23 May 2010

I Hope I Would Be Wrong

သောကြာနေ့က Wall Stမှာ Market Volatilityတော်တော်လေး ကြမ်းပါတယ်။ DJIဟာ ညနေ ၃း၀၀လောက်မှာ အနှုတ်ပြနေရာကနေ ၄း၀၀ကျတော့ +၁၂၅နဲ့ ပိတ်သွားပါတယ်။ NASDAQနဲ့ S&P500ဟာလည်း ဒီလိုပါပဲ။ Marketဖွင့်ဖွင့်ချင်းကဆိုရင် မေလ၆ရက်နေ့က Lowထက်တောင် အောက်ကျသွားသေးတယ်။ ဒီWeekendမှာ Crowd Psychologyကို Analyseလုပ်ထားတာတွေကို အောက်မှာရေးထားပါတယ်။ Aprilလဆန်းကတည်းက ရောင်းတော့ဆိုပြီး Bearish Postတွေပဲရေးလာခဲ့တာ ပျင်းတောင်ပျင်းလာတာ အမှန်ပဲ။ အောက်က Analysisလုပ်တဲ့နေရာမှာ Mindsetကို တတ်နိုင်သ၍ Bullနဲ့Bearတို့ရဲ့ အလယ်မှာနေပြီး Unbiased Analysis တတ်နိုင်သ၍ လုပ်ထားပါတယ်။

As A Bull
Marketတွေဟာ Oversold Signalတွေ ပြနေတာအမှန်ပဲ။ တချို့Blue Chip Stockတွေရဲ့ဈေးဟာ current valuationနဲ့ ဈေးဖြတ်ရင် တော်တောင်လေး ပေါနေပါတယ်။ ဒါပေမယ့် Stock Marketဟာ Historic valueထက် Future valueကို ကြည့်ပြီး Investလုပ်ရတာပါ။ ဒီတော့ European exposureအများကြီးရှိတဲ့ Technology Companiesတွေလို Companiesတွေဟာ Valuationတွေကျပြီး Selloffလုပ်ခံရတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် Technically, Money Flow Indexလို indicatorတွေသုံးပြီး ကြည့်မယ်ဆိုရင်တော့ Wow, stocks look really heavily oversold!

Political Risk - Europe Finance Ministerတွေဟာ သောကြာနေ့က ထပ်တွေ့ကြပါတယ်။ Meeting Outcomeတွေကတော့ Budget Deficitကို Euro zone limitဖြစ်တဲ့ GDPရဲ့ ၃%ထက်ကျော်တဲ့တိုင်းပြည်တွေဟာ စီးပွားရေး ပြန်ကောင်းလာတဲ့အချိန်မှာ လျော့သင့်သလောက် လျော့မချနိုင်ရင် GDPရဲ့ ၀.၅%အထိ Fineတပ်ခံရမယ်၊ တချို့မဲပေးဆုံးဖြတ်တဲ့ ကိစ္စတွေမှာလည်း Excludeလုပ်ခံရမယ် ဆိုပါတယ်။ Overallကတော့ Punishmentကောင်းကောင်းမရှိခဲ့လို့ Greeceလို တိုင်းပြည်တွေဟာ ဒီအဆင့်လောက်ထိ ဆိုးဆိုးရွားရွားဖြစ်သွားခဲ့တယ်ဆိုတာကနေ သင်ခန်းစာ ရသွားတဲ့ပုံစံပါပဲ။ Eurozoneရဲ့ Long term prospectအတွက် ကောင်းမွန်တဲ့ စည်းကမ်းတွေဖြစ်လာလိမ့်မယ်လို့ ယူဆနိုင်ပါတယ်။ USမှာလည်း Financial Reform Billဟာ Senateမှာ Finally passသွားပါတယ်။ အနည်းဆုံးတော့ Bankတွေအပေါ်မှာ ဘယ်လိုစည်းကမ်းတွေ ကန့်သတ်ချက်တွေ ချမှတ်မလည်းဆိုတာ သဲသဲကွဲကွဲပေါ်လာပြီး Uncertaintyကို ကျသွားစေပါတယ်။ သောကြာနေ့က Germany Lowerနဲ့ Upper Houseတွေမှာလည်း 750bn Euro Bailoutမှာ Germanyပေးရမယ့် Shareအတွက် Approveဖြစ်သွားပါတယ်။ Germanyရဲ့ Bailout Shareဟာ အကြီးဆုံးပါ။ ဒီတော့ Bailout sizeဟာ ကြီးမားသလောက် တကယ့်ပိုက်ဆံဝင်လာပါ့မလားလို့ သံသယရှိနေတဲ့သူတွေအတွက် Uncertaintyကို လျော့သွားစေပါတယ်။
...

Euro Dollar - Euro$ဟာ သောကြာနေ့က 1.2579မှာ ပိတ်သွားပါတယ်။ European Central Bankဟာ Euroကို သိပ်ဈေးကျမခံပဲ ဈေးကွက်ထဲဝင်ဝယ်ပြီး Supportပေးလိမ့်မယ်ဆိုတဲ့ ကောလဟာလထွက်လာလို့ ပြန်တက်သွားတာဖြစ်ပါတယ်။ ဒါပေမယ့် ခုချိန်ထိတော့ ECBကနေ officially ဝန်ခံတာမတွေ့ရသေးပါဘူး။ Risk Aversionများလာလို့ တက်ပြီးရင်းတက်ခဲ့တဲ့ Goldဟာလည်း ပြန်ကျသွားတာတွေ့ရပါတယ်။ Profit takingလို့ ပြောနိုင်သလို Risk Appetiteပြန်များလာတယ်လို့လည်း ပြောနိုင်ပါတယ်။

Candlestick Analysisလုပ်တဲ့အခါမှာလည်း သောကြာနေ့က Bullish Counterattckလုပ်သွားတာကို တွေ့ရပါတယ် (Candlestick techniqueအချို့ကို ဒီPostတွေမှာ ရေးခဲ့ပါတယ် - Candle Stick Part I, Candle Stick Part II, Two is better than One)။ သောကြာနေ့က White Candleဟာ DJIအတွက်တော့ Piercing Candleလို့ ပြောရလောက်အောင်တော့ Strongမဖြစ်ပါဘူး။ Piercingဖြစ်ဖို့ မနေ့က Bearish candleရဲ့ တဝက်လောက်အထိ ပြန်Attackလုပ်နိုင်ရပါမယ်။ S&P500က နည်းနည်းပိုနီးစပ်တယ်။ ဒါပေမယ့် ဒီReversal Candleတွေတွေ့တိုင်း သိပ်မပျော်သင့်ပါဘူး။ နောက်ထပ်အနည်းဆုံး တစ်ရက်လောက် ထပ်စောင့်ကြည့်သင့်ပါတယ်။

Volume on Friday - ကောင်းပါတယ်။ ကြာသပတေးထက် ကောင်းတယ်။ ဒါပေမယ့် သေချာBreakdown လုပ်ကြည့်ရအောင်။ As a Bearထဲမှာ ဆက်ဖတ်ပါ။


As a Bear
Bears would say "Hold on Bulls, - Not So Fast!". Marketsတွေဟာ တကယ်ပဲ Oversoldဖြစ်နေတဲ့ပုံစံပါပဲ။ ဒါပေမယ့် March, Aprilမှာ တက်လာခဲ့တဲ့ ဈေးတွေဟာ Future/Potential Earningsတွေကို Overly Optimisticဖြစ်ပြီး Price in လုပ်ထားတဲ့ ဈေးတွေပါ။ Bullsတွေ ကိုယ့်ကိုယ်ကို မေးရမှာက Budget Deficitလျော့ချဖို့ Austerity Measureတွေ Heavyလုပ်မယ့် European Economiesတွေကနေ ရလာမယ့် Revenueတွေဟာ အရင်က ထင်ထားသလောက် ကောင်းပါ့မလား ဆိုတာပါပဲ။ နောက်တစ်ခုက Exchange Rateပါ။ US Export companiesတွေဟာ Stronger US dollarဖြစ်နေသ၍ အရင်ကလောက် ဝင်ငွေမကောင်းနိုင်ပါဘူး။ ဘာလို့လည်းဆိုတော့ Europeanတွေဟာ သူတို့ Currencyများများပေးပြီး ပိုဝယ်ရမှာဖြစ်လို့ Demandကျသွားနိုင်ပါတယ်။ သေချာတာက Euro Dollarဟာ တော်တော်နဲ့တော့ လွန်ခဲ့တဲ့ လေးငါးလက Levelပြန်ရောက်လာမှာ မဟုတ်တော့ပါဘူး။ ၁.၃၀ဟာ တော်တော်လေး Strongဖြစ်တဲ့ Resistanceဖြစ်နေပါပြီ။

Political Risk - အိုကေ၊ သောကြာနေ့က EU Ministersတွေ Penaltyတွေ၊ စည်းကမ်းတွေချတာတော့ ဟုတ်ပါပြီ။ တကယ်တမ်းသေချာလေ့လာကြည့်တော့ အားလုံးက လေချည်းပဲ။ ဒါတွေအတည်ဖြစ်လာဖို့ Proposalတင်ဖို့တောင် ဒီOctoberမှ အစောဆုံးလုပ်ဖြစ်မယ်လို့ ဆိုပါတယ်။ ဘယ်နှစ်ခုနှစ်မှ အတည်ဖြစ်မယ်ဆိုတာ Scheduleတောင်မရှိဘူး။ နောက်လပဲစမယ်ထားပါ။ PIGS Countriesတွေမှာ အခုလက်ရှိဖြစ်နေတဲ့ ပြဿနာတွေကို ဘယ်လိုရှင်းမလည်းဆိုတာ ဘာမှ ဆွေးနွေးသွားတာမတွေ့ရပါဘူး။ ဒီတော့ Harsh Budget cutတွေ၊ Union Strikesတွေနဲ့ရှင်းရမယ့် ကိစ္စတွေဟာ PIGSအစိုးရတွေအပေါ်မှာပဲ တည်နေပါတယ်။ PIGSအစိုးရတွေရဲ့ Efficiencyကတော့ အားလုံးသိကြတဲ့အတိုင်းပဲ။ ယုံချင်စရာကိုး။ French Finance Minister Lagardeကဆိုရင် ဒီလိုဆိုပါတယ် - “Forget the treaty, let’s focus on what we can achieve in the short term. We are not against change, but let’s see what is deliverable very quickly.” တစ်တိုင်းပြည်ထဲ Naked Short Selling Banတဲ့ Germanyရဲ့ လုပ်ရပ်ဟာလည်း European Unionရဲ့ Not-so-united ဖြစ်နေတာကို သက်သေပြပါတယ်။ UKကဆိုရင် Traderတွေကို မင်းတို့ Germanyမှာ Shortလို့ မရတာတွေကို ဒီမှာလာShortလို့ရတယ်လို့တောင် ခေါ်နေသေးတယ် ;) Greeceမှာ May 20ကဖြစ်တဲ့ Protestဟာ သိပ်ပြီး အရေးစိုက်တာ မခံရပေမယ့် June 8မှာ ဖြစ်မယ့် Spainက Protestက ပိုပြီးစောင့်ကြည့်ခံရတာ တွေ့ပါလိမ့်မယ်။ Spainရဲ့ Economyဟာ Greeceထက် ငါးဆကြီးသလို Euro zoneမှာ Unemployment အများဆုံးဖြစ်ပါတယ်။

Euro Dollar - ကြည့်လိုက်ရင်တော့ ဒီပတ်Performanceကတော့ မဆိုးပါဘူး။ ဒါပေမယ့် ဒါမျိုးက မြင်ရလွန်းလို့ ကျွန်တော်ဖြင့် ရိုးတောင်နေပြီ။ ပိုဆိုးတာက တက်လာတာတောင် Primary Downtrendအောက်မှာ လွတ်လွတ်ကျွတ်ကျွတ်ကြီး ဝပ်နေတုန်းပါပဲ။ လာမယ့်Weekမှာ ဘယ်လောက်များတက်လာမလည်း စိတ်ဝင်တစား စောင့်ကြည့်ရဦးမယ်။ Euro Dollarပြန်တက်လာဖို့ Fundamentallyဘာကို ဘာမှSupportမရှိပါဘူး။


My Favourite Part - Technical Analysisကို ကြည့်ရအောင်။ သောကြာနေ့က Bullish Counterattackကတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ကျွန်တော်ပြောခဲ့သလိုပဲ အနည်းဆုံး Mondayကိုတော့ စောင့်ကြည့်ပြီး Confirmလုပ်ရပါမယ်။ ပိုပြီး အရေးကြီးတဲ့ကိစ္စက International Marketအားလုံးလိုလိုဟာ 200-Day Expotential Moving Averageအောက်မှာ မထိတထိရော၊ ပြတ်ပြတ်သားသားရော ရောက်နေကြတာပါပဲ။ 200EMAဟာ Technically Bearish Territoryလို့ ခေါ်ပါတယ်။ 200EMAအပေါ်ဟာ Bullish Territoryဖြစ်ပြီး အောက်ကတော့ Bearတွေအပိုင်ပါ။ 200EMAအပေါ်ကို ပြတ်ပြတ်သားသားပြန်မတက်သွားသ၍ လုံးဝမဝယ်ပါနဲ့။ ပိုသေချာချင်ရင် 100EMAအပေါ်ရောက်တဲ့အထိတောင် စောင့်သင့်ပါသေးတယ်။ DJIရဲ့ Bullish Counterattack Candleမဖြစ်ခင် Red Candleသုံးခုဆက်တိုက် လှေကားထစ်တွေလိုဖြစ်နေတာကိုလည်း ဂရုစိုက်သင့်ပါတယ်။ အဲဒီ့ Formationကို Three Black Crows Formationလို့ ခေါ်ပါတယ်။ Three Black Crowsဟာ Increased Volumeနဲ့ပေါ်လာတာဟာ Bearishအရမ်းဖြစ်ပါတယ်။ တစ်နေ့ရဲ့ Closeဟာ နောက်နေ့ Openနဲ့တူချင်တူ၊ မတူရင် ပိုမြင့်နေတာဟာ Bearish Signalကို ပိုသေချာစေပါတယ်။

Volume - သောကြာနေ့က Volumeကို ကြည့်ရင် ပြီးခဲ့တဲ့နေ့တွေထက် ပိုသာသလိုပါပဲ။ ဘယ်လောက်များ ပိုStrongဖြစ်လည်းသိချင်လို့ CNBCကနေ Intraday Volumeကို ကြည့်ကြည့်တဲ့အခါ ဈေးဖွင့်ဖွင့်ချင်း Point 100ကျော်ထိုးဆင်းသွားတဲ့အချိန်က ရောင်းတဲ့ Bearish Volumeဟာ ဈေးအပိတ် ပြန်တက်သွားတဲ့ Bullish Volumeထက် နှစ်ဆကျော်ရှိတာကို တွေ့ရပါတယ်။ So, what do you think?


Summary
သောကြာနေ့က Last minute Positive movementဟာ Generallyကောင်းပါတယ်။ ဒါပေမယ့် DJIဟာ Weeklyအနေနဲ့ ၄% Downနေဆဲပါပဲ။ April Peakကနေဆိုရင် ၈%လောက် ကျနေပါတယ်။ လွန်ခဲ့တဲ့ လေးလကျော် Marketတွေကိုနှောင့်နေတဲ့ PIGS ပြဿနာတွေဟာ Fundamentally ဘာမှလောက်လောက်လားလား Solveဖြစ်တာ မတွေ့ရသေးပါဘူး။ Euroဟာလည်း Still under heavy selling pressureပါပဲ။ ဒါကြောင့် ကျွန်တော်ကတော့ Still a bearပါပဲ။ As a Bullမှာရေးခဲ့တာတွေဖတ်ပြီး Stockတွေစဝယ်မယ်ဆိုလည်း ရပါတယ်။ ဒါပေမယ့် Stop-lossတွေကို သေချာကပ်ထားပါ။ When you think Prices are cheap now, remember that's what many thought during last quarter of 2008. ကျွန်တော်အနေနဲ့တော့ ကျွန်တော့်ရဲ့ Bearish Sentimentဟာ မှားခဲ့ရင် ပိုတောင်ကောင်းပါတယ်။ ကျွန်တော့်အနေနဲ့က Stopoutဖြစ်ရုံပါပဲ - အများအတွက်/Buy-and-hold investorsတွေအတွက် Market reboundဖြစ်တာက ပိုကောင်းပါတယ်။ ဒါပေမယ့် I am still a Bear and I hope I would be wrong for everyone's sake or Hell would break lose.

Happy Investing!

No comments:

Post a Comment