Showing posts with label Trading Plan. Show all posts
Showing posts with label Trading Plan. Show all posts

22 January 2010

မရှိမကောင်း ရှိမကောင်း


ကမ္ဘာကြီးရဲ့ စီးပွားရေးအခြေအနေလည်း တော်တော်လေး Stableဖြစ်လာပြီး၊ Stock marketလည်း သိပ်ပြီး Volatileဖြစ်နိုင်တယ်လို့ မထင်တော့တာမို့ ဒီPostကို ရေးလိုက်ပါတယ်။ Technical Analysisပိုင်းလည်း ရေးနေတာ များနေပြီမို့ Topicပြောင်းတဲ့သဘောလည်း ပါပါတယ်။

အရင်တုန်းကကျွန်တော်အပါအဝင် Stock marketထဲ ဝင်ခါစသူအားလုံးလိုလိုဟာ ကိုယ်စုထားတဲ့ပိုက်ဆံထဲက တချို့တဝက်ကို Investလုပ်လေ့ရှိပါတယ်။ ငါးထောင်ဆိုရင် ငါးထောင်၊ တစ်သောင်းဆိုရင် တစ်သောင်း ကိုယ့်မှာ အဆင်ပြေသလိုပေါ့။ ဒါပေမယ့် တကယ်ရေရှည် စီးပွားဖြစ်စလုပ်လာပြီဆိုရင် ကိုယ့်ပိုက်ဆံချည်းပဲနဲ့တော့ မကိုက်ဘူး။ ဘာလို့လည်း ဆိုတော့ ကိုယ့်မှာရှိမယ့်ပိုက်ဆံနဲ့ ဘယ်နUnitမှ သိပ်ဝယ်လို့မရလို့ပါပဲ။

ဒီတော့ ပိုပြီးEfficientဖြစ်ချင်ရင်တော့ သူများပိုက်ဆံကို ယူသုံးရပါမယ်။ Financialလောကမှာတော့ သူများပိုက်ဆံယူသုံးတာကို Leveraging/Gearingလုပ်တယ်လို့ ခေါ်ပါတယ်။ ဒီလိုလုပ်ဖို့ ကိုယ့်ရဲ့ Stock Brokerဆီမှာ Margin Loan Accountဖွင့်ရပါမယ်။ သူများပိုက်ဆံ ယူသုံးတာ ကောင်းတာရှိသလို ဆိုးတာလည်း ရှိပါတယ်။ ဒါကတော့ ဘာလုပ်လုပ် Carrot & Stickကတော့ ရှိတာပါပဲ။ ကိုယ့်မှာ Skillနဲ့ Experienceရှိလာပြီဆိုရင် Carrotများများ၊ Stickနည်းနည်းဖြစ်အောင် လုပ်နိုင်လာပါလိမ့်မယ်။
...

Margin Loanဖွင့်ရင် အိမ်ကြွေးလျှောက်သလိုပဲ ကိုယ့်ရဲ့ Financial Statementတွေ၊ Assetဘယ်လောက်ရှိလဲ၊ ဝင်ငွေဘယ်လောက်ရှိလဲ စသဖြင့် ဖြည့်ရပါတယ်။ ကိုယ့်မှာ ပုံမှန်ဝင်ငွေရှိဖို့က အရေးအကြီးဆုံးပါပဲ။ ဘာလို့လည်းဆိုတော့ Brokerက အတိုးလိုချင်တာကိုး။ အတိုးမှန်ဖို့က ကိုယ့်မှာဝင်ငွေမှန်(သို့)ကောင်းဖို့လိုပါတယ်။ Loan Amountကတော့ သာမန်အိမ်ကြွေးလောက် များလေ့မရှိပါဘူး။ Professional တွေကတော့ များတာပေါ့။ သိန်းသန်းချီနိုင်တယ်။ စလုပ်လုပ်ချင်းလူတစ်ယောက်အတွက်ကတော့ အနည်းဆုံး ၂၀,၀၀၀လောက်ကနေ ၅၀,၀၀၀လောက် ချေးသင့်တယ်။

Margin Accountရပြီဆိုရင် Brokerက ကိုယ့်ကို Credit Cardပေးထားသလို ၅၀,၀၀၀ဆိုလည်း ၅၀,၀၀၀အလျောက် အဲဒီ့လောက်အထိချည်းမယ်ဆိုပြီး Credit Limitချပေးထားပါလိမ့်မယ်။ ကိုယ်ဝယ်တာများလာရင် များလာသလို အဲဒီ့Limitဟာ ပြည့်လာပါလိမ့်မယ်။ ဒီတော့ Margin Accountနဲ့ ဘယ်လို Tradeလုပ်သလည်း ကြည့်ရအောင်။

Margin Accountနဲ့ Stockတိုင်း ဝယ်လို့မရပါဘူး။ Brokerတိုင်းမှာ သူတို့ သတ်မှတ်ထားတဲ့ a group of Blue-chip / Big corporate Stocksတွေရှိပါတယ်။ Small cap(သို့)နာမည်သိပ်မရှိတဲ့ Stockတွေဆိုရင် ကိုယ့်ပိုက်ဆံနဲ့ပဲ ကိုယ်ပဲ ဝယ်လို့ရပါတယ်။ Riskများတာကြောင့် Brokerက သူ့ပိုက်ဆံနဲ့ ပေးမဝယ်ပါဘူး။ စိတ်ချရတဲ့ အိမ်ဝယ်ရင်တောင် အလွန်ဆုံး ၉၀%ပဲချေးတတ်တာမို့ Paper Assetဖြစ်တဲ့ stockလိုဟာမျိုးကတော့ အလွန်ဆုံးချေးရင် ၇၅%လောက်ပဲ ချေးလေ့ရှိကြပါတယ်။ ဥပမာ ၁သိန်းဖိုးဝယ်မယ်ဆိုရင် Brokerက ၇သောင်းခွဲပဲ ချေးမယ်ပေါ့။ ကိုယ်ကတော့ ၂၅,၀၀၀ အိတ်စိုက်ရပါမယ်။

Individual Stockတစ်ခုချင်းစီပေါ်မူတည်ပြီး ချေးမယ့် ရာခိုင်နှုန်းတွေလည်း မတူနိုင်ပါဘူး။ သိပ်Volatileမဖြစ်တဲ့ stockဆိုရင် ၇၅%ဖြစ်နိုင်ပေမယ့် နည်းနည်းလှုပ်တတ်တဲ့ Stockဆိုရင်တော့ ၆၀%(သို့)၅၀%လောက်အထိပဲ ချေးနိုင်ပါတယ်။ ဒီ%တွေဟာလည်း Brokerရဲ့ Discretionအတိုင်း အချိန်မရွေးပြောင်းလဲနိုင်ပါတယ်။ Blue-chip stockတွေကို ကြည့်ရင် ကိုယ့်Brokerက ဘယ်လောက်%ချေးမလည်းဆိုတာ ရှိသင့်ပါတယ်။ မရှိတော့လည်း Margin Accountနဲ့ Tradeလို့မရဘူးပေါ့။

Margin Accountနဲ့ဝယ်မယ်ဆိုရင် သိရမယ့် Financial Termလေးတွေရှိပါတယ်။ ပထမက Portfolio Value။ Portfolio Valueဆိုတာရှင်းပါတယ်။ ကိုယ့်ရဲ့ Portfolio ရဲ့ Market Value (သို့) ပေါက်ဈေးတိုင်းတွက်ထားတဲ့ Latest Valueပေါ့။ ဒုတိယက Lending Value - ဒါကတော့ ကိုယ်ချေးထားတဲ့ %အတိုင်း အချိုးညီတဲ့ ပေါက်ဈေးနဲ့တွက်ထားတဲ့ Valueပါ။ တစ်နည်းအားဖြင့် Brokerပိုက်ဆံပေါ့။ တတိယက ကိုယ်ဝယ်တုန်းက သူချေးထားတဲ့ တကယ့် Loan Amount / Loan Balanceပါ။ Portfolio နဲ့ Lending Valueဟာ Marketနဲ့ အညီလိုက်ပြောင်းနေပါမယ်။ Loan Amountကတော့ ကိုယ့်ရဲ့ ဝယ်ရောင်းလုပ်တာတွေအပေါ်မူတည်ပြီး ပြောင်းလဲပါမယ်။

ပြောရလွယ်အောင် Traderတစ်ယောက်ဟာ ကိုယ့်ငွေ ၃၀,၀၀၀နဲ့ Brokerငွေ ၇၀,၀၀၀ ယူပြီး ၁၀၀,၀၀၀ တန်Portfolioကို Buildလုပ်တယ်ဆိုကြပါစို့။ ၅၀တန် Stockတစ်ခုကို ကိုယ့်ငွေပဲသုံးပြီး Investလုပ်တဲ့သူနဲ့ Marginနဲ့ Tradeလုပ်တဲ့သူ အခြေအနေကောင်းခဲ့ရင် ဘယ်လိုကွာသွားမလည်း ကြည့်ရအောင်။

ကိုယ့်ပိုက်ဆံပဲသုံးမယ်ဆိုရင်
တစ် Unit = $50၊ ၃၀,၀၀၀ပိုက်ဆံရှိရင် Unit 600ရပါမယ်။ တစ်နှစ်ကြာတော့ ၇၀ဖြစ်သွားတယ် ဆိုပါစို့။ သူ့ရဲ့ Profitဟာ ၇၀-၅၀ x ၆၀၀ = ၁၂,၀၀၀ မြတ်ပါမယ်။ ကြားထဲမှာ Dividendက တစ်Unitကို တစ်နှစ်ကို ၁ကျပ်ရတယ်ဆိုရင် Dividendဘက်က ၆၀၀ထပ်ရပါမယ်။ ဒီတော့ Total Return ဟာ ၁၂၀၀၀ + ၆၀၀ = ၁၈,၀၀၀ ဖြစ်ပါတယ်။

Marginနဲ့ဆိုရင်
တစ် Unit = $50၊ ၁၀၀,၀၀၀ပိုက်ဆံရှိရင် Unit 2000ရပါမယ်။ တစ်နှစ်ကြာတော့ ၇၀ဖြစ်သွားတယ် ဆိုပါစို့။ သူ့ရဲ့ Profitဟာ ၇၀-၅၀ x ၂၀၀၀ = ၄၀,၀၀၀ မြတ်ပါမယ်။ ကြားထဲမှာ Dividendက တစ်Unitကို တစ်နှစ်ကို ၁ကျပ်ရတယ်ဆိုရင် Dividendဘက်က ၂,၀၀၀ထပ်ရပါမယ်။ ဒီတော့ Total Return ဟာ ၄၀,၀၀၀ + ၂,၀၀၀ = ၄၂,၀၀၀ ဖြစ်ပါတယ်။ အတိုးက တစ်နှစ်ကို ၅%ပေးရတယ်ဆိုရင် ၇၀,၀၀၀ x ၅% = ၃,၅၀၀ ဖြစ်ပါတယ်။ ဒီတော့ ၄၂,၀၀၀ကနေ ၃,၅၀၀ ပြန်နှုတ်တော့ ၃၈,၅၀၀ကျန်ပါမယ်။

ဒီတော့ ကိုယ်Investလုပ်ခဲ့တဲ့ Stockက မှန်မှန်လေး Trendနေနိုင်မယ်ဆိုရင် Marginနဲ့ဟာ ပိုပြီး Effectiveဖြစ်မယ်ဆိုတာ သဘောပေါက်လောက်ပါပြီ။ ဒါက Sunny Day Scenario။ ကိုယ်ရွေးခဲ့တဲ့ Stockက ရှုံးခဲ့ရင်ရော။

Tradingမှာ အမြဲမှန်တဲ့ Conceptရှိပါတယ်။ Rewardနဲ့ Risk Ratioဟာ အမြဲအချိုးညီပါတယ်။ Rewardက များမယ်ဆိုရင် Riskလည်းများပါမယ်။ (ဒါကြောင့်လည်း Riskမရှိသလောက်နည်းတဲ့ ဘဏ်တိုးဟာ Rewardကလည်း ဖွတ်လောက်ရပါတယ်။) ဒီတော့ Margin Tradingမှာ ရှုံးခဲ့ရင် Brokerက သူ့ပိုက်ဆံလေးပါမသွားအောင် Designလုပ်ပြီးသားဖြစ်ပါတယ်။ ဒါကတော့ Margin Callလို့ ခေါ်ပါတယ်။ Market Volatileဖြစ်လို့ Sell-off ဖြစ်ခဲ့ရင် Brokerဟာ Lending Valueကို တွက်နေပါမယ်။ Lending Valueဟာ Loan Balanceအောက် ရောက်သွားမယ်ဆိုရင် သူ့ပိုက်ဆံထိပြီမို့ ကိုယ့်ဆီကို Phoneလှမ်းဆက်ပါလိမ့်မယ်။ Margin Call ခေါ်ခံရပြီဆိုရင် ကိုယ့်ဘက်က ဘာလုပ်နိုင်သလည်း။ လုပ်နိုင်တာ သုံးခုရှိပါတယ်။

၁) ကိုယ့်ငွေထပ်ထည့်ပြီး Loan Balanceကို ကျသွားအောင် လုပ်လို့ရပါတယ်။
၂) ရှိတဲ့ stock တစ်ချို့တစ်ဝက်(သို့) အကုန်ရောင်းပြီး Lending Valueကျသွားအောင် လုပ်လို့ရပါတယ်။
၃) ဒါမှမဟုတ် တခြားBrokerဆီက Stockတွေကို Transferလုပ်ပြီး Lending Valueကျသွားအောင် လုပ်နိုင်ပါတယ်။

နံပါတ်(၃)ကတော့ သိပ်မလွယ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ Margin callထိရင် Usually ၂၄နာရီအတွင်း အဲဒီ့ Option ၃ခုထဲက တစ်ခုမဟုတ်တစ်ခု လုပ်ကိုလုပ်ပေးရမှာမို့လို့ပါ။ (၃)က အချိန်ကြာတတ်ပါတယ်။ အလွယ်ကူဆုံးနဲ့ အမြန်ဆုံးကတော့ ကိုယ့်ငွေထပ်ထည့်၊ ပိုက်ဆံမရှိတော့လည်း ရှိတဲ့ Stockလေးရောင်းပေါ့။ ဒါကြောင့် Sell-offဖြစ်ရင် ဈေးကျ၊ ဈေးကတော့ Margin Callတွေထိ၊ Margin Callတွေထိတော့ ထပ်ရောင်းကျနဲ့ ဂျာအေးသူ့အမေရိုက်နေတာပါပဲ။

Stockက ၁၀% ရှုံးတယ်ဆိုပါစို့။ ကိုယ့်ပိုက်ဆံနဲ့ပဲ  ဆိုရင် ၃၀၀၀ ပဲ ရှုံးပါမယ်။ Marginနဲ့ဆိုရင် ၁၀,၀၀၀ရှုံးပါမယ်။ အဲဒီ့တစ်သောင်းဟာ ကိုယ့်ပိုက်ဆံက ၃၀,၀၀၀ဆိုတော့ ၃၃% တကယ်ရှုံးတာပါ။ ရှုံးရှုံးမြတ်မြတ် အတိုးကလည်း ပေးရဦးမယ်။ ဒါပေမယ့် အတိုးကို Dividendလေးကတော့ နည်းနည်းကာမိမှာပါ။

ဒီလောက်ဆိုရင် Margin Loanရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို အပေါ်ယံတော့ သဘောပေါက်လောက်ပါပြီ။ နှစ်ဘက်သွားဓါးလိုပဲ မသုံးတတ်ရင် ကိုယ့်ကိုယ်ကို ပြန်လျှနိုင်တာ Margin Loanပါပဲ။ သုံးတတ်လာရင်လည်း အချိန်အတူတူတွင်းမှာ ကိုယ့်ပိုက်ဆံပဲသုံးနေတဲ့သူတွေထက် ကိုယ်က ခရီးပိုရောက်နိုင်ပါတယ်။ Stockရွေးတဲ့နေရာမှာ Dividend ကောင်းကောင်းပေးတဲ့ Stockကို ရွေးနိုင်ရင် အဲဒီ့ Dividendဟာ Loan Interestကို တော်တော်များများCoverလုပ်နိုင်ပါတယ်။ Stop-loss ကတော့ Margin Loanနဲ့ Investလုပ်မယ်ဆိုရင် မရှိမဖြစ်လိုပါတယ်။ ကိုယ်ကမထားလည်း Brokerဆီက သာယာတဲ့ Phone Callလေး အချိန်တန်ရင် ရပါလိမ့်မယ်။

Happy Borrowing

PS : Please do not treat this post as a financial advice. Please consider carefully whether Margin Loan are appropriate for your investing/trading skills and experience and your financial goals.

09 November 2009

STOP!



ဒီPostကတော့ Passive Investorတွေထက် Active Traderတွေအတွက် ပိုသင့်တော်ပါတယ်။ ဒါပေမယ့် Passive Investorတွေလည်း သိသင့်တယ်။ သတင်းစာတွေထဲမှာ သာမန်Middle Class Investorတွေကို ဘယ်လိုခေါ်လည်း ဖတ်ဖူးသလားတော့ မသိဘူး။ Mom-and-dad-investorတွေလို့ ရေးလေ့ရှိပါတယ်။ Mom-and-dad-investorတွေဟာ အများအားဖြင့် သူများဆီကရတဲ့ Tipတွေ၊ သတင်းစာထဲက Finance Sectionက Recommendလုပ်တာတွေကိုဖတ်ပြီး ကောက်ဝယ်လေ့ရှိတယ်။ အဲ ဝယ်ပြီးရင်တော့ အများစုဟာ ဘဏ်ထဲက ငွေလိုပဲထင်ပြီး ပစ်ထားလေ့ရှိတယ်။ Buy-and-pray Modelလို့လည်း တချို့ခေါ်ကြတယ်။

အဆိုးဆုံးကတော့ ဘယ်လောက်ဈေးကျရင်တော့ ငါတော့ရောင်းလိုက်မယ်ဆိုပြီး Stop-loss targetမရှိတတ်ကြပါဘူး။ ဒီတော့ မနှစ်ကလို Marketလည်းပျက်ရော၊ ပြန်တက်လာနိုးနိုးနဲ့ စောင့်ရင်းစောင့်ရင်းနဲ့ပဲ လုံးပါးပါးချင်ပါး၊ ဒါမှမဟုတ် မေ့ထားလိုက်ကြတယ်။ Mom-and-dad-investorတွေရဲ့ အဓိကအားနည်းချက်ကတော့ မြတ်တာပဲမြင်ချင်၊ ကြားချင်တယ်။ ရှုံးခဲ့ရင် ဘာလုပ်ရမလည်းဆိုတဲ့ Plan Bကို သိပ်မတွေးတာများတယ်။
...

Professionalတွေ ဝယ်တဲ့စနစ်နဲ့ Mom-and-dad-investorတွေဝယ်တာ အရမ်းကွာတယ်။ Proတွေဟာ မဝယ်ခင်ကတည်းက ဘယ်လောက်အရှုံးခံမလည်းဆိုတာ ဦးဆုံးစဉ်းစားပြီးမှ ကျန်တာဆက်လုပ်တယ်။ ဘယ်လောက်အရှုံးခံမလည်းဆိုတာ Mom-and-dad-investorတွေထဲမှာလည်း စဉ်းစားတဲ့သူတွေရှိပါတယ်။ ဒါပေမယ့် ယေဘုယျတွက်လေ့ရှိတာကတော့ ဘယ်လောက်% ရှုံးခဲ့ရင် ရောင်းမယ်ဆိုတာပါပဲ။ ဥပမာ ဝယ်ဈေးထက် ၅%၊ ၁၀% (သို့) ၁၅%ရှုံးခဲ့ရင်တော့ရောင်းမယ် အစရှိသဖြင့်ပေါ့လေ။

Proတွေက ဘာပါထည့်စဉ်းစားလည်းကြည့်ရအောင်။ Proတွေဟာ သူတို့ရဲ့ Investment/Trading capitalကိုပါ ထည့်စဉ်းစားတယ်။ သေချာStock tradingမလုပ်ဘူးရင် ဒီConceptဟာ နည်းနည်းစိမ်းနေပါလိမ့်မယ်။ တကယ်တမ်းတော့ တော်တော်လွယ်ပါတယ်။ Proတွေဟာ ကိုယ့်မှာရှိတဲ့ Total Capitalရဲ့ 2%ကနေ 3%အထိပဲ Tradeတစ်ခုစီအတွက် Riskယူတတ်ကြတယ်။ ဥပမာ - Traderတစ်ယောက်မှာ $100,000 capitalရှိတယ်ဆိုကြပါစို့။ ဒါဆိုရင် သူဟာ ၂၀၀၀ကနေ ၃၀၀၀အထိပဲ အရှုံးခံဖို့ ပြင်ဆင်ထားပါတယ်။ ဒါထက်ပိုပြီး Riskယူဖို့ လုံးဝPlanမရှိဘူး။

Main Idea behind this conceptကတော့ Traderတစ်ယောက်အနေနဲ့ Rule No.1 ဟာ Profitရဖို့မဟုတ်ပါဘူး။ Capital Preservationဟာ ပိုအရေးကြီးပါတယ်။ ဒီတော့ ၂%ပဲ Riskရင် သူ့အတွက် နောက်ထပ်အကြိမ် ၄၉ခါ Tradeနိုင်ပါသေးတယ် - (၂% x ၅၀ကြိမ် = ၁၀၀%)။ ၃%ဆိုရင် ၃၂ခါကျန်နိုင်ပါတယ်။ ဒါကြောင့် Stock Priceပေါ်မှာ အရှုံးခံတဲ့ %ထက် Capitalပေါ်မှာ အရှုံးခံတဲ့ Amountက Survivalအတွက် ပိုအရေးကြီးတယ်။ Marketထဲကနေ Wash Outဖြစ်သွားတဲ့ Loserအများစုဟာ ဒီအကြောင်းကို ကြားတောင်မကြားဖူးတဲ့သူတွေ ဖြစ်ဖို့Chanceတော်တော်များမယ်။

အောက်မှာ Stock Priceပေါ်မှာရော၊ Capitalပေါ်မှာပါ Riskယူမယ့် %ပေါ်မူတည်ပြီး ကိုယ်ဘယ်လောက် ဝယ်သင့်သလည်းဆိုတဲ့ Spreasheetလေးပြထားပါတယ်။ Capitalကို ၁၀၀၀၀လို့ Assumeလုပ်ထားပါတယ်။


Stock Price $ 30 30 30 30 30
acceptable loss as % of price 5% 10% 15% 20% 25%
acceptable $ loss over price 1.5 3 4.5 6 7.5






Capital $ 10000 10000 10000 10000 10000
acceptable loss as % of capital 3% 3% 3% 3% 3%
acceptable $ loss over capital 300 300 300 300 300






Position Size / Units / Volume 200.00 100.00 66.67 50.00 40.00
Position $ 6000 3000 2000 1500 1200

ဒီဥပမာကနေ ဘာကိုConclusionဆွဲလို့ရလည်းဆိုတော့ Capitalပေါ်မှာ Riskယူတဲ့Amountဟာ Fixedမို့လို့ Stock ပေါ်မှာ Riskများများယူတိုင်း ဝယ်သင့်တဲ့ Unitတွေ လျော့လျော့သွားတာတွေ့ပါလိမ့်မယ်။ နောက်တစ်မျိုးတွေးနိုင်တာကတော့ ကိုယ်က Stop-lossကို စောစောဖြတ်ရင် အစမှာ များများဝယ်နိုင်တာကို တွေ့ပါလိမ့်မယ်။

Stop-loss သတ်မှတ်ပြီး လိုက်နာတာဟာ Professionalနဲ့ Mom-and-dad-investorတွေကြားက အဓိက ကွာဟချက်ပါပဲ။ Stop-lossကိုသတ်မှတ်တဲ့အခါ ကိုယ့်မှာရှိတဲ့ပိုက်ဆံ၊ Stock priceနဲ့ Capitalပေါ်မှာ Riskယူမယ့် %ပေါ်မူတည်ပြီး Position sizeကွဲပြားသွားတာကို နားလည်ရမယ်။ Stop-lossမရှိရင် Helmetမပါပဲ ဆိုင်ကယ်စီးသလို လဲပြုခဲ့ရင် ပိုပြီးနာဖို့ သေချာပါတယ်။ ဒါကြောင့် Tradingမလုပ်ခင် ကိုယ့်ရဲ့ Stop-lossနဲ့  Position sizeကို သေချာDefineလုပ်ဖို့ ကြိုးစားပါလို့ တိုက်တွန်းချင်ပါတယ်။

Happy Investing!

PS : ဒီ့ထက် ပိုအဆင့်မြင့်တဲ့ Stop-lossလုပ်နည်းတွေကို နောက်ပိုင်းမှာ ရေးသွားပါမယ်။

02 November 2009

The Last 'M'

3Mထဲက Methodနဲ့ ပတ်သက်တာတွေ ဆက်တိုက်ရေးလာလို့ အခုAnother Mဘက်ကို နည်းနည်းပြောပါရစေ။ တကယ်တမ်းတော့ ဒီMအကြောင်း ပြောကိုမပြောရသေးပါဘူး။ Mindsetအကြောင်းအစချီပြီးသွားပြီ၊ Methodအကြောင်းလည်း Basicအချို့တော့ ပြောပြီးသွားပြီ။ 3Mကို လှည့်ရေးသွားမယ်လို့ အရင်ကပြောခဲ့တဲ့အတိုင်း အခုဒီPostမှာ Management အကြောင်းပြောပါမယ်။

Managementဆိုတဲ့ စာလုံးက တစ်လုံးတည်းနဲ့ တော်တော်ကျယ်ပြန့်ပါတယ်။ Trader/Investorတစ်ယောက်နဲ့ ပတ်သက်တဲ့ Managementတွေကတော့

၁) Trade Management
၂) Portfolio Management
၃) Tax Management
၎) Wealth Management အစရှိသဖြင့် အများကြီးရှိပါတယ်။ အခြားManagementတွေရှိပါသေးတယ်။ ဟုံသွားမှာစိုးလို့ အခုတော့ ဒီလောက်သိရင် လုံလောက်ပါတယ်။
...

Trade Managementကနေစရအောင်။ Tradeတစ်ခုကို ဘာများManagementလုပ်ဖို့လိုသလည်းလို့ ထင်ချင်ထင်မယ်။ ဝယ်ပြီး ပြန်ရောင်းတာများပေါ့။ သာမန်လူတွေဟာ အများအားဖြင့် သူများဝယ်ရင်လိုက်ဝယ်ပြီး၊ သူများရောင်းရင် လိုက်ရောင်းတယ်။ ဘယ်လောက်မှာ ဝယ်ပြီး၊ ဘယ်လောက်မှာရောင်းမယ်၊ ဘယ်လောက်ဖိုးဝယ်မယ်၊ ဘယ်လောက်ကြာအောင် ကိုင်ထားမယ်၊ ဘယ်လောက်အထိအရှုံးခံမယ် အစရှိတဲ့ Trading Planတော့ မရှိသလောက်ကို မလုပ်ကြဘူး။ မရှိတာထက် မသိတာလည်း ပါပါတယ်။ Trading Planတစ်ခုမှာ ပါကိုပါရမယ့် Main Fieldတွေကတော့

၁) Entry Price - ဘယ်လောက်ဈေးနဲ့ ဝယ်မလည်း
၂) Profit-taking price - ဘယ်လောက်မြတ်ရင် ရောင်းမလည်းဟာ ဒီဈေးကို သတ်မှတ်မယ်
၃) Stop-loss price - ဘယ်လောက်ရှုံးရင် ရောင်းမလည်းဟာ ဒီဈေးကို သတ်မှတ်မယ်
၎) If Entry price is not achievable with initial bids, how far you would go chasing it? - Entry Priceမရခဲ့ရင် ဘယ်ဈေးအထိလိုက်ပေးဝယ်မလည်း
၅) ဘယ်နှစ်ပတ် (သို့) ဘယ်နှစ်လ ကိုင်ထားမှာလည်း

အစရှိသဖြင့် ကိုယ့်ကိုယ်ကို မညာတမ်းမေးပြီး၊ Stock Quoteနဲ့တကွ Record လုပ်ထားဖို့လိုပါတယ်။ ပိုအရေးကြီးတာက ကိုယ့်ရဲ့ Trading Planကို ကိုယ် Followလုပ်ဖို့လိုပါတယ်။ Self-discipline မရှိရင် Traderမဖြစ်နိုင်ပါဘူး။

Portfolio Managementဟာ ကိုယ့်ရဲ့ Risk Toleranceနဲ့ အများကြီးပတ်သက်ပါတယ်။ ကိုယ်က Short term price fluctuationကို ဘယ်လောက်သည်းခံနိုင်သလဲ (Your stop-loss price)၊ ဘယ်လို Investment Typeတွေကို ကိုယ်က စိတ်ဝင်စားသလည်း ပေါ်မူတည်ပါတယ်။ ဘယ်လိုSectorတွေကိုကိုယ်က ရင်းနှီးမြှပ်နှံချင်တာလည်းလည်း သိဖို့လိုတယ်။ ဥပမာ - Conservativeနည်းနည်းဖြစ်တဲ့ Investorတစ်ယောက်ရဲ့ Portofolioတစ်ခုဟာ အောက်မှာပြထားတာမျိုး ဖြစ်နိုင်တယ်။


ကိုယ့်က Riskများများယူရဲတဲ့သူဆိုရင် Propertyက လျော့သွားပြီး Stockတွေချည်းများများကိုင်တဲ့ Portfolioလည်း ဖြစ်နိုင်ပါတယ်။ Asset typeတစ်မျိုးချင်းစီကမှ တခါထပ်ပြီး Sectorအလိုက် ထပ်ခွဲနိုင်ပါတယ်။ အောက်မှာ Sectorအမျိုးမျိုးခွဲပြီး Investလုပ်ထားတဲ့ Stock Portfolioတစ်ခုကို ပြထားပါတယ်။


General Rule of Thumbကတော့ Asset Typeများလေ၊ Sectorများလေ၊ ကောင်းလေပဲဖြစ်ပါတယ်။ တချို့ကတော့ Diversified Portfolioလို့ ခေါ်လေ့ရှိကြတယ်။ ကျွန်တော့်အမြင်ကတော့ အများကြီးရှိစရာမလိုပါဘူး။ ဒါပေမယ့် တစ်ခုထဲ မည်းပြီးပိုက်ဆံတွေကို ရင်းနှီးမြှုပ်နှံထားတာလည်း မကောင်းပါဘူး။ Asset Type သုံးမျိုးလောက်နဲ့ Stockအတွက် Sector သုံးမျိုးလောက်ဖြန့်ပြီး Investလုပ်ထားရင် Riskကိုလည်း Balanceလုပ်ထားရာရောက်မယ်၊ ကိုယ်လည်း Manageလုပ်ရသက်သာမယ်။

Tax Managementကတော့ လူအများစု အမြဲလျစ်လျူရှုထားတတ်တဲ့ areaပါ။ နှစ်ကုန်လို့ tax ရှင်းတော့ မြတ်နေရင်လည်း ပေးသင့်တာထက် ပိုပေးမိမယ်၊ ရှုံးရင်လည်း ရသင့်သလောက် tax offset/refundမရတာမျိုးတွေ ဖြစ်တတ်တယ်။ best ruleကတော့ investမလုပ်ခင်မှာ ဘယ်နာမည်နဲ့ဝယ်မလည်း ကြိုတင်ဆုံးဖြတ်ရပါမယ်။ tax effectiveအဖြစ်ဆုံး နာမည်ကို ရွေးသင့်တယ်။ ဥပမာ - ကိုယ့်နာမည်လား၊ ကိုယ့်သားသမီးနာမည်လား၊ ကိုယ့်မိန်းမ/ယောင်္ကျားရဲ့နာမည်လား၊ ကုမ္ပဏီနာမည်လား၊ Trust fundရဲ့ နာမည်လား အစရှိသဖြင့်ပေါ့။ အကောင်းဆုံးက နာမည်ရှိတဲ့ Accountantနဲ့ တွေ့ ပြီး most tax effectiveဖြစ်မယ့် Structureကို ရွေးရပါမယ်။ tax lawတွေကို Accountantသိသလောက်ရဲ့ သုံးပုံတစ်ပုံလောက်သိရင် အကောင်းဆုံးပဲ။

Wealth Mangementနဲ့ပတ်သက်တာကတော့ အခုပြောရင် နည်းနည်းစောနေလိမ့်မယ်။ ဥပမာတွေကတော့ ကိုယ့် Wealthကို ကာကွယ်ဖို့ ဘာInsuranceရှိသလည်း? ကိုယ့်ရဲ့ Investment Teamက ဘယ်သူတွေလည်း (Mortgage Broker, Accountant, Lawyer, Stock broker, Financial Adviser အစရှိသဖြင့်) သိရပါမယ်။ ကိုယ့်ရဲ့ Cashflowကို ကိုယ်ဘယ်လောက် Controlလုပ်နိုင်သလည်းကလည်း Wealth managementထဲမှာ ပါနိုင်ပါတယ်။

အချုပ်ပြောရရင် အပေါ်မှာ ပြောခဲ့တာမှန်သမျှဟာ 3M - Managementရဲ့ Introductionတွေပဲ ရှိပါသေးတယ်။ အသေးစိပ်တွေကို အလှည့်ကျရင် ပြောသွားပါ့မယ်။ သေချာဖတ်ကြည့်ရင် ကျွန်တော်ပြောသွားတဲ့ထဲမှာ Preparationဟာ ထက်ဝက်မက လွှမ်းမိုးနေတာတွေ့ပါလိမ့်မယ်။ ဒါကြောင့် ကပိုကရို၊ စည်းကမ်းသိပ်မရှိပဲနေလေ့ရှိရင်၊ Plannigလုပ်လေ့မရှိရင် Investorကောင်း မဖြစ်နိုင်ပါဘူး။ ဒီPostဖတ်ပြီး လောလောဆယ်တော့ Stockတစ်ခုမဝယ်ခင် Trading Planလေး ချရေးကြည့်မယ်ဆိုရင် ကျွန်တော်ရေးရကျိုး နပ်ပါပြီ။