19 April 2010

Correction Warning - 19/04/2010

ကျွန်တော် Marchလကုန် Aprilလဆန်းကတည်းက Tradersတွေကို Profit Takingလုပ်ဖို့ အချိန်တန်ပြီလို့ Signalပေးခဲ့ပါတယ်။ အဲဒီ့Postထဲက အချက်တွေဟာ အခုဖြစ်နေတဲ့အပြင် ပိုဆိုးစေမယ့် ကိစ္စတွေပါဖြစ်နေပါတယ်။ ဒါကြောင့် ဒီတစ်ပတ်က စပြီးLong Term Investorတွေအပါအဝင် ကိုယ့်ရဲ့ Nest Eggလေးတွေကို သေချာစောင့်ကြည့်ပြီး ရောင်းသင့်တယ်ထင်ရင် ရောင်းပါလို့ ပြောချင်ပါတယ်။

US - Goldman Sachs
အားလုံးသိပြီးသားမို့လို့ အသေးစိပ်ပြောစရာမလိုတော့ပါဘူး။ GSနဲ့ US Governmentရဲ့ Show Downဟာ Uncertaintyနဲ့ Fearကို မီးထိုးပေးနေပါတယ်။ လွန်ခဲ့တဲ့ သောကြာနေ့ကမှ စတာမို့ ဒီတစ်ပတ်တော့ သေချာစောင့်ကြည့်ရပါမယ်။ သေချာသလောက်ရှိတာက Marketတွေဟာ Overboughtဖြစ်နေရာကနေ Pull backဖြစ်ဖို့ ရမယ်ရှာနေရာကနေ Reasonကောင်းကောင်းရသွားတာပါပဲ။ GSရဲ့ Affectဟာ အနည်းဆုံးတော့ Financial Firmsတွေကို ထိပါလိမ့်မယ်။
...

Europe - Volcanic Ash and Greece Bond Yield
Europe Airspaceအတော်များများဟာ Icelandကောင်းမှုကြောင့် လေယာဉ်တွေကို Groundedလုပ်ထားတာ 9/11တုန်းကထက်တောင် ကြာနေပါတယ်။ ဒီလိုရပ်ထားရတာဟာ ကြာလာတာနဲ့အမျှ Europeရဲ့ Economic Recoveryကို ထိခိုက်စေတယ်လို့ဆိုပါတယ်။ သေချာတာကတော့ Investorတွေဟာ EU-IMF Greece Bailout Packageကို အယုံအကြည်သိပ်မရှိကြပါဘူး။ ဒီနေ့ညနေပဲ Greece Government Bond Yieldနဲ့ German Government Bond Yield Gapဟာ widestအဖြစ်ဆုံးဖြစ်သွားပါတယ်။ ဒါဟာဘာကိုပြသလည်းဆိုတော့ Investorတွေဟာ Greece government ရဲ့ Budget Deficit Cutting planအပေါ် သံသယအများကြီးရှိတာကို ပြပါတယ်။ Bail out packageဟာလည်း အပြောလွယ်သလောက် တကယ်အတည်ပြုဖို့ကျတော့ ဥပမာ Germanyလိုတိုင်းပြည်ဟာ လွှတ်တော်ရဲ့ထောက်ခံချက်ရဖို့လိုတယ် ဘာညာတွေသိပ်များပါတယ်။ ဒါတွေကြောင့် တကယ်တမ်း Greeceက အကူအညီတောင်းလာရင်တောင် တကယ့်ပိုက်ဆံရဖို့ကတော့ တော်တော်ခက်မယ်လို့ ခန့်မှန်းကြပါတယ်။

China - Preventing Property Bubbles
Chinaမှာလည်း ဒီနေ့ပွဲကြမ်းနေတယ် - တရုတ်အစိုးရဟာ သတ်မှတ်ထားတဲ့စည်းကမ်းမပြည့်မှီရင် အိမ်အရောင်းအဝယ်ပေးမလုပ်တဲ့အထိ တင်းကျပ်နေပါတယ်။ တရုတ်တွေဟာ ပိုက်ဆံများလွန်းတဲ့ ပြဿနာဖြစ်နေတာကြာပါပြီ။ ပိုက်ဆံပေါပြီး မြို့ပြတွေတည်တာ မှိုလိုပေါက်လာတော့ Property Bubbleမသိမသာဖြစ်လာတာကို တရုတ်အစိုးရဟာ Acknowledgeလုပ်နေရပါပြီ။ ဒီနေ့ဆိုရင် Shanghai Composite Indexဟာ ၄.၇၉%ပြုတ်သွားပါတယ်။ ကျွန်တော်ရိုက်တာ မမှားပါဘူး - ၄.၇၉%ပါ။ Bank Lendingတွေကို တင်းကျပ်လွန်းလာတာကြောင့် Businessတွေကို ဂယက်ရိုက်နိုင်တယ်ဆိုတဲ့ Fearကြောင့်ပါ။

What do we do now as traders?
စာဖတ်သူဟာ ကျွန်တော့်လိုပဲ Regular traderဆိုရင်တော့ ဘယ်Stockကို Shortရမလည်း စကြည့်သင့်နေပါပြီ။ Shortingလုပ်တယ်ဆိုတာ မသိတဲ့သူတွေကို တိုတိုပြောရရင် Market ကျတဲ့အချိန်မှာ အမြတ်အစွန်းရအောင်လုပ်တဲ့ trading strategyတစ်ခုပါ။ Traderမဟုတ်ပဲ Long-term investorဆိုရင်တော့ Market Correctionဖြစ်ခဲ့ရင် Bottoming out ဖြစ်တဲ့အချိန်မှာ ပြန်ဝင်ဖို့ activelyစောင့်ကြည့်နေပါ။ ဒီBlogမှာလည်း ကျွန်တော်Updateတွေ တင်သွားပါ့မယ်။

 Happy Shorting!


Reply : Oracle and SAP

ပရိသတ်တစ်ယောက်က SAPနဲ့ Oracleကို စိတ်ဝင်စားလို့ နည်းနည်းAnalysisလုပ်ပေးပါလို့ Emailပို့လာပါတယ်။ ကုမ္ပဏီနှစ်ခုလုံးဟာ Fundamentally ခပ်ဆင်ဆင်ပါပဲ။ အောက်မှာ နှိုင်းယှဉ်ပြထားပါတယ်။


Oracle (ORCL)
SAP (SAP)
Price as of 16/04/2010
25.95
48.62
Price to Earnings P/E
23.40
23.10
Price to Book value P/B
4.57
4.75
Annual Dividend yield
0.8%
1.03%

...
တူသလိုလိုရှိပေမယ့် Cashflow Statementတွေကို နှိုင်းယှဉ်ကြည့်တော့ Oracleဟာ SAPလောက် Strong မဖြစ်တာကို တွေ့ရပါတယ်။ Oracleဟာ 28 February 2010မှာကုန်တဲ့ Quarterly Statementအရ မူးနေတဲ့ သင်္ဘောသား ကုန်းပေါ်ရောက်သလို သုံးနေတာတွေ့ရပါတယ်။ Acquisitionsတွေဟာ Oracleအတွက် ငွေထွက်နှုန်း တရကြမ်းဖြစ်အောင် ဖန်တီးနေပါတယ်။ SAP Cashflowကတော့ Oracleလို အနှုတ်မပြပဲ သင့်တော်တဲ့ Amountရှိပါတယ်။

Technicalပိုင်းကို ကြည့်ရအောင်။ Chartist perspectiveအရတော့ SAP chartက ပိုပြီး Trendကို maintainလုပ်ထားနိုင်တာတွေ့ရပါတယ်။ ဒါပေမယ့် နှစ်ခုလုံးကတော့ Bearish Divergence signalတွေပြနေပါတယ်။ ဒီတော့ Chartထဲမှာ ပြထားတဲ့ Supportလိုင်းတွေကို Correctဖြစ်တဲ့အထိ စောင့်ပြီးမှ ဝယ်ပါလို့ တိုက်တွန်းချင်ပါတယ်။


Long Termအတွက်ကတော့ Oracleဟာ ပိုသင့်တော်မယ်ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ Oracleရဲ့ Business Modelဟာ ပိုပြီး Diversifiedဖြစ်လို့ပါပဲ။ Oracleဟာ Databaseပဲ ထိုင်ရောင်းနေတဲ့ companyမဟုတ်တော့ပါဘူး။ Recent Acquisitionတွေဟာ Oracleကို ပိုက်ဆံကုန်စေခဲ့ပေမယ့် နောက်တစ်နှစ်လောက်ကစပြီး Earningsတွေဟာ ပိုကောင်းလာမှာပါ။ အဲဒီ့အခါမှာ Dividendနဲ့ P/Eဟာလည်း Earningနဲ့အညီလိုက်တက်လာရမှာ ဖြစ်ပါတယ်။ ဒါတွေကြောင့် Oracleကို ကျွန်တော့်အနေနဲ့ ပိုကြိုက်တယ်လို့ ပြောချင်ပါတယ်။

Happy Investing!

08 April 2010

Combining Crowd Thinking with Crowd Commitment

ဒီအပတ်တော့ Technical Analysis methodတစ်ခုအကြောင်းပြောချင်ပါတယ်။ အခုတလော Market Updateတွေပဲရေးတာ များနေတာလည်း ပါပါတယ်။ အဲဒီ့Indicatorကတော့ Money Flow Index (MFI) လို့ ခေါ်ပါတယ်။ Laszlo Birinyi, Jr. ဆိုတဲ့သူက တီထွင်ခဲ့တာပါ။ MFIကို တွက်ဖို့ Priceရော၊ Volumeရော သိရပါမယ်။ MFIကိုတွက်ဖို့က နည်းနည်းတော့ ပေရှည်ပါတယ်။ ဒါပေမယ့် Charting Softwareတွေ၊ Web Siteတွေ တော်တော်များများမှာ Standard အနေနဲ့ ပါပြီးသားပါ။ ဒါပေမယ့် ဘယ်လိုတွက်လည်းဆိုတာသိရင် ပိုနားလည်ပါလိမ့်မယ်။

...
MFI Formula အဆင့်ဆင့်
၁. Average Price = (High + Low + Close) / 3
၂. Money Flow = Average Price x Volume
၃. ဘယ်နှစ်Periodအတွင်းဖြစ်ခဲ့တဲ့ Money Flowကိုတွက်မလည်းဆိုတာ သတ်မှတ်ပါ။ 14-periodဟာ အသုံးအများဆုံးပါ။
၎. Positive Money Flow = နံပါတ်၃မှာ သတ်မှတ်ထားတဲ့ No. of Periodsအတွင်းမှာ Average Priceတစ်ခုစီဟာ Previous Average Priceထက် ပိုကြီးတယ်ဆိုရင် အဲဒီ့ Average Priceတွေကို ပေါင်းသွားပါမယ်။ (Cumulative Total, in other word)
၅. Negative Money Flow = နံပါတ်၃မှာ သတ်မှတ်ထားတဲ့ No. of Periodsအတွင်းမှာ Average Priceတစ်ခုစီဟာ Previous Average Priceထက် ပိုငယ်တယ်ဆိုရင် အဲဒီ့ Average Priceတွေကို ပေါင်းသွားပါမယ်။ (Cumulative Total, in other word)
၆. Money Ratio = Positive Money Flow / Negative Money Flow
၇. Money Flow Index (MFI) = 100 - (100 / (1+ Money Ratio))

MFI Formula Step 7ဟာ MFIရဲ့ Valueတွေကို ၀-၁၀၀အတွင်းပဲ Range Boundဖြစ်နေအောင် Designလုပ်ထားတာပါ။ MFI value 20ကို Oversold (Bullish)လို့ သတ်မှတ်ပြီး MFI value 80ဖြစ်နေရင် Overbought(Bearish) ဖြစ်နေတယ်လို့ Trading Signalတွေ ယူနိုင်ပါတယ်။ MFI 20ဖြစ်နေရင် Stockတစ်ခုကနေ ငွေတော်တော်များများ ထွက်ပြီးသွားပြီလို့ဆိုလိုပါတယ်။ 80ဆိုရင်တော့ ငွေတော်တော်များများဝင်ပြီးနေပြီမို့ Traderတွေဟာ Profit-takingလုပ်ဖို့ တာစူနေလောက်ပြီလို့ ခန့်မှန်းနိုင်ပါတယ်။ Oversold / Overboughtမှာ သတိထားရမှာက Stockရဲ့ Fundamental Dataတွေက အရမ်းဆိုးရွား/ကောင်းမွန်နေရင် ဆက်ပြီး Oversold / Overboughtဖြစ်နေနိုင်ပါတယ်။ တခြား Technical Analysis Techniqueတွေနဲ့ တွဲပြီး Trading Decisionချတာဟာ ပိုစိတ်ချရပါတယ်။ Common senseဟာလည်း အရေးကြီးပါတယ်။ Fundamentally Strongဖြစ်တဲ့ Stockတစ်ခုဟာ ပြဿနာကြီးကြီးမားမားမရှိပဲ Oversold / Overboughtဖြစ်နေပြီဆိုရင် Reversalဖြစ်ဖို့ သေချာသလောက်ရှိပါတယ်။

အောက်မှာ Dow Jones Industrialရဲ့ Candle Chart, MFIနဲ့ MACD_H chartတွေကို ပြထားပါတယ်။ MFIဟာ ၁၄ရက်ပေါ်မှာ အခြေခံထားတာပါ။ MFIနဲ့ MACD chartတွေဟာ Up trendလိုဖြစ်နေတဲ့ Candle Chartရဲ့ ဆန့်ကျင်ဘက် Trendကို ပြနေပါတယ်။ ဒီလိုဖြစ်နေတာကို Bearish Divergenceဖြစ်နေတယ်လို့ ခေါ်ပါတယ်။ Bearish Divergence Trend Lineကိုဆွဲရင် MFIလိုင်းရဲ့ Peakတွေကို ထိပြီးဆွဲသွားပါမယ်။ Bullish Divergence Trendကို ရဖို့ကတော့ Trough (V-shape bottom)တွေကို ဆက်ပြီးဆွဲပါမယ်။

Stockတစ်ခုရဲ့ ဈေးဟာ Investorတွေက ဘယ်လောက်တန်တယ်လို့ သတ်မှတ်တဲ့ Thinking ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ့ Thinkingကို လူဘယ်နှစ်ယောက်က သဘောတူကြလည်းဆိုတာကတော့ Commitmentဖြစ်ပါတယ်။ ဒါကြောင့် Priceကို what the crowd thinksလို့ ခေါ်ပြီး Volumeကိုတော့ what the crowd commitsလို့ ခေါ်ပါတယ်။ Priceရော Volumeရောသုံးထားတဲ့ MFI Indexဟာ အမြဲတမ်းတော့ မမှန်နိုင်ပေမယ့် ရာခိုင်နှုန်းတော်တော်များများကို အသုံးဝင်အောင် မှန်ကန်ပါတယ်။ MACD_Hလို indicatorမျိုးကတော့ Price actionကိုပဲ Analysisလုပ်တာမို့လို့ MFIလို Indicatorလောက် Crowd Psychologyကို ကောက်ချက်ချရာမှာ စိတ်သိပ်မချရပါဘူး။ Traderတစ်ယောက်အနေနဲ့ အဓိကစောင့်ကြည့်ရမှာက Divergenceတွေကို ကြည့်ရမှာပါ။ Indicator တစ်ခုထက်ပိုပြီး Divergence Signalတွေပေးနေပြီဆိုရင် လုပ်သင့်တာကို မြန်မြန်သာလုပ်ပေတော့။ ဒီလောက်ဆိုရင် ပြီးခဲ့တဲ့အပတ်က Sellလို့ပြောခဲ့တဲ့ ကျွန်တော့်ရဲ့ Recommendationကို အထောက်အကူပေးခဲ့တဲ့အထဲမှာ MFIဟာ တစ်ထောင့်တစ်နေရာကနေ ပါခဲ့တယ်ဆိုတာ သိလောက်ပါပြီ။

Happy Trading!

31 March 2010

Sell - 03/31/2010

Tradersအားလုံးအတွက် Today or Tonight (depending on where you are) recommendationကတော့ Sellပါပဲ။ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက ဝယ်ထားပြီး ကိုင်ထားသမျှ ရောင်းသာထုတ်ပေတော့။ ဘာလို့ရောင်းသင့်လည်းဆိုတာ အောက်မှာရှင်းပြထားပါတယ်။

Major Indices
Major Indexအားလုံးလိုလိုဟာ သိပ်အခြေအမြစ်မကောင်းလှတဲ့ Fundamentalတွေပေါ်မှာ အခြေခံပြီး 18-month highတွေဖြစ်နေကြပါတယ်။ Marketထဲမှာ Short-sell interestsတွေ များများလာပါတယ်။ ဝယ်လိုအားVolume ဟာလည်း Marketတက်နေပေမယ့် တကယ်တမ်းတော့ အားလျော့နေတာကို တွေ့နေရပါတယ်။

...
Greece will have sequels
Greeceဇာတ်လမ်းဟာ ပြီးသွားပြီ မထင်ပါနဲ့။ ပြီးခဲ့တဲ့ သောကြာက EU Leadersတွေဘာညာ Agreeလုပ်ခဲ့ကြတာဟာ တကယ်တမ်းတော့ Greeceရဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ အတိုးနည်းနည်းနဲ့ Financial Marketတွေကနေ ချေးဖို့ဆိုတာ ဖြစ်မလာတဲ့အပြင် ပိုတောင်ဆိုးနေပါသေးတယ်။ Greeceအစိုးရဟာ Government Bondတွေ ထုတ်ရောင်းပြီး Investorတွေကနေ ငွေရအောင် လုပ်ယူနေရတာပါ။ ဒါပေမယ့် အခုတလော နာမည်ကပျက်နေတော့ သူတို့ပေးရတဲ့ အတိုးနှုန်းဟာ စိတ်ချရတယ်ဆိုတဲ့ German Government Bondတွေထက် နှစ်ဆနီးပါးလောက် ပေးနေရတော့ ရေရှည်အတွက် မကောင်းနိုင်ပါဘူး။ Investorတွေဟာ Riskပိုများတဲ့ အစိုးရဆီက ပိုပြီးInterestလိုချင်တာ မထူးဆန်းပါဘူး။ မနေ့ညကဆို 12-year bondတွေကို Euro 1billionရမလား ဆိုပြီး ထုတ်ရောင်းတာ Euro 390millionပဲရပါတယ်။ ၄၀%ပဲ စိတ်ဝင်စားခံရတဲ့သဘောပါ။ ဒါဟာ မကောင်းတဲ့ အလားအလာပါ။ Investorတွေဟာ Greeceအစိုးရကို ပိုပြီးသိပ်မယုံတော့ဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။ Greeceဟာ လိုအပ်တဲ့ Fundingကို အတိုးနှုန်းများများနဲ့တောင် မရနိုင်တော့တဲ့ ပုံစံဖြစ်ပါတယ်။

Fed stops purchasing MBS as of April 1st
MBSဆိုတာ Mortgage-Backed Securitiesလို့ ဆိုလိုပါတယ်။ အလွယ်ကူဆုံးနားလည်အောင်ပြောရရင် MBSတွေဟာ Home Loan provider/lenderက အိမ်ကြွေးတွေကို Stockပုံစံပြောင်းပြီးထုတ်ရောင်းခံရတဲ့ Financial productပါပဲ။ Lenderတွေဟာ ကျွန်တော်တို့လို အိမ်ဝယ်ဖို့ ချေးတဲ့သူတွေကို ထုတ်ချေးဖို့ ပိုက်ဆံကို MBSပုံစံပြောင်းပြီး Fundingရအောင်ယူကြပါတယ်။ ဒီလိုနည်းနဲ့ပဲ Subprime mortgage crisisဖြစ်ပြီး Americaမှာ financial crisisစဖြစ်ခဲ့တာပါ။ Crisisနောက်ပိုင်းမှာ Private Investorတွေဟာ MBSဆိုရင် လန့်ပြီး တော်ရုံလူကတော့ Investမလုပ်ချင်ကြတော့ပါဘူး။ အဲဒီအခါမှာ Fannieတို့ Freddieတို့တွေမှာ Funding Liquidityရှိဖို့ Federal Reserveဟာ MBS purchase program ဆိုပြီး ဆက်တိုက်ဝယ်ပေးလာခဲ့ပါတယ်။ ဒါပေမယ့် Fedဟာ 1 trillionဖိုး သုံးပြီးနောက်မှာ အခု March 31နောက်ဆုံးပဲလို့ သတ်မှတ်ထားပါတယ်။ မနက်ဖြန်ကစပြီး MBS marketဟာ on their ownပါပဲ။ MBS demandကျသွားရင် ဘာဖြစ်မလည်းဆိုတော့ Lenderတွေဟာ Funding Liquidity / Cashflowပိုရှိအောင် အတိုးနှုန်းတင်ရပါမယ်။ အတိုးတက်တော့ နောက်ဆုံးတော့ Consumerပဲ နစ်နာပါမယ်။ Consumerတွေဟာ အိမ်ကြွေးအတွက် ပိုသုံးရရင် တခြားဟာတွေအတွက် သိပ်မသုံးနိုင်တော့သလို အဲဒါဟာ consumer-driven economyဖြစ်တဲ့ USလို တိုင်းပြည်အတွက် သိပ်မကောင်းနိုင်ပါဘူး။

First blood from the Dragon
ပြောရင်ယုံမှာတောင် မဟုတ်ဘူး။ တရုတ်အစိုးရရဲ့ Trade Balanceဟာ ဒီမတ်လမှာ Deficitစပြနိုင်တယ်လို့ Premier Wenကိုယ်တိုင်က March 22မှာ ပြောခဲ့ပါတယ်။ တရုတ်အစိုးရဟာ လိုအပ်တဲ့ လိုတိုးပိုလျော့တွေစလုပ်တော့မှာပါ။ လွန်ခဲ့တဲ့ ခြောက်နှစ်အတွင်း တရုတ်အစိုးရဟာ တခါမှာ Deficitမပြဘူးသေးပါဘူး။ Global Recoveryကို ဦးဆောင်နေတဲ့ Chinaဟာ Importတွေကို စလျော့နိုင်တာမို့ သြစတြေးလျလို တရုတ်မှီစားနေရတဲ့ တိုင်းပြည်တွေကို ဂယက်ရိုက်နိုင်ပါတယ်။

အခြားအခြား အသေးစားကိစ္စလေးတွေရှိပါသေးတယ်။ ဥပမာ ဒီနေ့ သြစတြေးလျမှာ Building Approvalတွေ ကျပြီး နှစ်လဆက်တိုက်ရှိပါပြီ။ Retail Salesလည်း ကျပါတယ်။ ဂျပန်မှာလည်း Wagesတွေ ၀.၆၀%ကျတယ်လို့ ဒီနေ့ သတင်းထွက်လာပါတယ်။ မနေ့ညက IMFဟာ Germanအစိုးရကို Budget Deficitလျော့ဖို့ သတိပေးပါတယ်။ ကိုရီးယားစစ်သင်္ဘောမြုပ်တဲ့ကိစ္စဟာ ဘာမှမဟုတ်နိုင်သလို ထင်မထားတဲ့ levelအထိကြီးထွားလာနိုင်ပြီး Regional Tensionဖြစ်နိုင်ပါတယ် (Personally, I don't think it will become a big issue)။ ဒါဟာ Second largest economyဖြစ်တဲ့ Japanကို impactရှိနိုင်ပါတယ်။ Trader mentalityရှိတဲ့သူတွေအဖို့ Marketဟာ Heavily overbought ဖြစ်နေတဲ့အချိန်မှာ ခြောက်ပတ်လောက် အမြတ်အစွန်းလေး ကောင်းကောင်းနဲ့ ကိုင်လာခဲ့တဲ့ Stockတွေကို ရောင်းလိုက်ပါလို့ တိုက်တွန်းပါတယ်။

Be fearful when everybody else is greedy - Warren Buffet