisပြန်စဖို့ တော်တော်နီးနေပြီလို့ သဘောသာပေါက်ပေတော့။