06 June 2010

Broken Lines, Broken Bulls


PIIGSဆိုတဲ့ Acronymဟာ European Debt Crisisကို ကိုယ်စားပြုဖို့ မလုံလောက်တော့ပါဘူး။ သောကြာနေ့က Hungaryကလည်း အရင်အစိုးရဟာ Balance Sheet Figureတွေကို လိမ်သွားတယ်လို့ဆိုပါတယ်။ US Marketဟာ သောကြာနေ့က Job reportထွက်မလာသေးခင် တည်တည်ငြိမ်ငြိမ်ပဲရှိပါသေးတယ်။ ဈေးဖွင့်ရင် ဘယ်လိုဖြစ်နိုင်သလည်းဆိုတာ Pre-market trading activityတွေကို ကြည့်ပြီး ခန့်မှန်းလို့ ရပါတယ်။

Hungaryသတင်းထွက်လာတော့ Pre-market tradingမှာကတည်းက Dow Jones Industrial Averageဟာ 60pointလောက်ကျနေခဲ့ပါတယ်။ US Eastern Time 8:30amမှာ Job Reportထွက်လာတော့ မှန်းထားသလောက် ဖြစ်မလာပါဘူး။ မှန်းထားတာက New Job အရေအတွက်ဟာ 500kကျော်၊ တကယ်ကတော့ ၄သိန်း ၃သောင်းကျော်ပဲရှိပါတယ်။ အဲဒီ့ထဲမှာ Private Sector Jobကတော့ ၁၀%လောက်၊ ၄သောင်းကျော်ပဲပါပါတယ်။ Census 2010 data collectလုပ်ဖို့ အစိုးရက Hireလုပ်တာကတင် ၄သိန်းကျော်ပါတယ်။ Marketဟာ Private Sector Job Growthကို အနည်းဆုံး ၁သိန်းကျော်မှန်းထားခဲ့ကြတာ တော်တော်လေး Disappointedဖြစ်သွားခဲ့ပါတယ်။ Pre-marketမှာကတည်းက DJIဟာ -150ကျော်ဖြစ်နေခဲ့ပါတယ်။ ဈေးလည်းဖွင့်ရော တနေကုန် နာလန်ကို ပြန်မထူနိုင်ပဲ နောက်ဆုံးပိတ်တော့ point 320ကျော် downပြီး ပိတ်သွားပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့အထိ တခြားMarketတွေနဲ့ ယှဉ်ရင်US Marketတွေဟာ ထင်သလောက် အကျမနာခဲ့သေးပါဘူး။ အဓိက US marketတွေကို Holdလုပ်ထားတာကတော့ Job Dataဟာ တော်တော်လေးEncouraging ဖြစ်လိမ့်မယ်ဆိုတဲ့ Hopeပါပဲ။ Traderအများစုဟာ European, Chinese, Koreanပြဿနာတွေရှိပေမယ့် ငါတို့တိုင်းပြည်ကတော့ အရှိန်အဟုန်ကောင်းကောင်းနဲ့ Recoverဖြစ်နေတုန်းပဲဆိုတဲ့ Mindsetအနည်းနဲ့အများ ရှိခဲ့ပါတယ်။ အဲဒီ့ Optimismဟာ အခုတော့ တော်တော်လေး ရိုက်ချိုးခံလိုက်ရပါပြီ။

အောက်မှာ DJI, Euro/USD weekly chartနဲ့ June 2010 Gold Futures chartတွေကို ပြထားပါတယ်။ DJIဟာ ဒီနှစ်ထဲမှာ တတိယအကြိမ် 10,000အောက်ကို ရုပ်အဆိုးဆုံးအခြေအနေနဲ့ ရောက်သွားပါပြီ။ ဒီ Bearish Candleဟာ ပြန်Recoverဖြစ်ဖို့ တော်တော်လေး မလွယ်လောက်ပါဘူး။ ဒါ့အပြင် သောကြာနေ့က Euroဟာလည်း 1.20အောက်မှာ ပိတ်သွားပါတယ်။ 1.20အောက်ဆိုတာ တော်တော်လေး ဆိုးပါတယ်။ Hungaryဟာ Euro Dollarမသုံးပေမယ့် သူ့ဆီက သတင်းဟာ Euro Zone Countriesတွေအပေါ်မှာထားတဲ့ Market Confidenceကို ပိုနည်းသွားစေသလို ဖြစ်သွားပါတယ်။ Goldဟာလည်း သူ့ရဲ့ Primary Trendအပေါ်ကို ပြန်ရောက်သွားပါတယ်။ ဒီအခြေအနေတွေ ဆက်ဖြစ်နေသ၍ ရွှေဈေးဟာ ကျဖို့ခက်ပါလိမ့်မယ်။ လာမယ့်အပတ်မှာ Risky Equitiesတွေကို လျော့ချပြီး US Treasury Bondတွေနဲ့ ရွှေဘက်ကိုပဲ Investorတွေဟာ မြားဦးလှည့်ဖို့ Chanceပိုများပါတယ်။

ကျွန်တော်ဟာ Bearish outlookနဲ့ပဲ Tradeလာခဲ့တာ Aprilလဆန်းကတည်းကပါ။ အမှန်အတိုင်းပြောရရင် မLongရတာကြာလို့ Longရတဲ့ Feelingလေးတောင် လွမ်းမိတယ်။ ဒါပေမယ့် Investorတွေအတွက် ပြောချင်တာက I don't see anything that will lift the market in the medium term - so you'd better get out NOW. If you are a trader like me, close out all Long's and have massive Shorts.

Happy Shorting!

PS : "Wall St slumped 3% on Hungary debt fear" ဘာညာဆိုတဲ့ Headlineကိုတွေ့ရင် တဝက်ပဲယုံပါ။ Wall Stဟာ Job Data/Domestic problemကြောင့် သောကြာနေ့က ခွေးကျကျတာဖြစ်ပါတယ်။

No comments:

Post a Comment