22 November 2010

အရှုံးဆိုတာမရှိ (၂)

Stop-lossအကြောင်းပြောရင် Technical Analysisကို ဘယ်လိုမှ ချန်ထားလို့မရပါဘူး။ Long-term Fundamental based investorတွေတောင်မှ Technical Analysisကို သုံးမယ်ဆိုရင် Stockတစ်ခုကို Investလုပ်တဲ့နေရာမှာ ပိုပြီးထိရောက်နိုင်ပါတယ်။ ဖတ်ရတာလွယ်ကူအောင် Shortingလုပ်တာကို ဘေးဖယ်ထားပြီး Simply Long Stock(ဈေးတက်လျင် အမြတ်ရခြင်း)ဘက်ကနေပဲ ပြောသွားပါ့မယ်။

Oldest and Simplest are the Best
Technical Analysisရဲ့ ရှေးအကျဆုံးနဲ့ အရိုးရှင်းဆုံး Trend line, Support, Resistanceလိုင်းတွေဟာ Stop-loss, Profit-taking pointတွေ Defineလုပ်ဖို့ အကောင်းဆုံးနဲ့ အလွယ်ဆုံးနည်းတွေပါပဲ။ ကျွန်တော်အဲဒါတွေအကြောင်း အသေးစိပ်ရေးဖူးပါတယ်။ Stockတစ်ခုကို မTradeခင် အရေးအကြီးဆုံးသိရမှာတွေက
  • Profit is made at the Entry, not at the Exit (ဘယ်ဈေးကဝင်မလည်းဆိုတာ အရမ်းအရေးကြီးပါတယ်)။
  • အနီးဆုံး Supportနားကို Stockကျလာတဲ့အထိစောင့်ပါ။ စောင့်ရလို့ ဘာမှဖြစ်မသွားပါဘူး။ Cashဟာ အနည်းဆုံးတော့ Cash interestsရနေမှာပါပဲ။
  • Supportကို ထိပြီဆိုရင် နှစ်ရက်၊ သုံးရက်လောက်Closeတွေဟာ Supportအပေါ်မှာ ပိတ်သလားကြည့်ရပါမယ်။ ဈေးတက်ပြီးပိတ်သွားတဲ့နေ့မှာ Volumeကောင်းလားလည်း ကြည့်ရပါမယ်။
  • Tradeတစ်ခု Openမလုပ်ခင်မှာ Supportအောက်နားမနီးမဝေးဟာ ကိုယ့်ရဲ့ Stop-lossလို့ သိထားရပါမယ်။ Tradeတစ်ခုကို မဝင်ခင် ဒီဈေးအထိကျလာရင် Cut Lossလုပ်ရမယ်လို့ ဆုံးဖြတ်ချက်ချထားရပါမယ်။
  • အဲဒီ့ဆုံးဖြတ်ချက်ချပြီးမှ Tradeတစ်ခုကို သေချာOpenလုပ်ပါ။
နည်းနည်းထပ်ကွန့်ချင်ရင် Nearest Resistanceလိုင်းဟာ ကိုယ်Profit-takingလုပ်သင့်တဲ့ နေရာပါပဲ။ ဒါပေမယ့် ဒီနည်းဟာ လှေနံဓါးထစ်မှတ်ထားလို့တော့မရပါဘူး။ သတင်းဆိုးတစ်ခုခုထွက်လာခဲ့ရင် အဲဒီ့Resistanceကို ထိမှာကို မဟုတ်တော့ပါဘူး။ ပြီးရင် ကိုယ်Tradeလုပ်မယ့် Intervalပေါ်လည်း မူတည်ပါတယ်။ သတ်မှတ်ထားတဲ့ အချိန်ပြည့်တဲ့အထိ ဘာမှဖြစ်မလာတော့လည်း ရသလောက်နဲ့ Exitလုပ်သင့်ရင် လုပ်ရမှာပါပဲ။ Uptrendကို Clearly Brokenဖြစ်နေတဲ့ Signပြနေရင်လည်း မြန်မြန်ပိတ်ရမှာပါပဲ။

Mindset
ပထမဆုံးနားလည်ဖို့က အပေါ်မှာပြောသွားတဲ့ Technical Analysisဟာ ကိုယ့်ရဲ့ trading riskကို အနည်းဆုံးလျော့ချနိုင်ဖို့ပဲ သုံးစားလို့ရတယ်လို့ နားလည်ရပါမယ်။ ကိုယ်ဝင်တဲ့Entryဟာ Chartပေါ်မှာ လှလှလေးပေါ်နေပေမယ့် ဒါဟာProfitable Tradeဖြစ်လိမ့်မယ်လို့ ကျိန်းသေပြောလို့မရပါဘူး။ တကယ်လို့ တစ်ယောက်ယောက်က မင်းကိုငါ သေချာမြတ်မယ့် Technical Analysisတစ်မျိုးသင်ပေးမယ်ဆိုရင် too good to be trueလို့ သဘောပေါက်ရပါမယ်။

Gambler and Lotto Player
အပျော်တမ်းလောင်းကစားတတ်တဲ့သူ၊ ထီထိုးပြီး စိတ်ကူးကောင်းကောင်းယဉ်တတ်တဲ့သူတွေဟာ Stock Tradingဝင်လုပ်ရင် ဒုက္ခကောင်းကောင်းရောက်နိုင်ပါတယ်။ ထီထိုးပြီး စိတ်ကူးယဉ်တတ်တဲ့ Mindsetဟာ Traderတစ်ယောက်ကို Realistic decisionချဖို့ ကောင်းကောင်းနှောင့်နိုင်ပါတယ်။ အဆိုးရွားဆုံးက တစ်ချို့လောင်းကစားနည်းတွေနဲ့ ထီထိုးရင် ဘာလုပ်လို့ မရဘူးလည်း သိသလားမသိဘူး။ တွေးကြည့်ပါဦး။
....
....
....
....
....
....
အဖြေကတော့ You can't stop-loss! ထီထိုးပြီးသွားရင် ဘွာတေးလုပ်လို့ရသေးလား? ကိုယ့်ပိုက်ဆံကတော့ အဆုံးပဲ။ ထီပေါက်ဖို့Probabilityက 1 in a several millions။ ထီထိုးပြီး ထိုင်စောင့်တတ်တဲ့အကျင့်ဟာ ထီအပျော်ထိုးတဲ့ကိစ္စမှာ ပိုက်ဆံဘာမှမများပေမယ့် အဲဒီ့Mindsetကို Tradingထဲကို သယ်လာရင် You're as good as dead! နောက်တနည်းတွေးလို့ရတာကတော့ Stop-lossမရှိရင်၊ မလိုက်နာရင် ဒါဟာ လောင်းကစားနေတာလို့ပဲ မြင်ရပါမယ်။

Can't bear the feeling of losing money
ဟုတ်ပါတယ်၊ အဆိုးဆုံးပဲ။ ပိုက်ဆံဆိုတာ ကိုယ့်အိတ်ထဲကနေ တတိတိနဲ့ထွက်နေရင် ဘယ်လိုလုပ် စိတ်ကောင်းနိုင်မှာလည်း။ မရောင်းသေးသရွေ့တော့ တကယ်မရှုံးသေးဘူး (Realised Loss)ဟုတ်တယ်မဟုတ်လား။ အဲဒီ့ ကိုယ့်ပိုက်ဆံလေးပြန်ရနိုး၊ ပြန်ရနိုးနဲ့စောင့်တဲ့အလုပ်ဟာ Tradingမှာ အဆိုးရွားဆုံးပဲ။ အဲဒီလို Bad Feelingမခံစားရအောင်က ကိုယ့်ရဲ့Perspectiveကို ပြောင်းဖို့လိုပါတယ်။

Think like a business man
အခုဒီPostဖတ်နေတဲ့သူဟာ Businessတစ်ခုမှာ Employeeအနေနဲ့ လုပ်နေဖို့က တော်တော်လေးProbabilityများမှာပါ။ ကိုယ့်တစ်လတစ်လရရနေတဲ့ လခကအဲဒီ့ Businessရဲ့ Incomeဘက်မှာရှိသလား၊ Expenseဘက်မှာရှိသလား?? ရှင်းပါတယ်၊ ကိုယ်ရမှတော့ Expenseပေါ့။ ဒီတော့ ကိုယ့်ကိုခန့်ထားတဲ့ အလုပ်ရှင်ဟာ ကိုယ့်ကိုလခပေးသလောက်မှ အနည်းဆုံးပြန်အမြတ်မရရင် ကိုယ့်ကိုခန့်ထားပါ့မလား။ No way unless it's your daddy's business. အလုပ်မှာ ကိုယ်ဟာContribution သိပ်မလုပ်နိုင်တော့ရင်ဖြစ်ဖြစ်၊ Employerရဲ့ Businessဟာ သိပ်မစွံတော့ရင်ဖြစ်ဖြစ် နောက်ဆုံးမှာ ဘာလုပ်ခံရမလည်း? The famous "L" wordလေ - Layoff!

ဒီတော့တွေးရမှာက ကိုယ့်ကိုယ်ကို Business Ownerလိုသဘောထားပြီး Lossတွေဟာ ကိုယ့်Businessရဲ့ Expensesတွေပဲလို့ နားလည်ရပါမယ်။ Profitတွေကတော့ Revenue/Incomeပေါ့။ ဒီတော့ Stop-lossမလုပ်ဘဲ Traderဖြစ်ချင်တဲ့သူဟာ Expenseမရှိတဲ့ Businessကို Runချင်နေတဲ့သူနဲ့အတူတူပဲလို့ နားလည်ရပါမယ်။ Tradeတစ်ခုဟာ ကိုယ်ထင်သလိုဖြစ်မလာရင် အသုံးမကျတဲ့အလုပ်သမားကို ထုတ်ပစ်သလို အဲဒီ့Tradeကို Sackလုပ်ပစ်ရပါမယ်။ Technical Analysisကိုသုံးပြီး Analysisလုပ်တာဟာ ကိုယ်ခန့်မယ့် အလုပ်သမားရဲ့ Resumeကို ကြည့်သလိုပဲလို့ သဘောပေါက်ရမယ်။ သဘောကျလို့ ခန့်ပြီးတိုင်း တကယ်သုံးစားလို့ ရချင်မှရမှာပေါ့၊ ဟုတ်တယ်မဟုတ်လား။ ဒီတော့ အသုံးမကျတဲ့အလုပ်သမားကို ဖြုတ်ပစ်နိုင်ရင် Professional traderဖြစ်ဖို့ နီးစပ်လာပြီလို့မှတ်ထားနိုင်ပါတယ်။

Stop-lossကို ဒီpostမှာ Method and Mindsetပိုင်းဘက်တွေကနေ ပြောခဲ့ပါတယ်။ နောက်Postတွေမှာ Detailed Money Managementအပိုင်းတွေ ရေးပေးသွားပါဦးမယ်။

Happy Cutting Losses!

No comments:

Post a Comment