Showing posts with label uncertainty. Show all posts
Showing posts with label uncertainty. Show all posts

12 June 2011

Uncertainties Drag the Markets

Sorry Folks. Been super busy. Marketဟာ မေလဆန်းကတည်းက Super volatileဖြစ်နေတာ (especially here in Asia) အားချိန်များရမလားမှတ်တယ်၊ Quote screenနဲ့ မျက်စိနဲ့ ခွာလို့ကို မရဘူး။ အခုတလောဖြစ်နေတာတွေ အားလုံးကို အောက်မှာ လိုတိုရှင်းပဲ Analyseလုပ်ပေးထားပါတယ်။

The most annoying thing - Uncertainty
Marketတွေဟာ Data/Newsကောင်းကောင်းဆိုးဆိုး တိတိကျကျသိရရင် Price inလုပ်ပြီး Move onလုပ်နိုင်ပါတယ်။ တီကောင်ဆားကြောက်သလို Marketတွေကြောက်တာကတော့ Uncertaintyပါပဲ။ ဟိုလိုလို၊ ဒီလိုလို ဖြစ်နေတာများလေ Marketဟာ Sell first, Ask laterဆိုတဲ့ စကားအတိုင်း အရင်ဆုံးစလုပ်တာကတော့ Selloffပါပဲ။

Uncertainty No. 1
Global Growthဟာ temporary slowလား၊ ပိုဆိုးမယ့် double-dip recessionဘက်ကို သွားနေတာလားဆိုတာ အခုတလော မှန်းရခက်ပါတယ်။ Prominent Economistsအများစုနဲ့ Federal Reserveကိုယ်တိုင်ကတော့ March, Aprilတုန်းက ဖြစ်သွားတဲ့ Japan Quake/Nuclear crisisနဲ့ Middle-east crisisကြောင့် ဆောင့်တက်သွားတဲ့ Oil pricesတွေကြောင့် Global Economyဟာ Soft Patch (Temporary slowdown)ကာလထဲ ရောက်နေတယ်ဆိုပါတယ်။ 2011 second-halfမှာ ပြန်ပြီးAccelerationပြန်ရလာမယ်လို့ တွက်ထားကြပါတယ်။

Uncertainty No. 2
USမှာ Federal Reserveရဲ့ 600billion Treasury buying scheme (well known as QEII)ဟာလည်း ဒီလကုန်ရင် ပြီးတော့မှာမို့လို့ ဘာဆက်ဖြစ်မလည်း သို့လောသို့လောဖြစ်နေကြတာလည်း ပါပါတယ်။ တကယ်တော့ QEIIဟာ ဒီလကုန်ရင် Bond Buying Processပြီးသွားတာပဲရှိတာပါ။ Fedဟာ အဲဒီ့ပိုက်ဆံတွေကို Withdrawလုပ်ဖို့ ၂၀၁၁မပြောနဲ့ ၂၀၁၂တောင် မသေချာပါဘူး။ ဆိုလိုတာက Fedရဲ့ Balance sheetဟာ ဒီလကုန်ရင် ပြန်Deflateမဖြစ်သွားပါဘူး။ 600billion dollarဟာ Bankတွေကနေ သာမန်လူတန်းစားတွေ လက်ထဲအထိရောက်ဖို့ အချိန်ယူရပါတယ်။ အနည်းဆုံး နောက်ထပ် သုံးလေးငါးလလောက်ကြာမှ QEIIရဲ့ Effectကို သိရမှာပါ။ ဒါပေမယ့် QEIIပြီးတော့မယ်ဆိုပြီး မိုးပြိုမှာကြောက်တဲ့သူတွေကတော့ အခုတလော Marketထဲမှာ အများသား။

Uncertainty No. 3
US အစိုးရမှာ အခုမြွေကိုက်နေတဲ့ကိစ္စကတော့ Obamaအစိုးရရဲ့ Borrowable Debt limitတိုးရေး မတိုးရေးပါပဲ။ Democratတွေက August dealineမတိုင်ခင်တိုးချင်ပေမယ့် Republicanတွေက တိုးမယ့်Amountအတိုင်း လာမယ့် Budgetမှာ spending cutsတွေ ပြန်ပြီး compensateလုပ်ပေးရမယ်ဆိုပြီး တောင်းဆိုနေပါတယ်။ နောက်နှစ်မှာ Electionရှိတော့ Republicanတွေကလည်း နည်းနည်းတော့ ဒီနှစ်ပိုညစ်တယ်။ Political Chicken Gameကို နှစ်ဘက်လုံးဆော့နေကြတာ ဘယ်သူအရင် မျက်တောင်စခတ်မလည်းပေါ့။ ဒီအပတ်ထဲမှာတော့ နှစ်ပါတီ ဆက်ဆွေးနွေးကြမယ်(ဆက်သတ်ကြဦးမယ်) ပြောတာပဲ။ Dealတစ်ခု စောစောထွက်လာလေ၊ Marketအတွက် Uncertaintyတစ်ခုလျော့သွားလေပါပဲ။ US Governmentဟာ ထုတ်ရောင်းထားတဲ့ Bondတွေရဲ့ Coupon/Interestမပေးနိုင်ခဲ့ရင် Technical Defaultဖြစ်စေနိုင်တာကြောင့် ဒီကိစ္စဟာ တော်တော်အရေးကြီးပါတယ်။ Biggest Foreign Owner of Treasury Bondဖြစ်တဲ့ တရုတ်အစိုးရကလည်း မင်းတို့လုပ်နေကြတာ Playing with Fireလို့တောင် ထုတ်ပြောပါတယ်။

Uncertainty No. 4
Chinese အစိုးရရဲ့ Monetary Tighteningဟာလည်း Soft landingမဖြစ်ဘဲ လက်လွန်ပြီး Hard landingဖြစ်မလားဆိုပြီး Marketဟာ Evaluateလုပ်နေတုန်းပါပဲ။ Chinese dataတွေထွက်လာရင် Balanceမှန်ဖို့ အရမ်းအရေးကြီးပါတယ်။ ကောင်းလွန်းရင် အစိုးရတော့ Tightening (interest rate hike)ထပ်လုပ်တော့မယ်ဆိုပြီး ကြောက်ကြသလို မှန်းတာထက် နည်းလွန်းရင်လည်း အစိုးရScrewလုပ်တာများလို့ Slowdownဖြစ်သင့်တာထက် ပိုဖြစ်နေပြီဆိုပြီး selloff ဖြစ်တတ်ပါတယ်။ Shanghai Composite Indexဟာ Aprilလလယ်ကတည်းက ကျလာတာ အခုဆိုရင် 12%နှုန်းလောက် Correctionဖြစ်ပြီးပါပြီ။ Januaryတုန်းက Support Line 2700ဟာ Holdလုပ်ထားနိုင်ပါသေးတယ်။ ဒါဟာကောင်းတဲ့Signပါ။ ဒါပေမယ့် ဒီအပတ် June 14မှာ CPI dataထွက်လာပါမယ်။ CPIဟာ ပြီးခဲ့တဲ့လက 5.3%ထက်များမယ်ဆိုရင် 2700ဟာ Brokenဖြစ်နိုင်ပါတယ်။

Uncertainty No. 5
သူမပါလို့ ဘယ်ပြီးမလည်း - Greeceလေ။ နှစ်ပတ်လည်အထိမ်းအမှတ်အနေနဲ့ Marketကို Screw upလုပ်နေသလား အောက်မေ့ရတယ်။ Tax revenueတွေ မှန်းထားသလောက် Collectမလုပ်နိုင်၊ Deficit cutting planတွေကို ကောင်းကောင်းမလုပ်နိုင်နဲ့ အခုပိုက်ဆံထပ်လိုပြန်ပြီ။ Eurozone Leader Germanyက ဒီတခေါက်တော့ Private Greece Bond Holderတွေပါ ပါသင့်တယ်ဆိုပါတယ်။ Germanတွေဖြစ်ချင်တာက Greece Bond Holderတွေဟာ နောက်နှစ်မှာ Matureဖြစ်မယ့် Bondတွေကို နောက်ထပ် (၇)နှစ်လောက် Rolloverလုပ်စေချင်တာပါပဲ။ သူတို့ရဲ့ Reasonကတော့ Greeceဟာ နာလန်ထူဖို့ အချိန်ယူရမယ် ဘာညာပေါ့။ ဒါပေမယ့် ပြဿနာက Major Bond Holderဖြစ်တဲ့ European Central Bank leader Jean-Claude Trichetက ဒါဟာ Defaultတစ်မျိုးပဲဆိုပြီး လက်မခံနိုင်ပါဘူး။ ဒီတော့ နောက်အပတ် Eurozone Finance Minister meeting (June 20)မှာ Finaliseလုပ်ရမယ့် Greece Aid packageဟာ ECB-Germany standoffကြောင့် တကယ်ဖြစ်မလာရင် Julyမှာ Greeceဟာ Defaultဖြစ်နိုင်တယ်ဆိုတဲ့ Uncertaintyဟာလည်း Marketကို Spookedဖြစ်စေပါတယ်။

Uncertainty No. 6
No. 1မှာပြောခဲ့သလို Economistတွေရဲ့ Global Slowdown Villainကတော့ High Oil Priceတွေပါပဲ။ ပြီးခဲ့တဲ့ အပတ်က OPEC meeting အပြီးမှာ Marketထဲမှာ Supplyလုံလောက်တာမို့ Production Quota ထပ်တိုးဖို့ မလိုဘူးလို့ ဆိုပါတယ်။ More Supplyဟာ Priceကို ကျစေနိုင်တာမို့ ရေရှည်ကြည့်မယ်ဆိုရင် Global Growthနဲ့ Inflation controlအတွက် ကောင်းပါတယ်။ OPECရဲ့ အကြီးဆုံး Memberဖြစ်တဲ့ Saudi Arabiaကတော့ သူ့ဘာသာ ငါတကောကောပြီး Julyမှာ Productionကို 1million barrels per day ပိုထုတ်ပေးမယ်ဆိုပါတယ်။ ဒီသတင်းထွက်လာတာနဲ့ သောကြာနေ့က Oilဈေးကျတာပါပဲ။ ဒါပေမယ့် Saudiထွက်တဲ့ Crudeဟာ Sour Crude (lower quality than Libya's sweet crude)ဖြစ်တာကြောင့် Sweet crudeအသုံးများတဲ့ Europeနဲ့ Asiaအတွက်တော့ အရမ်းထူးတဲ့ သတင်းကောင်းတော့ မဟုတ်ပါဘူး။ Libya စစ်ပွဲပြီးမှသာ Stableဖြစ်သွားမယ့်ပုံ ပိုရှိပါတယ်။

Summary
တိုမလားလို့ စရေးလိုက်ပါတယ်၊ တော်တော်တောင် များသွားပြီ။ အပေါ်မှာပြောခဲ့တဲ့ Uncertaintiesတွေကြောင့် Marketဟာ Selloffဖြစ်နေတာ မဆန်းပါဘူး။ ဒီလကုန် July လဆန်းပိုင်းရောက်ရင်တော့ ပိုပြီး Certaintyရှိလာမှာမို့ Julyလကုန်ပိုင်းလောက်ကို Market bottomဖြစ်နိုင်တယ်လို့ Conservativelyမှန်းလို့ရပါတယ်။ But we never know. Political Decisions can happen suddenly and Market can roar back anytime soon. However, some certainties must come first.

Happy Bargain Hunting!

PS : I'll write Technicals about current Markets soon.

05 May 2010

Uncertainty is back!

What a mess last night! Finally, Americanတွေဟာ China နဲ့ Europeက ပြဿနာတွေ သူတို့ကို ဂယက်ရိုက်တော့မယ်ဆိုတာ သဘောပေါက်သွားကြပါတယ်။ ပြီးခဲ့တဲ့အပတ်က Market Updateနဲ့ ဒီအပတ် Market Updateကြားမှာ ဘာတွေဖြစ်သွားလည်း အောက်မှာ အပိုင်းလေးတွေခွဲပြီး ရေးထားပါတယ်။

Crazy PIIGS
Public Debt ပြဿနာဟာ Greeceတစ်ခုတည်းက လွှမ်းမိုးနေတာ မဟုတ်တော့ပါဘူး။ Investorတွေရဲ့ Concernဟာ Portugalနဲ့ Spainဘက်ကိုပါ မြှားဦးလှည့်နေပါပြီ။ အဓိကကတော့ Spainပါ။ Spainရဲ့ Economyဟာ Greeceထက် လေးငါးဆပိုကြီးတဲ့အတွက် Spainကိုများ Bail outလုပ်ဖို့လိုလာခဲ့ရင် IMFနဲ့ EUဟာ မလုပ်နိုင်လောက်ဘူးလို့ ယူဆကြပါတယ်။ Greeceအတွက်တောင် သုံးလလောက်ကြာပြီးတာတောင် ခုချိန်အထိ အတည်မဖြစ်သေးပါဘူး။ ပါးစပ်ကတိတော့ ပေးပြီးကြပါပြီ။ Spainဟာ EU GDPရဲ့ ၁၀%လောက်ကို ကိုယ်စားပြုတာမို့ သူ့ရဲ့ Deficitကို ကျအောင်မလုပ်နိုင်ရင် Euro zone economyရဲ့ Futureဟာ မသေချာလှပါဘူး။ Spainမှာ Unemployment % ဘယ်လောက်ရှိသလည်း စာဖတ်သူများ သိသလားတော့မသိဘူး - သိပ်မများပါဘူး၊ ၂၀%ထဲပါ။ Spainဘက်ကို မြှားဦးလှည့်သွားလို့ Greeceက ပြီးသွားပြီလားဆိုတော့ မပြီးသေးပါဘူး။ Greeceအစိုးရက ပိုက်ဆံတောင်းတယ်၊ IMFနဲ့ EUက ပေးမယ်ပြောတယ်၊ ဒါပေမယ့် သူတို့အကူအညီတွေဟာ အလကားမလာပါဘူး။ ကြေညာထားပြီးသား Deficit Cutting Planတွေထက် ပိုပြင်းထန်တဲ့ Measureတွေကို Greeceအစိုးရဆီက တောင်းပါတယ်။ အစကတည်းက Protestလုပ်နေတဲ့ Greekတွေဟာ ပိုမကျေမနပ်ဖြစ်ကုန်ကြပြီး ဒီနေ့ May 5မှာ Public sectorရော Private sectorပါ တပြည်လုံးနီးပါး ဆန္ဒပြကြပါမယ်။ Weekendကတည်းက Greek Finance Ministry အရှေ့မှာ တော်တော်လေး ဝရုန်းသုံးကားဖြစ်ပြီးသားပါ။ ဒီတော့ အစိုးရက Cutပါ့မယ်ပြောနေပေမယ့် citizensတွေက ပူညံထနေတဲ့ တိုင်းပြည်ကို Marketက သံသယဖြစ်တာ မဆန်းပါဘူး။ Greeceဟာ ဒီMayလလယ်မှာ Default ဖြစ်နိုင်တယ်ဆိုတဲ့ Uncertaintyဟာ နေ့တိုင်းလိုလို ကြီးကြီးလာပါတယ်။
...
 copyright© AFP

Depleting EUR/USD
EUR/USD currency rateဟာ မနေ့ညက one-year low ဖြစ်သွားပါတယ်။ EUR/USDဟာ Primary Downtrend အောက်ကို ပြန်ကျသွားပါတယ်။ ပိုဆိုးတာကတော့ Strong supportဖြစ်တဲ့ 1.30 markကို ဖောက်ဆင်းသွားတာပါပဲ။ PIIGS ပြဿနာဟာ ဖြေရှင်းရတော်တော်ခက်တဲ့ ဆုပ်လည်းဆူး၊ စားလည်းရူးဆိုသလို ဘာလုပ်လုပ် ကောင်းသတင်း မရှိနိုင်သလောက် ဖြစ်နေပါတယ်။ Bailout မယူဘူးဆိုကြပါစို့ - Greekအစိုးရဟာ Financial Marketတွေကနေ Fundingရှာရပါမယ်။ ဒါပေမယ့် သူတို့ရဲ့ Credit Ratingက စုတ်ချာလွန်းတော့ အတိုးအများကြီး အတောင်းခံရတယ်။ ဒီတော့ Bailoutက မယူလို့မရ။ Bailoutယူတော့ Spending cuttingတွေ ဇွတ်လုပ်ရရော။ Spending cutတယ်ဆိုရာမှာ ဝန်ထမ်းတွေ လခလျော့တာတို့၊ Pension လျော့တာတို့၊ Company taxတွေ ပိုကောက်ရတာတို့ ပါလာပါတယ်။ ဒါတွေအားလုံးဟာ Already Recessionဖြစ်နေတဲ့ တိုင်းပြည်အတွက် မကောင်းပါဘူး။ Recessionဖြစ်ခါစက Stimulus Stimulusဆိုပြီး အကြွေးတွေနဲ့ အသုံးကြမ်းခဲ့တဲ့ဒဏ်ကို အခု Greekတွေ ပြန်ခံရတာပါပဲ။ မနေ့ညက Greek Marketက ၇%နီးပါး၊ Spain Marketက ၅.၄% ကျသွားပါတယ်။ ဒါတွေဖြစ်တာနဲ့ Euroထိုးကျ၊ Euroထိုးကျတော့ US dollar rateတွေတက်၊ US Dollarတက်တော့ US Dollarနဲ့ရှင်းရတဲ့ Oil, Metal စတဲ့ Commoditiesဈေးတွေ ကျကုန်ပါတယ်။ Commoditiesတွေ ဈေးကျတော့ အဲဒါတွေကို အရောင်းအဝယ်လုပ်တဲ့ ကုမ္ပဏီStockတွေ ပြုတ်ကုန်ပါတယ်။ US Dollarမြင့်လေ၊ USက Export Oriented stocksတွေ ဈေးပြုတ်ပါတယ်။

Chinese Market Update
Shanghai Compositeနဲ့ Hang Seng indexတွေဟာ downtrendကောင်းကောင်းပြနေပါတယ်။ တရုတ်အစိုးရဟာ Weekendတုန်းက Bankတွေမှာ ရှိရမယ့် Capital Reserve Ratioကို နောက်ထပ် 50 basis point ထပ်တင်ခိုင်းလိုက်ပါတယ်။ မနေ့ကတော့ Marchလ Chinese Manufacturing Index ထွက်လာပါတယ်။ အရင်လကထက် Slowdownဖြစ်သွားတယ်ဆိုတဲ့ bad newsထွက်လာတာနဲ့ Shanghaiနဲ့ Hang Sengဟာ ဆက်ကျကျတာပါပဲ။ Chinaဟာ ကမ္ဘာ့စီးပွားရေးRecoveryကို ဦးဆောင်နေတယ်ဆိုရင် Chinese Marketတွေ Bear trendဖြစ်နေတာဟာ သတိတကယ်ထားရမယ့် အချက်ဖြစ်ပါတယ်။
သိပ်မပျော်ရတဲ့ Japanese Traderများ
Japanese Marketတွေဟာ May 3-5 National Holidayဆိုပြီး ပိတ်ထားပါတယ်။ သူတို့ အနားယူနေတုန်း တခြားMarketတွေ ဝက်ဝက်ကွဲနေတော့ မနက်ဖြန် ဈေးပြန်ဖွင့်တဲ့အချိန်အထိ အခြေအနေမကောင်းသေးရင် မနက်ဖြန် Nikkeiကတော့ Sell-offဖြစ်ဖို့သေချာနေတာကတော့ ဗေဒင်မေးစရာတောင် မလိုပါဘူး။ Japanese Fund Managerတွေပါ Global Sell-offထဲပါလာရင် တခြားMarketတွေမှာ ပိုဆိုးဖို့ Chanceပိုရှိပါတယ်။

ကိုယ်တို့ Australia
World Mediaတွေမှာ တခြားအစိုးရသတင်းတွေပဲ များလွန်းလို့ ကိုယ်တို့အစိုးရက မနာလိုဖြစ်သလား မသိပါဘူး၊ May 2မှာ Tax Reformဆိုပြီး ၂၀၁၂ကစလို့ Mining Companiesတွေကနေ Taxကို ၄၀%ကောက်မယ်ဆိုပြီး ထပွဲကြမ်းနေပါတယ်။ ၄၀%ဆိုပေမယ့် Govtက ကောက်မှာ၊ Minerတွေကို Rebateပြန်ပေးမှာ အစရှိသဖြင့် ရှုပ်ယှက်ခတ်နေတော့ တကယ်တမ်း Effective Tax Rateဘယ်လောက်ဖြစ်မလည်းဆိုတာ သေချာမတွက်နိုင်သေးပါဘူး။ Australia based ကမ္ဘာ့အကြီးဆုံး Diversified Miner BHP Billitonကတော့ New Taxဟာ သူ့ရဲ့ Current effective tax rate 43%ကနေ 57%အထိတက်သွားစေမယ်လို့ ဆိုပါတယ်။ ဒါဟာ နည်းနည်းနောနော ခုန်တက်သွားတာမဟုတ်ပါဘူး။ Marketဟာ ဒီလိုဖြစ်လာမယ်ဆိုတာ Aprilလဆန်းကတည်းကတော့ Price-inလုပ်ထားပါတယ်။ ဒါကြောင့် BHPတို့ RIOတို့လို Major Minersတွေဟာ USမှာရော၊ UKမှာရော၊ ဒီမှာပါ တစ်လလုံးနီးပါး ကျလာပြီးသားပါ။ နောက်နေ့တွေမှာ Minerတွေအကြောင်း ကျွန်တော်ရေးသွားပါမယ်။ China Manufacturing Dataနဲ့ Euro affectကြောင့် Commoditiesဈေးတွေ ကျတာကလည်း Minersတွေကို ဒုက္ခပေးနေပါတယ်။

US Market - Finally
US Marketဟာ ပြီးခဲ့တဲ့ သောကြာနေ့က Goldman Sachsကို Criminal Investigationလုပ်မယ်ဆိုတဲ့ သတင်းထွက်လာတာနဲ့ Financial Firmတွေကို ချရောင်းကြပါတယ်။ Mondayကတော့ Buy at the dipလူတွေ ဘယ်လောက်များသွားသလည်းတော့ မသိဘူး ကမ္ဘာ့အလယ်နဲ့အရှေ့မှာ ပြဿနာတွေတက်နေတာတောင် သူတို့နဲ့မဆိုင်သလို ဝယ်နေကြလို့ Fridayက ကျခဲ့တာအားလုံးလိုလိုပြန်ကာမိပါတယ်။ Manufacturing နဲ့ Consumer Spending Dataတွေထွက်လာတာ ထင်တာထက် ကောင်းတာလည်း ပါပါတယ်။ မနေ့ကတော့ Realityကို သဘောပေါက်သွားကြတယ်။ ရောင်းလိုက်ကြတာ ၂%အသာလေး ပြုတ်သွားတယ်။ NASDAQဆိုရင် ၃%လောက်ပြုတ်သွားတယ်။ 

Market Outlookဟာ Still Bearishပါပဲ။ Dow Jones Industrialဟာ EMA30အောက်မှာ မနေ့က ပိတ်ပါတယ်။ မနေ့က ကျတာဟာ ၃လအတွင်းမှာ အကြမ်းဆုံးလည်း ဖြစ်ပါတယ်။ Technicallyကတော့ DJIဟာ 10700ကို Testလုပ်နိုင်ပါတယ်။ Europe, Asiaနဲ့ Australia Marketတွေဟာ လွန်ခဲ့တဲ့အပတ်ကတည်းက already pullbackစနေပါပြီ။ US Marketကို Shortချင်သူများအနေနဲ့ မနေ့ကမှစတာမို့ အချိန်မနှောင်းသေးပါဘူးလို့ ပြောချင်ပါတယ်။ ဒီနေ့ညတော့ ဈေးမပိတ်ခင် တစ်နာရီအထိ အခြေအနေလေး စောင့်ကြည့်လိုက်ပါဦး။

Happy Shorting!

09 February 2010

Uncertainty is the Biggest Enemy


Trading Day ၃၊ ၄ရက်အတွင်း ဖြစ်ပျက်သွားတဲ့ Eventတွေ တော်တော်မနည်းဘူး။ အောက်မှာ တစ်ခုချင်းစီကို Analyseလုပ်ပေးထားပါတယ်။

US Employment Situation
Feb 5ရက်နေ့က Bureau of Labor Statisticsကနေ January 2010ရဲ့ Reportထုတ်ပါတယ်။ ဒီReportမှာ ထူးခြားတာကတော့ 2007အကုန် Recessionဖြစ်ကတည်းက ဘယ်လောက် အလုပ်လက်မဲ့ ဖြစ်ခဲ့သလည်းဆိုတဲ့ Figureကို ပြန်ပြီး Reviseလုပ်ထားတဲ့ Figureတွေ ပါပါတယ်။ သတင်းစာHeadlineမှာ ဖတ်လိုက်ရင်တော့ Unemployment Rateဟာ ၁၀% ကနေ ၉.၇%ကို ကျသွားတဲ့အတွက် တယ်ဟုတ်ပါလားပေါ့။ တကယ်တမ်းကတော့ Unemployment Rateကို ဘယ်လိုတွက်လည်း သိရင် သိပ်ပျော်ဖို့ မကောင်းပါဘူး။ Headline အလုပ်လက်မဲ့ကို တွက်တဲ့နေရာမှာ အဓိကကဘာလဲဆိုတော့ No. of Civilian Labor Forceလို့ ခေါ်ပါတယ်။ အလုပ်ရှိတဲ့သူ + အလုပ်ရှာနေတဲ့သူ၊ အလုပ်လိုချင်ပေမယ့် မရသေးတဲ့သူတွေပေါ့။ Definitionကတော့ အဲဒီလိုရှာနေတဲ့သူတွေဟာ Surveyလုပ်တဲ့နေ့ကနေ လေးပတ်အတွင်းမှာ အလုပ်ရှာနေတဲ့သူတွေဖြစ်ရပါမယ်။ ဒီတော့ လေးပတ်ကျော်သွားလို့ စိတ်ဓါတ်ကျပြီး အလုပ်မရှာတော့တဲ့သူတွေ၊ မရှာချင်တော့တဲ့သူတွေဟာ Civilian Labour Force countထဲမှာ မပါတော့ပါဘူး။ ဒီလို Dropoutတွေများလာတဲ့အတွက် Unemployed Countလုပ်တဲ့နေရာမှာ နည်းသွားပါတယ်။ Economistsတွေဟာ အလုပ်အသစ်တွေတောင် Januaryထဲမှာ ထပ်ထည့်ဖြစ်မယ်မှန်းထာတာ၊ တကယ်တမ်းတော့ ၂၀၀၀၀တောင် ထပ်ပြုတ်ကျပါတယ်။
...

ဒီဇင်ဘာ Unemployed Person countကိုလည်း Reviseလုပ်လိုက်တော့ အစက ၈၅၀၀၀ဆိုရာကနေ သိပ်မများပါဘူး - ၁၅၀၀၀၀ပဲ ဖြစ်သွားပါတယ်။ တကယ့် Unemploymentတွက်တဲ့နေရာမှာ Labor Force Underutilizationကိုပါထည့်တွက်မှ တိုင်းပြည်ရဲ့ တကယ့်အခြေအနေကို ရပါမယ်။ ဒီLinkမှာ သွားကြည့်ပါ http://www.bls.gov/news.release/empsit.t15.htm ။ Item U-6ကမှ အမေရိကားရဲ့ တကယ့် Unemployment Figureပါ။ အစိုးရဟာ အသေးဆုံးဂဏန်းမှ ရွေးပြောတာ မဆန်းပါဘူး :) Summaryပြောရရင် ဒီReportဟာ ကျွန်တော့်အတွက်တော့ Good မဟုတ်ပါဘူး။ Not-badအဆင့်ပဲ ရှိပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ Fridayက Dow Jones Industrial Indexဟာ -၁၆၇ကျပြီးမှ ၁၀,၀၀၀အထက်ကျော်ရုံလေးပဲ ပိတ်သွားပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း DJဟာ Weekly chartမှာ အနှုတ်ပြနေပါတယ်။

ဝက်အန္တရာယ်
PIGS (Portugal, Italy, Greece, Spain)လို့ခေါ်တဲ့ တိုင်းပြည်တွေရဲ့ Deficitတွေဟာ ရှိသင့်ထက် GDPရဲ့ အချိုးထက် အရမ်းများနေလို့ EUက အသုံးချွေတာခိုင်းနေတာကြာပါပြီ။ Greeceအစိုးရက 2012အပြီး Deficit-cutting planကို တင်ပြပေမယ့် Tax hikeတွေ၊ လခလျော့မှာတွေပါတာကြောင့် Greeceက Unionအကြီးတွေဦးဆောင်ပြီး ဒီအပတ်ထဲမှာ ပြည်လုံးကျွတ် ဆန္ဒပြကြမယ် ပြောပါတယ်။ နိုင်ငံရေးမတည်ငြိမ်ရင် Greeceအစိုးရဟာ အပြောနဲ့ အလုပ်ညီပါ့မလားလို့ investorတွေက မယုံကြပါဘူး။ Portugalမှာလည်း အစိုးရရဲ့ Budget လျော့ချရေး ဥပဒေဟာ Oppositionကို ရှုံးပြီး အတည်ပြုမခံရတဲ့အပြင် Oppositionကတင်သွင်းတဲ့ Regional Developmentနဲ့ပတ်သက်တဲ့ Billဟာ ပိုပြီးတောင် Deficitကို ဆိုးစေမယ်လို့ ဆိုပါတယ်။ ကျွန်တော်တကယ်စိတ်ပူတာက Spain။ Spainဟာ ခုချိန်ထိ အပြောခံရတဲ့အထဲပါပေမယ့် Low Keyဖြစ်နေတုန်းပဲ။ သူ့ဘက်က အသံပိုထွက်လာရင် Marketဟာ ဒီ့ထက်ပိုဆိုးလိမ့်မယ်။ ဘာလို့လည်းဆိုတော့ Portugalနဲ့ Greeceပေါင်းမှ EU GDPရဲ့ ၄% မရှိပါဘူး။ Spainကတော့ EU GDPရဲ့ ၈%-၉%လောက်ရှိတဲ့အတွက် သူသာတကယ်ဆိုးပြီဆိုရင် Euro Dollarဟာ ပြုတ်ကျဖို့ပဲရှိပါတယ်။

ကြံကြံဖန်ဖန်နေရာ
ပြီးခဲ့တဲ့ Weekendမှာ G-7 Finance Ministersတွေဟာ Articစက်ဝိုင်းနဲ့သိပ်မဝေးတဲ့ Canadaက Iquluitဆိုတဲ့နေရာမှာ တွေ့ကြပါတယ်။ Meetingရဲ့ outcomeကတော့ အစိုးရတွေဟာ Stimulus packageတွေကို သုံးမြဲဆက်သုံးသွားမယ်ဆိုပါတယ်။ Europeက Ministersတွေကတော့ Greeceကိစ္စနဲ့ပတ်သက်ပြီး ဘာမှပြောဆိုသွားတာမတွေ့ရပါဘူး။ Greeceဟာ သူ့ပြဿနာကို သူရှင်းနိုင်ပါတယ်လို့ ပြောနေကြတုန်းပါပဲ။ ခက်တာက marketက အဲဒီ့စကားကို ရိုးနေပါပြီ။ ဘယ်သူ့မှလည်း မယုံကြတော့ပါဘူး။ G-7 countriesက ဘဏ်တွေကို နောက်တစ်ကြိမ် Crisisဖြစ်ရင် Bailoutလုပ်ဖို့ Insurance Premiumလို စတောင်းဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။ သေချာတာကတော့ ဘဏ်တွေကို တနည်းနည်းနဲ့ ပညာတော့ပေးမယ်ပေါ့လေ။

အသုံးကြမ်းတဲ့ Communistများ
တရုတ်ဘက်ကတော့ နည်းနည်းအသံအေးတယ်။ မနေ့ကတော့ တရုတ်National Pension Fundရဲ့ Chairmanကတော့ တရုတ်ဟာ ဒီနှစ်Juneမတိုင်ခင်တော့ Interest Rateကို တင်ဦးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ တရုတ်ပြည်ရဲ့ ဒီဇင်ဘာ Consumer Priceဟာ ၁.၉%တက်ပြီး GDPကတော့ ၁၀.၇%တက်ပါတယ်။ Consumer Priceဟာ ၄%ထက် ပိုပြီဆိုရင်တော့ အစိုးရဟာ Inflationကို ထိန်းသိမ်းဖို့ Definitely အတိုးနှုန်းတင်ရတော့မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ Marketဟာ Second-half of 2010ကို Predictလုပ်လို့မရအောင် Uncertaintyတွေက များလာပါတယ်။ လက်ရှိကမ္ဘာ့စီးပွားရေးမှာ တရုတ်ပြည်ဟာ အရေးကြီးတဲ့နေရာက ပါပါတယ်။ သူက Slow Downလုပ်ပြီဆိုရင် သူ့လောက်Strongမဖြစ်တဲ့ အကြွေးဘလပွနဲ့ တိုင်းပြည်တွေဟာ ပိုပြီးနှေးသွားနိုင်တယ်လို့ ပြောနိုင်ပါတယ်။

သွားပြန်ပြီ နောက်တစ်ယောက်
မနေ့ညကတော့ အမေရိကားမှာ Democrat Representative John Murthaဆုံးသွားပါတယ်။ သူဟာ Congressမှာ Democratတွေအားထားရတဲ့သူတစ်ယောက်လို့ ဆိုပါတယ်။ Obamaကံဆိုးတာပေါ့။ Republicanတွေသာ ပိုပြီး အာဏာရှိလာမယ်ဆိုရင် Billတစ်ခုကို Approvalဖြစ်ဖို့ အချိန်ပိုကြာပြီး Marketထဲမှာ ပိုပြီး Uncertaintyတွေဖြစ်နိုင်ပါတယ်။

Sydneyမှာ ဘာလုပ်နေကြတာလည်း
ကြိတ်ဝိုင်းဝိုင်းနေတာကတော ကျွန်တော်နေတဲ့ Sydneyမှာပါ။ တိုင်းပြည်၂၄ပြည်က Central Bank အကြီးအကဲတွေဟာ Sydneyမှာ 2-day Meeting လုပ်ဖို့ ဒီနေ့အလျှိုလျှိုရောက်လာကြပါတယ်။ US, EU, Japan, China, India အကုန်ပါပါတယ်။ သူတို့ရဲ့Agendaကတော့ ဘယ်သူမှ သေချာမသိပါဘူး။ သေချာတာကတော့ Montetary Stimulus တွေကို ဘယ်လို ပြန်ရုတ်ကြမလည်း၊ Dubai ကစတဲ့ Sovergin Default issues အစရှိတာတွေတော့ ဆွေးနွေးကြမယ်လို့ ခန့်မှန်းလို့ရပါတယ်။ ဒါပေမယ့် Meetingရဲ့ Outcomeက Marketတွေကို ဘယ်လို Affectဖြစ်မယ်ဆိုတာ ဘယ်သူ့မှ မသိသေးပါဘူး။ Australia Reserve Bank Governor Glenn Stevensဟာ Australiaကို Recessionမဖြစ်အောင် လုပ်နိုင်ခဲ့တဲ့သူမို့လို့ သူ့ဆီမှာလာဆုံကြတာ သိပ်မထူးဆန်းပါဘူး။
ဒါပေမယ့် ဒါဟာလည်း နောက်ထပ် Uncertainty တစ်ခုပါပဲ။

Broken Support
မနေ့ညက DJIဟာ 10,000 marketကို အောင်မြင်စွာ ဖောက်သွားပြီး ပိတ်သွားပါတယ်။ Uncertaintyတွေ လျော့မသွားမချင်း marketထဲမှာ ငွေထားမယ့်သူတွေ နည်းနည်းသွားပါလိမ့်မယ်။ ဒီတော့ လက်ရှိအခြေနေမှာ Marketဟာ Strongly Reboundဖြစ်ဖို့ ဘာမှ လောက်လောက်လားလား Dataမရှိသေးပါဘူး။ ဈေးကျတုန်း ပိုက်ဆံရအောင် မရှာတတ်ရင် ငွေကိုင်ပြီး ဘေးထွက်နေတာကတော့ လက်ရှိမှာ အကောင်းဆုံးပါပဲ။ အောက်မှာ Update DJI Chartကို ပြထားပါတယ်။

“The less government interferes with private pursuits, the better for general prosperity”
Martin Van Buren
American 8th US President (1837-41)