30 March 2011

Trading Fukushima

First of all, this trade is not for faint-hearted, it's related to Uranium :) Japanမှာ Nuclear reactorတွေ ပြဿနာစတက်တာနဲ့ Uraniumဈေးတွေ ထိုးကျပြီး Uranium Mining Stockတွေဟာလည်း လိုက်ပြီးထိုးဆင်းသွားကြပါတယ်။ အခုဆိုရင် Marketထဲမှာ Japanက Newsတွေနဲ့ပတ်သက်လို့တော့ နည်းနည်းသွေးအေးသွားပါပြီ။ Uranium Stockတွေဟာ TEPCOက Power Supplyပြန်တပ်နိုင်တော့မယ်ဆိုတဲ့ သတင်းထွက်လာတာနဲ့ ခွေးကျကျထားတဲ့ ဈေးတွေကနေ Bargain Huntingရော၊ Short-coveringတွေကြောင့်ပါ နည်းနည်းပြန်ပြီးRecoverဖြစ်လာပါတယ်။ ဒီအပတ်မှာတော့ ထင်ထားတာထက်များတဲ့ Radioactive materialတွေ Fukushimaတဝိုက်မှာ တွေ့တယ်ဆိုတာနဲ့ Uraniumရော Uranium Mining Stockတွေပါ နည်းနည်းပြန်ဆင်းနေပါတယ်။

Japanဟာ သူ့တိုင်းပြည်ရဲ့ Electricityလိုအပ်ချက်ရဲ့ ၂၅%ကို Nuclearကနေထုတ်ပြီး တကမ္ဘာလုံး Uranium Productionရဲ့ ၁၀%လောက်ကို Japanက ဝယ်တယ်ဆိုပါတယ်။ Japanထက်ပိုပြီး Nuclear Hungryဖြစ်တဲ့ တိုင်းပြည်က နှစ်ခုပဲရှိပါတယ် - USAနဲ့ Franceပါ။ USနဲ့ Franceဟာ သူတို့ဆီက Power Plantတွေကို ပြန်ပြီးReviewလုပ်မယ် ပိုပြီးတင်းကျပ်တဲ့ Safety Regulationတွေလုပ်မယ်ဆိုတာလွဲလို့ ကျန်တာဘာမှ မပြောပါဘူး။ Power Plantတွေ ပိတ်ပစ်မယ်၊ လျော့ချမယ်လည်း မပြောဘူး။ Power Hungryတကယ်ဖြစ်ပြီး နောက်ဆယ်စုနှစ်အချို့မှာ USကို ကျော်သွားမှာက Chinaပါ။ Chinaဟာ Nuclear Power Plant construction planတွေကို ခဏဆိုင်းလိုက်ပြီး Safetyပိုင်းဆိုင်ရာတွေပြန်ပြီး Reviewလုပ်နေပါတယ်။ ဒါပေမယ့် သူတို့ဟာ အချိန်တန်ရင် အဲဒီ့Projectတွေကို ပြန်စမှာပါ။ Fukushimaအတွေ့အကြုံဟာ တကယ်တမ်းတော့ Nuclear Power Industryကို ပိုပြီးSafeဖြစ်အောင် လှုံ့ဆော်ပေးသလိုတောင် ဖြစ်သွားပါသေးတယ်။ ဒါဟာ ကောင်းတဲ့အချက်ပါ။

Long termအတွက် Investလုပ်သင့်တဲ့ Uranium Mining Stockကတော့ Cameco (CCJ)ပါ။ NYSEမှာ Listedလုပ်ပါတယ်။ Camecoဟာ ကမ္ဘာပေါ်မှာ Publicly tradedလုပ်တဲ့ Uranimum Mining Companiesတွေထဲမှာ အကြီးဆုံးပါ။ အောက်ကChartကို ကြည့်ရင် March 14က Japanသတင်းကြောင့် ထိုးဆင်းသွားတာတွေ့ပါလိမ့်မယ်။ CCJအောက်မှာ Uranium May 2011 Futures Contractရဲ့ ဈေးကိုပြထားပါတယ်။ March 14မှာ ဈေးပြုတ်သွားပြီး Uranium priceဟာ CCJကို Heavily Influence ဖြစ်နေတာတွေ့နိုင်ပါတယ်။

Investor/Traderတစ်ယောက်အနေနဲ့တွေးရမှာက Japanကြောင့် Global Uranium Consumption ဘယ်လောက် ကျသွားနိုင်သလည်း ဆိုတာပါပဲ။ ကျွန်တော့်အမြင်ကတော့ Very Limited Impactပါ။ USAနဲ့ Franceရဲ့ Consumptionဟာ တက်မလာရင်သာနေမယ် ကျစရာမရှိပါဘူး။ Emerging countriesတွေဖြစ်တဲ့Chinaနဲ့ Indiaရဲ့ Demandဟာလည်း ပိုလာစရာပဲရှိပါတယ်။ Japanမှာလည်း  Nuclear Plantတွေမှ အများကြီး။ ဒါတွေကြောင့် အခုတလောဖြစ်နေတဲ့ Negative Sentimentဟာ အချိန်တန်ရင် ပျောက်သွားဖို့ပဲရှိပါတယ်။ Fukushimaသတင်းတွေ ငြိမ်သွားရင် Uraniumဈေးလည်း ပြန်အဝယ်လိုက်လာမှာပါ။ Marketsတွေဟာ အမြဲတမ်း Overreaction/Highly Emotionalဖြစ်တတ်ပါတယ်။ ဒီUraniumဇာတ်လမ်းဟာ Exampleကောင်းတစ်ခုပါပဲ။ ဒီတော့ သတ္တိရှိသော Traderများ 32.80ကို First level of profit target၊ 29ကို Stop-lossအနေနဲ့ ထားပြီး Tradeသင့်ပါကြောင်း။ မနေ့က Closeနဲ့သာ ဝင်ခဲ့ရင် 32.80ဟာ ၁၀.၄% profitရပါမယ်။ Investorတွေအနေနဲ့ကတော့ နောက်ခြောက်လအတွင်းမှာ March 14က Gapဟာ ပိတ်နိုင်တယ်လို့ ခန့်မှန်းနိုင်ပါတယ်။ Gap closing profit targetကတော့ 36.80ပါ။ မနေ့က Closeနဲ့တွက်ရင် ၂၄%နီးပါးမြတ်နိုင်ပါကြောင်း။

Happy Investing!

PS : Other smaller Uranium Miners that I like on NYSE and NASDAQ are USU and URRE respectively.