10 May 2010

Big Dose of Morphine

European Leaderတွေ၊ USက Federal Reserveနဲ့ Japanက BoJပါမကျန် ဒီWeekendမှာ ခေါင်းချင်းဆိုင် ဆွေးနွေးလိုက်ကြပြီး ဒီနေ့မနက် Asian Marketတွေ မဖွင့်ခင်လေးတင် ကြေညာချက်တွေ ထွက်လာပါတယ်။ အတိုချုပ်ကတော့ PIIGS Countryတွေကို Bailoutလုပ်ဖို့ Euro 700billionကျော် Allocationလုပ်ဖြစ်သွားပြီလို့ ဆိုပါတယ်။ Financially သေလုမျောပါးဖြစ်နေတဲ့ Greeceလို တိုင်းပြည်တွေအတွက် Morphine Doseကြီးကြီးထိုးပေးလိုက်နိုင်တယ်လို့ပဲ ကျွန်တော်တော့ မြင်ပါတယ်။ တကယ်တမ်းတော့ ဒီတိုင်းပြည်တွေအတွက် အချိန်သုံးနှစ်လောက် ဝယ်လိုက်ရတာပါပဲ။ ဒီအချိန်အတော်အတွင်းမှာ သူတို့တွေဟာ ရွဲပြဲနေတဲ့ Balance Sheetတွေကို အမြန်ပြင်ကြရမှာပါ။ မလုပ်နိုင်ခဲ့လို့ရှိရင် အခုကြေညာထားတဲ့ ပိုက်ဆံတွေဟာ အလကားပါပဲ။ သေချာတာကတော့ နောက်ခြောက်လလောက်တော့ PIIGSပြဿနာအေးသွားမယ်ထင်တာပဲ။ အခုလောလောဆယ် ပိုက်ဆံရှာဖို့ ဆက်လုပ်ရအောင်။
...

အဆိုးရွားဆုံးကျခဲ့တဲ့ Marketတွေထဲမှာ European Marketတွေက Understandably အဆိုးဆုံးပါပဲ။ ပြီးရင် ASXကစလို့ Asian Marketတွေပါ။ ဒီက ASXဟာလည်း အစိုးရရဲ့ Resource Profit Tax reformနဲ့ PIIGS newsပေါင်းလိုက်တာ March 2009ကစတဲ့ Rallyမှာ တခါမှမဖြစ်ဘူးသေးတဲ့ 10% correction ဖြစ်ပါတယ်။ အတက်ကောင်းကောင်းတက်လာတဲ့ Rallyတွေမှာ ဒီလို 10% correctionမဖြစ်သေးသ၍ Healthy မဖြစ်ပါဘူး။ ဒါမျိုးလေးဖြစ်လိုက်ပြီးမှ Reboundဖြစ်မယ့် Rallyဟာ ပိုပြီးStrongerဖြစ်ပါတယ်။ USမှာတော့ Dow Jones Industrialဟာ -7%၊ S&P500ဟာ -8%နဲ့ NASDAQဟာ -10%စီ Correctionဖြစ်ပြီးသွားပါပြီ။ ဒီတော့ ဒီနေ့ည Trading Planကို ကြည့်ရအောင်။

အထိအနာဆုံးကို ရွေးဝယ်မှ နောက်နှစ်လလောက်အတွင်း ပိုက်ဆံများများပိုမြတ်ပါမယ်။ ဒီတော့ အထိနာခဲ့တဲ့ US Bankတွေ၊ Technology Companiesတွေကို Targetထားပါ။ ဈေးဖွင့်ဖွင့်ချင်း ပစ်မဝယ်ပါနဲ့။ အနည်းဆုံး တစ်နာရီလောက် စောင့်ပြီးမှ နည်းနည်းပြန်ကျတဲ့အချိန်မှာ သိပ်ကပ်စေးမနည်းပဲ ဝယ်လိုက်ပါ။ Dow Jonesဟာ ဒီနေ့ည Day Highလောက်မှာ Closeဖြစ်ဖို့ more than 80% chanceရှိပါတယ်။ ဒါကြောင့် ဈေးပိတ်ခါနီးအထိမစောင့်ပါနဲ့။ US Bankတွေထဲမှာ Goldman Sachsကို ရှောင်ပါ။ သူ့ကိစ္စက ခုထိမရှင်းသေးပါဘူး။ ကျွန်တော်သဘောကျတာကတော့ Citi (C)နဲ့ Bank of America (BAC)ပါ။ European Exposureများတဲ့ ကုမ္ပဏီတွေကို ရှောင်တာ ခုထိကောင်းတုန်းပါပဲ။ တတ်နိုင်သ၍ ကုမ္ပဏီရဲ့ Market ကိုလေ့လာပြီး Europeကရတဲ့ ဝင်ငွေဘယ်လောက်များလည်း Breakdownလုပ်လို့ရရင် ကြည့်ကြည့်ပါ။

ဒီBlogမှာ January Market Correctionကတည်းက ကျခါနီးအချိန်၊ ပြန်တက်မယ့်အချိန်တွေကို ကျွန်တော်တတ်နိုင်သ၍ သတိပေးပါတယ်။ Long, Shortအလိုက်သင့် လိုက်လုပ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ Long (buy when the price is low)လုပ်နိုင်ရင်ပဲ မဆိုးပါဘူး။ အခု နောက်တက်မယ့် Rallyဟာ ဒီ Quarterရဲ့ Waveကို Completeလုပ်ပါလိမ့်မယ်။ ကျွန်တော့်ရဲ့ Estimateကတော့ Juneလကုန်လောက်အထိ ပြဿနာဆိုးဆိုးရွားရွားထပ် မတက်ခဲ့ရင် Rallyဟာ အေးဆေးလေး Recent Highကို ပြန်ဖြတ်သွားပါလိမ့်မယ်။ At the time of writing, European markets up at least 3% with Spanish market up more than 10%!!!! Ok - Good Luck Tonight.

Money is there. You just have to know how to pick it up.

No comments:

Post a Comment