31 October 2011

Perfect shorting opportunity

တိုတိုနဲ့လိုရင်းပြောရရင် တစ်လလုံး European Debt Solutionအပေါ်မှာ မျှော်လင့်ချက်ကြီးကြီးထားပြီး တက်လာတဲ့ Rallyဟာ Correctionဖြစ်ဖို့ တာစူနေပါပြီ။ ပြီးခဲ့တဲ့အပတ်က ထွက်လာတဲ့ Eurozone summitက Debt Solutionဟာလည်း တကယ်တမ်းတော့ အာပလာ။

European Financial Stability Fund (EFSF), Really?
So much for the stability. EFSFရဲ့ Firepowerကို Euro 440 billionကနေ 1 trillionကျော်ကျော်တိုးမယ်လို့ Franceနဲ့ Germanyက ဦးဆောင်ပြီး Announceလုပ်ခဲ့ပါတယ်။ ကြားလိုက်ရရင်တော့ အားရစရာကြီးပါ။ တကယ်တမ်း သေချာလေ့လာမယ်ဆိုရင်တော့ သင်္ကြန်အမြောက်မှန်း လွယ်လွယ်ကူကူကို သိသာပါတယ်။ အဓိကသိဖို့က Existing 440bnဟာ PIIGS countriesကို Bailoutလုပ်ရင်းလုပ်ရင်းနဲ့ 250bnလောက်ပဲ ကျန်ပါတော့တယ်။ အဲဒီ့ကျန်တဲ့ balanceအပေါ်မှာ Leverageလုပ်ပြီး EFSFရဲ့ Firepowerကို 1 trillionအထိဖြစ်အောင်လုပ်မယ်လို့ ပြောနေတာပါ။ လေးဆလောက် Leveragလုပ်မှာဆိုတော့ နားလည်လွယ်အောင် ယှဉ်ပြောရရင် ကျွန်တော်တို့ အိမ်ဝယ်တဲ့အခါမှာ Deposit 20%တင်ပြီး 80%ကို ချေးပြီးဝယ်သလိုပါပဲ။ နောက်ဆုံးတော့ ပိုက်ဆံရှိတဲ့ တရုတ်တွေဆီမှာ အရှက်မရှိသွားချေးနေပါတယ်။ Russiaတို့ဘာတို့ဆီကလည်း လိုက်တောင်းဖို့ Planရှိပါတယ်။ အကြွေးကို အကြွေးနဲ့ရှင်းဖို့ ကြိုးစားနေကြတဲ့ အစိုးရတွေအပေါ်မှာ Bullishဖြစ်ချင်တယ်ဆိုရင်တော့ ကျွန်တော်မတားတော့ပါဘူး။

ဘာမှStrengthမရှိတဲ့ Good News has already been priced in
Stock Market Rallyရှေ့ဆက်တိုးဖို့အတွက် Old Newsအပေါ်မှာ ဘယ်တော့မှ အားကိုးလို့ မရပါဘူး။ ပြီးခဲ့တဲ့အပတ်အထိတက်လာတဲ့ Euphoria Rallyဟာ ဆက်တိုးဖို့ New Newsတွေလိုပါတယ်။ တရုတ်အစရှိတဲ့ တိုင်းပြည်တွေကနေ လောက်လောက်လားလားအကူအညီ ရဖို့လည်းလိုပါတယ်။ Greece Bond holdersတွေကို Julyတုန်းကပဲ ၂၀% အဆုံးခံဖို့ ညှိတုန်းရှိသေး အခုအောက်တိုဘာမှာ ၅၀% ဖြစ်သွားကြပြန်ပြီ။ Christmasမှာ ၁၀၀% ဖြစ်ချင်ဖြစ်မယ်လို့ ထင်ရင်မလွန်လှပါဘူး။ ကြွေးရှင်တွေက တဝက်အဆုံးခံတာတောင် Greeceရဲ့ ကြွေးထုပ်ဟာ GDPရဲ့ ၁၀၀%ကျော်ကျန်ပါသေးတယ်။ ဒီတော့ Greeceဇာတ်လမ်းဟာ Sequelတွေလာဦးမှာပါ။

Technically, even for Bulls, the trend has to take a breather
Octoberတလလုံး Hopeတစ်ခုထဲအပေါ်မှာ အားကိုးပြီး တက်လာတဲ့ Rallyဟာ Bullishဖြစ်နေသေးတဲ့ Bullsတွေအတွက်တောင်မှ Overboughtဖြစ်နေပါတယ်။ ဆက်တက်မယ်ဆိုရင်တောင် Correctionနည်းနည်းဖြစ်ပြီးမှ ဆက်တက်သင့်ပါတယ်။ မဟုတ်ရင် ပိုအကျနာပါလိမ့်မယ်။ ကျွန်တော်အပါဝင် Bearတွေအတွက်ကတော့ အခုTechnical setupဟာ Perfectပါပဲ။ If you dare not to short now, you should never short ever! အခုအပတ်ဟာ Economic dataပိုင်းမှာ Fed meeting, US manufacturing, US Employment အစရှိတာတွေနဲ့ အရေးကြီးသလို၊ G20 summitလဲရှိပါတယ်။ Marketဟာ EFSF expansion implementation detail planကို စောင့်ကြည့်နေကြမှာ သေချာပါတယ်။ မနက်ဖြန် Nov 1ရက်နေ့မှာလည်း China Manufacturing dataထွက်ဖို့ရှိပါတယ်။ Super weekပေါ့။ Earningပိုင်းကကြည့်ရင်လည်း S&P500ကုမ္ပဏီတွေရဲ့ ၂၀%လောက်ဟာ ဒီအပတ်ထဲမှာ Reportလုပ်ဖို့ရှိပါတယ်။ အဓိကပြောချင်တာကတော့ Profit Takingလုပ်ဖို့ ရမယ်ရှာနေတဲ့ Investorတွေဟာ နည်းနည်းလှုပ်လှုပ်ဖြစ်တာနဲ့ Sell buttonကို နှိပ်ဖို့ Readyပါပဲလို့။

Happy Shorting!

Dow Jones Industrial Average