21 August 2010

It's Traders' Market

Sorry Folks. Been super busy at office and in the market. ရေးမယ်လုပ်လိုက် အလုပ်ကပေါ်လာလိုက်၊ ထTradeလိုက်နဲ့ အခုတလောမရေးနိုင်တာပါ။ တလလောက်အတွင်းမှာ Marketဟာ ငုပ်ချည်ပေါ်ချည်ပဲ။ ဒါပေမယ့် ဒီအပတ်ကစပြီး Bearတွေဟာ ပြန်ပြီးခြေကုပ်ယူလာတာတွေ့ရပါတယ်။ Major Indicesအားလုံးလိုလိုဟာ ဒီအပတ်သောကြာနေ့အပိတ်မှာ EMA200အောက် (Bear Territory)ကို ပြန်ရောက်သွားပါတယ်။

No More Jobless Recovery
Financial Mediaတော်တော်များများဟာ Jobless Recovery, Jobless Recoveryနဲ့ ပြောပြောလာခဲ့ကြတာ မနှစ်ကတည်းကပါပဲ။ ဒါပေမယ့် ဒီလဆန်းကစပြီး USက Jobless ပြဿနာဟာ ပိုဆိုးလာနေပါတယ်။ Federal Reserveကိုယ်တိုင်က Economy Outlookကို ပြန်ပြီးRevised Downလုပ်နေရပါတယ်။ August 6ရက်နေ့က Julyရဲ့ US Employment Situation Reportထွက်လာပါတယ်။ မှန်းထားတာက Net Job Loss 70k, Actualက 131k loss. Private Sector Payrollကတော့ 100kလောက်တိုးမယ်မှန်းထားတာ 71kပဲတိုးပါတယ်။ ပိုဆိုးတာကတော့ Juneလက Private Sector Payroll count 83kကို 31kအထိ Revised Downလုပ်လိုက်တာပါပဲ။ လူဦးရေ သန်း၃၀၀ကျော်တဲ့တိုင်းပြည်မှာ တစ်လကို ပျမ်းမျှအလုပ်ငါးသောင်းလောက် တိုးရုံနဲ့ Recoveryကို အရှိန်ကောင်းကောင်းနဲ့ မရနိုင်ပါဘူး။
...

The New Normal
တပတ်တခါကြာသာပတေးနေ့တိုင်းထွက်တဲ့ Jobless Claimsတွေဟာလည်း ပိုဆိုးလာပါတယ်။ မှန်းထားတာက နည်းနည်းလျော့မလားလို့၊ တကယ်တမ်းတော့ ပိုပိုတိုးလာတယ်။ Initial Jobless Claimsတွေဟာ August 5 weekမှာ Expected 455k, Actual 479k, August 12 weekမှာ Expected 460k, Actual 484k, August 19 weekမှာ Expected 480k, Actual 500k!!! ကန်တော့ပါရဲ့၊ အမေရိကားမှာ သောက်ကျိုးနည်းနေတာတော့ အမှန်ပဲ။ Californiaဦးဆောင်ပြီး Julyလထဲမှာ State and Local Governmentတွေဟာ စုစုပေါင်း လူပေါင်း ၅သောင်းကျော် ဖြုတ်ခဲ့ကြပါတယ်။ အလုပ်လက်မဲ့များလာရင် Consumer Sentiment, Spendingတွေကျလာမှာဖြစ်သလို အနည်းနဲ့ အများလည်း Housing, Retail, Consumer Discretionary အစရှိတဲ့ Sectorတွေကို ထိခိုက်ပါတယ်။

ကြွေးပတ်လည်ဝိုင်းလျက်ရှိသော Presidentကို Obamaဟုခေါ်သည်
USမှာ Housing Foreclosureတွေဟာလည်း Record Highဖြစ်နေပါတယ်။ ဒါတွေအားလုံးဟာ Job Marketနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့အရာတွေပါ။ Obamaနဲ့ Fed Chairman Bernankeတို့ဟာ Bulletလည်း ကုန်သလောက်ဖြစ်နေပါပြီ။ သူတို့လုပ်သမျှဟာလည်း တရုတ်ဆီက ချည်းငှားပြီးလုပ်ရတာ အခုဆိုရင် USရဲ့ Debtဟာ တိုင်းပြည် GDPရဲ့ ၉၀%လောက် ဖြစ်နေပါတယ်။ Obamaမှာ ဘာမှမရှိ၊ အကြွေးထုပ်ကြီးအကြီးကြီးပဲ အခုသူ့ဆီမှာရှိတယ်။ Government Stimulusတွေဟာ အကြွေးတွေနဲ့ အစိုးရတွေက Economic Recoveryဖြစ်မလားလို့ Gambleလုပ်ထားတဲ့ အရာတွေပါ။ ဒါတွေဟာ ထင်သလောက် ခရီးမပေါက်တာ Job Marketနဲ့ Housing Marketက သက်သေပြနေပါတယ်။ Obamaရဲ့ ကြွေးထုပ်ကို အသေးစိပ်သိချင်သပဆိုရင် Funဖြစ်တဲ့ Website တစ်ခုရှိတယ်။ ဒီမှာသွားကြည့်ပါ http://www.usdebtclock.org/

Technicals
Triangle Breakoutလည်း ဦးကျိုးသွားပါတယ်။ Bearish Crossoverတွေလည်း ပေါ်လာပါတယ်။ အောက်က Chartထဲမှာ အသေးစိတ်ပြထားပါတယ်။

It's Traders' Market
Marketထဲမှာ Long term investလုပ်မယ်ဆိုတဲ့သူတွေဟာ သေချာပြန်Reviewလုပ်ရမယ့် အချိန်ရောက်နေပါပြီ။ Dow Jones, S&P500အစရှိတဲ့ Major Indexတွေဟာ Near Termတော့ Range Bound / Sidewaysသွားမယ့်ပုံရှိပါတယ်။ Breakoutဖြစ်ရင်လည်း Bullishထက် Bearishဖြစ်ပြီးနောက်ထပ် Major Correctionဖြစ်မယ့်ပုံသာ ပိုပြီးProbabilityကောင်းပါတယ်။ 

ကျွန်တော်အခုတလောဘယ်လို Tradeနေသလည်းဆိုရင်တော့
  • Short-termပဲ။ သုံးလေးငါးရက်ထက်မပိုဘူး။ ငါးမူးတစ်ကျပ်မြတ်ရင် Close outလုပ်လိုက်တာ ဒီလိုMarket Patternမှာ ပိုပြီး Profitableဖြစ်ပါတယ်။ 4-figureအနည်းဆုံးမြတ်အောင် Volumeနဲ့ ဖိပါ။
  • ဈေးကျမှ Longတာတစ်မျိုးတည်းထက် ဈေးတက်နေတဲ့အခါ (Overbought ဖြစ်တဲ့အခါ)မှာ Shortနိုင်ဖို့လည်း လိုပါတယ်။ ဒါမှလည်း Traderပီသပါမယ်။ ဝယ်ပြီးကိုင်ထားလို့ကတော့ Major Trendမပေါ်သေးတဲ့ Marketမှာ ပိုက်ဆံမဆုံးရင် ကံကောင်းလို့ပဲ ပြောချင်ပါတယ်။

Happy Trading!