20 January 2011

မြန်မာပြည်မှ Bubbleများ

ရွှေမြန်ပြည်ကြီးကို သွားလည်ပြီး ၂၀၁၁ရဲ့ ပထမဆုံး Postအနေနဲ့ မြန်မာပြည်က Bubbleများအကြောင်း စာရှုသူတွေကို Shareလိုက်ပါတယ်။ စိတ်က Vacationထွက်နေလည်း ငြိမ်ငြိမ်မနေဘူး၊ ဈေးကွက်တစ်ခုမြင်တာကြားတာနဲ့ Overboughtလား Oversoldလား လိုက်တွေးနေမိတယ်။ ဒီတခေါက် မြန်မာပြည်သွားတာ မဆိုးပါဘူး စဖောင်းနေတဲ့ Bubbleတွေရော၊ ပေါက်သွားတဲ့ Bubbleတွေပါ တွေ့ခဲ့ရတယ်။

ပေါက်သွားသော Bubbleများ
US Dollarနဲ့စလိုက်ရအောင်။ USနဲ့ စင်္ကာပူကသူများ အသိဆုံးဖြစ်မှာပါ-ဒေါ်လာဈေးတွေထိုးကျတော့ ရန်ကုန်ကို ပိုပြီးပို့နေရတာတွေလေ။ US Dollarပြန်တက်လာ၊ တက်လာနိုးနဲ့ ကျွန်တော်ရောက်စက ၈၇၅ကောက်တာကနေ ပြန်ခါနီးတော့ ၈၅၅တောင် အနိုင်နိုင်။ ၁၀၀၀ကျော်ကနေ ၈၅၅ဆိုတာ Burstဖြစ်သွားတဲ့ Bubbleပါပဲ။ မြန်မာပြည်က ရင်းနှီးတဲ့သူငယ်ချင်းတချို့ကိုတော့ Federal Reserveရဲ့ QEIIအကြောင်းတော့ နားလည်နိုင်သလောက်တော့ ရှင်းပြခဲ့တာပဲ။ ဒီပုံနဲ့ကတော့ တော်ရုံနဲ့ Near Term ဒေါ်လာဈေး ပြန်ထောင်တက်လာစရာ အကြောင်းမရှိကြောင်း အစရှိသဖြင့်ပေါ့။ မြန်မာပြည်က လူအများစုကတော့ Bernankeတွေ၊ QEIIတွေ ဘယ်သိပ်သိပါ့မလည်း။ နိုင်ငံခြားရောက်နေတဲ့သူတွေတောင် စိတ်ဝင်စားမှ သိတာမဟုတ်လား။

နောက်တခုက ကားBubble။ အပေါ်ကားတွေရော အောက်ကားတွေပါမကျန် ဈေးတွေပြုတ်တာ ထဝယ်ချင်စရာတွေချည်းပဲ။ ဘယ်တုန်းကစပြုတ်လည်းတော့ ကျွန်တော်လည်း တိတိကျကျတော့ မသိဘူး။ ဒါပေမယ့် အစိုးရရဲ့ Policyအပြောင်းအလဲကြောင့် ဒီလိုဈေးတွေ ပြုတ်ကုန်တာပါ။ ဘယ်လောက်ပြုတ်ပြုတ် ၈၈ Super Saloonတစ်စီးကတော့ ၁၅၀အထက်မှာ ရှိသေးတယ်။ အပေါ်ကားတွေ၊ အရင်တုန်းက အရမ်းခေတ်စားတဲ့ Suzukiလေးတွေဆို ထက်ဝက်မက ပြုတ်သွားတာတွေရှိတယ်။ စက်မှုဇုန်က ဂျစ်တွေဆိုရင် တရာဖိုးသုံးစီးတွေတောင် ရှိတယ်။

Taxi Bubbleကိုလည်း ကားBubbleနဲ့တွဲပြောသင့်တယ်။ Taxiတွေများလွန်းလို့ လွန်ခဲ့တဲ့ တစ်နှစ်ကဈေးထက်တောင် မကျတောင် မပိုဘူး။ ကျန်တာတွေဈေးတက်ပေမယ့် လမ်းပေါ်မှာ Taxiတွေများလွန်းလို့ Taxiခတွေကတော့ ထင်သလို တက်မနေဘူး။ ဟိုနားဒီနားက ၁၅၀၀လောက်နဲ့ နည်းနည်းလှမ်းရင် ၂၀၀၀၊ ၂၅၀၀လောက်နဲ့ရတယ်။ ဈေးမတဲ့ရင် ဆက်ကိုမစစ်ဘူး၊ သွားပဲ။ Customerဘက်က အပေါ်စီးရတဲ့အနေအထားရှိပါတယ် (Funny thingကတော့ Customerက ကားပေါ်ရောက်မှ ခံရတာ-မှန်တင်လို့မရ၊ ခုံကကျောမှီက ကျိုးပြီးမှီလို့မရ၊ တချို့ Taxiကားအိုတွေဆိုရင် နှေးလွန်းလို့ စိတ်ညစ်ဖို့ကောင်းလိုက်တာဆိုတာ။)

ဖောင်းနေတဲ့ Bubbleများ
ပထမဆုံးကတော့ Propertyပါပဲ။ အိမ်ခြံတွေ၊ Condoတွေ ဈေးတွေကောင်းလိုက်တာများ ကြားလိုက်ရရင် Scientific Calculatorတောင် လိုမလားလို့ တွေးမိတယ်။ လူတွေကလည်း ကားနဲ့ Dollarကျတော့ အိမ်ဘက်ပဲလှည့်ဝယ်နေကြတယ် ထင်ပါတယ်။ နိုင်ငံခြားမှာ လခလေးကောင်းပြီး Settledတော်တော်ဖြစ်နေပြီမို့ အရင်တုန်းက ခပ်ကောင်းကောင်းရပ်ကွက်မှာ ကိုယ်မကပ်နိုင်တဲ့ အိမ်များ ဝယ်နိုင်မလားလို့ စပ်စုကြည့်တာ၊ အိမ်ဈေးကွက်က ပျင်းတောင်ပျင်းသေးတယ်တောင် ဆိုပြလိုက်သေးတယ်။ သိန်းတွေကို သောင်းနဲ့ချီနေတာ ဘယ်နိုင်ငံမှာလုပ်လုပ် လခစားလုပ်နေသရွေ့ကတော့ ရန်ကုန်မှာ Locationကောင်းကောင်း ခြံကျယ်ကျယ်နေနိုင်မှာ မဟုတ်မှာတော့ သေချာပါတယ်။

ရွှေလည်း ရန်ကုန်မှာ တော်တော်အတက်ကြမ်းတယ်။ ဒါပေမယ့် ကမ္ဘာ့ရွှေဈေးကွက်ကိုက တက်နေတာဆိုတော့ မြန်မာပြည် Specificလို့တော့ ပြောလို့မရပါဘူး။ ဒါပေမယ့် မြန်မာတွေက ရွှေကြိုက်တဲ့လူမျိုးမို့ ပိုတော့အတက်ကြမ်းတယ် ထင်တာပဲ။ လွန်ခဲ့တဲ့ သုံးလေးနှစ်က US$ဝယ်စုခဲ့တဲ့သူနဲ့ ရွှေစုခဲ့တဲ့သူဆိုရင် Returnကအပြတ်အသတ်ကို ကွာသွားပြီ။

နောက်Bubbleကတော့ စိတ်ဝင်စားဖို့ကောင်းတယ် - ဓါတ်ဆီBubble။ အရင်တုန်းက ကျွန်တော်လည်း ဆီပိုရင် ပိုသလို ရောင်းစားဘူးပါတယ်။ အခုတော့ ရန်ကုန်မှာ တော်တော်ဆိုးတယ်။ ဓါတ်ဆီဆိုင်တွေတန်းစီနေတဲ့ ကားတန်းက ရှည်လွန်းလို့ လမ်းမတန်းတွေအားလုံးလိုလို နေ့ဘက်ဆိုရင် ကားတွေကျပ်၊ လမ်းတွေပိတ်နဲ့ တော်တော်စိတ်ပျက်ဖို့ကောင်းတယ်။ ထုတ်ဈေးနဲ့ အပြင်ဈေးက တထောင်လောက်ကွာတာရော၊ ဆိုင်ကန့်သတ်မှု မရှိဘဲ ထုတ်နိုင်သလောက် လှည့်ပတ်ထုတ်နိုင်တာတွေကြောင့် တချို့ဆိုရင် ကားပေါ်မှာ ထမင်းချိုင့်ဆွဲပြီး ဆီထုတ်စားနေကြတယ်။ လေးဘီးဆိုရင် လမ်းပေါ်မှာ မရှိဘဲ တန်းစီနေတာပဲတွေ့ရတော့တယ်။

နောက်တစ်ခုက Concreteလမ်း Bubble။ ကတ္တရာလမ်းတွေပေါ်ကနေ Concreteတွေခင်းပြီး လမ်းတွေပြန်လောင်းနေတာတွေ အများကြီးပဲ။ ခွင်တစ်ခုလို့ ပြောပါတယ်။ ကိုယ့်ဘာသာပဲ တွေးကြည့်ကြပေတော့။

စိတ်ဝင်စားစရာ Bubbleတစ်ခုကတော့ Entertainment Channel Bubbleပါပဲ။ တွေ့ခဲ့တဲ့တစ်ခုက 5-movieဆိုလားဘာလားပဲ။ Channelနာမည်တွေက 5နဲ့စတယ်။ Englishကားတွေကို မြန်မာSubtitleတွေဘာတွေနဲ့ သေချာထိုးပေးထားတယ်။ လူငယ်တွေ အဲဒါတွေကြည့်ပြီး Englishအားနည်းသွားမှာတော့ တွေးမိတယ်။ New Yearကမှ စရောင်းနေတာကတော့ Skynetဆိုတာပဲ။ သူက စလောင်းအသေးနဲ့ တစ်လကို ကိုးထောင်ဆိုလားပဲ။ Pay Channelကောင်းကောင်းတွေပါတယ်။ IP serviceလည်း Internetသုံးဖို့ ဝယ်လို့ရမယ်ပြောတယ်။ Internetနဲ့ Technology Hungryဖြစ်တဲ့ မြန်မာလူငယ်တွေအတွက်ကတော့ ဒီBubbleဟာ တော်ရုံတော့ ပေါက်မှာမဟုတ်ပါဘူး။

နောက်ဆုံးBubbleကတော့ Shopping Centre Bubble။ ရန်ကုန်မှာ သောက်ကျိုးနည်း ပိုက်ဆံရှာရတာ ခက်ပေလို့ပဲ။ Shopping centreအသစ်တွေအသစ်တွေ ပေါ်လာလိုက်တာ ရပ်ကွက်ကြီးတိုင်းလိုလိုမှာ Shopping Centreရှိတယ်။ ဈေးတွေကလည်း Dollarနဲ့တွက်လိုက်ရင် ပေါလှတယ် မဟုတ်လှပါဘူး။ မော်တင်လမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ Junctionမော်တင်ဆိုပြီး အကြီးကြီးတစ်ခုထပ်ဖွင့်တယ်။ ဘိရှော့ဟုမ်းနားက စိန်ဂေဟာနဲ့မျက်နှာချင်းဆိုင်မှာလည်း အခုဆောက်နေပြန်ပြီ - တော်ဝင်ဆိုလားဘာလားမသိဘူး။ ပိုကြီးကျယ်မယ်ပြောတာပဲ။ ဆိုင်ခန်းဖွင့်တဲ့သူတွေက Centreအသစ်တစ်ခုပေါ်လာတိုင်း ကိုယ့်ဆိုင်နာမည်လေး နေရာတကာ ပေါ်အောင်ဆိုပြီး တတ်နိုင်သလို လိုက်အသစ်ဖွင့်ရတယ်။ ဆိုင်ခန်းခက ဈေးကြီးပြီး မကိုက်တဲ့သူတွေမှ အများကြီးပဲ။

ဟာသနဲ့ နိဂုံးချုပ်ရရင်တော့ အိန္ဒြာကျော်ဇင်ရဲ့ Wedding Bubbleပါပဲ။ သောက်ကျိုးနည်း ပွဲခြောက်ခုတောင်ဆိုလားပဲ (ယောင်္ကျားက တစ်ယောက်ထဲပါ)။ ကျွန်တော်မပြန်ခင် နှစ်ခုလားမသိဘူး ပြီးသွားပြီ။ TVမှာလည်း တကူးတကပြတယ်။ အိန္ဒြာကျော်ဇင်စလိုက်ပြီဆိုရင်တော့ နောက်မင်းသမီးမင်းသား ဘယ်နှစ်ယောက်ကလည်း အပြိုင်လိုက်ပြီး ဘယ်နှစ်ပွဲတောင် Bubbleဖြစ်ဦးမလည်းလို့။ Very Soonမှပဲ Stock Marketရဲ့ potential bubbleကို ရေးတော့မယ်။

6 comments:

  1. Boss.., ပေါက်သွားပြီးတဲ့ထဲမှာ Internet Cafe bubble လဲပါသေးတယ်လေ။ ကိုယ်တွေ့။

    ReplyDelete
  2. ဟားဟား။ ရေးမလို့ဘဲ။ အဲဒါက ပေါက်တာကြာလှပြီမို့ မရေးတော့တာ :) ကျွန်တော်လည်း ကိုယ်တွေ့ပါပဲခင်ဗျာ။

    ReplyDelete
  3. ဘရားသား highlight လုပ်ပြထားတာလေးတွေ တော်တော်လေးကို အကျိုးရှိတယ်. ဗဟုသုတလည်း ဖြစ်စေတယ်.

    ဘဏ်တွေမှာ အွန်လိုင်းစနစ်တွေ ဖြစ်လာရင်ရော Dotcom Bubble တွေ မြန်မာပြည်မှာ ခေတ်မထလာနိုင်ဘူးလား. ပြီးတော့ PayPal လိုမျိုး အွန်လိုင်း ငွေပေးချေမှုစနစ်တွေရော.....

    စတော့မားကတ်ကတော့ ပေါ်ဖို့ ဝေးပါသေးတယ်. ဒါပေမယ့် ရှယ်ယာခေါ်ပြီး လုပ်တာတို့၊ IPO ပုံစံလေးတွေများ ဖြစ်လာနိုင်မလားလို့ တွေးကြည့်မိတယ်.

    မြန်မာပြည်နဲ့ ပတ်သက်ပြီး သေချာဝေဖန်ထောက်ပြထားတဲ့ ဒီလိုဆောင်းပါးမျိုးလေးကို တော်တော်လေး နှစ်ခြိုက်မိပါတယ်. ဆက်လက်ရေးသားပြုစုနိုင်ပါစေဗျာ.

    Regards,

    Y.

    ReplyDelete
  4. awesome point of views, I like it so much.

    ReplyDelete