09 October 2009

Dividends or Hidden Gem for Investors

Stockဆိုရင် လူအများစုက ဝယ်ရောင်းလုပ်ရင် အမြတ်ရတာပဲ သိကြတာများတယ်။ ဝယ်ရောင်းလုပ်လို့ ရတဲ့အမြတ်ကို Capital Gain (CG) လို့ ခေါ်တယ်။ Stock Marketထဲဝင်လာတဲ့သူအများစုဟာ CGကိုပဲ မြင်လေ့ရှိကြပါတယ်။ Dividendကို သိပ်မသိကြဘူး။

Dividend (Div) ဟာ ကုမ္ပဏီရဲ့ အမြတ်အစွန်း တစိတ်တပိုင်းကို ကိုယ့်မှာရှိတဲ့ Stock Unitsအရေအတွက်အလိုက် အချိုးကျ ရတာပါပဲ။ ကုမ္ပဏီတစ်ခုရဲ့ Wrap Sheetကိုဖတ်လို့ရှိရင် တစ်နှစ်ကို Div ဘယ်လောက်ပေးတယ်ဆိုတာ ဖတ်ကိုဖတ်သင့်တယ်။ တကယ်တော့ Generallyခြောက်လကို တစ်ခါစီခွဲပြီး တစ်နှစ်ကို နှစ်ကြိမ်ပေးလေ့ရှိပါတယ်။

Divမရှိဘူးဆိုရင် Reasonကနှစ်မျိုးဖြစ်နိုင်ပါတယ်။ ကုမ္ပဏီက အမြတ်အစွန်းမရှိ (သို့) နည်းလို့ မပေးနိုင်တာရှိနိုင်သလို ကုမ္ပဏီတိုးချဲ့ဖို့အတွက် ငွေလိုလို့ Shareholdersတွေကို ဒီနှစ်တော့ မပေးနိုင်ဘူးဆိုတာမျိုးလည်း ရှိနိုင်တယ်။ ဘာလို့ မပေးနိုင်ရသလည်းဆိုတာ Researchတော့ နည်းနည်းလုပ်ရမယ်။ Recent Annoucementတွေဟာ အကောင်းဆုံး Information Sourceတွေပါ။ ကုမ္ပဏီတွေဟာ Divအပြောင်းအလဲ လုပ်တော့မယ်ဆိုရင် Marketကို ကြေညာရမယ့် တာဝန်ရှိပါတယ်။
...


Div you would receive = units of stock x Annualised Div

ရေရှည်Investလုပ်ချင်တဲ့သူတွေအတွက်ကတော့ Div Yield(DY)ဆိုတာ သိဖို့လိုပါတယ်။ DY Formula ကတော့

              Annualised Div
DY = ------------------------
              Stock Price

DYဟာ ကိုယ်ရင်းတဲ့ ငွေတစ်ကျပ်ပေါ်မှာ ဘယ်လောက် Divရလည်းကို တိုင်းတာတာပါပဲ။ နာမည်ကြီး Blue-chipကုမ္ပဏီအများစုရဲ့ DYဟာ အနည်းဆုံး ဘဏ်တိုးလောက်ကောင်းပါတယ်။ ဘဏ်တိုးက ၃%ဆိုရင် DYဟာ ၂% ကနေ ၅% အထိရှိတတ်တာ မဆန်းပါဘူး။ Regular Income Flowကို ရှေ့ထားပြီး Investလုပ်မယ်ဆိုရင် DYဟာ ထည့်ကိုထည့်စဉ်းစားရမယ့် Factorတစ်ခုပါ။

DY Formulaမှာ ပြဿနာက Stock Priceပါ။ နေ့တိုင်းပြောင်းနေတဲ့ Priceတွေကို Averageလုပ်နိုင်ရင်တော့ ပိုကောင်းပါတယ်။ လွယ်ကူအောင် လကုန်တိုင်း ပိတ်သွားတဲ့ Priceကို ၁၂လစာစုပြီး ၁၂နဲ့စားရင်တော့ 12-month averageရနိုင်ပါတယ်။ ဒီလိုတွက်ရင် DYဟာ ပိုမှန်နိုင်ပါတယ်။ ကိုယ်ဝယ်ပြီးသွားရင်တော့ ကိုယ်ဝယ်ခဲ့တဲ့ဈေးနဲ့ပဲ တွက်ရမှာပါပဲ။

Div ရဖို့ နည်းလမ်းနှစ်ခုရှိပါတယ်။ Dividend Reinvestment Plan (DRP)ရှိတဲ့ ကုမ္ပဏီရဲ့ Stockကိုဝယ်မိရင် DRPကို Participateလုပ်ချင်သလားလို့ မေးပါလိမ့်မယ်။ DRPမှာပါမယ်ဆိုရင် ပိုက်ဆံအနေနဲ့ မရပဲ New Stock Unitအနေနဲ့ ရပါလိမ့်မယ်။ ကုမ္ပဏီတစ်ခုမှာ ရေရှည်Investလုပ်မယ်ဆိုရင် DRPဟာ သင့်တော်ပါတယ်။ DRPမှာ မပါဘူးဆိုရင်တော့ ရှင်းတယ်။ Cheque(သို့) Bank Transferနဲ့ အချိုးကျ ပိုက်ဆံရပါလိမ့်မယ်။

Divနဲ့ပတ်သက်ရင် နောက်ထပ်သိဖို့လိုတာကတော့ XDလို့ခေါ်ပါတယ်။ Ex-dividend ရဲ့ အတိုကောက်ပါ။ XDဟာ အရေးကြီးပါတယ်။ XDမတိုင်ခင်နေ့အထိနောက်ဆုံးပိုင်ခဲ့တဲ့သူပဲ Declaredလုပ်ထားတဲ့ Divကို ရပါတယ်။ ဥပမာ Stock ABCရဲ့ XDဟာ ဒီနေ့ဆိုရင် ဒီနေ့မှာ ABCဝယ်တဲ့သူတွေဟာ နောက်တစ်ကြိမ် Divပေးတဲ့အထိ Stockကို Holdလုပ်ထားမှ ထပ်ပေးမယ့် Divကိုရပါမယ်။ XDမတိုင်ခင် ကြေညာထားတဲ့ Divကို မရနိုင်ပါဘူး။ ဒါကြောင့် XDမတိုင်ခင်မှာ Divလိုချင်လို့ Buying Activityပိုများလာတတ်တာကို တွေ့ရတတ်သလို၊ XDနေ့ကနေ နောက်ထပ် လေးငါးရက်အထိ ဈေးပြန်ကျတာကို တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ကျတဲ့ဈေးဟာ ပေးမယ့် Div Amountနဲ့ မတိမ်းမယိမ်းပဲ ဖြစ်သင့်ပါတယ်။ ABCဥပမာကို ဆက်ရရင် ဒီနေ့ ABCကို မနေ့ကဈေးနဲ့ရရင် သိပ်မပျော်နဲ့။ တကယ်တော့ မနေ့ကဈေး အနှုတ် Div amount ဖြစ်သင့်ပါတယ်။ XDနေ့မှာ Divရလေ့မရှိပါဘူး။ Normallyသုံးရက်ကနေ နောက်ထပ် နှစ်လလောက်အထိ ကြာတတ်ပါတယ်။ ဒါပေမယ့် ကိုယ်ကXDမတိုင်ခင် ပိုင်ခဲ့တယ်ဆိုရင် ပူစရာမလို၊ Payment Dateကျရင် ရမှာပါ။

Divနဲ့ ပတ်သက်ပြီး သိဖို့လိုသေးတာက Taxပါ။ Divဟာ တိုင်းပြည်အားလုံးလိုလိုမှာ Stockပိုင်ရှင်ရဲ့ Incomeလို့ပဲ ယူဆပါလိမ့်မယ်။ ကိုယ်က တစ်နှစ်ကို ၅၀၀၀၀ Day Jobကနေဝင်ငွေရှိပြီး၊ Divက ၅၀၀ရတယ်ဆိုရင် ၅၀၅၀၀ ဝင်ငွေလို့အတွက်ခံရဖို့ကိန်း တော်တော်များပါတယ်။ ကျွန်တော်က Australiaကဆိုတော့ ဒီက Taxစည်းကမ်းတွေကို မှီပြီးပြောပါမယ်။ ဒါပေမယ့် တခြားတိုင်းပြည်တွေမှာလည်း သိပ်ထူးမယ် မထင်ပါဘူး။

ဒီမှာကတော့ Franking Creditလို့ ခေါ်တယ်။ ကုမ္ပဏီက ကိုယ့်ကို Divပေးတဲ့အခါမှာ သူတို့ အခွန်ပေးပြီး ကျန်တဲ့အမြတ်ထဲကပေးတာလား၊ မပေးခင်ဝင်ငွေထဲက ပေးတာလား (Pre-tax or Post-tax) သိဖို့လိုတယ်။ သူတို့က ၁၀၀%ပေးပြီးသားကို ကိုယ်ရရင် Fully-frankedလို့ ခေါ်ပါတယ်။ သူတို့ကလုံးဝမပေးရသေးပဲ ကိုယ့်ကိုပေးရင် Unfranked Divလို့ခေါ်တယ်။ ကိုယ့်ဘာသာ Taxကိစ္စကို ဆက်ရှင်းရပါမယ်။ ပိုရှုပ်အောင် ပြောရမယ်ဆိုရင် တချို့က တဝက်ပဲ Taxပေးထားတာ၊ ၇၀%ပဲ ပေးထားတာ မျိုးလည်းရှိပါတယ်။ ကျွန်တော်ကတော့ Fully-frankedကို ပိုကြိုက်တယ်။

ဒါပေမယ့် ဒီ Franking %တွေကို ကိုယ့်ရဲ့ Individual Income Tax Rateနဲ့ ပြန်Offsetလုပ်ရပါမယ်။ ဥပမာ ကိုယ့်ရဲ့ tax rateက ၃၀%နဲ့ Fully-franked Divရတယ်ဆိုရင် အဲဒီDivအားလုံးကို taxပေးစရာမလိုပဲ အလကားရပါတယ်။ ဘာလို့လည်းဆိုတော့ Company Tax Rateက ၃၀% fixed rateမို့လို့ပါ။ သူတို့က ၃၀% ပေးပြီးသားဆိုတော့ ကိုယ်ထပ်ပေးစရာမလိုတော့ပါဘူး။ သူတို့က ၃၀%ပေးထားပြီး ကိုယ့်Tax Rateကို ၄၀%ဆိုရင် ကိုယ်က နောက်ထပ် ၁၀%ပဲ ထပ်ဆောင်းပေးရပါမယ်။ ကိုယ်က ၂၀%ဆိုရင် Tax Officeဆီကနေ ၁၀%တောင်ပြန်ပြီး Refundရသေးတယ်။

Divကို Summaryလုပ်ပြီးပြောရရင် Divဟာ Capital Gainနဲ့ ဘာမှမဆိုင်ပါဘူး။ ကိုယ်Stockကို ကိုင်ထားသရွေ့ ပုံမှန်လေးဝင်နေပါလိမ့်မယ်။ Divနဲ့ပတ်သက်ရင် Div Yield, Ex-Dividend Date, Payment Date, Franked % နဲ့ Related Tax Lawတွေကို သိဖို့လိုပါတယ်။

Happy Investing!

8 comments:

  1. Keep it up! It is really precious knowledge for us. thanks a lot !!!!

    ReplyDelete
  2. အတော့်ကိုကျေးဇူးတင်မိသဗျာ။ မြန်မာ blogger လောကမှာ ဒီလို financial post မျိုးလေးတွေ့ရတော့ ရေငတ်တဲ့သူ ရေတွင်းထဲကျဆိုသလိုပဲ။ Thanks so much.

    ReplyDelete
  3. စိတ်ဝင်စားမှတ်သားဖွယ်ပါပဲ...
    ဗဟုသုတလဲ အများကြီးရပါတယ်
    အမြဲစောင်ဖတ်နေပါတယ်။။

    ReplyDelete
  4. တခါ စာလာဖတ်တိုင်း စေတနာတွေကို တခါ လေးစားသွားပါတယ်

    ReplyDelete
  5. Commentတွေအတွက် ကျေးဇူးတင်ပါတယ်။ Nice to have like-minded friends.

    ReplyDelete
  6. Feed Rollထည့်ပေးတဲ့ သူငယ်ချင်း Andyကိုလည်း ကျေးဇူးတင်ပါတယ်။

    ReplyDelete
  7. Dividend ကတော့ Singapore မှာ tax exempt (one tier) dividend ကို ကျင့်သုံးဘာတယ်။စကား မစပ် Aussie မှာ ဘာဘာသာ ဖတ်တလဲမသိ။ ဒါမှမဟုတ် ကိုယ့်ဘာသာများလေ့လာသလား။

    ReplyDelete
  8. ကျွန်တော်ဒီမှာ ဘာမှ Formallyတက်မနေပါဘူး။ Investingနဲ့ ပတ်သက်ရင် ကောင်းနိုးရာရာ စာအကုန်ဖတ်ပြီး တကယ်Tradingပဲ လုပ်နေပါတယ်။ Marketဟာ အကောင်းဆုံးကျောင်းပါပဲ။ SGက Dividendအကြောင်းသိရလို့ ကျေးဇူးပါ။

    ReplyDelete