07 April 2011

စိတ်ကြိုက် Tradeများ

အခုရက်ပိုင်းအတွင်းမှာ စိတ်ကြိုက်ဖြစ်လာနိုင်တဲ့Tradeတွေကို ဒီPostမှာ Listလုပ်ထားပါတယ်။ ကိုယ့်ရဲ့ Risk Profileပေါ်မူတည်ပြီး လိုက်Tradeတာ မTradeတာကတော့ Readerတွေ သဘောပါပဲ။

CISCO - Finally Breaking Out
CSCOဟာ မနေ့ညက ၅%နီးပါးဆောင့်တက်သွားပါတယ်။ Volumeလည်း အားရစရာပါ။ CSCOကို Tradeဖို့ March 18 US Market မဖွင့်ခင်မှာ ကျွန်တော်Recommendလုပ်ခဲ့ပါတယ်။ March 18 Close 17.14ကသာ ဝင်ခဲ့ရင် အခု 5.4%လောက် Appreciateဖြစ်ပြီးပါပြီ။ CSCOရဲ့ Breakoutဟာ မနေ့ညကမှ Volumeကောင်းကောင်းနဲ့ စိတ်ချရအောင် စတက်တာပါ။ Near term 19လောက်ကို Resistance Levelထားပြီး Tradeသင့်ပါတယ်။ 19ဟာ 17.14ကနေဆိုရင် ၁၁%နီးပါး တက်တာဖြစ်ပါလိမ့်မယ်။

Euro Dollar - Short or Long depends on Mr. Trichet
ECB (European Central Bank)ဟာ ဒီနေ့ညမှာ Monetary Policy Meetingထိုင်ပါမယ်။ ECB President Mr. Trichetဟာ ပြီးခဲ့တဲ့လကတည်းက Eurozone Inflationတွေ အတက်ကြမ်းလို့ ဒီလMeetingမှာတော့ Interest Rateတက်ဖို့ Chanceတော်တော်များတယ်လို့ ပေါ်တင်ပဲပြောခဲ့ပါတယ်။ ဒါကြောင့် Euro Dollarဟာ အခုတလော ဆက်တိုက်တက်လာခဲ့တာပါ။ ဒီနေ့ည Meeting outcome statementမှာ နောက်လတွေမှာပါ ဆက်တက်နိုင်တဲ့ Hintကို ပေးခဲ့ရင် Euroဟာ ဆက်တက်နိုင်ပါတယ်။ Trichetရဲ့ Commentတွေမှာ Inflationကို စိုးရိမ်နေသေးတဲ့ အရိပ်အယောင်များများပါရင် Euroဟာ 1.46အထိတက်နိုင်ပါတယ်။ Trichetက အခုတစ်လပဲတက်ပြီး Impactကို စောင့်ကြည့်ဦးမယ် ဘာညာဆိုရင်တော့ Euroဟာ ပြန်ကျဖို့လမ်းပိုများပါတယ်။ ဘာလို့လည်းဆိုတော့ ဒီနေ့ညမှာ Rate Hikeလုပ်မယ်ဆိုတာ Marketက ကြိုပြီး Pricing in လုပ်ပြီးသားမို့လို့ပါ။ ဒါကြောင့် Euroကို Shortရမလား၊ Longရမလားကတော့ Trichetရဲ့ Meeting statementကို စောင့်ကြည့်ရပါမယ်။ Portugal Bailoutဟာလည်း Euro Dollarအတွက် Bearishဖြစ်တဲ့ Newsဆိုတာ ထည့်စဉ်းစားဖို့ လိုပါတယ်။

Aussie - Short very soon
Aussie Dollarဟာ everydayလိုလို New Highတွေဖြစ်ပြီး 1.02 Resistanceကို လွန်ခဲ့တဲ့March 25ကတည်း Breakoutလုပ်ခဲ့ပါတယ်။ AUDရဲ့ Projected Target Resistanceကို ကျွန်တော်1.05လို့တွက်ထားပါတယ်။ 1.05ရောက်ရင် at least Traderတွေဟာ Profit takingလုပ်ပြီး 1.02ကို Supportအနေနဲ့ ပြန်ပြီးTestလုပ်ပါလိမ့်မယ်။ ဒီနေ့ထွက်လာတဲ့ Unemployment Rateဟာ မှန်းထားတဲ့ 5%ထက် လျော့တာကလည်း AUDကို Supportပေးနေပါတယ်။

Gold - Sky is the limit
ဆက်တိုက်တက်ပြီးရင်း တက်နေတဲ့ Oil priceတွေနဲ့ Food pricesတွေဟာ Inflationary pressureတွေဖြစ်တာကြောင့် Classic Inflation Hedgeဖြစ်တဲ့ Goldဟာ 1442 Resistanceကို အင်္ဂါနေ့က Breakoutလုပ်သွားပါတယ်။ မနေ့ညက ဆက်တိုက်ထပ်တက်ပါတယ်။ Volumeလည်း ကောင်းပါတယ်။ US Government Shutdownဖြစ်နိုင်တာ၊ Eurozone Debt Crisis, Middle East Tensionတွေနဲ့ ဂျပန်ကမပြီးသေးတဲ့ Nuclear Crisisဟာ Goldကို Fear Hedgeအနေနဲ့ သုံးချင်သူတွေအတွက် Perfect Candidateပါပဲ။ ဒါကြောင့် Goldဟာ New Trading Rangeကို စပြီးDefineလုပ်နေတယ်လို့ Analyseလုပ်နိုင်ပါတယ်။ ကျွန်တော့်ရဲ့ Projected Targetတော့ 1526ပါ။ Gold Miner Stockတွေ၊ Gold Futures Call Optionsတွေကို Longဖို့ စကြည့်သင့်နေပါပြီ။ Goldဟာ ၁၄၄၂အပေါ်မှာ အခြေမခိုင်ပဲ ပြန်ကျလာရင်တော့ 1420 areaကို Supportအနေနဲ့ Testလုပ်နိုင်ပါကြောင်း။

Happy Trading!

5 comments:

  1. အစ်ကိုရေ

    Euro သတင်းထွက်လာပြီဆိုတော့ ဘယ်လိုသဘောရလဲမသိဘူး Ireland Banks နစ်ခုဖြစ်တဲ့  AIB နဲ့  IRE ကတော့ တော်တော် အတက်ကြမ်းနေတယ် US market မှာ အတက်ကြမ်းပြီး London နဲ့  Ireland မှာတော့ ကျနေတယ် ဘယ်သူက ဘယ်သူ့ ကိုလိုက်မလဲတော့ မသိဘူး ဒါပေမဲ့  Euro တက်လာရင်တော့  ဒီကောင် တွေပါလိုက်တက်လာမယ်ထင်ရတာပဲ

    ReplyDelete
  2. Market expecting July hike again. Too early to do bullish Euro trade for now. I expect it will test 1.40-ish before rising further into July hike expectation.

    ReplyDelete
  3. Friday Asian session buying EUR though. close to 1.44 now.

    ReplyDelete
  4. AUD broke 1.05 but momentum will stall if US govt can avoid Govt shutdown - affecting USD to strengthen again.

    ReplyDelete
  5. Europe looks good today. I am just afraid that Portugual and Spain will bring it down again. Oil and gold are amazingly high today.

    ReplyDelete