27 November 2009

How to Stop

Sorry Folks. တစ်ပတ်လုံး အလုပ်ရှုပ်နေတယ် - Marketအလုပ်၊ ရုံးအလုပ်မဟုတ်ပါဘူး။ Marketဟာ Major Correctionဖြစ်ဖို့ တာစူနေတာကို တစ်ပတ်စာအလုပ်ကနေ ကျွန်တော် Confirmလုပ်နိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ကျွန်တော့အမြင်တစ်ခုထဲပါ။ ဒါပေမယ့် ဖြစ်လာခဲ့ရင် Readerများ အကျသက်သာဖို့ Stopလုပ်ဖို့ Techniqueတွေကို Detail ရေးလိုက်တယ်။

အလွယ်ကူဆုံးကတော့ ကိုယ်ဘယ်ဈေးနဲ့ ဝယ်ခဲ့သလည်းပေါ်မှာ Baseထားပြီး ၅၀၀ရှုံးနေရင်တော့ ရောင်းလိုက်မယ်၊ ၁၀၀၀ရှုံးရင်တော့ ရောင်းလိုက်မယ် အစရှိသဖြင့်ပေါ့လေ။ ပိုကောင်းတဲ့ နည်းလမ်းကတော့ Trend Lineနဲ့ Supportနဲ့ Resistance သုံးပြီး နည်းနည်း Professional ဆန်ဆန်လေး Stop Lossလုပ်တာပိုကောင်းပါတယ်။ Technical Analysis (TA)အကြောင်းမသွားခင် ဘယ်လို Stop orderလုပ်သလည်း အရင်ကြည့်ရအောင်။
...

လူBrokerသုံးရင် ကိုယ့်Brokerကို ငါဒီဈေးမှာတော့ Stop orderထားချင်တယ်လို့ ပြောလိုက်ယုံပါပဲ။ Internet Brokerသုံးရင်တော့ နည်းနည်းပိုအလုပ်ရှုပ်မယ်။ Brokerပေါ်မူတည်ပြီး Websiteတွေရဲ့ Usabilityဟာလည်း ကွာပါတယ်။ Generallyကတော့ အောက်မှာရေးထားတာတွေကို Defineလုပ်ရပါမယ်။

၁) Stop price - ဘယ်ဈေးကိုထိရင် ဒီ Sell orderကို Marketထဲပို့ရမလည်း။
၂) Limit price - Marketထဲကို ဘယ်လောက်Sell Priceနဲ့ ပို့ရမလည်း။ Generally, it should be less than or equal to the Stop price. ဒါမှမဟုတ် Marketနဲ့ရောင်းလို့ ပြောလို့ရပါတယ်။ ဆိုလိုတာက ရတဲ့ပေါက်ဈေးနဲ့ ထွက်သွားရင်ပြီးရော ရောင်းလိုက်လို့ပြောတာပါ။
၃) Positionအကုန်လုံး Liquidateလုပ်မှာလား? ဒါမှမဟုတ် တဝက်ပဲရောင်းမလား - Number of Units to sellကို ပြောတာပါ။
၎) order expiration - Triggerဖြစ်သွားလို့ Marketထဲရောက်သွားရင် အဲဒီ့Orderကို ဘယ်လောက်ထားမလည်း? Generally, Day order or GTC (Good Till Cancel)လားဆိုပြီးရှိပါတယ်။ Day orderဟာ ဈေးပိတ်သွားတာနဲ့ Purgeလုပ်တာခံရပါမယ်။ GTCဆိုတာကတော့ ကိုယ်Cancelမလုပ်မချင်း ရှိနေမယ့်ဟာပေါ့ (ဒါပေမယ့် normally ၆လကနေ တစ်နှစ်ထက်ပိုအထားမခံရပါဘူး)။

TAပိုင်းကြည့်ရအောင်။ အောက်မှာ Ford (F)ရဲ့ Chartကို ကျွန်တော်သုံးထားပါတယ်။ Stopကို Defineလုပ်ဖို့ Trendလိုင်းကို အရင်သိရပါမယ်။ Long term trendလိုင်းပေါ်မှာ ရှိနေသ၍ သိပ်စိတ်ပူစရာမရှိပါဘူး။ ဒါပေမယ့် Closeဟာ အဲဒီ့ Major Trendလိုင်းအောက်မှာ နှစ်ရက်သုံးရက် စပိတ်ပြီဆိုတာနဲ့ စပြီးသတိထားရပါမယ်။



Ford ရဲ့ Primary Trendဟာ 16/9/2009မှာ Break outဖြစ်သွားတာကို တွေ့ပါမယ်(Primary Trendကို ကျွန်တော် အပြာလိုင်း တုတ်တုတ်ဆွဲထားတယ်)။ ဒါပေမယ့် Long term Horizontal Support line 6.75ကို မဖောက်ပဲ Side-wayဆက်ဖြစ်နေတာကို တွေ့ပါလိမ့်မယ်(ရေပြင်ညီ အနီလိုင်း တုတ်တုတ်)။ ဒါဟာ Bullနဲ့ Bearတို့ လွန်ဆွဲနေတာကို ပြပါတယ်။ Minor Up Trendပြန်စတာက 9/11/2009မှပါ (အစိမ်းလိုင်း)။ Minor Up Trendဟာ Holding ဖြစ်နေတုန်းပါပဲ။ 25/11/2009 Closeဟာ Just above Minor Up Trendလိုင်းပေါ်မှာ တွေ့ပါလိမ့်မယ်။

Volumeကို ကြည့်ရင် Minor Up Trendဟာ Declining Volumeနဲ့သွားနေတယ်ဆိုတာတွေ့ပါလိမ့်မယ်။ ဒါဟာ Bullတွေရဲ့ Commitmentကို ပြပါတယ်။ Bullတွေဟာ ဝယ်တော့ဝယ်နေတယ် ဒါပေမယ့် သိပ်တော့ လိုလိုလားလားမဟုတ်ဘူးပေါ့။ ဒါမျိုးတွေ့ရင် ကိုယ်က ပိုသတိထားရမယ်။

Horizontal Blue line at 8.95ဟာ Major Resistanceလိုင်းပါ။ အခုနောက်ဆုံး Closeဟာ Major Resistanceကို ထိတော့မှာကိုတွေ့ပါလိမ့်မယ်။ 3/8/2009က ဒီလိုင်းကို မကျော်နိုင်ပဲ Pull backဖြစ်ခဲ့တာကို တွေ့နိုင်ပါတယ်။ ဒီတော့ Fordကို ကိုင်ထားတဲ့သူတစ်ယောက်အနေနဲ့ ဘာဆက်လုပ်မလည်း။

ပထမဆုံး ကျွန်တော့်အနေနဲ့ 8.95 Resistanceပေါ်မှာ အနည်းဆုံး နှစ်ရက်သုံးရက် နေနိုင်လားစောင့်ကြည့်ပါမယ်။ Preferably, Closeဟာ Original Primary Trendပေါ်ကို ပြန်ရောက်သွားသင့်တယ်။ Primary Trend လိုင်းဟာ Break outဖြစ်သွားတာနဲ့ ဆက်ဆွဲထားသင့်တယ်။ ဘာလို့လည်းဆိုတော့ ဒီလိုင်းဟာ Minor Up Trendရဲ့ Resistanceအနေနဲ့ ပြန်ပြီးဖြစ်တတ်လို့ပါပဲ။ Volumeဟာလည်း Improvementရှိသင့်ပါတယ်။

အခုနောက်ဆုံးရှိတဲ့ Dataကိုကြည့်ရင် Fordဟာ 8.95 Resistanceကို မကျော်နိုင်ဖို့များတယ်။ ဒီတော့ Traderဆိုရင် 8.95 ဝန်းကျင်မှာ ရောင်းပြီး Profitယူပါမယ်။ Medium Term Investorဆိုရင် 6.75အောက်မှာ 1 or 2 ticks ခွာပြီး Stop Orderထားပါမယ်။ Tickဆိုတာ ညာဘက် Y-Axisလိုင်းပေါ်က ပေတံကအမှတ်လေးတွေကို ပြောတာပါ။ တစ်မှတ်ကို တစ်Tickလို့ ခေါ်ပါတယ်။ Long Term Investorဆိုရင်တော့ 5.00 (အဝါလိုင်း)အောက်မှာ 1 or 2 ticksခွာထားပါမယ်။ ဘာလို့ 1 or 2 ticksခွာထားသင့်သလည်းဆိုတော့ Professionalတွေဟာလည်း ဒီ Major Supportနဲ့ Resistance နေရာတွေကိုသိပါတယ်။ ဒါကြောင့် သူတို့ဟာ အဲဒီ့Pointတွေမှာ Stop orderတွေ Setupလုပ်ထားတတ်တာကို အခွင့်ကောင်းယူပြီး ကိုယ့်Stopတွေ Triggerဖြစ်အောင် ကလိမ်ကကျစ်ကျတတ်ပါတယ်။

ဒီလောက်ဆိုရင် Trendလိုင်းနဲ့ Supportနဲ့ Resistance လိုင်းတွေဟာ Investorတစ်ယောက်အတွက် ဘယ်လောက်အရေးကြီးလည်း သိလောက်ပါပြီ။ ကိုယ်ကိုင်ထားတဲ့ Stockတွေရဲ့ Current Momentumကို TAလုပ်ကြည့်ပါ။ ဒီPostကနေ Stop Orderတွေကို ဘယ်လိုလုပ်သင့်သလည်း နားလည်သွားရင် ကျွန်တော်ကျေနပ်ပါတယ်။ မရှင်းတာရှိရင်လည်း မေးနိုင်ပါတယ်။

Knowledge is Power!

Related Posts : Trend , Support / Resistance