07 October 2010

တစ်နှစ်ပြည့်

မနေ့တနေ့ကမှ ကိုယ့်Blogရဲ့ First Postကို ပြန်ကြည့်မိလိုက်တော့ တစ်နှစ်တောင်ရှိသွားပါလားလို့ သတိပြုမိတယ်။ အချိန်တွေ မြန်လိုက်ပုံများ တစ်နှစ်ဟာ မျက်စိတမှိတ်လောက်ပဲ ထင်ရတယ်။ ဒီPostကို တစ်နှစ်ပြည့် အထိမ်းအမှတ် Summary အနေနဲ့ ရေးလိုက်ပါတယ်။

တစ်နှစ်အတွင်းမှာ Marketဟာ အခက်အခဲမျိုးစုံနဲ့ တွေ့ခဲ့ရပါတယ်။ Marketဆိုမှတော့ ကျွန်တော်တို့လို Traderတွေဟာလည်း Challengeမျိုးစုံနဲ့ တွေ့ခဲ့ရပါတယ်။ မနှစ်ကနှစ်ကုန်ပိုင်းမှာ Dubaiကစခဲ့တဲ့ Soverign Debt crisisဟာ Europeကို ကူးစက်သွားပြီး 2010 Januaryကနေ မေလကုန်အထိ ဒုက္ခပေးနေခဲ့ပါတယ်။ ဒီBlogကနေ Correctionဖြစ်ခါနီးတိုင်း တတ်နိုင်သလောက် ကျွန်တော်သတိပေးခဲ့ပါတယ်။ မှားတဲ့အခါတွေ မှားခဲ့ပေမယ့် မှန်တဲ့အကြိမ်က ပိုများခဲ့မယ်လို့ ထင်ပါတယ်။

USမှာဆိုရင် Obamaဟာ Heathcare, Financial Regulationအစရှိတဲ့ Revolutionary Billတွေကို အောင်မြင်အောင် အတည်ပြုနိုင်ခဲ့ပါတယ်။ USရဲ့ Job Marketနဲ့ Housnig Marketကတော့ အခုချိန်အထိ stabliseမဖြစ်သေးပါဘူး။ Europeမှာတော့ PIGS (Greece was the worst)countriesတွေအတွက် Trillion Dollarနီးပါးရှိတဲ့ Bailout fundကို Setupမလုပ်ရင် မဖြစ်တော့လို့ လုပ်ခဲ့ရပါတယ်။ အဲဒီ့နောက်ပိုင်းတော့ EU Debt related bad newsတွေ တော်တော်လေး နည်းသွားခဲ့ပါတယ်။ Recent dataတွေကို ကြည့်ရင် Germanyဦးဆောင်ပြီး Euro zoneဟာ Recoveryတဖြည်းဖြည်းဖြစ်နေတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ Chinese Governmentကတော့ Overheatingဖြစ်နေတဲ့ Economy၊ အထူးသဖြင့် Property marketကို intentionally cool downလုပ်နေတာ ခုထက်ထိတော့ Growthကို ဆိုးဆိုးရွားရွားမထိခိုက်ပဲ လုပ်နိုင်နေပါတယ်။

Australia - ဒီမှာကတော့ လွန်ခဲ့တဲ့ ၁၂လဟာ Total Dramaပဲ။ Resource Super Profit Tax, PM Kevin Rudd's ousting, Early Electionအစရှိသဖြင့် Aprilကနေ ဒီSeptemberလဆန်းအထိဟာ Politicallyမတည်မငြိမ်ဖြစ်ခဲ့ပါတယ်။ Reserve Bank of Australia (RBA)ဟာလည်း ဒီBlogစကတည်းက Rate Hikeလုပ်တာ ဒီနှစ်မေလအထိဆိုရင် ခြောက်ခါရှိပါပြီ။ Crisis level rateကနေ total ၁.၅%တက်ပြီးသွားပါပြီ။ ဒါပေမယ့် Developed economiesတွေထဲမှာ Australiaဟာ ၂၀၁၀မှာတော့ Standoutပါပဲ။ Unemployment, Trade Balanceအစရှိတာတွေဟာ Commodity boomကြောင့် တခြားWestern countriesတွေနဲ့ယှဉ်ရင် Canadaကလွဲလို့ အပြတ်အသတ်သာနေပါတယ်။ Australiaရဲ့ Property Marketဟာလည်း US, EUမှာ အိမ်ဈေးတွေတန့်/ကျဖြစ်နေတဲ့အချိန်မှာ နှစ်နှစ်အတွင်း ၂၀%လောက်တက်လာပါတယ်။ ဒါကြောင့်လည်း RBAက Rate Hikeတွေလုပ်ပြီး အရှိန်သေအောင်လုပ်ရတာပါ။ တချို့ဆိုရင် Australiaမှာ Property Bubbleဖြစ်နေပြီလို့တောင် ပြောနေကြပါတယ်။

တစ်နှစ်အတွင်းမှာ ကျွန်တော်တတ်နိုင်သရွေ့ Market updateတွေ အရေးများသလို၊ Technical Analysis methodတွေလည်း အတော်များများရေးခဲ့ပါတယ်။ အခုလာမယ့်နှစ်မှာ methodအသစ်တွေဆက်ရေးသွားမှာဖြစ်သလို Advanced Trading Techniqueတွေလည်း ရေးသွားပါမယ်။ ကိုယ့်Blogကိုယ် Reviewလုပ်ကြည့်တော့ Trade Managementပိုင်းတွေ ရေးတာနည်းနေတာတွေ့ရတယ်။ အဲဒီ့ပိုင်းကိုလည်း အရေးပေးရဦးမယ်။ ကျွန်တော့်Blogမှာတော့ တခြားBlogတွေလိုမဟုတ်ဘဲ ပရိသတ်ဆီက Interactionနည်းတာလည်း တွေ့ရပါတယ်။ အများစုကတော့ လာလာပြီးGlanceလုပ်သွားကြပုံများပါတယ်။ ဒီBlogကနေတဆင့် ကိုယ့်လို့ Traderတစ်ယောက်နှစ်ယောက်နဲ့ အသိဖြစ်ခဲ့ရတာဟာ အမြတ်ပါပဲ။ ကိုယ်ညံ့လို့သာ ပရိသတ်ဆီက Interactionနည်းတယ်လို့ မှတ်ယူရမှာပါပဲ။ Anyway, မှန်မှန်လာဖတ်ကြသော Financially Literateဖြစ်ချင်သော မိတ်ဆွေအားလုံးကို ဒီPostကနေပဲ ကျေးဇူးတင်ပါကြောင်း။

Happy Trading!

3 comments:

  1. I'm used to read your blog since a bit long time. I'm too interesting in Trading too. But the thing I still can't catch your level yet. I don't understand mostly of your post. It's not your lack just because of I'm just a beginner who starts trying to understand about Trading and Market. However I didn't give and keep reading yours. I would be glad if you can write posts for beginner to understand how to start and do and what needs to do for Trading and Marketing. I'm hoping some day to be able to discuss with you interactively :)

    Thanks you very much
    JT

    ReplyDelete
  2. Thanks for the comment. Have you read my earliest posts? Those are not that advanced, I think.

    ReplyDelete
  3. အမြဲတမ်း ဖတ်နေတဲ့ စာဖတ် ပရိတ်သတ် တစ်ယောက်ပါ။ အပေါ်က တစ်ယောက် ပြောသွားသလိုပါဘဲ Level, Experiences နဲ့ လက်တွေ့မလုပ်ဖြစ်သေးတော့ ဖတ်ရတာမှာ မျက်ကန်းသမား ဆင်စမ်းရသလိုတော့ ဖြစ်နေပါသေးတယ်။ သို့သော်လည်း စိတ်ဝင်စားတဲ့ အတွက် အမြဲဖတ်ဖြစ်ပါတယ်။ ဒါပေမယ့်လဲ အခုထိတော့ လက်တွေ့ မလုပ်ဖြစ်သေးပါဘူး။ (မစတတ်တာလဲ ပါမယ်ထင်ပါတယ်။)
    အားပေးပါတယ်၊ ဆက်ပြီး သိထားတာလေးတွေ မျှပေးပါဦး။

    ReplyDelete