12 December 2011

Santa Rally? Don't bet on it

Octoberလကုန်က Perfect Shorting Opportunityပြောပြီးကတည်းက Shortလို့ကောင်းလိုက်ပုံများ Novemberလကုန်တဲ့အထိပါပဲ။ Novemberလကုန်မှာ ပြန်ပြီးRecoverဖြစ်တာကလည်း Central Bankersတွေပေါင်းပြီး USD Fundingကို ပေါပေါလောလောချေးပေးမယ်လို့ Announceလုပ်ခဲ့လို့ Intense Short-covering rallyဖြစ်ခဲ့တာပါ။ Shortထားတဲ့သူတွေဟာ အမြတ်ယူဖို့ (သို့) အရှုံးကို cutလုပ်ဖို့ Marketထဲကနေပြန်ဝယ်ရပါတယ်။ အဲဒါကို Short-coverလုပ်တယ်လို့ ခေါ်တာပါ။

Same old Same old EU Summit
ပြီးခဲ့တဲ့အပတ်ကြာသာပတေးနဲ့ သောကြာကလုပ်သွားတဲ့ EU Summitကနေ Credible Crisis Resolution Plan/Policyတစ်ခုခုထွက်လာမယ်လို့ မျှော်မှန်းချက်ကြီးကြီးထားပြီး ဝယ်ခဲ့ကြတဲ့Bullတွေကို ကျွန်တော်ကတော့ ကျေးဇူးတင်ပါတယ်။ Shortဖူးသမျှထဲမှာ Euro-phoria (false hope on Eurozone leaders to contain the crisis) rallyဟာ Safeအဖြစ်ဆုံးနဲ့ အမြတ်အစွန်းအကောင်းဆုံးပါပဲ။ Eurozone Leadersတွေရဲ့ အေးတိအေးစက်နဲ့ လှုပ်တုတ်တုတ်လုပ်တတ်တဲ့ Habit/Attitudeတွေဟာ အရမ်းကိုPredictable/Reliableဖြစ်ပါတယ်။ EU Summitအဝင် Market Rallyဖြစ်မယ်ဆိုတာလည်း အရင်လတွေက အတွေ့အကြုံကိုအသုံးချတတ်ရင် သိနိုင်ပါတယ်။ EU Summitကနေ ဘာမှမယ်မယ်ရရထွက်လာမှာ မဟုတ်ဘူးဆိုတာကိုလည်း Riskနည်းနည်းနဲ့ Shortနိုင်ပါတယ်။ အခုဆိုရင် Summitလည်းပြီးပြီ၊ Eurozone Crisisအတွက် ဘာမှSolutionလည်းမရှိ၊ Marketတွေဟာ ဘာကိုအားကိုးပြီး Rallyဆက်ဖြစ်မလည်းဆိုတာ Big Question Markပါ။ ဒါကြောင့် Trading Directionဟာ still downsideပါပဲ။

Shanghai Composite : The Stock Market of the World's Growth Engine
Shanghai Composite Indexဟာ Western Countries Indexတွေ ဘယ်လိုပဲ တက်နေတက်နေ သူကတော့ အောက်မှာ ဝပ်နေတာပါပဲ။ Shanghai Compositeဟာ Normally ၃လကနေ ၆လလောက်ကြိုပြီး Other indicesတွေကို Leadလုပ်တတ်ပါတယ်။ Currencyနဲ့ Treasury Bond Marketsတွေကြည့်ရင်လည်း Downtrendပါပဲ။ လေထဲမှာ မြောက်တက်နေတာ US Indicesတွေပဲရှိပါတယ်။ ဒါကြောင့် US Indexတွေဟာ တခြားTrendတွေကို သိပ်မကြာခင်မှာပဲ Catch-upလုပ်ဖို့Chanceဟာ Santa Claus Rallyဖြစ်ဖို့ Probabilityထက် ပိုကောင်းပါကြောင်း။

Still Happily Shorting Every Rally! Ho Ho Ho!

Shanghai Composite

S&P500

10-yr US Treasury Bond Yield