12 October 2009

Investment Psychology 101

ပြီးခဲ့တဲ့ Postတွေမှာ Fundamental Analysisနဲ့ ပတ်သက်တာတွေ ရေးထားလို့ အခုနည်းနည်း Topicပြောင်းလိုက်မယ်။ ဒါပေမယ့် ဒီTopicဟာ အရေးအကြီးဆုံးထဲမှာ ပါပါတယ်။

Investmentကို Seriouslyလုပ်မယ်ဆိုရင် 3 M လိုပါတယ်။ အဲဒီ့ 3Mကတော့ Mindset, Methodsနဲ့ Managementပါ။ ဘာRatio ညာRatioအစရှိတာတွေဟာ Methodsပိုင်းမှာပါတယ်။ ဒါတွေသိရုံနဲ့ Investorကောင်းဖြစ်မလာနိုင်ဘူး။ Investorတကယ်ဖြစ်ချင်ရင် 3Mကိုနိုင်နင်းရပါမယ်။ ဒီPostကတော့ Mindsetအပိုင်းထဲ ဝင်သွားလိမ့်မယ်။

ပထမဆုံးသိရမှာက လူအများစုဟာ Investingကို Get Rich Quick Schemeလို့ထင်တတ်တယ်။ ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် You got to be really a financial genius. ဒီတော့ ပိုပြီးRealisticဖြစ်နိုင်တာကို ပြောရရင် အခုထလုပ် အခုထချမ်းသာဖို့ မမြော်လင့်ပါနဲ့။ Investingဟာ အချိန်ယူရပါတယ်။ ယုန်နဲ့လိပ်ပုံပြင်ဟာ ဥပမာကောင်းတစ်ခုပါပဲ။
...

ဒုတိယက ကျွန်တော်/ကျွန်မမှာ ဘာမှ Financial အတွေ့အကြုံမရှိဘူးဆိုတာပါ။ စမလုပ်သ၍ ဘာအတွေ့အကြုံမှ ရလာမှာမဟုတ်ဘူး။ ဒီတော့ မြန်မာစကားပုံတစ်ခုကို မှီပြောရရင် - လက်သည်ကြီးပဲ အားကိုးလို့တော့မရ၊ ကိုယ်တိုင်ကလည်း နည်းနည်းတော့ညှစ်ရမယ် :)။ ဖြည်းဖြည်းလေ့လာ၊ ဖြည်းဖြည်းApplyလုပ်သွားရင် အချိန်ကြာလာတာနဲ့အမျှ Self-Confidence ပိုရှိလာပါလိမ့်မယ်။

တတိယတစ်ခုကတော့ Reasonတစ်သောင်းလို့ဆိုချင်တယ်။ Top Reasons တွေကို အောက်မှာရေးထားပါတယ်။

အချိန်မရသေးလို့
မရသေးရင် လုပ်ယူရပါမယ်။ Sacrificeလုပ်သင့်တာတွေလုပ်ပြီး ကိုယ့်Educationအတွက် အချိန်ရအောင် ဖောက်ယူရပါမယ်။ ဘယ်လိုလုပ်ရမလည်းကတော့ ကိုယ့်Lifestyleနဲ့ကိုယ်မို့လို့ ကျွန်တော်လည်း မပြောတတ်ဘူး။ အဲ TVကြည့်လွန်းရင်၊ Facebookလွန်းရင်၊ Clubသွားလွန်းရင်၊ အိပ်လွန်းရင် နည်းနည်းတော့လျှော့လို့တော့ ပြောချင်တယ်။

ပိုက်ဆံမရှိဘူး
ဒါကတော့ ဂျာအေးသူ့အမေရိုက်မယ့် ပြဿနာ။ ပိုက်ဆံမရှိတော့ Investမလုပ်၊ Investမလုပ်တော့ ရှိသင့်သလောက်မရှိ။ ပိုက်ဆံမရှိသေးရင် အရင်ဆုံး Spendingလျှော့ပြီး Savingပိုလုပ်ပါ။ Investingဟာ ငွေငါးထောင်ကနေ တစ်သောင်းလောက်ကနေစရင် ကောင်းကောင်းလုပ်လို့ရပါတယ်။ နှစ်ထောင်လောက်ကစလည်း ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် သိပ်မလူးလွန့်သာဘူးလို့ ပြောချင်တယ်။ ငါးထောင်လောက်တော့ အနည်းဆုံးရအောင်စုပါ။

အကြွေးချည်းပဲ
သိပ်မညည်းပါနဲ့။ ကျွန်တော်အပါအဝင် Western Economyထွန်းကားတဲ့ တိုင်းပြည်တိုင်းကလူတွေဟာ အကြွေးနဲ့ကင်းလို့ မရပါဘူး။ အကြွေးဆိုတာမရှိရင် ချမ်းသာလာမှာတောင်မဟုတ်ဘူးလို့ ပြောချင်တယ်။ အကြွေးမှာ Personal Debt နဲ့ Investment Debtဆိုပြီး ယေဘုယျနှစ်မျိုးခွဲနိုင်ပါတယ်။ ကိုယ်က Personalကို လျော့ချပြီး Investment Debtဘက်ကပိုများအောင် လုပ်ဖို့ပဲလိုပါတယ်။ Credit Cardအကြွေးတွေများနေရင် မြန်မြန်ပြန်ဆပ်လိုက်ပါ။ အကြွေးတကာထဲမှာ သူအဆိုးဆုံးပဲ။ Investmentကျွမ်းကျင်လာရင် ဘယ်အကြွေးကကိုယ့်အတွက် ကောင်းမလည်း သိလာပါလိမ့်မယ်။ နောက်ပိုင်းမှာ Loanတွေအကြောင်း ရေးပါဦးမယ်။

Isn't Investing same as Gambling
မှန်သင့်သလောက်မှန်ပါတယ်။ ကိုယ့်မှာ 3Mထဲက ဘာMမှ မရှိရင် ၁၀၀%မှန်ပါတယ်။ Every Investmentမှာ Riskရှိပါတယ်။ ကိုယ်က Riskကို Analyseလုပ်တတ်ဖို့၊ ထင်သလိုဖြစ်မလာရင် Manageလုပ်နိုင်ဖို့ 3Mလိုပါတယ်။ Investmentဆိုရင် အမြဲတမ်းRiskကို တွဲမြင်ပါ။ ဘာRiskမှ သည်းညည်းမခံနိုင်ရင်တော့ ဘဏ်တိုးစားတာ ပိုကောင်းပါတယ်။

It takes a Genius to become rich
ဒါကတော့ Absolutely Rubbishပါ။ တော်ရုံAverage IQနဲ့ ဘယ်သူမဆို Investorဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Reasonable Objectiveလေးတော့ ရှိဖို့လိုပါတယ်။ အခုမှစလုပ်ရင် နောက်ခြောက်လမှာ 1 Billion $တော့မှန်းလို့ ဘယ်ရမလဲ။ တကယ် Financiallyအောင်မြင်နေတဲ့သူတွေဟာ Common Senseရှိပြီး Self-disciplineကောင်းတဲ့သူတွေပါ၊ အများစုဟာ Geniusတွေ မဟုတ်ကြပါဘူး။ ဒါပေမယ့် သာမန်လူတွေထက် နည်းနည်းတော့ Braveပိုဖြစ်ဖို့လိုမယ်။

အိမ်ကမိန်းမ၊ ယောင်္ကျားကတော့ ဘယ်တော့မှ လုပ်မှာမဟုတ်
ဒါကတော့ နည်းနည်းခက်လိမ့်မယ်။ Plainကြီးတော့ ကိုယ်နားလည်သလို သူကလိုက်နားလည်လိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ ကိုယ့်Spouse/Partnerကို ဖြည်းဖြည်းချင်း Educateလုပ်သွားဖို့လို့ပါတယ်။ ကိုယ့်ဘက်က သူယုံကြည်အောင် အချိန်အတိုင်းအတာတခုအတွင်း နည်းနည်းတော့ သက်သေပြဖို့လည်းလိုလိမ့်မယ်။ Singleသမားဆိုရင်တော့ Investလုပ်ဖို့ ဒီ့ထက်ကောင်းတဲ့အချိန် ဘဝမှာ မရှိဘူးလို့ပြောချင်တယ်။ ဝင်ငွေကောင်းတဲ့လူဆိုရင် ပိုတောင်မှန်သေးတယ်။

အထက်ကပြောခဲ့တဲ့ Reasonတွေ ကိုယ်နဲ့ဘယ်လောက် ပတ်သက်နေလည်း မညာတမ်းစမ်းစစ်ကြည့်ပါ။ Investingမှာ Conceptတွေဟာ တွေးရလွယ်ကူသလောက် လိုက်လုပ်ရခက်ပါတယ်။ အချိန်တန်ရင် ပိုနားလည်လာပါလိမ့်မယ်။ အခုလောလောဆယ်တော့ ကိုယ့်Mindsetလေးကို နည်းနည်းစီ စပြောင်းကြည့်ပါ။ ကျွန်တော်ကိုယ်တိုင်လည်း နေ့တိုင်းကိုယ့်ရဲ့ Mindsetကို တိုးတက်အောင် ကြိုးစားနေဆဲပါပဲ။ ဒီPostမှာ Robert Kiyosaki နဲ့ Dr. Alexander Elderတို့ရဲ့ Materialအချို့ကို Referenceလုပ်ပါတယ်။

Happy Investing!

6 comments:

  1. wow, absolutely right, those are all of my reasons to be afraid of Investment. (main reason is I don't have enought money to be starting)

    ReplyDelete
  2. ကျနော့ ရဲ့ အကြောင်းပြချက် ကလည်း အချိန်မရသေးလို့ရယ်၊ နဲ့ ပိုက်ဆံမရှိဘူး ဆိုတာရယ်ပါ။ ခုတော့ ဟိုလှန်ဒီရှာနဲ့ Aunginvestment blog ကိုတွေ့ရတာပါပဲ။ Robert Kiyosaki ရဲ့ Rich Dad, Poor Dad ကစလို့ financial education ဆိုတာကို သဘောပေါက်လာခဲ့ရတာ။ နှောင်းတော့ မနှောင်းသေးပါဘူးလေ။ အကိုပြောသလို mindset ကို နည်းနည်းစီ စပြောင်းကြည့်ရမယ်။

    ReplyDelete
  3. Bro,

    A good post indeed. Well written in educative but easy-to-understand approach.
    I am looking forward to reading more of your posts in the nitty-gritty details of investment techniques as well as some DOs & DON'Ts based on your experience.

    Thank a lot for sharing.

    ReplyDelete
  4. Robert Kiyosakiဟာ Motivational Speakerပါ။ သူဟာ 3Mထဲက Mindsetကို Targetထားပြီး Educateလုပ်ပါတယ်။ ဒါကြောင့် သူ့စာအုပ်တွေဟာ How-toတွေမပါဘူးလို့ တခါတလေ ဝေဖန်ခံရတတ်ပါတယ်။ သူ့မှာ 3Mလုံး Provideလုပ်ဖို့ တာဝန်မရှိပါဘူး။ ကိုယ်က ကိုယ်လိုတာတွေကို Different Sourceတွေကနေ ယူတတ်ဖို့လိုပါတယ်။

    ReplyDelete
  5. အစ်ကိုရေ....ကျနော့် blog မှာ ကူးယူဖော်ပြခွင့်ပြုပါခင်ဗျ။ အောက်မှာ ဒီ blog ကို ညွှန်းပေးပါ့မယ်။ ကျေးဇူးတင်ပါတယ်။

    ReplyDelete