09 January 2010

ပိုက်ဆံချင်းတူပေမယ့်


Happy Belated New Year! မြန်မာပြည် ခဏပြန်လည်နေလို့ ဘာမှ မBlogနိုင်ခဲ့ဘူး။ Blogspotကလည်း အပိတ်ခံထားရပြီး ဟိုကျော်ဒီကျော်လုပ်ဖို့လည်း စိတ်မပါတာနဲ့ Holidayကို အပြည့်အဝပဲ ခံစားလိုက်တယ်။ ကိုယ့်Readerများလည်း New Yearမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပျော်နေကြမှာမို့ သိပ်တော့မထူးပါဘူးလို့ ထင်ပါတယ်။ ကဲ လိုရင်းကို ရေးတော့မယ်။

Technical Analysis(TA)နဲ့ပတ်သက်ပြီး Traderတိုင်းတောင် သိပ်သုံးလေ့မရှိတဲ့ Settingတစ်ခု အကြောင်းပြောပြချင်ပါတယ်။ လွယ်ပါတယ် - နှစ်သစ်ကို ခုမှစတာ Easy Readingပဲကောင်းပါတယ်။ ဟုတ်တယ် မဟုတ်လား။ အဲဒါကတော့ Line / Bar Chartတွေရဲ့ Scale အမျိုးအစားပါ။
...

သာမန်တွေ့ဖူးနေကျ Line / Bar Chartတွေရဲ့ Scaleဟာ Linear Scaleလို့ ခေါ်ပါတယ်။ Linearဟာ Stock Priceရဲ့ ဈေးကို ဈေးအတိုင်းပဲ Plotလုပ်ပါတယ်။ ဥပမာ ၅ကျပ်ကနေ ၁၀တက်သွားရင် ၅ကျပ် (သို့) ၅ ticks ပေါ့။ အချိန်ကြာလာပြီး ဈေးမှန်မှန်တက်လာလို့ ၅၀ကနေ ၅၅ကျပ်ဖြစ်သွားရင်လည်း ၅ကျပ် (သို့) ၅ ticksပါပဲ။ ဒီတော့ ၅ကျပ်ကနေ ၁၀ဖြစ်သွားတဲ့ Gapနဲ့ ၅၀ကနေ ၅၅ဖြစ်သွားတဲ့ Gapရဲ့ Chart ပေါ်က Distanceဟာ Exactly the sameပါပဲ။ ဒါကြောင့်လည်း ဒီလို Scaleကို Linear Scaleလို့ ခေါ်တာဖြစ်ပါတယ်။

လူသိပ်မသိတဲ့ Scaleတစ်မျိုးကတော့ Semi-Log scaleလို့ ခေါ်ပါတယ်။ တစ်ချို့ကတော့ Logarithmicလို့ ခေါ်တယ်။ ဒီအမျိုးအစားမှာ ပိုက်ဆံချင်းတူပေမယ့် Chartingလုပ်တဲ့အခါမှာ ဘယ်လောက် Percentageတက်သွားသလည်းပေါ် မူတည်ပြီး Bar / Candleတွေရဲ့ Heightတွေကို သတ်မှတ်ပါတယ်။ ဒါကြောင့် ၅ကျပ်ကနေ ၁၀တက်သွားရင် ၁၀၀% တက်တယ်လို့ ယူဆပေမယ့် ၅၀ကနေ ၅၅ကျပ်ဖြစ်သွားရင် ၁၀%ပဲတက်တယ်လို့ တွက်ပါမယ်။ အောက်မှာ Australiaက နာမည်ကြီး Commonwealth Bank (CBA)ရဲ့ Bar Chartကို Scaleနှစ်မျိုးလုံးသုံးပြီး ဆွဲပြထားပါတယ်။

Linear Scale


Semi-Log Scale

Trend Lineကို ဆွဲတဲ့အခါမှာ တတ်နိုင်သလောက် Dateတွေကို တူအောင် ဖြတ်ဆွဲရင် ကောင်းပါတယ်။ Linear Scaleနဲ့ ဆွဲထားတဲ့ Trendကို ကြည့်လိုက်ရင် လက်ရှိ Price Trendဟာ Okနေတာတွေ့ပါလိမ့်မယ်။ ဒါပေမယ့် Semi-Log Scaleကို ကြည့်ပါဦး။ Trendပျက်ပြီး Sideways သွားနေတာကို တွေ့ပါမယ်။ ဒီတော့ Questionက ကျွန်တော်/ကျွန်မဘာကို ကြည့်ရမလည်းပေါ့။ အမြဲ Scaleနှစ်မျိုးသုံးကြည့်ပါ။ Semi-Logနဲ့ Linearဟာ မတူညီတဲ့ Outcomeကို ပြနေရင် Semi-logကို ဦးစားပေးသင့်တယ် - အထူးသဖြင့် Long Term Trendတွေကို လေ့လာတဲ့အခါမှာ ပိုအရေးပါပါတယ်။

Long Term Trendကို ဆွဲရင် Semi-logဟာ ဘာလို့ ပိုအရေးကြီးရသလည်းဆိုတော့ အထက်က ပြောခဲ့သလို ၅ကျပ်ချင်းတူပေမယ့် တက်သွားတဲ့ ရာခိုင်နှုန်းချင်းမတူပါဘူး။ ဒါကြောင့် Price Amountနည်းနေတုန်းမှာ Gapတွေဟာ ပိုကျဲပြီး ဈေးမြင့်လာတော့ တဖြည်းဖြည်းစိပ်စိပ်သွားတာ တွေ့ပါလိမ့်မယ်။ ဒါပေမယ့် ဒီလို ဈေးနည်းနေရာကနေ မြင့်လာဖို့ဆိုတာ အချိန်ယူရတဲ့အတွက် Semi-logဟာ Long Term Trendအတွက် ပိုအသုံးဝင်တယ်လို့ ဆိုလိုတာပါ။

နာမည်ရှိတဲ့ Charting Softwareတိုင်းမှာ Y-axisရဲ့ Scaleကို ပြောင်းနိုင်တဲ့ Featureပါကိုပါရပါမယ်။ Yahooလို websiteမှာလည်း Chart Settingsအောက်မှာ Scaleပြောင်းနိုင်တဲ့ Linkတွေရှိပါတယ်။ Chart Scaleလေးတွေ ကစားပြီး TAကို ပိုပြီး ရှင်းရှင်းလင်းလင်း လုပ်ကြည့်ပါလို့ တိုက်တွန်းပါတယ်။