29 March 2012

Lock and Load

Golden Trade Postမှာတုန်းက NEMကို 51-52ကြားထဲမှာရရင် ဝယ်သင့်ကြောင်း Recommendလုပ်ခဲ့ပါတယ်။ မနေ့က Price Actionက ကွက်တိပဲ။ မုဆိုးဟာ အမဲကောင်ရေလာသောက်တဲ့အထိ စိတ်ရှည်လက်ရှည်နဲ့ ထိုင်စောင့်ပြီး အမိပစ်ရသလို ကိုယ်ရည်ရွယ်ထားတဲ့ Targetထဲ Share Priceတစ်ခုရွေ့ လာပြီဆိုရင် Tradeဖို့ လက်မနှေးပါနဲ့။ Entryကို သေချာစောင့်ဖမ်းပြီး Stop-lossနဲ့ ကိုယ့်ကိုယ်ကို Protectလုပ်ထားရင် Tradeတစ်ခုဟာ နည်းနည်းပါးပါးရှုံးတာကနေ မြိုးမြိုးမျက်မျက်လေး မြတ်တဲ့အထိပဲ ဖြစ်ဖို့ရှိပါတယ်။
NEM Daily Chart
 Gold (April 2012 Futures)ဟာလည်း ၁၆၅၀နဲ့ ၁၇၀၀ကြားမှာ Consolidationဖြစ်နေပါတယ်။ Central BankတွေGold Reserves Expansionလုပ်တာနဲ့ Physical Buying from India and Chinaတို့ကြောင့် Goldဟာ ဒီကနေ ရုပ်ပျက်ဆင်းပျက် ဆက်ကျစရာတော့ Probabilityနည်းပါတယ်။ ပိုအရေးကြီးတာက အခုရက်ပိုင်းအတွင်းမှာ US Fed Chief Ben Bernankeဟာ တော်တော်လေး အလုပ်များပါတယ်။ သူ့ရဲ့ Recent Speechesတွေမှာ သူ့အနေနဲ့ US Economy(အထူးသဖြင့် Job market) ဖွံ့ဖြိုးမှုကို အားမရကြောင်း၊ Accommodative Monetary Policy (လူတိုင်းနားလည်အောင်ပြောရရင် ပိုက်ဆံရိုက်ထုတ်တာ) လုပ်သင့်ရင် ဆက်လုပ်ရမှာဖြစ်ကြောင်း အစရှိသဖြင့် ပြောလာပါတယ်။ ဒါဟာ Goldကို အရမ်းSupportပေးပါတယ်။

So, in summary, Long NEM. Keep a stop-loss at $49.

Happy Trading!

No comments:

Post a Comment