31 October 2011

Perfect shorting opportunity

တိုတိုနဲ့လိုရင်းပြောရရင် တစ်လလုံး European Debt Solutionအပေါ်မှာ မျှော်လင့်ချက်ကြီးကြီးထားပြီး တက်လာတဲ့ Rallyဟာ Correctionဖြစ်ဖို့ တာစူနေပါပြီ။ ပြီးခဲ့တဲ့အပတ်က ထွက်လာတဲ့ Eurozone summitက Debt Solutionဟာလည်း တကယ်တမ်းတော့ အာပလာ။

European Financial Stability Fund (EFSF), Really?
So much for the stability. EFSFရဲ့ Firepowerကို Euro 440 billionကနေ 1 trillionကျော်ကျော်တိုးမယ်လို့ Franceနဲ့ Germanyက ဦးဆောင်ပြီး Announceလုပ်ခဲ့ပါတယ်။ ကြားလိုက်ရရင်တော့ အားရစရာကြီးပါ။ တကယ်တမ်း သေချာလေ့လာမယ်ဆိုရင်တော့ သင်္ကြန်အမြောက်မှန်း လွယ်လွယ်ကူကူကို သိသာပါတယ်။ အဓိကသိဖို့က Existing 440bnဟာ PIIGS countriesကို Bailoutလုပ်ရင်းလုပ်ရင်းနဲ့ 250bnလောက်ပဲ ကျန်ပါတော့တယ်။ အဲဒီ့ကျန်တဲ့ balanceအပေါ်မှာ Leverageလုပ်ပြီး EFSFရဲ့ Firepowerကို 1 trillionအထိဖြစ်အောင်လုပ်မယ်လို့ ပြောနေတာပါ။ လေးဆလောက် Leveragလုပ်မှာဆိုတော့ နားလည်လွယ်အောင် ယှဉ်ပြောရရင် ကျွန်တော်တို့ အိမ်ဝယ်တဲ့အခါမှာ Deposit 20%တင်ပြီး 80%ကို ချေးပြီးဝယ်သလိုပါပဲ။ နောက်ဆုံးတော့ ပိုက်ဆံရှိတဲ့ တရုတ်တွေဆီမှာ အရှက်မရှိသွားချေးနေပါတယ်။ Russiaတို့ဘာတို့ဆီကလည်း လိုက်တောင်းဖို့ Planရှိပါတယ်။ အကြွေးကို အကြွေးနဲ့ရှင်းဖို့ ကြိုးစားနေကြတဲ့ အစိုးရတွေအပေါ်မှာ Bullishဖြစ်ချင်တယ်ဆိုရင်တော့ ကျွန်တော်မတားတော့ပါဘူး။

ဘာမှStrengthမရှိတဲ့ Good News has already been priced in
Stock Market Rallyရှေ့ဆက်တိုးဖို့အတွက် Old Newsအပေါ်မှာ ဘယ်တော့မှ အားကိုးလို့ မရပါဘူး။ ပြီးခဲ့တဲ့အပတ်အထိတက်လာတဲ့ Euphoria Rallyဟာ ဆက်တိုးဖို့ New Newsတွေလိုပါတယ်။ တရုတ်အစရှိတဲ့ တိုင်းပြည်တွေကနေ လောက်လောက်လားလားအကူအညီ ရဖို့လည်းလိုပါတယ်။ Greece Bond holdersတွေကို Julyတုန်းကပဲ ၂၀% အဆုံးခံဖို့ ညှိတုန်းရှိသေး အခုအောက်တိုဘာမှာ ၅၀% ဖြစ်သွားကြပြန်ပြီ။ Christmasမှာ ၁၀၀% ဖြစ်ချင်ဖြစ်မယ်လို့ ထင်ရင်မလွန်လှပါဘူး။ ကြွေးရှင်တွေက တဝက်အဆုံးခံတာတောင် Greeceရဲ့ ကြွေးထုပ်ဟာ GDPရဲ့ ၁၀၀%ကျော်ကျန်ပါသေးတယ်။ ဒီတော့ Greeceဇာတ်လမ်းဟာ Sequelတွေလာဦးမှာပါ။

Technically, even for Bulls, the trend has to take a breather
Octoberတလလုံး Hopeတစ်ခုထဲအပေါ်မှာ အားကိုးပြီး တက်လာတဲ့ Rallyဟာ Bullishဖြစ်နေသေးတဲ့ Bullsတွေအတွက်တောင်မှ Overboughtဖြစ်နေပါတယ်။ ဆက်တက်မယ်ဆိုရင်တောင် Correctionနည်းနည်းဖြစ်ပြီးမှ ဆက်တက်သင့်ပါတယ်။ မဟုတ်ရင် ပိုအကျနာပါလိမ့်မယ်။ ကျွန်တော်အပါဝင် Bearတွေအတွက်ကတော့ အခုTechnical setupဟာ Perfectပါပဲ။ If you dare not to short now, you should never short ever! အခုအပတ်ဟာ Economic dataပိုင်းမှာ Fed meeting, US manufacturing, US Employment အစရှိတာတွေနဲ့ အရေးကြီးသလို၊ G20 summitလဲရှိပါတယ်။ Marketဟာ EFSF expansion implementation detail planကို စောင့်ကြည့်နေကြမှာ သေချာပါတယ်။ မနက်ဖြန် Nov 1ရက်နေ့မှာလည်း China Manufacturing dataထွက်ဖို့ရှိပါတယ်။ Super weekပေါ့။ Earningပိုင်းကကြည့်ရင်လည်း S&P500ကုမ္ပဏီတွေရဲ့ ၂၀%လောက်ဟာ ဒီအပတ်ထဲမှာ Reportလုပ်ဖို့ရှိပါတယ်။ အဓိကပြောချင်တာကတော့ Profit Takingလုပ်ဖို့ ရမယ်ရှာနေတဲ့ Investorတွေဟာ နည်းနည်းလှုပ်လှုပ်ဖြစ်တာနဲ့ Sell buttonကို နှိပ်ဖို့ Readyပါပဲလို့။

Happy Shorting!

Dow Jones Industrial Average

07 October 2011

Bear Market? You bet!

Sorry Folks. Been super-busy. Julyလ နောက်ဆုံးPost "Still Short" ပြီးကတည်းက Marketတွေဟာ ကျလာလိုက်တာ သောက်သောက်လဲဆိုသလိုပါပဲ။ Shortနိုင်ခဲ့သော Traderသူငယ်ချင်းများ အားလုံးကို Congratulationsပါ။ အခုလက်ရှိဘာဖြစ်နေလည်းနဲ့ ဘာဆက်ဖြစ်နိုင်သလည်းဆိုတာ ကြည့်ရအောင်။

Fed is running out of bullets
September 17 Postမှာတုန်းက မShortတော့နဲ့လို့ ကျွန်တော်ပြောခဲ့ပါတယ်။ အဲဒီ့တုန်းက အဓိကReasonကတော့ US Federal Reserveရဲ့ September 2-day meetingလာတော့မှာမို့လို့ပါ။ ထွက်လာတော့ Meeting Outcomeကတော့ သိပ်အားရစရာမရှိပါဘူး။ Fedဟာ Long-dated Treasuryတွေကို ပိုဝယ်ဖို့ ကိုင်ထားတဲ့ Short-dated Treasury bondတွေကို ရောင်းမယ်ဆိုပါတယ်။ တိုတိုပြောရရင်တော့ 6-30yr Treasury Bondတွေကို လိုက်ဝယ်ရင် Treasury Yieldတွေပိုကျမှာဖြစ်ပြီး၊ အကျိုးဆက်အနေနဲ့ US Economyကို Stimulateလုပ်နိုင်မယ်လို့ Fedက မှန်းထားပါတယ်။ USမှာက 30-yr Mortgage rateတွေ၊ Business Loan, Personal Loanအစရှိတာတွေအားလုံးဟာ Treasury Yieldတွေကို Pegလုပ်ထားတာကြောင့် Fedက ဒီလိုလုပ်တာဖြစ်ပါတယ်။ Marketဟာ ၄၀၀billion Operation Twist (Sell 400bn short-term treasury and Buy 400bn long-term treasury)ရဲ့ Fire powerကို အားမရပါဘူး။ အဲဒီ့နေ့ Meetingအပြီးကတည်းက Sell-offလုပ်လိုက်တာ Marketဟာ ငုပ်ချီပေါ်ချီပါပဲ။

Usual Suspect
စက်တင်ဘာလကုန်ဟာ Fed-driven Marketပါပဲ။ အခုအောက်တိုဘာလဆန်း ၃ရက်နေ့မှာတော့ Marketတွေဟာ Sell-offဆက်ဖြစ်ပါတယ်။ အဓိကကတော့ Greece default ဖြစ်ခဲ့ရင် European Bankတွေဟာ အဲဒီ့ Shockwaveကို ခံနိုင်ပါ့မလားဆိုတဲ့ Concernပါပဲ။ Oct 4, 5, 6ရက်တွေမှာတော့ ဆက်တိုက်ပြန်တက်နေပါတယ်။ Dow Jones Industrial Averageဟာ သုံးရက်ပေါင်း ၃၁၅Pointလောက်တက်ထားပါတယ်။ အဲဒီ့လောက်ကတော့ အခုတလောမှာ Sell-off တစ်ရက်ဖြစ်စာပဲရှိပါတယ်။ Traderတစ်ယောက်အနေနဲ့ ဘာကြောင့်Rallyဖြစ်နေသလည်းဆိုတာကို ကြည့်ရပါမယ်။ အဓိကကတော့ အခုရက်ပိုင်းအတွင်းမှာ European Leaderတွေက Greece defaultဖြစ်ခဲ့ရင် European Bankတွေမှာ Cashflow/Liquidity crisisမဖြစ်ရအောင် ကူညီမယ်ဆိုပြီး ဟိုMinisterကပြော၊ ဒီMinisterကပြောလုပ်နေတာကြောင့် မျှော်လင့်ချက်တွေနဲ့ Rallyဖြစ်နေတာပါ။ ပထမတစ်ရက်နှစ်ရက်ကတော့ Shortထားတဲ့သူတွေဟာ Riskမယူချင်တာကြောင့် Agressively Covering (buying back stock to close short positions)လုပ်တဲ့အတွက်လို့ ကျွန်တော်တော့ ယူဆပါတယ်။

What to Trade - Short!
၂၀၁၀နှစ်ဆန်းကတည်းက လေများများ တကယ့်အလုပ်နည်းနည်းနဲ့ တစ်ယောက်တစ်ပေါက်လေလုံးထွားတတ်တဲ့ European Politiciansတွေရဲ့ စကားပေါ်မှာ Buildလုပ်လာတဲ့ အခု latest rallyကို ကျွန်တော်ကတော့ လုံးဝအယုံအကြည်မရှိပါဘူး။ အထူးသဖြင့် Indexတွေဟာ တက်နေပေမယ့် Volumeတွေကတော့ တစ်ရက်ပြီးတစ်ရက် ကျလာပါတယ်။ ဒါနေ့ထွက်မယ့် USက September non-farm payrollဟာလည်း Augustတုံးက ZEROဖြစ်ခဲ့တာမို့ ဒီလဘဲဥကွဲမလား၊ ကွဲခဲ့ရင် ဘယ်လောက်ပဲတိုးမလဲဆိုတာ ကြည့်ရပါမယ်။ ဘာထွက်လာလာ Upside Surpriseဖြစ်ဖို့ Chanceအရမ်းနည်းပါတယ်။ ဒါကြောင့် လက်ရှိTradeကတော့ အခုတလော ဆောင့်တက်ထားတဲ့ Banksတွေ၊ Material/Mining companiesတွေကို Shortသင့်ပါတယ် (Short when Dow Jones Industrial Average is around 11,250)။ အောက်မှာ Bear Trendသွားနေတဲ့ Key Indicesတွေနဲ့ Treasury, Commodities chartတွေကို ပြထားပါတယ်။

Happy Shorting

10-yr Treasury Yield (the lower the yield, the worse the economic outlook is)

Copper October 2011 Futures

Dow Jones Industrial Average

Euro/US$

17 September 2011

Coming back very soon...

I have been very busy with a software development contract. Will return to writing a new post very soon. In the mean time, do not short anymore. Hold the trigger.

12 July 2011

Still Short

Greece Parliamentမှာ Austerity Voteတွေ Passဖြစ်တဲ့ June 29မတိုင်ခင်နှစ်ရက်ကတည်းက US Marketတွေဟာ တက်လာလိုက်တာ ပြီးခဲ့တဲ့သောကြာ July 8ရက်နေ့ US Non-Farm Payroll Reportထွက်လာတဲ့ အထိပါပဲ။ US Indexesတွေရဲ့ Upward momentumဟာ ကြမ်းလွန်းလို့ (800pts in 8sessions for DJIA) ကျွန်တော်ကတော့ အဲဒီ့Rallyထဲကို ဝင်မပါခဲ့ပါဘူး။ Last Thursdayက NASDAQဟာ Pre-GFC highအပေါ်မှာ Closeသွားတော့ Aprilတုန်းက Highနဲ့တွဲပြီး Double-Top formationများ ဖြစ်မလားလို့ Friday Payroll reportကို စောင့်နေခဲ့ပါတယ်။

Peanut Jobs
Analystsအများစုဟာ Juneလ US Payrollကို ၁သိန်းခွဲလောက်တက်မယ်လို့ မှန်းထားတာ တကယ်ထွက်လာတော့ ၁သောင်း၈ထောင်ပဲရှိပါတယ်။ ဒါပေမယ့် အဲဒီ့နေ့ကတော့ ထင်သလောက် Selloff မဖြစ်ခဲ့ပါဘူး - ဒီအပတ် 2nd Quarter Earning Seasonအပေါ်မှာ မျှော်လင့်ချက်ကြီးခဲ့ပုံ ပေါ်ပါတယ်။ ဒါပေမယ့် US Marketတွေ မျက်ခြေပျက်သွားခဲ့တဲ့ Chartကတော့ Italy 10-yr bond yieldတွေပါပဲ။

The Second "I" in PIIGS
Italy Manufacturing and Services PMI (Purchasing Managers Index)တွေဟာ Expansion Territoryကနေ Contraction Territoryကို Juneလမှာ ဆင်းနေခဲ့ပါတယ်။ Manufacturing and Service PMIတွေဟာ Economyတစ်ခုရဲ့ Leading Indicatorတွေပါ။ Italy ရဲ့ Debt-to-GDP Ratioဟာလည်း Eurozone areaမှာ Greeceပြီးရင် အများဆုံးဖြစ်ပါတယ်။ အဆိုးဆုံးကတော့ Italy Economyဟာ Eurozoneမှာ 3rd Largestဖြစ်တာကြောင့် Greeceလို လွယ်လွယ်ကူကူ Bailoutလုပ်ဖို့ မလွယ်ဘူးလို့ Marketက Assumeလုပ်ထားပါတယ် - Too Big To Saveပေါ့။ Italyအခြေအနေမကောင်းတာနဲ့ Italy 10-yr bondတွေ Selloffအလုပ်ခံရပါတယ်။ Bondဈေးတွေထိုးကျတော့ Yieldတွေခုန်တက်ကုန်တာပေါ့။ ဒါပေမယ့် Marketဟာ High Yieldတွေကို မမက်ဘဲ ပြီးခဲ့တဲ့ တပတ်လုံး Italy Bondတွေကို Selloffလုပ်နေခဲ့ပါတယ်။
Italy 10-Yr Bond Yield - Source : Bloomberg
Charts Don't Lie
Technicalတွေကို ကြည့်ရအောင်။ အခုတလောမှာ Forexနဲ့ Bond Market Chartတွေဟာ Equity/Stock Market Chartတွေထက် ပိုအရေးကြီးပါတယ်။ In short, EUR.USD & Treasury Bond Yields dive and S&P500 is playing catch-up.
 Gold August 2011 Futures
 US Treasury 10-Yr Note Yield
 EUR/USD Forex
 S&P500 Daily
Summary
လွန်ခဲ့တဲ့နှစ်ပတ်က စခဲ့တဲ့ Rallyဟာ Fund Managerတွေ Second Quarter End Window-dressing လုပ်တာလို့ တချို့က ယူဆတာဟာ မှန်ချင်လည်း မှန်နိုင်ပါတယ်။ Juneလတစ်လလုံး Selloffဖြစ်လာတော့ နောက်ဆုံးပတ်မှာ Quarter end result ကြည့်ကောင်းအောင် လိုက်ဝယ်တာကို ဆိုလိုတာပါ။ Negative %တွေအများကြီးပြနေရင် ဘယ်လိုလုပ် ကြည့်ကောင်းမလဲ။ All that aside, US Economy outlook is not looking good after last Friday Payroll number. Inflation in China is going through the roof and there will be more tightening. And Eurozone drama has just started with big guy Italy.

Short and Sweet! - David Tepper (Hedge Fund Manager)