02 July 2010

Markets at the Crossroads


ဗုဒ္ဓဟူးနေ့က Postရဲ့ နောက်ဆုံးလိုင်းမှာ Entry Conditionထည့်ပေးလိုက်လို့တော်သေး။ ဈေးပိတ်ခါနီး နာရီဝက်အထိစောင့်ကြည့်ပါလို့ ကျွန်တော်ပြောခဲ့ပါတယ်။ အဲဒီ့ညက နောက်ဆုံးပိတ် မိနစ်လေးဆယ်လောက်မှ Late sell-offစတာပါ။ ဒါဟာလည်း Moody's (Credit Rating Agency)က Spanish Governmentရဲ့ Soverign Credit Ratingကို Downgradeလုပ်သင့်ရင်လုပ်ဖို့ Reviewလုပ်နေတယ်ဆိုတဲ့ သတင်းထွက်လာလို့ ဖြစ်ပါတယ်။ အဲဒီ့နောက်မှာ တနေကုန် အခြေအနေသိပ်မဆိုးတဲ့ Marketဟာ စကျတာပါပဲ။

ဒါမျိုးကို Knee Jerk Reactionလို့ ခေါ်ပါတယ်။ တကယ့် Traderဖြစ်ချင်ရင် Breaking Newsထွက်လာတာနဲ့ ထွက်လာတဲ့ News Contentကို အကြမ်းဖတ်ပြီး Newsရဲ့ Sourceကို သေချာAnalyseလုပ်တာက ပိုကောင်းပါတယ်။ တကယ်တမ်းတော့ တခြား Rating Agencyတွေဖြစ်တဲ့ Fitchက မေလကုန်ကနဲ့ S&Pဆိုရင် January 2009ကတည်းက Downgradeလုပ်ပြီးသားပါ!!! ကျွန်တော်ဆိုလိုတာက It's Old News and Moody's already too late. Moody's ဟာ Rating Agencyသုံးခုထဲမှာ အသုံးမကျဆုံးလို့ ကျွန်တော်ကတော့ Personallyမြင်ပါတယ်။ ဒီတော့ Old Newsအပေါ်မှာ ဒီလောက်Reactionဖြစ်သင့်သလား မဖြစ်သင့်သလားကတော့ Personal Decisionလို့ ပြောချင်ပါတယ်။ Personally, Old news for me and I don't trade on old news.

အိုကေ၊ မနေ့ညက ဘာဖြစ်သွားသလည်း ဆက်ကြည့်ရအောင်။ စတာကတော့ Asiaမှာ Chinese PMI Indexဟာ ထင်ထားတာထက် ကျသွားတာပါပဲ။ ကျမယ်တော့ မှန်းထားပြီးသားပါ။ USဈေးမဖွင့်ခင် တစ်နာရီမှာ Weekly Jobless Claims dataနဲ့ May 20010 Pending Home Sales data ထွက်လာပါတယ်။ Pending Home Salesဟာ ၃၀%တောင် ပြုတ်ကျသွားတယ်ဆိုပါတယ်။ ဒါမျိုးတွေ့တာနဲ့ လန့်ဖြန့်သွားမယ့်အစား ဘာလို့ဒီလိုဖြစ်ရသလည်းဆိုတဲ့ ဇစ်မြစ်ကိုရှာမယ်ဆိုရင် ပိုသင့်တော်ပါတယ်။ US Governmentဟာ Stimulus Packageရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ Special Home Owner Tax Creditတွေပေးခဲ့တာကို April 30မှာ Officiallyရပ်ခဲ့ပါတယ်။ ဒီ Stimulusတွေဟာ အစိုးရက အကြွေးတွေနဲ့ Fundလုပ်ထားရတာပါ။ April 30အထိ Contract Signထိုးတဲ့သူတွေပဲပေးတဲ့ Tax Creditဟာ Fiscally Responsibleဖြစ်တယ်လို့ ကျွန်တော်တော့ မြင်ပါတယ်။ April 30မှာ Tax Creditရပ်မှတော့ Mayလရဲ့ Pending Home Salesဟာ ထိုးကျတာမဆန်းပါဘူး။ တကယ်တမ်းတော့ Tax Credit expireဖြစ်တော့မှာမို့လို့ အရှေ့လတွေက စွတ်ဝယ်နေကြတာဟာ Future salesတွေကို Suck outလုပ်သလိုဖြစ်သွားတယ်ဆိုရင် ပိုမှန်ပါတယ်။ So, it's not a good news but not a really bad news either.
...

Weekly Jobless Claims Dataကို ကြည့်ရအောင်။ ဒီReportကို အပတ်တိုင်း Analyseလုပ်ရတာ ကျွန်တော့်အတွက်တော့ အရသာတစ်ခုပါပဲ။ Same Rule - scan the breaking news text from sources like CNBC, then go to the SOURCE. http://www.dol.gov/opa/media/press/eta/ui/current.htm မှာ အသေးစိတ်သွားဖတ်နိုင်ပါတယ်။ Inital Jobless Claimsပြီးခဲ့တဲ့အပတ်ကထက် ၁၃၀၀၀တက်သွားပါတယ်။ I admit it - it's bad news. ဒါပေမယ့် ဒါဟာ Entire Pictureမဟုတ်ပါဘူး။ Reportရဲ့ အလယ်နားမှာ 4-Wk Moving Average (SA) ဆိုတဲ့ Rowရှိပါတယ်။ ဒါဟာလက်ရှိ ၂၆ပတ်အောက် Unemployment Insuranceယူနေတဲ့သူတွေရဲ့ Total Countကိုပြောတာပါ။ 4-week moving averageဟာ ပိုပြီးတော့ Trendကို သဲသဲကွဲကွဲပြနိုင်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကနဲ့ယှဉ်ရင် Moving Average figureဟာ June 19အပတ်မှာ နှစ်သောင်းခွဲကျသွားတာ တွေ့ပါလိမ့်မယ်။ ဒီတော့ ကျွန်တော် Not So Rosy Postမှာ ရေးခဲ့ဖူးသလိုပဲ ၂၆ပတ်အောက် Benefitသမားတွေဟာ ၂၆ပတ်အထက် Extended Claimsဘက်မှာ ရွေ့သွားသလားလို့ Report အောက်နားမှာ ကြည့်ကြည့်တော့လည်း Extended Claimsဟာ June 12အပတ်မှာ တစ်သိန်းခြောက်သောင်းနီးပါး ကျသွားတာတွေ့ရပါတယ်။ There's a catch - ဒီတစ်သိန်းခြောက်သောင်းနီးပါးဟာ အားလုံးတော့ အလုပ်ရသွားတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ တချို့ဟာ အလုပ်ရသွားတာဖြစ်နိုင်သလို၊ တချို့ကတော့ Labour Forceထဲက Discouragedဖြစ်ပြီး အပြင်ရောက်သွားတာလည်း ဖြစ်နိုင်ပါတယ်။ မနေ့က Monster Employment Indexလည်း ထွက်ပါတယ်။ Monster Indexဟာ Mayလနဲ့ယှဉ်ရင် Juneမှာ ၅.၂%လောက် တက်သွားပါတယ်။ Online Job Adတွေတက်လာတယ်ဆိုတာ Hiringများလာတဲ့ Signပါ။ 

ဒီအချက်တွေကြောင့် Initial Jobless Claimsဟာ 13000တက်သွားပေမယ့် 4-week Moving Average of Continuing Claimsတွေ၊ Extended Benefitsတွေဟာ Encouraging ဖြစ်ပါတယ်။ ဒီနေ့ညမှာ Juneလအတွက် အားလုံးစောင့်နေကြတဲ့ Employment Situationထွက်ပါမယ်။ Governmentဟာ Census workerအများစုကို ပြန်လျော့မှာမို့လို့ Negative Net Gainမှန်းထားကြပေမယ့် Private Sector Payrollကိုတော့ ၇၅၀၀၀ကနေ တစ်သိန်းဝန်းကျင်မှန်းထားကြပါတယ်။ ကျွန်တော်ကတော့ ခုနစ်သောင်းအထက်လောက် မှန်းထားပါတယ်။ ခုနစ်သောင်းအထက်ဆိုရင် အပေါ်မှာပြောခဲ့တဲ့ လျော့သွားတဲ့ Extended Claimတွေရဲ့ တဝက်လောက်ဟာ အလုပ်ရနေကြတယ်လို့ မှန်းနိုင်သလို အောက်မှာဆိုရင်လည်း တဝက်ကျော်ဟာ တကယ်တမ်းတော့ Labour Forceမှာ Participateမလုပ်တော့ဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။ ခုနစ်သောင်းအောက်ဆိုရင်တော့ Marketဟာ Sell-off ဖြစ်ဖို့ သေချာသလောက်ပါပဲ။

ဈေးဖွင့်ပြီး နာရီဝက်အကြာမှာ ထွက်လာတာကတော့ ISM Manufacturing Indexပါ။ Breaking Newsက ပြောပါလိမ့်မယ်။ Actual 56.2 vs Expected 59 - Much worse than expected, etcဆိုပြီး ကြားပါလိမ့်မယ်။ ထုံးစံအတိုင်း Sourceကိုသွားဖတ်ပါ - http://www.ism.ws/ISMReport/MfgROB.cfm?navItemNumber=12942 ။ MANUFACTURING AT A GLANCEဆိုတဲ့ Tableမှာကြည့်ပါ။ Manufacturing Indexတွေကို ဖတ်ရင် နားလည်ရမှာက Reading 50အထက်ဟာ Expansionကို ပြပါတယ်။ 50အောက်ဟာ Contractionကို ပြပါတယ်။ ဒီတော့ ထင်ထားတာထက် ကျသွားတာဟာ (May Index was 59.7) bad news ပေမယ့် 56ဟာ Still Very good. Tableထဲမှာကြည့်ရင် Sub Indexအများစုဟာ Growing / Expansion statusကို ၁၁လဆက်တိုက် ထိန်းထားတာကို တွေ့ရပါလိမ့်မယ်။ Rate of Growthကတော့ Slow Downပြနေပါတယ်။ ဒီတော့ နောက်လ Indexဟာ ၅၆ထက်ဆက်ကျပြီး ၅၀နားပြေးနေပြီဆိုရင်တော့ စပြီးစိတ်ပူနိုင်ပါပြီ။

Getting Technical
  • In short, not looking good.
  • DJI back under primary down trend
  • DJI broke February and May Low's
  • MFI Overbought indicator looks like it accurately showed when the market was overbought
  • MACD having bearish crossover.


What's the plan
  • ထပ်ပြောပါမယ်။ ဈေးပိတ်ခါနီး နာရီဝက်အထိစောင့်ကြည့်ပြီးမှ Tradeတစ်ခုကို စပါ။
  • ဒီည Employment Reportမှာ Private Payroll countနဲ့ Work Hours, Average Wage figureတွေကို ကြည့်ပါ။
  • Technicals look pretty bad. ဒါပေမယ့် ဒီPrice Actionတွေဟာ Unnecessary Fearတွေအပေါ်မှာ Basedထားပြီး ဖြစ်လာတာလို့ Short-term ကောက်ချက်ချနိုင်ပါတယ်။ Things look bad but they're not that double-dip bad.
  • ကျွန်တော်အမြဲပြောပါတယ်။ Stoplossကို Entryနဲ့နည်းနည်းပဲခွာပြီး ကပ်ထားပါ။ If you don't have stoploss, don't trade or go to Casino.
  • Don't get nervous by the Breaking News. Many of them are to sell their own media and to stir the emotion of amateur traders. Original Sourceကို သွားဖတ်ပြီး တကယ်ဘယ်လောက်ဆိုးသလည်း ကိုယ်တိုင်ဆုံးဖြတ်ပါ။
  • If you think Market is too hot now, just stay away. Nobody forces you to be in. ကျွန်တော်အတွက်ကတော့ ဒီလိုအချိန်တွေကို ကြိုက်တယ်။ They make you a better trader.
  • Sometimes, the best time to buy is when everyone's fear is overreaction.

Happy Trading!

No comments:

Post a Comment