24 January 2011

Ripe Enough

ဒီဇင်ဘာလဆန်းကတည်းက ဆက်တိုက်တက်လာတဲ့ US Indicesတွေဟာ လွန်ခဲ့တဲ့အပတ်ကစပြီးတော့ လှုပ်တုတ်တုတ်ဖြစ်နေပါပြီ။ ဒီလိုအချိန်မျိုးမှာ Bond, Currency and Commodity Marketတွေနဲ့တွဲပြီး ကြည့်လိုက်ရင် ဘာဆက်ဖြစ်နိုင်မလည်းဆိုတဲ့ Probabilityကို ပိုပြီးလွယ်လွယ်ကူကူပဲ Analyseလုပ်ကြည့်နိုင်ပါတယ်။

US Indicesတွေကို အရင်စကြည့်ရအောင်။ Dow Jones Industrial Average (DJIA)ဟာ ပြီးခဲ့တဲ့အပတ်က 8th consecutive weekly gainဖြစ်အောင် တက်သွားသေးတယ်။ ကြည့်လိုက်ရင်တော့ အားရစရာကြီးပဲ။ ဒါပေမယ့် Statistically and Historically, Indexတွေဟာ ၈ပတ်လောက် ဆက်တိုက်တက်နေပြီဆိုရင်တော့ စပြီးသတိထားရတော့မယ်။ Minor to Medium correctionဖြစ်မယ်လို့ထင်တယ်ဟာ ဒီလောက်အဆင့်မှာ မလွန်ပါဘူး။ Technical Analysisက Bearish Divergenceပြနေပြီဆိုရင် ပိုတောင်Probabilityကောင်းသေးတယ်။ Bearish Divergenceဆိုတာကတော့ Price/Candle Chartက အတက်ပြနေချိန်မှာ Money Flowတို့ MACDတို့က ဆန့်ကျင်ဘက်Down Trendကို ပြနေတာကို ဆိုလိုပါတယ်။ အောက်က DJI Chartထဲမှာ Bearish Divergenceတွေကို တွေ့နိုင်ပါတယ်။ Up Trendလိုင်းကိုထိအောင် Correctionဖြစ်မယ်ဆိုရင် 11500ကနေ 11600လောက် အနည်းဆုံးမှန်းနိုင်ပါတယ်။


DJIAနဲ့ ညီအစ်ကိုIndexတွေဖြစ်တဲ့ S&P500နဲ့ NASDAQ composite indexတွေဟာ ပိုပြီးBearish Signalပေးပါတယ်။ S&P500ဟာ 7-week recordကို ချိုးပြီး ပြီးခဲ့တဲ့အပတ်မှာ Weekly Closed Downဖြစ်ပါတယ်။ NASDAQလည်း ဒီလိုပါပဲ။ NASDAQပြုတ်ကြပုံက ပိုတောင်ရုပ်ဆိုးသေးတယ်။ ဒါပေမယ့် Steve Jobsနဲ့ Google CEO Newsတွေက တော်တော်လေး NASDAQကို လှုပ်ခါစေခဲ့တာမို့ ဒီလောက်ကျတာ Reasonableတော့ ဖြစ်ပါတယ်။ S&P500ကို Weekly Chartပါပြထားပါတယ်။

Treasury 10-yr Note Yieldတွေဟာလည်း တော်တော်နဲ့ အောက်ပြန်မကျဘဲ ၃.၃%အပေါ်မှာပြေးနေတာ တော်တော်လေး ကြာသွားပါပြီ။ Interest rateကျချင်တဲ့ Fedလည်း တော်တော်လေး ခေါင်းစားနေလောက်ပြီ ထင်ပါတယ်။ 10-yr yieldမြောက်နေတယ်ဆိုတာ Bondတွေ sell-offအလုပ်ခံနေရလို့ပါ။ ဒီတော့ နှစ်လကျော်လောက်ကတည်းက ပိုက်ဆံဟာ Bond Marketထဲကနေ Stock Marketထဲကို စီးဝင်နေတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ US Governmentမှာ Deficit cutting planမယ်မယ်ရရမရှိတာကလည်း Treasuryတွေရဲ့ Safe haven appealကို လျော့စေပါတယ်။ Stock Market correctionစပြီဆိုရင် 10-yr yieldဟာလည်း လိုက်ကျသင့်ပါတယ် (Bonds being bought again as safe haven)။

Treasuryလို Safe havenလို့သတ်မှတ်ခံရတဲ့ Goldနဲ့ US dollarဟာလည်း နှစ်ဆန်းကတည်းက Sell-offလုပ်တာ ခံနေရပါတယ်။ Goldဆိုရင် ၁၄၀၀ကျော်ကနေ အခု ၁၃၄၀နားမှာပဲ ပြေးနေပါတယ်။ Investorတွေရဲ့ Risk appetiteများများလာလို့ Safe haven ဖြစ်တဲ့ Goldလို့ assetတွေကို demandကျသွားတယ်လို့ ယူဆနိုင်ပါတယ်။ US Dollar Indexကျနေတာဟာလည်း Goldလိုပဲတွေးနိုင်သလို Eurozone ပြဿနာတွေနည်းနည်းအသံအေးသွားလို့ Euro Dollarပြန်ထောင်တက်လာတာနဲ့လည်း ပတ်သက်ပါတယ်။ ဖြစ်နိုင်တာက ဆက်တိုက် Sell-offအလုပ်ခံနေရတဲ့ Goldလို Commodityတွေထဲကို ပိုက်ဆံဟာ Stock Marketထဲကနေ ပြန်စီးသွားဖို့ Probabilityကောင်းပါတယ်။ ဒါကြောင့် Stock Market Correctionဖြစ်ဖို့ ပိုပြီး Supportiveဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပတ်ကစတဲ့ US Earning Seasonဟာလည်း သိပ်အဟုတ်ကြီးတော့ မဟုတ်ပါဘူး။ အထူးသဖြင့် Citi, Goldman Sachsနဲ့ Bank of America earningတွေဟာ ထင်ထားတာထက် တော်တော်လေးဆိုးပါတယ်။ Technology Companiesတွေက မဆိုးဘူး။ Appleရော Googleရော မှန်းထားတာထက် အပြတ်အသတ်သာပါတယ်။ ဒါပေမယ့် CEOတွေသတင်းကြောင့် သူတို့ရဲ့ Future Earningsတွေကို သိပ်ပြီးတရားသေမှတ်ထားလို့ မရနိုင်ဘူးလို့ Marketက ယူဆတာကြောင့် NASDAQဟာ လွန်ခဲ့တဲ့အပတ်က အထိနာတာပါ။ Correctionဖြစ်တော့မယ်ဆိုရင် Techတွေဟာ အမြဲဦးဆောင်တတ်တာမို့ US Marketတွေရဲ့ Correctionဖြစ်ဖို့ အချိန်ဟာ တော်တော်လေး နီးစပ်လာပါပြီလို့ပြောနိုင်ပါတယ်။ ဒီအပတ်၊ ဒါမှမဟုတ် နောက်အပတ်မှာ သဲသဲကွဲကွဲသိရပါလိမ့်မယ်။ အရေးကြီးတာကတော့ အခုရက်ပိုင်းအတွင်း ဘာမှ Heavy မဝယ်ကြပါနဲ့လို့။ Shortချင်သူများအတွက် ဘယ်Stockကို Shortသင့်သလည်း ရေးပါဦးမယ်။

PS : မြန်မာပြည်ကနေ ဖတ်တဲ့သူများရှိရင် ဒီPostကပုံတွေမြင်ရလား သိချင်ပါတယ်။ ကျေးဇူး။