30 June 2010

Jump In Tonight - 2010/06/30


မနေ့ညက Wall Stမှာ Major Indicesတွေအားလုံး တော်တော်လေး ပြုတ်ကျကြတာ တွေ့လိုက်မှာပါ။ S&P500ဆိုရင် ၂၀၁၀ Lowဖြစ်သွားပါတယ်။ Treasury Yieldsတွေဆိုရင်လည်း 15-month Lowဖြစ်သွားပါတယ်။ ဘာလို့ ဒီလောက်ပြုတ်ကျခဲ့သလည်း၊ တကယ်ပဲ အဲဒီလောက်ကျခဲ့သင့်သလား ကျွန်တော်Analyseလုပ်ကြည့်ပါတယ်။

Reason 1 for Sell-off
Chinese Leading Economic Indicator (LEI) ဟာ Aprilလအတွက် ၁.၇%တက်မယ်လို့ ဇွန်လလယ်က ဆိုခဲ့တာကနေ အခုလကုန်ကျတော့ ၀.၃%ပဲ တက်တယ်လို့ Conference Boardဆိုတဲ့ NY based Research organisationတစ်ခုက Reviseလုပ်လို့ပါ။ မထင်မှတ်ပဲ ၀.၃%ပဲတက်တယ်ဆိုတော့ Chineseတွေဟာ Slow down ဖြစ်နေပြီဆိုပြီး ရောင်းကြတာပါပဲ။ တကယ် Reportကို ဖတ်မယ်ဆိုရင် ထင်သလောက် မဆိုးပါဘူး။ Reportထဲမှာ "The LEI for China was previously reported to have increased 1.7 percent in April but has been revised to correct a calculation error: the Total Floor Space Started component contributed a negative value, minus 0.1 percent in April, rather than a positive 1.3 percent as originally reported. The correction has produced a lower value and monthly change in the LEI, but does not affect the outlook or the historical cyclical behavior of the index. Only the values of the April LEI for China itself and the Total Floor Space Started component have changed." ဆိုတဲ့ အပိုဒ်ကို သေချာဖတ်ကြည့်ပါ။ LEIဟာ Revised downဘာလို့ဖြစ်ရသလည်းဆိုတော့ Total Floor Space Startedဆိုတဲ့ sub-indicator dataဟာ မှားနေခဲ့လို့ပါ။ တရုတ်အစိုးရရဲ့ Property Marketအပေါ်မှာ Tighteningလုပ်တာတွေကြောင့် Property constructionတွေဟာ Slow downဖြစ်မယ်ဆိုတာဟာ Old Newsပါ။ သိထားတာ ဘယ်လောက်တောင်ကြာလှပြီလည်း။ ဒီတော့ Total Floor Space Started Indicatorကျသွားတာ ကျွန်တော်တော့ ဘာမှကို ထူးဆန်းတယ် မထင်ပါဘူး။ အထူးသဖြင့် အပေါ်ကစာထဲမှာ Chinaရဲ့ Outlookအတွက် ဘာမှ Negative Viewမရှိပါဘူး။ တခြား Sub Indicatorတွေကို ကြည့်ကြည့်တော့လည်း အခြေအနေကောင်းပါတယ်။ Original Reportကို ကြည့်ချင်ရင်တော့ http://www.conference-board.org/pdf_free/economics/bci/ChnJun10Rev.pdf မှာဖတ်နိုင်ပါတယ်။

Reason 2 for Sell-off
ဒီနေ့ European Central Bank (ECB)ဟာ 90-day Euro loanတွေကို Tenderခေါ်ပါမယ်။ ECBက Chargeလုပ်မယ့် အတိုးနှုန်းဟာ Market Rateနဲ့ ယှဉ်ရင်များပါတယ်။ ဒီတော့ Stock Marketကဘယ်လိုမှန်းသလည်းဆိုတော့ credit marketထဲမှာ fundingရှာလို့မရတဲ့ ဘဏ်တွေသာ ECB Tenderကို Bidလုပ်မယ်လို့ မှန်းပါတယ်။ Bid sizeဟာ Euro Dollar 250-300billionလောက်ဖြစ်မယ်လို့ မှန်းထားပြီး တကယ်လို့များ အဲဒီထက်ပိုများခဲ့ရင် European Bankတွေဟာ Marketကနေ Fundingလုပ်လို့မရနိုင်လောက်အောင် Confidence Crisisဖြစ်နေပြီလို့ ယူဆရမှာပါ။ မနေ့ညက Europeနဲ့ USက Sell-offဟာ အဲဒီလိုများ ECBကချေးတာ ပိုများခဲ့ရင်ဆိုပြီး ကြိုကစ်တဲ့အဓိပ္ပါယ်အများကြီးပါပါတယ်။ တကယ်တမ်း ဘာမှဖြစ်မလာသေးပါဘူး။ အခုဒီစာရေးနေတုန်းပဲ ECBသတင်းထွက်လာပါတယ်။ တကယ်တမ်း 132Billion Euroပဲ Bidကြပါတယ်။ ထင်ထားတာရဲ့ တဝက်ပဲ ECBရဲ့ ဈေးကြီးတဲ့ Rateကို ပေးချေးကြတယ်ဆိုတာ Stock Marketအတွက် သတင်းကောင်းပါ။ မနေ့ညက Actionဟာ Overly pre-emptive actionလို့ ဆိုနိုင်ပါတယ်။

Reason 3 for Sell-off
Conference Board Consumer Confidence Indexဟာ မေလက ၆၃.၃ကနေ ဇွန်မှာ ၅၂.၉အထိ ထိုးကျသွားပါတယ်။ Conference Boardဟာ လတိုင်းလူ၅၀၀၀ကို အလုပ်နဲ့ပတ်သက်လို့၊ သူတို့ရဲ့ လက်ရှိတိုင်းပြည်အခြေအနေအပေါ် ထင်မြင်ချက်တွေကို Surveyလုပ်ပြီး Indexတွက်ပါတယ်။ 10 pointနီးပါး ကျသွားတာဟာ Uglyဖြစ်ပါတယ်။ ဒါပေမယ့် Personally, ကျွန်တော်ကတော့ သန်း၃၀၀ကျော်ရှိတဲ့တိုင်းပြည်မှာ လူ၅၀၀၀ကို Surveyလုပ်ပြီးတွက်တဲ့ Indexကို ဂရုကိုမစိုက်ပါဘူး။ Reason 1နဲ့ 2ဟာ Reason 3ထက် မနေ့ညက Marketအပေါ်မှာ လွှမ်းမိုးမှုရှိခဲ့တယ်လို့ ကျွန်တော်တော့ မြင်ပါတယ်။

What's the plan
Fund Managerတွေဟာ ဒီလို Juneလကုန် Quarter Endမှာ သာမန်အခြေအနေမှာတောင် လိုတိုးပိုလျော့လုပ်ရင်းနဲ့ Market Volatilityကို ပိုဖြစ်စေတတ်ပါတယ်။ Australiaမှာဆိုရင် ဒီနေ့ Fiscal Year Endဆိုတော့ တစ်နှစ်လုံးမြတ်ထားတာတွေကို အခုရှုံးနေတာတွေနဲ့ offsetလုပ်တဲ့အနေနဲ့ ပိုအရောင်းသွက်တတ်ပါတယ်။ ဒီတော့ အတိုချုပ်ရရင် Last Night Sell-offဟာ Overreactionပါ။ ဒီနေ့ည ဈေးပိတ်ခါနီး နာရီဝက်လောက်အထိစောင့်ကြည့်ပြီး အခြေအနေကောင်းတယ်ဆိုရင် ပစ်သာဝယ်ကြပေတော့။

Happy Bargain Hunting!!! But Keep your stoploss tight.

No comments:

Post a Comment