16 June 2011

Technicals of Current Markets

Uncertainties ခြောက်ခုပြောတုန်းပဲ Stock Marketတွေဟာ ဆက်ပြီးကျနေပါတယ်။ အဓိက Uncertaintyကတော့ Greece Government Stability, Mass Protestsတွေနဲ့ EU၊ ECBတို့ရဲ့ သဘောထား မတိုက်ဆိုင်မှုတွေပဲ ဖြစ်ပါတယ်။ Greece defaultဖြစ်ရင် ပိုက်ဆံအားဖြင့် EUR300billionလောက်ပဲရှိပေမယ့် Marketကကြောက်တာက Contagionပါ။ Contagion to Irelandနဲ့ Portugal၊ may be even Spain. Defaultဖြစ်ခဲ့ရင် အဓိကခံရမှာကတော့ ပြင်သစ်နဲ့ ဂျာမနီက ဘဏ်ကြီးတွေပါပဲ။

Sundayက ပြောထားတဲ့အတိုင်း ဒီPostမှာ Marketတွေရဲ့ Technical Analysisကို လိုရင်းပဲပြထားပါတယ်။

Stock Market - S&P500 Index
S&P500ဟာ 2011 March low areaဖြစ်တဲ့ 1250 supportကို ဒီအပတ်(သို့) နောက်အပတ်ထဲမှာ Testလုပ်နိုင်ပါတယ်။ 1250ဝန်းကျင်ဟာ Simple Moving Average SMA 200 စောင့်နေတဲ့နေရာလည်း ဖြစ်ပါတယ်။ SMA200ဟာ Bull/Bearလိုင်းလို့ သတ်မှတ်ထားတာမို့ SMA200 Holdမလုပ်နိုင်ရင်တော့ Officially Bear Territory ဖြစ်သွားပြီး Selling Pressureပိုဖြစ်နိုင်ပါတယ်။

Forex - EUR.USD
Obviously, Greeceသတင်းတွေကြောင့် Euro Dollarဟာ Selloffအလုပ်ခံနေရပါတယ်။ Side-effectကတော့ USDဟာ မထိုက်မတန်ဘဲ ပြန်အားကောင်းနေတာပါပဲ(Especially, given the current US Debt ceiling debacle)။ Euro Dollarဟာ အနည်းဆုံးတော့ 1.40ကို Testလုပ်လိမ့်လို့ မှန်းနိုင်ပါတယ်။ USDအားကောင်းတာနဲ့ USDနဲ့ Settleလုပ်ရတဲ့ Oil, Metalတွေ ဈေးကျတာပါပဲ။ ဒါပေမယ့် ရွှေတော့ မပါသေးပါဘူး။ ရွှေဟာ အကြောက်တရားပေါ်မှာ Feed upလုပ်တာမို့ မကျတာ မထူးဆန်းပါဘူး။

Commodity - Gold
Fearဟာ Goldအတွက်ကောင်းတယ်ဆိုရင်ု Inflationary Pressureက ပိုတောင်ကောင်းပါသေးတယ်။ မနေ့ညက US Core CPI ဟာ ထင်ထားတဲ့ 0.2%ထက် ပိုပြီး 0.3%ဆိုပြီးထွက်လာလို့ Goldဟာ တက်သွားတာလည်း ပါပါတယ်။ ဒါပေမယ့် လတ်တလောဖြစ်ပျက်နေတာတွေအရတော့ အဓိကကတော့ Uncertainty related fearကြောင့်ပါ။

Bond - 10yr US Treasury Yield
Fearအရှိန်ဘယ်လောက်ကောင်းသလည်းဆိုရင် USမှာ Debt Ceiling, Housing Market, Job Marketပြဿနာတွေ ဒီလောက်ရှိနေတာတောင် US Treasuryတွေကတော့ အလှူပေးနေသလို အဝယ်လိုက်နေတုန်းပါပဲ။ Demandကောင်းတော့ Bondဈေးတက်၊ Bondဈေးတက်တော့ Inverselyအချိုးကျတဲ့ Yieldတွေထိုးဆင်းပါတယ်။ 10-yr Yieldတွေဟာ ၃%နားမှာ ပြေးနေသရွေ့ Marketထဲမှာ Fearအပြည့်ရှိတုန်းပဲလို့ ပြောလို့ရပါတယ်။

Summary
Stock Markets are decidely in a downtrend. S&P500ဟာ ၁၂၅၀ထက်ဆက်ကျရင် ၁၁၇၀လောက်အထိ Big Correctionဖြစ်ဖို့ မှန်းနိုင်ပါတယ်။ Marketဟာ Oversoldအရမ်းဖြစ်နေပြီး အချိန်မရွေး Bounceဖြစ်ဖို့ အဆင်သင့်ပဲလို့ Argueလုပ်နိုင်ပေမယ့် June 12မှာ ပြောခဲ့တဲ့ Uncertaintiesတွေရှိနေရွေ့ Bullတွေဟာ Under Pressureရှိနေမှာ ဖြစ်ပါကြောင်း။

Happy Shorting but keep a tight buy stop!

No comments:

Post a Comment