05 May 2010

Uncertainty is back!

What a mess last night! Finally, Americanတွေဟာ China နဲ့ Europeက ပြဿနာတွေ သူတို့ကို ဂယက်ရိုက်တော့မယ်ဆိုတာ သဘောပေါက်သွားကြပါတယ်။ ပြီးခဲ့တဲ့အပတ်က Market Updateနဲ့ ဒီအပတ် Market Updateကြားမှာ ဘာတွေဖြစ်သွားလည်း အောက်မှာ အပိုင်းလေးတွေခွဲပြီး ရေးထားပါတယ်။

Crazy PIIGS
Public Debt ပြဿနာဟာ Greeceတစ်ခုတည်းက လွှမ်းမိုးနေတာ မဟုတ်တော့ပါဘူး။ Investorတွေရဲ့ Concernဟာ Portugalနဲ့ Spainဘက်ကိုပါ မြှားဦးလှည့်နေပါပြီ။ အဓိကကတော့ Spainပါ။ Spainရဲ့ Economyဟာ Greeceထက် လေးငါးဆပိုကြီးတဲ့အတွက် Spainကိုများ Bail outလုပ်ဖို့လိုလာခဲ့ရင် IMFနဲ့ EUဟာ မလုပ်နိုင်လောက်ဘူးလို့ ယူဆကြပါတယ်။ Greeceအတွက်တောင် သုံးလလောက်ကြာပြီးတာတောင် ခုချိန်အထိ အတည်မဖြစ်သေးပါဘူး။ ပါးစပ်ကတိတော့ ပေးပြီးကြပါပြီ။ Spainဟာ EU GDPရဲ့ ၁၀%လောက်ကို ကိုယ်စားပြုတာမို့ သူ့ရဲ့ Deficitကို ကျအောင်မလုပ်နိုင်ရင် Euro zone economyရဲ့ Futureဟာ မသေချာလှပါဘူး။ Spainမှာ Unemployment % ဘယ်လောက်ရှိသလည်း စာဖတ်သူများ သိသလားတော့မသိဘူး - သိပ်မများပါဘူး၊ ၂၀%ထဲပါ။ Spainဘက်ကို မြှားဦးလှည့်သွားလို့ Greeceက ပြီးသွားပြီလားဆိုတော့ မပြီးသေးပါဘူး။ Greeceအစိုးရက ပိုက်ဆံတောင်းတယ်၊ IMFနဲ့ EUက ပေးမယ်ပြောတယ်၊ ဒါပေမယ့် သူတို့အကူအညီတွေဟာ အလကားမလာပါဘူး။ ကြေညာထားပြီးသား Deficit Cutting Planတွေထက် ပိုပြင်းထန်တဲ့ Measureတွေကို Greeceအစိုးရဆီက တောင်းပါတယ်။ အစကတည်းက Protestလုပ်နေတဲ့ Greekတွေဟာ ပိုမကျေမနပ်ဖြစ်ကုန်ကြပြီး ဒီနေ့ May 5မှာ Public sectorရော Private sectorပါ တပြည်လုံးနီးပါး ဆန္ဒပြကြပါမယ်။ Weekendကတည်းက Greek Finance Ministry အရှေ့မှာ တော်တော်လေး ဝရုန်းသုံးကားဖြစ်ပြီးသားပါ။ ဒီတော့ အစိုးရက Cutပါ့မယ်ပြောနေပေမယ့် citizensတွေက ပူညံထနေတဲ့ တိုင်းပြည်ကို Marketက သံသယဖြစ်တာ မဆန်းပါဘူး။ Greeceဟာ ဒီMayလလယ်မှာ Default ဖြစ်နိုင်တယ်ဆိုတဲ့ Uncertaintyဟာ နေ့တိုင်းလိုလို ကြီးကြီးလာပါတယ်။
...
 copyright© AFP

Depleting EUR/USD
EUR/USD currency rateဟာ မနေ့ညက one-year low ဖြစ်သွားပါတယ်။ EUR/USDဟာ Primary Downtrend အောက်ကို ပြန်ကျသွားပါတယ်။ ပိုဆိုးတာကတော့ Strong supportဖြစ်တဲ့ 1.30 markကို ဖောက်ဆင်းသွားတာပါပဲ။ PIIGS ပြဿနာဟာ ဖြေရှင်းရတော်တော်ခက်တဲ့ ဆုပ်လည်းဆူး၊ စားလည်းရူးဆိုသလို ဘာလုပ်လုပ် ကောင်းသတင်း မရှိနိုင်သလောက် ဖြစ်နေပါတယ်။ Bailout မယူဘူးဆိုကြပါစို့ - Greekအစိုးရဟာ Financial Marketတွေကနေ Fundingရှာရပါမယ်။ ဒါပေမယ့် သူတို့ရဲ့ Credit Ratingက စုတ်ချာလွန်းတော့ အတိုးအများကြီး အတောင်းခံရတယ်။ ဒီတော့ Bailoutက မယူလို့မရ။ Bailoutယူတော့ Spending cuttingတွေ ဇွတ်လုပ်ရရော။ Spending cutတယ်ဆိုရာမှာ ဝန်ထမ်းတွေ လခလျော့တာတို့၊ Pension လျော့တာတို့၊ Company taxတွေ ပိုကောက်ရတာတို့ ပါလာပါတယ်။ ဒါတွေအားလုံးဟာ Already Recessionဖြစ်နေတဲ့ တိုင်းပြည်အတွက် မကောင်းပါဘူး။ Recessionဖြစ်ခါစက Stimulus Stimulusဆိုပြီး အကြွေးတွေနဲ့ အသုံးကြမ်းခဲ့တဲ့ဒဏ်ကို အခု Greekတွေ ပြန်ခံရတာပါပဲ။ မနေ့ညက Greek Marketက ၇%နီးပါး၊ Spain Marketက ၅.၄% ကျသွားပါတယ်။ ဒါတွေဖြစ်တာနဲ့ Euroထိုးကျ၊ Euroထိုးကျတော့ US dollar rateတွေတက်၊ US Dollarတက်တော့ US Dollarနဲ့ရှင်းရတဲ့ Oil, Metal စတဲ့ Commoditiesဈေးတွေ ကျကုန်ပါတယ်။ Commoditiesတွေ ဈေးကျတော့ အဲဒါတွေကို အရောင်းအဝယ်လုပ်တဲ့ ကုမ္ပဏီStockတွေ ပြုတ်ကုန်ပါတယ်။ US Dollarမြင့်လေ၊ USက Export Oriented stocksတွေ ဈေးပြုတ်ပါတယ်။

Chinese Market Update
Shanghai Compositeနဲ့ Hang Seng indexတွေဟာ downtrendကောင်းကောင်းပြနေပါတယ်။ တရုတ်အစိုးရဟာ Weekendတုန်းက Bankတွေမှာ ရှိရမယ့် Capital Reserve Ratioကို နောက်ထပ် 50 basis point ထပ်တင်ခိုင်းလိုက်ပါတယ်။ မနေ့ကတော့ Marchလ Chinese Manufacturing Index ထွက်လာပါတယ်။ အရင်လကထက် Slowdownဖြစ်သွားတယ်ဆိုတဲ့ bad newsထွက်လာတာနဲ့ Shanghaiနဲ့ Hang Sengဟာ ဆက်ကျကျတာပါပဲ။ Chinaဟာ ကမ္ဘာ့စီးပွားရေးRecoveryကို ဦးဆောင်နေတယ်ဆိုရင် Chinese Marketတွေ Bear trendဖြစ်နေတာဟာ သတိတကယ်ထားရမယ့် အချက်ဖြစ်ပါတယ်။
သိပ်မပျော်ရတဲ့ Japanese Traderများ
Japanese Marketတွေဟာ May 3-5 National Holidayဆိုပြီး ပိတ်ထားပါတယ်။ သူတို့ အနားယူနေတုန်း တခြားMarketတွေ ဝက်ဝက်ကွဲနေတော့ မနက်ဖြန် ဈေးပြန်ဖွင့်တဲ့အချိန်အထိ အခြေအနေမကောင်းသေးရင် မနက်ဖြန် Nikkeiကတော့ Sell-offဖြစ်ဖို့သေချာနေတာကတော့ ဗေဒင်မေးစရာတောင် မလိုပါဘူး။ Japanese Fund Managerတွေပါ Global Sell-offထဲပါလာရင် တခြားMarketတွေမှာ ပိုဆိုးဖို့ Chanceပိုရှိပါတယ်။

ကိုယ်တို့ Australia
World Mediaတွေမှာ တခြားအစိုးရသတင်းတွေပဲ များလွန်းလို့ ကိုယ်တို့အစိုးရက မနာလိုဖြစ်သလား မသိပါဘူး၊ May 2မှာ Tax Reformဆိုပြီး ၂၀၁၂ကစလို့ Mining Companiesတွေကနေ Taxကို ၄၀%ကောက်မယ်ဆိုပြီး ထပွဲကြမ်းနေပါတယ်။ ၄၀%ဆိုပေမယ့် Govtက ကောက်မှာ၊ Minerတွေကို Rebateပြန်ပေးမှာ အစရှိသဖြင့် ရှုပ်ယှက်ခတ်နေတော့ တကယ်တမ်း Effective Tax Rateဘယ်လောက်ဖြစ်မလည်းဆိုတာ သေချာမတွက်နိုင်သေးပါဘူး။ Australia based ကမ္ဘာ့အကြီးဆုံး Diversified Miner BHP Billitonကတော့ New Taxဟာ သူ့ရဲ့ Current effective tax rate 43%ကနေ 57%အထိတက်သွားစေမယ်လို့ ဆိုပါတယ်။ ဒါဟာ နည်းနည်းနောနော ခုန်တက်သွားတာမဟုတ်ပါဘူး။ Marketဟာ ဒီလိုဖြစ်လာမယ်ဆိုတာ Aprilလဆန်းကတည်းကတော့ Price-inလုပ်ထားပါတယ်။ ဒါကြောင့် BHPတို့ RIOတို့လို Major Minersတွေဟာ USမှာရော၊ UKမှာရော၊ ဒီမှာပါ တစ်လလုံးနီးပါး ကျလာပြီးသားပါ။ နောက်နေ့တွေမှာ Minerတွေအကြောင်း ကျွန်တော်ရေးသွားပါမယ်။ China Manufacturing Dataနဲ့ Euro affectကြောင့် Commoditiesဈေးတွေ ကျတာကလည်း Minersတွေကို ဒုက္ခပေးနေပါတယ်။

US Market - Finally
US Marketဟာ ပြီးခဲ့တဲ့ သောကြာနေ့က Goldman Sachsကို Criminal Investigationလုပ်မယ်ဆိုတဲ့ သတင်းထွက်လာတာနဲ့ Financial Firmတွေကို ချရောင်းကြပါတယ်။ Mondayကတော့ Buy at the dipလူတွေ ဘယ်လောက်များသွားသလည်းတော့ မသိဘူး ကမ္ဘာ့အလယ်နဲ့အရှေ့မှာ ပြဿနာတွေတက်နေတာတောင် သူတို့နဲ့မဆိုင်သလို ဝယ်နေကြလို့ Fridayက ကျခဲ့တာအားလုံးလိုလိုပြန်ကာမိပါတယ်။ Manufacturing နဲ့ Consumer Spending Dataတွေထွက်လာတာ ထင်တာထက် ကောင်းတာလည်း ပါပါတယ်။ မနေ့ကတော့ Realityကို သဘောပေါက်သွားကြတယ်။ ရောင်းလိုက်ကြတာ ၂%အသာလေး ပြုတ်သွားတယ်။ NASDAQဆိုရင် ၃%လောက်ပြုတ်သွားတယ်။ 

Market Outlookဟာ Still Bearishပါပဲ။ Dow Jones Industrialဟာ EMA30အောက်မှာ မနေ့က ပိတ်ပါတယ်။ မနေ့က ကျတာဟာ ၃လအတွင်းမှာ အကြမ်းဆုံးလည်း ဖြစ်ပါတယ်။ Technicallyကတော့ DJIဟာ 10700ကို Testလုပ်နိုင်ပါတယ်။ Europe, Asiaနဲ့ Australia Marketတွေဟာ လွန်ခဲ့တဲ့အပတ်ကတည်းက already pullbackစနေပါပြီ။ US Marketကို Shortချင်သူများအနေနဲ့ မနေ့ကမှစတာမို့ အချိန်မနှောင်းသေးပါဘူးလို့ ပြောချင်ပါတယ်။ ဒီနေ့ညတော့ ဈေးမပိတ်ခင် တစ်နာရီအထိ အခြေအနေလေး စောင့်ကြည့်လိုက်ပါဦး။

Happy Shorting!

No comments:

Post a Comment