08 October 2009

Easiest way to pick a company to invest

Stock Marketထဲ ဝင်ချင်တဲ့သူတိုင်း ပထမဆုံး ဒုက္ခရောက်တာကတော့ ဘယ်ကုမ္ပဏီကို ဝယ်သင့်သလည်းပါ။ ကုမ္ပဏီတစ်ခုကို Investလုပ်သင့်လား မလုပ်သင့်ဘူးလား Analyseလုပ်တဲ့နည်းတွေ ရာနဲ့ချီပြီး ရှိပါတယ်။ Stock Marketမှာ Investလုပ်ရင် ပြဿနာက Informationမရှိတာမဟုတ်၊ too much informationဖြစ်နေတာကမှ ပြဿနာအစစ်။

ဒီPostမှာ အလွယ်ကူဆုံးနဲ့ Effectiveဖြစ်တဲ့နည်းကို ရေးထားပါတယ်။ အဲဒါကတော့ Price-to-Earning Raio (P/E)လို့ ခေါ်တယ်။ P/Eဟာ ကုမ္ပဏီတစ်ခုကို Investorတွေ ဘယ်လောက်တန်ဖိုးထားလည်းကို ဖော်ပြတယ်။ P/Eတွက်ဖို့ဆိုရင် ဒီFormulaကို သိဖို့လိုပါတယ်။

                  Current Stock Price
P/E = ----------------------------------
                Earnings-per-share(EPS)

Current Stock Priceကတော့ ရှင်းပြစရာမလို၊ သိသင့်ပါတယ်။ EPSကတော့ သိချင်မှသိမယ်။ EPSတွက်ရတာ လွယ်ပါတယ်။ ကုမ္ပဏီရဲ့ Earningsကို No. of issued Sharesနဲ့ စားရုံပါပဲ။
...



                        Earnings
EPS = -----------------------------
               No. of issued shares

finance.yahoo.comလို websiteတွေမှာ EPSတို့ P/Eတို့ဟာ တွက်ပြီးသား အဆင်သင့်ရှိပါတယ်။ ဒါပေမယ့် ဘယ်လိုတွက်သလည်း သိရင်တော့ ပိုကောင်းပါတယ်။ P/Eကို Multipleလို့လည်း ခေါ်ကြပါတယ်။ Definitionတိုတိုပြောရရင်တော့ ကုမ္ပဏီရဲ့ EPS 1$သို့ ၁ကျပ်ရဖို့ ဘယ်လောက် အလိုက်ပေးရမလည်းပေါ့။

P/Eကို Translateလုပ်တတ်ဖို့ အရေးကြီးပါတယ်။ ယေဘုယျအားဖြင့် P/E ၂၀အောက်ဟာ Cheapဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ P/E ၂၀ နဲ့ ၃၀ကြားဟာ အောင်မြင်တဲ့ ကုမ္ပဏီတစ်ခုအတွက် မထူးဆန်းပါဘူး။ ၃၀အထက်ကတော့ အရမ်းPopular ဖြစ်တဲ့ကုမ္ပဏီတွေမှာ ရှိတတ်ပါတယ်။ P/E ၁၀အောက်ကတော့ Bargainလို့ ပြောနိုင်ပါတယ်။ EPS ၁ကျပ်ရဖို့ ကိုယ်က ၁၀ကျပ်ပဲ အလိုက်ပေးရတာကိုး။ ဒီအပေါ်ယံ translationအားလုံးဟာ well-managedကုမ္ပဏီတွေ၊ သတင်းဆိုးမထွက်တဲ့ ကုမ္ပဏီတွေအတွက်ပဲ မှန်နိုင်ပါတယ်။

ကုမ္ပဏီက Earningသိပ်မရှိရင် EPSနည်းသွားပါမယ်။ P/Eတွက်ဖို့က EPSကပိုင်းခြေဆိုတော့ ပိုင်းခြေနည်းရင် စားလဒ်ဟာများသွားတာ မဆန်းပါဘူး။ ဒါကြောင့် P/Eများပြီး ကုမ္ပဏီOutlookကမကောင်းရင် ဈေးကြီးတယ်လို့ ဆိုနိုင်တယ်။ ကုမ္ပဏီက Earningတိုးတက်ဖို့ Potentialရှိတယ်ဆိုရင်တော့ Investorတွေရဲ့ တန်ဖိုးထားခံရတယ်လို့ ပြောနိုင်ပါတယ်။ P/Eတန်ဖိုးချင်းအတူတူ ကုမ္ပဏီရဲ့ Image၊ Forecastနဲ့ သတင်းတွေပေါ်မူတည်ပြီး Translationကွာသွားပါမယ်။ ကုမ္ပဏီကောင်းရင် Growth ကောင်းမှာမို့လို့လို့ ပြောနိုင်သလို၊ ကုမ္ပဏီမကောင်းရင် Expensive/Overvalueဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

P/Eနည်းနေရင်လည်း အဓိပ္ပါယ်နှစ်မျိုးထွက်နိုင်ပါတယ်။ ကုမ္ပဏီကသိပ်မဟန်ရင် Investorတွေသိပ်တန်ဖိုးမထားတာလို့ ကောက်ချက်ချနိုင်သလို၊ ကုမ္ပဏီက okရင် Cheap/Undervalueလို့ ပြောနိုင်ပါတယ်။

တခါတရံ P/E = N/Aဆိုပြီးတွေ့ပါလိမ့်မယ်။ ဒါဟာ Negative earningsလို့ ဆိုလိုပါတယ်။ ဒီလိုကုမ္ပဏီမျိုးကို Generallyကတော့ ဝေးဝေးရှောင်သင့်ပါတယ်။ Earning မရှိတဲ့နေရာမှာ ကိုယ့်ပိုက်ဆံ ဘာလို့သွားထားရမလည်းလို့ တွေးနိုင်ပါတယ်။ ဒါပေမယ့် တက်သစ်စကုမ္ပဏီဖြစ်ပြီး၊ အလားအလာအရမ်းကောင်းတဲ့ ကုမ္ပဏီတွေမှာလည်း P/E = N/A ဖြစ်နိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့မှာ Marketကို Reportလုပ်ဖို့ ဘာမှမရှိသေးလို့ပါ။ ဒါမျိုးကို Speculative Investmentလို့ခေါ်နိုင်ပါတယ်။

ဖြစ်လာနိုင်မယ့် P/Eကို မှန်းပြီး Investလုပ်မယ်ဆိုရင် အဲဒါမျိုးကို Forward P/Eလို့ ခေါ်ပါတယ်။ EPSတွေကို Updateလုပ်တာဟာ every 3, 6, 12 months ဖြစ်နိုင်ပါတယ်။ ဒီတော့ နောက်ဆုံးကြေညာထားတဲ့ EPSကို အသုံးချပြီး တွက်တာကို Historical P/Eလို့ ဆိုနိုင်ပါတယ်။

ကျွန်တော့်Favouriteကတော့ Weighted P/Eပါ။ ဒါကိုရဖို့ ကုမ္ပဏီရဲ့ Forcecast/Forward EPSနဲ့ Historic EPSကို သိရပါမယ်။ ကုမ္ပဏီရဲ့ corporate calendarကိုလည်း သိဖို့လိုပါတယ်။ လက်ရှိလကိုကြည့်ပြီး Forward EPSနဲ့ Historic EPSကို Weight ထည့်ပြီး Average EPSကို တွက်နိုင်ပါတယ်။ ကုမ္ပဏီက Decemberဘာမှာ Fiscal Year ကုန်ပြီး၊ လက်ရှိက အောက်တိုဘာလဆိုရင် Forward EPSကို ပိုWeight ပိုပေးပါမယ်။


Avg EPS = Forward EPS x (10/12) + Historic EPS x ((12-10)/12)

အထက်က Formulaမှာ 10ဟာ Corporate Calendarရဲ့ ၁၀လမြောက်လို့ ဆိုလိုပါတယ်။ နှစ်ကုန်ခါနီးလေ၊ Forward EPSကို ဦးစားပေးလေလို့ ပြောနိုင်ပါတယ်။

P/Eဟာ အထက်မှာပြောခဲ့သလို Simpleအဖြစ်ဆုံးနဲ့ တော်တော်အသုံးဝင်တဲ့ Indicator တစ်ခုပါ။ ဒါပေမယ့် Translationလုပ်တဲ့နေရာမှာ ဘယ်Perspectiveကနေ လုပ်မှာလည်းက အရေးကြီးပါတယ်။ အဓိကကတော့ Investingမှာ ဘာမှ လှေနံဓါးထစ် မှတ်ထားလို့ မရပါဘူး။ Yahoo Finance, Google Financeမှာ ကိုယ်သိတဲ့ Public Companyတွေရဲ့ P/Eကို လေ့လာကြည့်ကြပါလို့ တိုက်တွန်းပါတယ်။

Happy Investing!

4 comments:

  1. ကောင်းတဲ့ company website သိ၇င် share ပေးပါ... stock ၀ယ်ချင်တာ ကြာပြီ.ဘယ်လို ၀ယ်၇ေ၇ာင်း၇ မှန်းမသိလို့.ဘာကို ၀ယ်၇မှန်းလည်း မသိ...ကျေးဇူးပါ...

    ReplyDelete
  2. thanks . really interesting. It have been long time i want to learn stock trade. but didnt get chance coz of various limitation. Now, i can get it gradually. thanks again Aunginvestment.

    ReplyDelete
  3. Thanks so much, I've plan to learn how to Invest and don't know how to start, at the time I read your blog, Thanks again for your sharing knowledge.

    ReplyDelete