11 May 2010

Watch Out

မနေ့ညက Europeနဲ့ USက Marketအားလုံးလိုလို အနည်းဆုံး ၄%လောက်စီ ဆောင့်တက်သွားကြပါတယ်။ Big Bailout Newsဟာ အလုပ်လုပ်တယ်ဆိုတာ ပြပါတယ်။ ကျွန်တော် ဝသီက အဲဒီလို တရကြမ်းဆောင့်တက်သွားရင် အမြဲသံသယလေးတော့ ရှိတတ်တယ်။ ဒါကြောင့် ဒီနေ့မနက်ပဲ Crowd Psychologyကို မနေ့ညက Dataတွေသုံးပြီး သေချာပြန်ပြီး Analyseလုပ်ကြည့်ပါတယ်။ There are good news and bad news.

Good News
Last night, Markets were up incredibly with good volume.
PIIGS Government Bond Pricesတွေ ဈေးပြန်တက်လာပါတယ်, effectively, causing yields down. Fixed-income ဦးစားပေးတဲ့ Investorတွေရဲ့ Risk Appetiteပြန်တက်လာတာကို ပြပါတယ်။

Bad News
Euro/USD rateဟာ ထင်ထားသလောက် တက်မလာပါဘူး။ သတင်းတွေထွက်လာပြီး European Marketတွေ စဖွင့်တဲ့အချိန်ကတော့ 1.30အထက်နားကို နည်နည်းတက်သွားသေးတယ်။ သိပ်မကြာပါဘူး။ ပြန်လျောကျတာ အခုဆိုရင် ၁.၂၈အောက်ကို ရောက်နေပါတယ်။ ဒီ Euro/USD rateဟာ အရေးကြီးပါတယ်။ Euro Zone အပေါ်မှာရှိတဲ့ Investorတွေရဲ့ တကယ့်Confidenceဟာ အဲဒီ့Graphအတက်အကျက မညာတမ်းပြပါတယ်။ အောက်မှာ Euro/USD Chartကို ကျွန်တော်ပြထားပါတယ်။ သတင်းတစ်ခုထွက်လာတိုင်း နည်းနည်းတက်သွားလိုက်၊ သုံးလေးရက်နေရင် ပြန်ကျသွားလိုက်နဲ့ ဖြစ်နေတဲ့ Trendကို တွေ့မှာပါ။ မနေ့က Highဟာ Primary Down Trendကို ဖောက်သွားပေမယ့် Closeကျတော့ အဖျားရှုးပြီး Trendအောက်မှာပဲ ပိတ်တာကို တွေ့ရပါတယ်။ ဒါဟာ Weaknessကို ပြပါတယ်။

Euroနဲ့ heavily trade-weightedလုပ်ထားတဲ့ USD Indexဟာလည်း ၈၄ကနေ မကျသွားပါဘူး။ Euro/USD တကယ်တမ်း 1.30ဝန်းကျင်မှာ ပြေးနေရင် USD Indexဟာ ၈၃လောက်ရောက်နေမှာပါ။ Euro/USD rateက ကျနေတော့ USD indexဟာ ကျဖို့ခက်ပါတယ်။ USD တန်ဖိုးမကျသ၍ USက Export Oriented Companyတွေရဲ့ Earningကို ထိခိုက်လာနိုင်ပါတယ်။

Gold Price - Bailout newsထွက်ပြီး ရွှေဈေးဟာ ပြီးခဲ့တဲ့အပတ်က Crisis mode priceနဲ့ သိပ်မကွာလှပါဘူး။ မနေ့ညက ၉ကျပ်လားပဲကျပါတယ်။ အခုနည်းနည်းတောင် ပြန်တက်နေသေးတယ်။ Generallyကတော့ Dollarဈေးတက်ရင် ရွှေဈေးကျတတ်ပါတယ်။ ဒါပေမယ့် Crisisဖြစ်တော့မလိုဖြစ်လာတော့ Investorတွေဟာ အနှစ်ထောင်ချီသုံးလာတဲ့ ရွှေဘက်ဆီကိုပဲ Safe Havenအနေနဲ့ ပြန်ပြေးကပ်ကျပါတယ်။ ဒီတော့ Investorတွေသာ ဒီBailout newsအပြီးမှာ အခြေအနေတွေကောင်းလာတော့မယ်ထင်ရင် Goldဟာ အနည်းဆုံး ၁၁၉၀လောက်အထိ ကျသွားသင့်ပါတယ်။ အခုတော့ ၁၂၀၀နားမှာ ပန်းပန်လျက်ပါပဲ။ ဒါဟာ Investorတွေရဲ့ Risk Aversionကို ပြပါတယ်။
Gold May 2010 Futures Contract Price
Fundamental Issues are still there - တကယ်တမ်းတော့ PIIGSတိုင်းပြည်တွေမှာ ဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းမယ့် Solid Planဟာ 700billion Euro bailoutထဲမှာ မပါပါဘူး။ ဥပမာ Greeceကို ကြည့်ပါ။ Greekတွေအားလုံးက နားလည်မှုနဲ့ အစိုးရနဲ့ ပူးပေါင်းပြီး အားလုံးညီညီညာညာ အသုံးလျော့၊ benefitတွေလျော့မှ သူတို့ရဲ့ Deficit ပြဿနာဟာ လျော့သွားပြီး Marketရဲ့ ယုံကြည်မှုကို ပြန်ရမှာပါ။ အခုတော့ မနက်ဖြန်လည်း Athensမှာ အကြီးအကျယ်ဆူပူကြပါဦးမယ်။ အဲဒီမှာဆိုးလေ၊ Euro/USDဟာ ကျလေဖြစ်ဦးမယ်လို့ ကျွန်တော်တော့ ထင်ပါတယ်။

ဒီကြီးမားလှတဲ့ Bailoutကို ဥပမာပေးရရင် Greeceကို ဝင်ငွေနည်း၊ ချေးငှားသုံးပြီး အသုံးကြမ်းတဲ့ မိသားစုလို့ မြင်ကြည့်ပါ။ Marketကတော့ ဟိုဘက်ရပ်ကွက်က ငွေရှိတဲ့သူတွေပေါ့လေ။ Greeceတွေက ပြန်ဆပ်မယ့် အလားအလာမရှိသလောက် ဖြစ်လာတော့ ဟိုဘက်ရပ်ကွက်က ပူညံပူညံဖြစ်လာပါတယ်။ အဲဒီ့အခါမှာ Greeceနဲ့ မပတ်သက်ချင်ပဲ ပတ်သက်နေရတဲ့ အိမ်နီးနားချင်း သူဌေးတွေက ဟိုဘက်ရပ်ကွက်ကကောင်တွေ သိပ်စကားမများနဲ့၊ ငါတို့ စိုက်ပေးမယ်လို့ ပြောနေတာနဲ့ အတူတူပါပဲ။ တကယ့်ပြဿနာကောင်ကို နားချဖို့ သူတို့မတတ်နိုင်သေးပါဘူး။ ဘေးအိမ်ကအပူဟာ ကိုယ့်အိမ်ရောက်လာနိုင်လို့သာ ဝင်ပါနေရတာပါ။ Asian Marketsတွေထဲကို ဒီနေ့ Doubtပြန်ဝင်လာပါတယ်။ So, be alert, keep the stop-loss points tight.

Market can remain irrational longer than you can stay solvent.

No comments:

Post a Comment