19 April 2011

It's this time again

Sell in May and go awayဆိုတဲ့ Stock Market ဆိုရိုးတစ်ခုရှိပါတယ်။ USက Traderအများစုဟာ Springမှာ Accumulateဖြစ်ထားတဲ့ Profitတွေကို Realise/Sellလုပ်ပြီး Holidayသွားလေ့ရှိကြတာမို့ Mayဆိုရင် Marketဟာ ကျလေ့ရှိပါတယ်။ Geopolictical eventတွေဟာလည်း တခုမဟုတ် တခုပေါ်လာလေ့ရှိပြီး လိုအပ်တဲ့ Bad Newsကို ပေးလေ့ရှိပါတယ်။

အောက်မှာပြထားတဲ့ Dow Jones Industrial Average chartဟာ ပြီးခဲ့တဲ့သောကြာနေ့အထိ Dataနဲ့ ဆွဲထားတာပါ။ Up trendဟာ နှစ်ပတ်သုံးပတ်အတွင်း Volumeနည်းနည်းနဲ့ တက်လာပြီး အခုတော့ ၁၂၄၀၀နားမှာ တစ်နေပါတယ်။ MFI, MACD Technical Signal တွေဟာလည်း Toppyဖြစ်နေပါတယ်။


အခုဒီPostကိုရေးနေတုန်းပဲ S&P rating agencyက US Governmentရဲ့ credit rating outlookကို Negativeအနေဲ့ Downgradeလုပ်ချလိုက်ပါတယ်။ အဓိကကတော့ နိုင်ငံရေးသမားတွေဟာ ၂၀၁၃အထိ ထိရောက်တဲ့ Deficit cutting planကို အကောင်အထည်ဖော်နိုင်ပုံမရလို့လို့ ဆိုပါတယ်။ Government Debt ပြဿနာတွေဟာ Greece, Portugal, Irelandတွေမှာ ပြန်ပြီးအနံ့ထွက်လာတာ လတ်လတ်ဆတ်ဆတ်ရှိနေတုန်းမှာ US soverign credit outlook downgrade newsဟာ Last thing Stock Markets needပါ။

အခုဒီPostရေးနေတုန်း Dowဟာ point 200ကျော် Downနေပြီး Goldကတော့ ၁၅၀၀ဆီကို ချီတက်နေပါတယ်။
First quarter earning report တွေဟာလည်း Revenueပိုင်းမှာ တော်တော်အားနည်းတာကြောင့် အခုချိန်အထိ very disappointingပါ။ ဒါကြောင့် Shortingလုပ်ရမယ့် အချိန်ကို တစ်လအတွင်း မြန်မြန်ဆန်ဆန်နဲ့ ပြန်လည်ရောက်ရှိလာပါပြီဖြစ်ကြောင်း။

Happy Shorting! Glad to be a Bear again!
When Markets change, you also change.

No comments:

Post a Comment